ဒေသတွင်းသတင်း

စိတ်ကြွဆေးပြား၁၀သန်းကျော်နဲ့အတူဖမ်းမိတဲ့တာချီလိတ်ကရဲတပ်သားဟောင်းဖေသက်ဟန်ကိုထောင်ဒဏ်နှစ်အကန့်အသတ်မရှိချမှတ်

မဲခေါင် 26 Jan - 2023
တာချီလိတ်မြို့နယ်ထဲမှာ စိတ်ကြွေဆေးပြား ၁၀သန်းကျော်အပါအဝင် မူးယစ်ဆေးထုတ်လုပ်စက်၊ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိတဲ့ ရဲတပ်သားဟောင်း ဖေသက်ဟန်ကို တာချီလိတ်ခရိုင်တရားရုံးက ထောင်ဒဏ်နှစ်အကန့်အသတ်မရှိ ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

တာချီလိတ်မြို့နယ်ထဲမှာ စိတ်ကြွေဆေးပြား ၁၀သန်းကျော်အပါအဝင် မူးယစ်ဆေးထုတ်လုပ်စက်၊ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိတဲ့ ရဲတပ်သားဟောင်း ဖေသက်ဟန်ကို တာချီလိတ်ခရိုင်တရားရုံးက ထောင်ဒဏ်နှစ်အကန့်အသတ်မရှိ ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြည်တွင်း၊ ပြည်ပဂိုဏ်းတွေနဲ့ ဆက်သွယ်ပါဝင်ကျူးလွန်မှု၊ လက်နက်ခဲယမ်းတွေ ကိုင်တွယ်အသုံးပြုမှု၊ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ပစ္စည်းတွေ လက်ဝယ်ထားမှု၊ သယ်ယူပို့ဆောင်မှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ဖေသက်ဟန်ပါ ၉ဦးကို ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ၂မှုနဲ့ ထောင်ဒဏ် ၁၀နှစ် တစ်မှုတို့ကို တစ်ပေါင်းထဲကျခံဖို့ အမိန့်ချလိုက်တာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

“အကုန်လုံးအတူတူပဲ။ သူတို့အတူအဖမ်းခံရတဲ့ထဲမှာ ထိုင်းတစ်ယောက်၊ တရုတ်တယောက်လဲပါတယ်” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

ဖေသက်ဟန်ကို ၂၀၂၂ခုနှစ်၊ ဧပြီလ ၂၄ရက်က သူနေတဲ့ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ထဲက နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဖမ်းမခံရခင် ဧပြီလ ၂၃ရက်ညက ဖေသက်ဟန်ဟာ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ထဲမှာရှိတဲ့ “ဝ” ပိုင်ဝန်းထဲမှာရှိတဲ့ ဟယ်ရီပေါ်တာ ကေတီဗီမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဲဒီကိစ္စကြောင့် ဆက်စပ်ပြီး လိုက်လံဖမ်းဆီးရာကနေ စိတ်ကြွဆေးပြား ၁၀သန်းအပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိတာဖြစ်ပါတယ်။

ဖေသက်ဟန်ဟာ ၂၀၂၀ခုနှစ် ကိုဗစ်ဖြစ်ပွားနေချိန် သင်္ကြန်ကာလအတွင်း သူပိုင်ဆိုင်တဲ့ Crash Bar မှာ ပါတီပွဲကျင်းပပြီး အဲဒီပါတီပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ကိစ္စနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် သဘာဝဘေးဥပဒေနဲ့ အရေးယူဖို့ ညွှန်ကြားခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ 

ဒါပေမယ့် အဲဒီအချိန်က ထောင်ဒဏ်ချမှတ်ခံရခြင်းမရှိဘဲ ဒဏ်ငွေ ၅၀၀၀ ကျပ်ဖြင့်နဲ့သာ ပြန်လည်လွတ်မြောက်လာပြီး ရဲအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။

အဲဒီနောက် လုံခြုံရေးကုမ္ပဏီတည်တောင် လုပ်ကိုင်နေပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပြီး တာချီလိတ်ဗျူဟာက ဗျူဟာမှူးနဲ့ ရင်းနှီးသူအဖြစ် နာမည်ကြီးသလို ရဲတပ်သားအဆင့်နဲ့ထွက်ပေမယ့် ဘား၊ လုံခြုံရေးကုမ္ပဏီတွေ တည်ထောင်လုပ်ကိုင်နိုင်သူအဖြစ် လူပြောများသူဖြစ်ပါတယ်။

MK – 004

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

ချင်းမိုင်မှာ မိုးသီးတွေ လယ်ကွက်ထဲ ဖွေးဖွေးလှုပ်ကျ

မဲခေါင်၊ မတ် ၁၉ မတ် ၁၈ ရက်နေ့က ချင်းမိုင်မှာ လေမုန်းတိုင်းနဲ့ မိုးသက်လေပြင်းကျလို့ ပျက်စီး ဆုံးရှုံးမှု များခဲ့သလို
ဒေသတွင်းသတင်း

နှစ် ၉၀ ကျော် စည်းကားစွာ ပြုလုပ်လာတဲ့ ကျိုင်းတုံမြို့က စော်ဘွားဈေးပွဲတော် ဒီကနေ့ စတင်ကျင်းပ

မဲခေါင်၊ မတ် ၁၁ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့တာ နှစ်‌ ၉၀ ကျော် ရှိလာပြီ
ဒေသတွင်းသတင်း

မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ SSPP အရာရှိ ရုပ်သံနဲ့ရှင်းလင်း

မဲခေါင်၊ မတ် ၁၀ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP က အရာရှိ တစ်ဦး မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံထားရတယ်လို့ ဒေသတွင်း သတင်း Hsan Loi Voice လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာဟာ မဟုတ်မှန်ဘူးလို့ SSPP အရာရှိက
ဒေသတွင်းသတင်း

ပြည်တွင်းစီးပွားရေး ဇောက်ထိုးကျနေပေမဲ့ နိုင်ငံ့ကုန်သွယ်ရေး တိုးတက်လာတယ်လို့ မင်းအောင်လှိုင် ပြောဆို

မဲခေါင်၊ မတ် ၈ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ စစ်ကောင်စီရဲ့ မဆင်မခြင် လက်တန်း စီးပွားရေး မူဝါဒတွေကြောင့် ပြည်တွင်း စီးပွားရေး ဆက်တိုက် ကျဆင်းနေပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံ့
ဒေသတွင်းသတင်း

ရန်ကုန်မြို့တော်ခန်းမနဲ့ ပြည်သူ့ရင်ပြင်မှာ သင်္ကြန်မဏ္ဍပ်တွေဆောက်မယ်လို့ စစ်ကောင်စီ ကြေညာ

မဲခေါင်၊ မတ် ၈ ရန်ကုန်မြို့က မြို့တော်ခန်းမနဲ့ ရွှေတိဂုံဘုရား အနောက်ဘက် ပြည်သူ့ရင်ပြင် အပါအဝင် ရန်ကုန်မြို့မှာ သင်္ကြန် မဏ္ဍပ်တွေ ဆောက်လုပ်မယ်လို့ စစ်ကောင်စီရဲ့ မြို့တော်စည်ပင်က မနေ့က ကြေညာလိုက်ပါတယ်။
ဒေသတွင်းသတင်း

လားရှိုးမှာ ကားနဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီလက်ပါးစေ ယာဉ်ထိန်းရဲ ဖမ်းဆီးငွေညှစ်

မဲခေါင်၊ မတ် ၇ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ လက်ပါးစေ ယာဉ်ထိန်းရဲက ကားနဲ့ဆိုင်ကယ်တွေကို ပြစ်ချက်ရှာ ငွေညှစ်ဖို့ ဖမ်းဆီးနေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ဒေသတွင်းသတင်း

အမြန်လမ်း မန်းရာဇာယာဉ်ပေါ်မှာ ကလေးမွေးဖွား

မဲခေါင်၊ မတ် ၆ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းမှာ မန်းရာဇာ ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူ ကိုယ်ဝန်ဆောင် အမျိုးသမီး ကလေး မိန်းကလေး မွေးဖွားခဲ့တယ်လို့ အမြန်လမ်း ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက
ဒေသတွင်းသတင်း

ဗိုလ်ချုပ်စျေး ရတနာဆိုင်ဖောက်ထွင်းခံရ၊ တန်ဖိုးကြီးရတနာတွေပါသွား

မဲခေါင်၊ မတ် ၅ ရန်ကုန်မြို့လယ်ကောင်၊ ဗိုလ်ချုပ်စျေးမှာဖွင့်လှစ်ထားတဲ့ နှင်းဆီရတနာ - Rose Jewellery ရတနာဆိုင်ဖောက်ထွင်းခံခဲ့ရပြီး တန်ဖိုးကြီးရတနာပစ္စည်းတွေ အခိုးခံလိုက်ရတယ်လို့ ဆိုင်ခန်းပိုင်ရှင်တစ်ဦး က မဲခေါင်သတင်းကို ပြောပါတယ်။