ဒေသတွင်းသတင်း

ဆီဆိုင်မြို့ကို စစ်ကောင်စီလေကြောင်းကနေ အဆက်မပြတ်တိုက်ခိုက်နေလို့ ဒေသခံတွေ စစ်ရှောင်ဖို့ ခက်ခဲနေ

မဲခေါင် 26 Jan - 2024
တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးတွေဆက်တိုက်ကြဲနေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်မရဘဲ ပိတ်မိနေတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးတွေဆက်တိုက်ကြဲနေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်မရဘဲ ပိတ်မိနေတယ်လို့ သိရပါတယ်။

PNLO က ဇန်နဝါရီ ၂၅ ရက် မနက် ၉ နာရီနောက်ဆုံးထားပြီး တိမ်းရှောင်ကြဖို့ သတိပေးတဲ့အတွက် ဒေသခံ ၈၀ ရာခိုင်နှုန်းလောက် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ အောင်ပန်းတို့ကို ရှောင်တိမ်းသွားကြပေမယ့် ဆိုင်ကယ်၊ ကား အဆင်သင့်မရှိတဲ့ ဒေသခံတွေနဲ့ ဖုန်းလိုင်းအဆက်အသွယ် မရတဲ့သူတွေ၊ မီးဖြတ်ထားတဲ့အတွက် ဖုန်းအားမရှိတဲ့သူတွေ အချိန်မီ တိမ်းရှောင်နိုင်ခြင်းမရှိဘဲ ကျန်နေခဲ့တာပါ။

“လေယာဥ်ကဆက်တိုက်လာနေတော့ မထွက်ရဲတာလည်းရှိတယ်။ လာခေါ်ဖို့ဖုန်းဆက်ထားပြီးမှ တကယ်သွားခေါ်တော့ လိုင်းပြတ်ကုန်လို့ မခေါ်ခဲ့နိုင်တဲ့သူတွေလည်းရှိတယ်။ ကျမတို့မနေ့ကတရက်တည်း ၂ ခါဆင်းခေါ်ပေးတယ်။ နောက်တကြိမ်မှာကျ မြို့ထဲရောက်နေတဲ့အချိန်ကို လေယာဥ်လာတော့ ထပ်ဆင်းခေါ်လို့ မရတော့ဘူး” လို့ တောင်ကြီးမြို့ကနေ ဆီဆိုင်ဒေသခံတွေ စစ်ရှောင်ဖို့ အကြိုအပို့ ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၂၅ ရက်ကစပြီး စစ်ကောင်စီက ဆီဆိုင်မြို့ကို လေကြောင်းကနေ ဗုံးအလုံး ၁၀၀ ကျော်နဲ့ အကြိမ် ၂၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မြေပြင်အခြေအနေမှာတော့ ဆီဆိုင်မြို့ထဲမှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်(PNA)တွေရှိနေတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့၊ ဟိုပုံးမြို့ရှိတပ်တွေကနေ ဆီဆိုင်မြို့ကို စစ်အင်အားဖြည့်တင်းနေသလို နမ့်စန်လေတပ်နဲ့ မိတ္ထီလာရှမ်းတဲ လေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဂိတ်တွေက ဆီဆိုင် – တောင်ကြီးလမ်းကို တခါတရံ ၄ မိုင်ကနေပိတ်ထားပြီး ဆီဆိုင်စစ်ရှောင်တွေကို ပေးမဖြတ်တာတွေရှိသလို PNLA ထိန်းချုပ်နယ်မြေ မောက်မယ်ဘက်ကိုလည်း ပေးမသွားဘူးလို့ ကိုယ်တိုင်ကြုံတွေ့လာရတဲ့ ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

“ဒုက္ခရောက်လို့ပြေးပါတယ်ဆို ဗမာစစ်တပ်က ပေးမဖြတ်ဘူး။ မောက်မယ်ဘက်ကနေ သွားတာပါ မောက်မယ်ကိုရှောင်မှာလည်းမဟုတ်ဘူး။ အဲ့တာကို ပန်တောင်ဂိတ်က လုံးဝပေးမဖြတ်တာပါ။ လှည့်ပြန်လာရတယ်။ ကိုယ့်မြို့မှာကိုယ်သေခိုင်းနေသလိုပဲ”

ဒီနေ့ နေ့လယ် ၁ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ စစ်ရှောင်အများစုနေထိုင်တဲ့ ရေဖြူရွာထဲကို လွိုင်လင်လေးအခြေစိုက် စစ်ကောင်စီတပ် ခလရ-၅၃၀ က လက်နက်ကြီးပစ်ခတ်တာကြောင့် အမျိုးသမီးငယ်တစ်ဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဆီဆိုင်မြို့ကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး လွယ်ဆံဆစ်ရွာထဲ စစ်ကောင်စီတပ်တွေ တပ်စွဲနေပြီး လက်နက်ကြီးပစ်ဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ဆီဆိုင်မြို့နဲ့ အနီးတဝိုက်ရွာတွေအပြင် ဆိုက်ခေါင်၊ ဘန်းယဥ်မြို့က ဒေသခံတွေကလည်း တိုက်ပွဲကူးစက်လာမှာ စိုးရိမ်နေကြတဲ့အတွက် တချို့ဒေသခံတွေ တောင်ကြီးကို ကြိုတင်စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။

CJ-001

#MeKongNews

#ဆီဆိုင်

#စစ်ကောင်စီ

#PNLA

#PNA

#စစ်ရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်တိုက်ပွဲမှာ တင်ပါးဒဏ်ရာရသွားတဲ့ ခရိုနီ PNA ဒု စစ်ဦးစီးချုပ် နေဝင်းထွန်း နောင်တရား လုံခြုံရေးအစည်းအဝေးမှာ လူလုံးထွက်ပြ

ရှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲအနီး ခရမ်းရွာမှာ မေလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူလူထုလုံခြုံရေး ဆွေးနွေးပွဲကို ပအိုဝ်းပြည်သူ့စစ်
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမိတ်မှာ စစ်ကောင်စီက ဝန်ထမ်းတွေပြန်ခေါ်နေပေမယ့် ဌာနဆိုင်ရာတွေ ပုံမှန်မလည်ပတ်နိုင်သေး

ရှမ်းမြောက် မိုးမိတ်မြို့တိုက်ပွဲဖြစ်ပြီးနောက်မှာ ဒေသခံတွေထွက်ပြေးတာကြောင့် စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်ခေါ်နေပေမယ့် လက်ရှိအချိန်ထိ အုပ်ချုပ်ရေးယန္တယားပုံမှန် ပြန်လည် မလည်ပတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

အင်းခရမ်းချဉ်သီး စိုက်ပျိုးစရိတ်ကြီးမြင့်တာနဲ့ လုပ်သားရှားပါးတာကြောင့် အစိုက်နည်းနေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ခရမ်းချဉ်သီး စိုက်ပျိုးစရိတ် ကြီးမြင့်တာအပြင်၊ လုပ်သားရှားပါးမှုနဲ့ အရင်နှစ်က အရှုံးပေါ်တဲ့ တောင်သူတွေ ပြန်မစိုက်တာကြောင့် ခရမ်းချဉ်သီးစိုက် တောင်သူတွေအနေ စိုက်ပျိုးသူ နည်းပါးတယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်မှာ ကားပစ္စည်းလိုက်လံခိုးယူသူများ ရှိနေလို့ သတိထားရန်လိုအပ်နေ

တာချီလိတ်မှာ အိမ်ခြေမဲ့တွေ များပြားလာတဲ့နောက် လမ်းဘေးနဲ့ အိမ်ရှေ့ရပ်ထားတဲ့ ကားတွေရဲ့ မီးခွက်၊ ဘက်မှန်နဲ့ ဘထ္ထရီတွေ လိုက်လံဖြုတ်ခိုးတာတွေရှိလာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တစ်နှစ်ခွဲကျော်ကြာ သင်ကြားလေ့ကျင့်ထားတဲ့ အရာရှိသင်တန်းဆင်းပွဲကို အာရက္ခတပ်တော်(AA)က ပထမဆုံး ရခိုင်မှာ ကျင်းပ

ရခိုင်ပြည်နယ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အရာရှိလေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ခဲ့ပြီးတော့ အရာရှိ ၃၂၆ ဦးကို (၁)နှစ်(၇)လကြာ လေ့ကျင့်သင်ကြားပြီး သင်တန်းဆင်းပွဲ ပြုလုပ်လိုက်တာလို့ အာရက္ခတပ်တော် AAက သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

အုပ်ချုပ်နယ်မြေမှာ သေဒဏ်နဲ့ တသက်တကျွန်းပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ခိုက်ရေးဘက် ဦးစားပေးနေရတာကြောင့် တရားစီရင်ရေးအပိုင်းမှာ အမြန် စစ်ဆေး၊ အမြန်စီရင်ချက်ချလုပ်ဆောင်ခဲ့ရမှုတွေသာ လုပ်နိုင်ခဲ့လို့ ခုချိန်ကစပြီး စနစ်တကျ တရားစီရင်ရေးလုပ်ဆောင်မယ့်အကြောင်း ကိုးကန့်တပ် MNDAA က မေ ၂၂ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ ပြည်သူ့စစ်(PNA)တွေ စစ်ရေးလေ့ကျင့်နေတဲ့အတွက် မြို့ခံတွေ ထမင်း၊ ဟင်း ချက်ပို့နေရ

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ မှာ မေလ ၁၈ ရက်နေ့ကစပြီး ပအိုဝ်းပြည်သူ့စစ် (PNA)အတွက် ထမင်း၊ ဟင်း ချက်ပို့နေရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်ထောင်မှာ ထောင်ဝင်စာဖြတ်ခံထားရတဲ့အတွက် အဟာရမပြည့်ဝဘဲလူ ၅ ဦးထက်မနည်း သေဆုံးနေ

လွိုင်ကော်အကျဉ်းထောင်မှာ ထောင်ဝင်စာဖြတ်ခံရတဲ့ ၆ လကျော်အတွင်း လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now