ဒေသတွင်းသတင်း

စစ်ကောင်စီ ဖွင့်လှစ်တဲ့ လူငယ်ခေါင်းဆောင်မှုသင်တန်း ရှမ်းဝန်ကြီး ဆွေမျိုးတွေသာ တက်ခွင့်ရ

မဲခေါင် 19 May - 2023
မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးတက္ကသိုလ် အနေနဲ့ စစ်ကောင်စီ လူကယ်ပြန် ဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ “ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်း” တက်ရောက်ဖို့ အကြောင်းကြားထားတယ်လို့ Non-CDM သတင်းရင်းမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ မေ ၁၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးတက္ကသိုလ် အနေနဲ့ စစ်ကောင်စီ လူကယ်ပြန် ဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ “ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်း” တက်ရောက်ဖို့ အကြောင်းကြားထားတယ်လို့ Non-CDM သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ လာမယ့် မေလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၅ ရက်ကြာ ပြုလုပ်မယ့် ဒီသင်တန်းကို တောင်ကြီး တက္ကသိုလ်က ဆရာ/မတွေနဲ့ ရှမ်းပြည်နယ် တိုင်းရင်းသားရေးဝန်ကြီးရဲ့ ဆွေမျိုးတွေသာ တက်ရောက်ခွင့်ရတယ်လို့ နီးစပ်သူ အမျိုးသား တစ်ဦးက ပြောပါတယ်။

“အကုန်လုံး သူတို့ အသိုင်းအဝိုင်းကပါပဲ။ အရင်ခေတ် ပြန်ရောက်သွားသလိုပေါ့။ အခွင့်အရေး ရလာရင် သူတို့ အမျိုးတွေ အဆွေတွေကပဲ လုပ်ခွင့်ရတော့မှာ။ အခုတက်ခွင့်ရတဲ့ ကျောင်းသား အကုန်လုံးက သူတို့လူတွေပဲ” လို့ သူကပြောပါတယ်။

လက်ရှိ သင်တန်း တက်ရောက်ခွင့်ရသူတွေဟာ ရုက္ခဗေဒ-Botany၊ သတ္တဗေဒ-Zoology၊ အဏုဇီဝဗေဒ-Microbiology စတဲ့ မေဂျာ ၃ ခုက ကျောင်း ၄ ဦးနဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်က ကျောင်းသားတစ်ဦးစီ စုစုပေါင်း ၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။

တက်ရောက်ခွင့်ရသူ ၇ ဦးဟာ တောင်ကြီး တက္ကသိုလ် ပါမောက္ခချုပ်၊ Non CDM ဆရာ/မတွေ အပြင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကျောင်းသား ၇ ဦးကို မနေ့ မေလ ၁၈ က မြို့တော်ခန်းမမှာ စစ်ကောင်စီ လက်အောက်ခံ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း က ၅၀,၀၀၀ ကျပ်စီ ဆုချီးမြှင့်ခဲ့ပြီး သက်ဆိုင်ရာ မေဂျာတွေက ၃၀,၀၀၀ ကျပ်စီ ပံ့ပိုးပေးတဲ့အပြင် ဘေးအန္တရယ်ဆိုင်ရာ စီမန်ခန့်ခွဲမှု သင်တန်းကျောင်းဘက်ကလည်း ၁၀၀,၀၀၀ ကျပ်စီ ထပ်လောင်း ပံ့ပိုးပေးမယ်လို့ နီးစပ်သူ တစ်ဦးက ဆက်ပြောပြပါတယ်။

“ရမယ့်ထောက်ပံ့ကြေးတွေက အများကြီးပဲ။ အခု တစ်သိန်းရှစ်သောင်းဆိုတာက စာရွက်ပေါ်မှာပဲ ရှိသေးတာ။ ဟင်္သာတတရောက်ရင် ဘယ်လောက်တောင် ထပ်ရမလဲ မသိဘူး။ အဲဒါကြောင့်လည်း သူတို့လူအချင်းချင်းပဲ လက်သိပ်ထိုးပြီး ခေါ်တာ။ တကယ်တမ်းဆိုရင် အားလုံး ကြေညာပေးပြီးမှ အရည်ချင်းစစ် ရွေးရမှာ” လို့ သူကဆိုပါတယ်

ဒီသင်တန်း အတွက် တောင်ကြီး တက္ကသိုလ် ကျောင်းသား အားလုံးကို အသိပေး ကြေညာတာ မရှိဘဲ Non CDM ဝန်ထမ်းတွေရဲ့ ဆွေမျိုးတွေကို ခေါ်ယူတာကြောင့် ကျောင်းသားမိဘတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းကြောင်း နိုင်ငံတကာကို ဝါဒဖြန့်လိုတာကြောင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း တောင်ကြီး တက္ကသိုလ်မှာ တက်ရောက်တဲ့ နေ့ဘက်အတန်း-Day နဲ့ အဝေးသင်-Distance ကျောင်းသူ/သား အားလုံးနီးပါးကို စာမေးပွဲ အအောင်ပေးခဲ့တယ်လို့ အဆောင်ပိုင်ရှင်တွေက ပြောပါတယ်။

CJ-007

#MeKongNews

#လူငယ်ခေါင်းဆောင်မှုသင်တန်း

#တောင်ကြီးတက္ကသိုလ်

#NON-CDM

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ