ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင် 24 May - 2023
မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ မေ ၂၄

ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာရှိ ကျောက်တန်းဈေး အမိုးအကာတွေ ပြန်လည် ပြုပြင်ဖို့ အခုလို ကောက်ခံတာဖြစ်ပြီး ဒီဈေးဟာ ၅ ရက် တစ်ဈေး ဖြစ်ကာ တစ်မြို့နယ်လုံး အသုံးပြုတာ မဟုတ်လို့ အခုလို တစ်မြို့နယ်လုံး ငွေကောက်တာ မဖြစ်သင့်ဘူးလို့ ဟိုပုံး ဒေသခံ တစ်ဦးက ပြောပါတယ်။

“ငွေကောက်တာက ပြီးခဲ့တဲ့ လကတည်းက ထည့်လိုက်ရပြီ။ ဈေးတွေက အမိုး အကာတွေ ဟောင်းနေလို့ ပြန်ပြင်မလို့တဲ့။ ကောက်တာက ဟိုပုံးမြို့နယ် တစ်မြို့နယ်လုံးပဲ။ PNO အခေါ်ကတော့ မြင့်မိုရ်တိုင်း နယ်မြေပေါ့။ ဈေးကရတဲ့ ဈေးကောက် ငွေတွေက ဘယ်ရောက်ကုန်လို့ အခုလို ကောက်တာလဲ နားမလည်ဘူးဗျ။ သူတို့ခေတ်ဆိုတော့ ကောက်ချင်သလို ကောက်နေကြတယ်” လို့ သူကပြောပါတယ်။

ငွေကောက်မှုကို PNO ပြည်သူ့စစ်ရဲ့ ဟိုပုံးမြို့နယ်မှူး ဗိုလ်မှူးဖြားခေါင်ရဲ့ အမိန့်အရ ကောက်ခံတာဖြစ်ပြီး ဖြားခေါင်အဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လ ၁၈ တုန်းက တောင်ကြီးမြို့နယ် ဇလဲရွာသား တစ်ဦးကို နေအိမ်ပေါ်တက် ပစ်သတ်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ငွေကောက်ခံမှုကို လွယ်အွန်အုပ်စု၊ ကျောက်တန်းအုပ်စု အပါအဝင် တစ်မြို့နယ်လုံးရှိ ပအိုဝ်းကျေးရွာတွေကို ကောက်ခံတာဖြစ်ပြီး တစ်ချို့ ကျေးရွာတွေမှာ ၅ ထောင်ထက် ပိုကောက်နေတယ်လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ရွာက ၆ ထောင် ထည့်ရတယ်။ သူများရွာထက် တစ်ထောင်ပိုထည့်ရတယ်။ သွားလာဖို့ စရိတ်စက အတွက်ဆိုပြီး တစ်ထောင် ပိုကောက်တာလို့ သူကြီးက ပြောတယ်” လို့ ဟိုပုံးမြို့ မြောက်ဘက်မှာရှိတဲ့ ကျေးရွာနေ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဟိုပုံးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က အကြောင်း အမျိုးမျိုးပြ မကြာခဏ ငွေကောက်ခံနေလို့ ပြည်သူတွေ အခက်အခဲ ဖြစ်ရတယ်လို့ သူကပြောပါတယ်။

CJ-002

#MeKongNews

#ဟိုပုန်း

#PNO-ပြည်သူ့စစ်

#ဗိုလ်မှူးဖြားခေါင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။