ဒေသတွင်းသတင်း

ဆိုင်ကလုန်း မိုခါ CAT-5 မုန်တိုင်းကြီးအဆင့်ရောက်ရှိ၊ မုန်တိုင်း ဗဟိုချက်မှာ လှိုင်းအမြင့်ပေ ၅၀ အထိရှိနိုင်

မဲခေါင် 13 May - 2023
မဲခေါင်၊ မေ ၁၃ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကနေ ကုန်းတွင်း ဝင်ရောက်မဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါဟာ CAT-5 မုန်တိုင်းကြီး အဆင့် ရောက်ရှိသွားပြီဖြစ်ကာ မုန်တိုင်း ဗဟိုချက် အနီးမှာ ရေလှိုင်း အမြင့်ပေ ၅၀ ထိ ရှိလာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် မစုစုစံ က ခန့်မှန်း ပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ မေ ၁၃

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကနေ ကုန်းတွင်း ဝင်ရောက်မဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါဟာ CAT-5 မုန်တိုင်းကြီး အဆင့် ရောက်ရှိသွားပြီဖြစ်ကာ မုန်တိုင်း ဗဟိုချက် အနီးမှာ ရေလှိုင်း အမြင့်ပေ ၅၀ ထိ ရှိလာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် မစုစုစံ က ခန့်မှန်း ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ စစ်တွေမြို့ အနီးကို ဦးတည်နေတဲ့ မိုခါ ဆိုင်ကလုန်း မုန်တိုင်းဟာ တစ်နာရီ လေတိုက်နှုန်း ၁၃၂ မိုင် ကနေ ၁၄၀ မိုင်ထိ တိုက်ခိုက်နေပြီး အလွန်အန္တရာယ်ကြီးမားလို့ ကမ်းရိုးတန်းနေ ပြည်သူတွေ အမြန်ဆုံး ရှောင်ရှားကြဖို့ မစုစုစံက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့ မိုးလဇကတော့ ဒီကနေ့ မနက် ၅ နာရီခွဲ အချိန်တိုင်းတာချက်တွေ အရ မိုချာ မုန်တိုင်းဟာ စစ်တွေ မြို့ ကမ်းခြေနဲ့ မိုင် ၃၅၀ အကွာကို ရောက်ရှိနေပြီဖြစ်ကာ အနီရောင်အဆင့် သတ်မှတ်လိုက်ပြီး ခန့်မှန်း တစ်နာရီ လေတိုက်နှုန်း ၁၀၅ မိုင်ကနေ ၁၁၅ မိုင် အထိ တိုက်ခတ်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ကလည်း UN နဲ့ EU က ထုတ်ပြန်တဲ့ GDACS အချက်အလက်တွေအရ စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ တောင်ကုတ်မြို့၊ မအီ စ တဲ့မြို့တွေနဲ့ ရခိုင်ကမ်းရိုတန်း နေရာတစ်ချို့ကို Storm Surge ဝင်နိုင်တယ်လို့ ပြောပါတယ်။

“Storm Surge လို့ ခေါ်တဲ့ မုန်တိုင် းဒီလှိုင်းအမြင့်က စစ်တွေမှာ ၇ ပေကျော်ကျော်ရှိမယ်လို့ အိန္ဒိယ မိုးလေဝသ ကရော၊ UN+EU ရဲ့ GDACS ကရော ထုတ်ပြန်ထားပါတယ်။ ဥပမာ ပြောရရင် မုန်တိုင်း ဒီရေအမြင့် ၇ ပေရှိတဲ့ ရေထုကြီးက မိုင် ၁၀၀ ကျော်အရှိန်နှုန်းနဲ့ လာဆောင့်မှာပါ၊ အဲ့ဒီလိုဖြစ်တာကို Storm Surge (မုန်တိုင်း ဒီလှိုင်း ဝင်တယ်) လို့ မြန်မာလိုပြောပါတယ်။ အမြင့် ၇ ပေရှိတဲ့ရေထုကြီးဟာ တန်ပေါင်းများစွာ အလေးချိန်ရှိပြီး အရှိန်ပြင်းပြင်းနဲ့ ဝင်ဆောင့်လို့ အဆောက်အဦးတွေ ပျက်စီးပြီး လူတွေအများကြီး နာဂစ်မုန်တိုင်းမှာ သေကြေပျက်စီး ခဲ့ကြပါတယ်။ ဆရာကြီးဦးထွန်းလွင်ကလဲ ပြောပြခဲ့ပါတယ်။ ၁၀ ပေါင်တူကို ကိုင်ပြီး လက်မဝက်လောက်ရှိတဲ့ သံပြားကြီးကို အားနဲ့ထုလိုက်ရင် သံပြားကြီး ချိုင့်ဝင်သွားတဲ့ အားထက်တောင် များပါဦးမယ်” လို့ သူကပြောပါတယ်။

မြန်မာပြည်သူတွေရဲ့ အိမ်မက်ဆိုးဖြစ်တဲ့ နာဂစ်မုန်တိုင်းမှာ လေပြင်း တိုက်ခတ်မှုထက် ရေပြင်း ရိုက်ခတ်မှုကြောင့် သေကြေပျက်စီးမှုတွေ ပိုများခဲ့တာလို့ ဦးဝင်းနိုင်က ပြောပါတယ်။

လက်ရှိ မုန်တိုင်းရဲ့ ပြတ်ရွှေ့ တိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံ အနှံအပြားမှာ မိုးထစ်ချုန်း ရွာနိုင်ပြီး နေရွာကွက် မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီ မိုးလဇက ထုတ်ပြန်ထားပါတယ်။

MK-007
#MeKongNews
#မိုချာ
#CAT-5
#မိုးဇလ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ