ဒေသတွင်းသတင်း

ဆီဆိုင်မြို့နယ်မှာ ဆန်နဲ့မြေဩဇာ သယ်တာကို စစ်ကောင်စီတပ်က ဆက်ကြေးကောက်

မဲခေါင် 2 May - 2023
မဲခေါင် ၊ မေ ၂ ဆန် နဲ့ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ သယ်ယူတာတွေကို စစ်ကောင်စီဂိတ်တွေက မတရား ငွေတောင်းနေလို့ အခက်အခဲတွေ့နေရတယ်လို့ ဆီဆိုင်မြို့နယ်မှ ဒေသခံ ကားသမားတွေက ပြောပါတယ်။

မဲခေါင် ၊ မေ ၂

ဆန် နဲ့ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ သယ်ယူတာတွေကို စစ်ကောင်စီဂိတ်တွေက မတရား ငွေတောင်းနေလို့ အခက်အခဲတွေ့နေရတယ်လို့ ဆီဆိုင်မြို့နယ်မှ ဒေသခံ ကားသမားတွေက ပြောပါတယ်။

စိုက်ပျိုးရေးအချိန် စတင်နေပြီဖြစ်လို့ ပြောင်းခြံတွေအတွက် ဓာတ်မြေဩဇာ သယ်တာကိုလည်း မြို့အဝင်တွေမှာ ရှိတဲ့ စစ်ကောင်စီဂိတ်နဲ့ PNO ပြည်သူ့စစ်ဂိတ်တွေက ပိုက်ဆံတောင်းစားနေကြတယ်လို့ ဆီဆိုင်မြို့နယ် ကားသမားတစ်ဦးကပြောပါတယ်။

“ဓာတ်မြေဩဇာတွေ တစ်ခါသယ်ရင် အနည်းဆုံး ငါးထောင် တစ်သောင်းတော့ပေးရတယ်။ သူတို့တောင်းတာက တစ်သောင်းတောင်းတယ်။ PNO ဂိတ်က ဘာပဲတင်တင် တစ်ထောင် နှစ်ထောင်တောင်းတယ်။ စစ်ကောင်စီတွေက အများကြီးတောင်းတာ။ ကားမောင်းစားရတာလည်း မလွယ်ပါဘူးကွာ။” လို့ ဆီဆိုင်မြို့နယ် ကားသမားတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဓာတ်မြေဩဇာထဲမှာ ပုလဲဓာတ်မြေဩဇာတို့ ပိုတက် မြေဩဇာတို့ပါရင် စစ်ကောင်စီက ပိုပြီးတောင်းတယ်လို့လည်းသူကပြောပါတယ်။

ဒါ့အပြင် ဆန်တွေကိုလည်း ငါးအိတ်နဲ့အထက်ကို စစ်ကောင်စီဂိတ်တွေက ပေးမသယ်တာကြောင့် အခက်အခဲကြုံရတယ်လို့ အိမ်ဆိုင်ဖွင့်ထားတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

“ဆန်သယ်တာ ငါးအိတ်ဆိုမလွယ်တော့ဘူး။ ငွေအများကြီးတောင်းတယ်။ နှစ်အိတ် သုံးအိတ်လောက်ဘဲရတယ်။အဲ့လောက်ဆို တစ်အိတ်ကို နှစ်ထောင်တောင်းတယ်။ ဆန်သယ်တာက ဆယ်အိတ်ကျော်ရင် ပေးမဖြတ်ဘူး ။” လို့ ဆီဆိုင်မြို့နယ် ကားသမားတစ်ဦးကလည်း ပြောပါတယ်။

ဆန်တွေကို ဆီဆိုင်မြို့ကနေ တောင်ဘက်အထွက်ကို သယ်ရင်သာ စစ်ကောင်စီက အိတ်အရေအတွက် နဲ့ ကန့်သတ်ပေမယ့် လွိုင်ကော်ဘက်နဲ့ ဆီဆိုင်မြို့နယ်တောင်ဘက်ကနေ မြောက်ဘက်ကိုသယ်လာတဲ့ ဆန်တွေကိုတော့ စစ်ကောင်စီက အကန့်အသတ်မရှိ ပေးသယ်နေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီက အဲ့ဒီလို ဆန်အိတ်သယ်တာတွေကို ကန့်သတ်တာ၊ လိုသလောက် ပေးမသယ်တာဟာ ကရင်နီပြည်ကို ရိက္ခာဖြတ်လိုတဲ့ သဘောလည်း ဖြစ်နိုင်တယ်လို့ ပအိုဝ်းလူငယ် ခွန်ကျော်ခေါင်းကပြောပါတယ်။

စက်သုံးဆီတွေသယ်ရင်လည်း တစ်ခါသယ်လျှင် အများဆုံး နှစ်ပီပါသာ စစ်ကောင်စီဂိတ်တွေက ပေးသယ်ပြီး ဂိတ်ကြေးကိုလည်း တစ်ပီပါ တစ်သောင်းတောင်းတယ်လို့ ရွာဖက်မှာ ဓာတ်ဆီ ဒီဇယ်ရောင်းတဲ့သူတစ်ဦးကပြောပါတယ်။

“ဒီဟာတွေက မှောင်ခို ပစ္စည်းတစ်ခုမှ မပါဘူးလေ။ အကုန်လုံးတရားဝင်ပစ္စည်းတွေပဲ။ အဲ့လောက်ပဲ ပေးသယ်တော့ ဒီအချိန်က တောင်ယာတွေ ပြောင်းခြံတွေကို ထွန်ယက်တဲ့အချိန်လေ ဘယ်လိုလုပ် လုံလုံလောက်လောက်ရတော့မှာလဲဗျာ”လို့ သူကပြောပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ဆီဆိုင်မြို့တောင်ဘက်မှာ ဂိတ်ကိုယ်စီဖွင့်ပြီး ဒေသခံတွေဆီက ငွေကြေးတောင်းစားနေတာ တစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။

CJ – 002

#ဆက်ကြေးကောက်

#ဆီဆိုင်မြို့နယ်စစ်ကောင်စီတပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ မနေ့(ဇွန်လ ၆) ည ၈ နာရီဝန်းကျင်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ လူသတ်မှုတွေကျူးလွန်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦးကို မနေ့ ဇွန်လ ၅
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး