ဒေသတွင်းသတင်း

စစ်တွေနဲ့ ရခိုင်ကမ်းရိုးတန်းကို ဗဟိုပြုနေတဲ့ မိုချာမုန်တိုင်း လေတိုက်နှုန်း ၁၂၀ ကနေ ၁၃၈ မိုင် အထိရှိလာနိုင်

မဲခေါင် 12 May - 2023
မဲခေါင်၊ မေ ၁၂ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေမြို့ နဲ့ ရခိုင်ကမ်းရိုးတန်းကို ဗဟိုပြုနေတဲ့ မိုချာဆိုင်ကလုန်းမုန်တိုင်းဟာ လက်ရှိအချိန်ထိ တိုင်းတာချက်တွေ အရ တစ်နာရီကို လေတိုက်နှုန်း ၁၂၀ ကနေ ၁၃၈ မိုင်အထိရှိလာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ဒီကနေ့ မေလ ၁၂ ရက်မှာ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ မေ ၁၂

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေမြို့ နဲ့ ရခိုင်ကမ်းရိုးတန်းကို ဗဟိုပြုနေတဲ့ မိုချာဆိုင်ကလုန်းမုန်တိုင်းဟာ လက်ရှိအချိန်ထိ တိုင်းတာချက်တွေ အရ တစ်နာရီကို လေတိုက်နှုန်း ၁၂၀ ကနေ ၁၃၈ မိုင်အထိရှိလာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ဒီကနေ့ မေလ ၁၂ ရက်မှာ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စစ်တွေမြို့ရဲ့ အနောက်တောင်ဘက်မိုင် ၅၀ အကွာကို မုန်တိုင်းက လမ်းကြောင်းပြောင်းသွားခဲ့ပေမယ့် မုန်တိုင်း သက်ရောက်မှုက ငွေဆောင်ကမ်းခြေအထိရှိလာမယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပြောဆိုပါတယ်။

“လက်ရှိအချိန်ထိ တိုင်းတာချက်တွေအရ မုန်တိုင်းက စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၅၀ ခန့်အကွာကို လမ်းကြောင်းက နည်းနည်းပြောင်းသွားတယ် ဒေတာ အသစ်တွေကတော့ နေ့လည်လောက်မှသိရမယ်။ အခုက တိုင်းတာနေဆဲ အခြေအနေပေါ့။ လက်ရှိအချိန်ထိ တိုင်းတာချက်တွေမှာတော့ ဆိုင်ကလုန်းမုန်တိုင်းက တစ်နာရီ မိုင် ၁၂၀ ကနေ ၁၃၈ ကြားထိကို ပြင်းထန်နိုင်တယ်။ မုန်တိုင်း သက်ရောက်မှုက ငွေဆောင် ဘက်ထိကို သက်ရောက်မှု ရှိနိုင်ပါတယ်” လို့ သူကပြောပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဌာန နဲ့ စစ်ကောင်စီ မိုးလဇတို့ကတော့ မေလ ၁၄ ရက်မှာ စစ်တွေမြို့ အနီးကို ဝင်လာမဲ့ မိုချာမုန်တိုင်းဟာ တစ်နာရီ မိုင် ၉၀ ကနေ ၁၁၀ မိုင်ထိ တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။

မိုးလေဝသပညာရှင်တစ်ဦးဖြစ်တဲ့ မစုစုစံကလည်း လေပြင်းဆောင့်တိုက်နှုန်း တစ်နာရီကို ၉၆ မိုင်ကနေ ၁၃၀ မိုင် ထိရှိလာနိုင်မှာဖြစ်ပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဘက်မှာ မုန်တိုင်းဝင်လာနိုင်ချေမရှိဘဲ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ လေပြင်းအနည်းငယ် တိုက်ခတ်တာမျိုးပဲ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။

စစ်တွေ ကမ်းခြေမှာ မနေ့က သဲချိုင့်တွေ ပေါ်လာတဲ့ ပတ်သက်ပြီး ဦးဝင်းနိုင်က ပင်လယ်ရေ ရုတ်တရတ်ကျဆင်းသွားတာကြောင့်လည်းဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

“စစ်တွေ ကမ်းခြေမှာ သဲချိုင့်တွေ ပေါ်လာတာ နဲ့ ပက်သက်ပြီး တိကျတဲ့ သုံးသပ်ချက်တော့ မပေးနိုင်ပါဘူး။ ဘာလို့ဆို မုန်တိုင်းတိုက်ခတ်လို့ သဲချိုင့်တွေ ပေါ်လာတာမျိုးကတော့ မကြားဖူးသေးဘူး။ သဲချိုင့်တွေက နဂိုကတည်းက ရှိနေပြီး ပင်လယ်ရေ ရုတ်ချည်းကျဆင်းသွားတာကြောင့်လည်းဖြစ်နိုင်တယ်။ ပင်လယ်ရေ ရုတ်ခြည်းကျတာမျိုးက ဆူနာမီတွေ ဖြစ်လာတဲ့ အချိန်မှာဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမဲ့ အရမ်းကြီး စိုးရိမ်ရမှာမဟုတ်ပဲ ပြည်သူတွေ မုန်တိုင်းဝင်မဲ့ ကမ်းရိုးတန်းကနေသာ လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းကြဖို့ လိုပါတယ်” လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ကုန်းတွင်း ဝင်ရောက်နိုင်တဲ့ မုန်တိုင်း မိုချာကြောင့် ဒေသခံ ပြည်သူအများစု ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြပြီး အနည်းစုသာ မပြောင်းရွှေ့ဘဲ နေခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မုန်တိုင်းရဲ့ သက်ရောက်မှုဟာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ် ဒေသတွေမှာ မိုးရေချိန် ၈ လက်မထိ ရွာသွန်းနိုင်သလို တစ်နာရီ မိုင် ၃၀ နှုန်းနဲ့ တိုက်ခတ်နိုင်တာကြောင့် ရေကြီးတာ၊ မြေပြိုကျတာ နဲ့ သစ်ပင်အိုတွေပြိုလဲတာမျိုးဖြစ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက အသိပေးထားကြပါတယ်။

မုန်တိုင်းအခြေအနေကို စောင့်ကြည့်နေပြီး အချိန်နဲ့ ပြောင်းလဲ နိုင်ချေရှိတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပေးမှာဖြစ်လို့ မိုးလေဝသသတင်းတွေက စောင့်ကြည့်သင့်ပေမဲ့ ပြည်သူတွေ အစိုးရိမ်လွန်တာတွေလည်း မဖြစ်ကြဖို့ မိုးလေဝသ ပညာရှင်တွေက ပြောဆိုထားပါတယ်။

MK-007

#MeKongNews

#မိုချာမုန်တိုင်း

#လေတိုက်နှုန်း၁၂၀-၁၃၈

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ