စစ်ရေးသတင်း

ညောင်ရွှေတိုက်ပွဲ စစ်ကောင်စီအဖွဲ့အပြင် လူသစ်စုဆောင်းခံရတဲ့ PNA တပ်သား‌တွေပါ သေဆုံး

မဲခေါင် 18 Apr - 2024
ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁၈

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်လမ်တောင်ကျေးရွာအုပ်စု၊ ညောင်လေးပင်ရွာအနီးမှာ ဧပြီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၄ ရက်နေ့မှာ ပအို၀်းပြည်သူ့စစ်(PNA)နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေဘက်က ၇ ဦး၊ ဧပြီလ ၁၃ ရက်နေ့မှာ အယောက် ၃၀ ကျော်သေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ပြင်းထန်ဒဏ်ရာရကာ အောင်ပန်း ကုတင် ၇၀၀ စစ်ဆေးရုံဆီကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒေသတွင်း သတင်းအရင်းအမြစ် တစ်ဦးက “စစ်တပ်ဘက်က အရင်ထွက်ပြေးတာ။ ကျန်ခဲ့တဲ့ PNO တွေက အဓမ္မစုဆောင်းခံရတာ။ ကောင်းကောင်း မတိုက်တတ်သေးဘူး။ ရက်ပိုင်းလောက်ပဲ သင်တန်းတက် ထားကြတာ”လို့ ပြောပါတယ်။

ဒါ့အပြင် အရင်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတချို့က လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်တာကြောင့် အချင်းချင်းထိမှန်ပြီး သေဆုံးတာတွေလည်း ရှိတယ်လို့ PNA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပင်လောင်းဒေသခံတစ်ဦးက “အခု ညောင်လေးပင်မှာ ကျသွားတဲ့ PNO တွေက ကျနော်တို့ဘက်မှာ လာခေါ်သွားတာတွေ။ အဓမ္မစုဆောင်းတာတော့ မဟုတ်ဘူး။ သွားချင်တဲ့ လူတွေကို တစ်ရွာလုံးက စုပြီး သိန်းတစ်ရာဆိုတစ်ရာ အဲလိုပေးရတယ်။ ကြေးစားသဘောပေါ့” လို့ ပြောပါတယ်။

ဧပြီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ မဟာမိတ်တော်လှန်ရေး အင်အားစုတွေဘက်ကလည်း ၅ ဦး ကျဆုံးခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF)က ထုတ်ပြန်ထားပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

တောင်ကြီးမှာ နေအိမ်ထဲထိ လူငယ်တွေကို အဓမ္မဖမ်းဆီးရိုက်နှက်ကာ စစ်မှုထမ်းဖို့ ခေါ်ယူသွား

တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်မှာ လူငယ် ၆ ဦးကို စစ်ကောင်စီက မဲမနှိုက်ဘဲ အဓမ္မစစ်မှုထမ်း ခေါ်ယူခဲ့တယ်လို့ မြို့ခံတွေက‌ ပြောပါတယ်။
မြန်မာ့နွေဦး

ကွက်ခိုင်က ရှမ်းရွာအဝင်ဆိုင်းဘုတ်တွေကို တအောင်းဘာသာနဲ့ အစားထိုးတဲ့အပေါ် TNLA တပ်ဖွဲ့ မသိသေးလို့ဆို

ကွက်ခိုင်မြို့နယ်အတွင်း ရှမ်းဘာသာနဲ့ရေးသားထားတဲ့ ရွာအဝင်ဆိုင်းဘုတ်တွေကို တအာင်းဘာသာနဲ့ လိုက်လံအစားထိုးနေတဲ့အပေါ် TNLA တပ်ဖွဲ့အနေနဲ့ သိရှိခြင်းမရှိသေးဘူးလို့ ပြောရေးဆိုခွင့်ရှိသူထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှမ်းတောင် တိုက်ပွဲအတွင်း ပျောက်ဆုံးလူငယ်တွေကို စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တွေက သတ်ဖြတ်ခဲ့တယ်လို့ PYO ထုတ်ပြန်

ရှမ်းတောင်က ပအိုဝ်းဒေသ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ၊ ဟိုပုံး၊ လွိုင်လင်မြို့နယ်တွေမှာ တိုက်ပွဲကာလအတွင်း ဆီဆိုင်မြို့ကို အကြောင်းအမျိုးမျိုးနဲ့ ပြန်ကြရာက ပျောက်ဆုံးသွားတဲ့ လူငယ်တွေကို စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တွေက သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO)က ထုတ်ပြန်လာတာပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ယာယီကျင်သီတံတား ပုံမှန် ဖြတ်သန်းသွာလာခွင့်ပြု

ရှမ်းမြောက်၊ ကျောက်မဲ-သီပေါကြားက ယာယီကျင်သီတံတားကို မနေ့ မေလ ၂၇ ရက် မနက်ပိုင်းမှာ ပုံမှန်ဖြတ်သန်းခွင့်ပြုလိုက်တယ်လို့ PSLF/TNLA သတင်းစဉ်က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

အောင်ပန်း မီးလုံးယမ်းပေါက်ကွဲမှုရဲ့ လူနာ ၄ ဦးမြောက် သေဆုံး

ရှမ်းတောင်၊ အောင်ပန်းမြို့ရဲ့ မီးလုံးယမ်းပေါက်ကွဲမှုထဲကလူနာ ၄ ဦးမြောက် မနေ့ မေ ၂၇ ရက်နေ့ ညနေက တောင်ကြီး စဝ်စံထွန်းဆေးရုံမှာဘဲ ဆေးကုသရင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကချင်အများစုနေတဲ့ ရှမ်းမြောက် ဖိုင်ကောင်းရွာရှိ စာသင်ကျောင်းက ကချင် အမျိုးသားအလံ MNDAA တပ်ဖွဲ့က ဖြုတ်ချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) ဖိုင်ကောင်းရွာရှိ စာသင်ကျောင်းဝင်းက ကချင် အမျိုးသားအလံကို ယမန်နေ့ မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှာ MNDAA တပ်ဖွဲ့က ဖြုတ်ချသွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပင်‌လောင်းမှာ ကျောင်းသားတွေကိုလည်း စစ်မှုထမ်းခေါ်ယူ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လိန်းညာကျေးရွာအုပ်စုမှာ ကျောင်းသားတွေကို စစ်မှုထမ်းခေါ်ယူနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ အလောင်းထုတ်ခ ကောက်ခံတဲ့ကိစ္စ နေပြည်တော်ထိ အတိုင်ခံရပြီးနောက် ရင်ခွဲရုံဝန်ထမ်းကို စစ်ကောင်စီထံ ဝန်ခံထိုးဖို့ ဆေးရုံအုပ်က ဖိအားပေး

တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ အလောင်းထုတ်ခ အဆမတန် ကောက်ခံတဲ့ကိစ္စ ပြီးခဲ့တဲ့ အပတ်က မဲခေါင်သတင်းမှာ ဖော်ပြပြီးတဲ့နောက် နေပြည်တော် ကျန်းမာရေးဌာနကို တိုင်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီက လာစစ်ရင် ရင်ခွဲရုံဝန်ထမ်းကို ဝန်ခံလိုက်ဖို့ ငွေကောက်ခံခိုင်းတဲ့ ဆေးရုံအုပ်နဲ့ မှုခင်းဆရာဝန်က ဖိအားပေးထားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now