ဒေသတွင်းသတင်း

စစ်ကောင်စီဝင် ခွန်စံလွင်ရဲ့ ဟိုပုံးမြို့ ကော်ဖီစက်ရုံက ထွက်တဲ့အနံ့ဆိုးတွေက မြို့လူထုကို ထိခိုက်နေ

မဲခေါင် 12 Jun - 2024
ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့က စစ်ကောင်စီလက်အောက်ခံ PNO ဥက္ကဌ ၊ စစ်ကောင်စီဝင် ခွန်စံလွင်ပိုင်ဆိုင်တဲ့ ကော်ဖီစက်ရုံကထွက်တဲ့ အနံ့ဆိုးတွေက မြို့လူထုကို အသက်ရှုခက်ခဲစေနေတယ်လို့ ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။

မဲခေါင်၊ ဇွန် ၁၂

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့က စစ်ကောင်စီလက်အောက်ခံ PNO ဥက္ကဌ ၊ စစ်ကောင်စီဝင် ခွန်စံလွင်ပိုင်ဆိုင်တဲ့ ကော်ဖီစက်ရုံကထွက်တဲ့ အနံ့ဆိုးတွေက မြို့လူထုကို အသက်ရှုခက်ခဲစေနေတယ်လို့ ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။

ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်မှာရှိတဲ့စက်ရုံ (Coffee Neo)က အနံ့ဆိုးတွေဟာ စက်ရုံဘေးနား စျေးသည်တွေ၊ မွေတော်ဘုရားကြီးကိုလာတဲ့ ဘုရားဖူးတွေ၊ ဥပုသ်သည်တွေ၊ ကိုယ်ပိုင်ကျောင်းတွေ၊ ရပ်ကွက်နေလူထုတွေအတွက် အသက်ရှုကြပ်ကာ အနံ့မခံနိုင်အောင်ဖြစ်နေပြီး ပြတင်းပေါက် တွေတောင် မဖွင့်ရဲတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။

“ မိုးတွင်းဖြစ်တော့ အနံ့က ပိုဆိုးလာတယ်၊ စျေးသည်တွေလဲ အသက်ရှုမဝကြဘူး၊ အိမ်ကတော့ အနံ့မခံနိုင်လို့ ပြတင်းပေါက်ကို မဖွင့်ဘူး၊ သူ့စက်ရုံက မွေတော်ဘုရားကြီးအနောက်မှာရှိတာ၊ မနှစ်က ၀ါတွင်းဆိုဥပုသ်စောင့်တဲ့သူတွေတောင် နေလို့မရဘူးလို့ပြောတယ်။ အနားက ကိုယ်ပိုင်ကျောင်းတွေလဲ အဲအနံ့ကြောင့် ဒုက္ခရောက်နေကြတယ်” လို့ တုံခမ်းရပ်ကွက်ဒေသခံ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ကော်ဖီစက်ရုံဟာ စတင်လည်ပတ်စဉ်ကတည်းက အနံ့ဆိုးထုတ်လာတာဖြစ်ပြီး ဒီနှစ်မှ ပိုဆိုးလာတာဖြစ်ပြီး အနီးအနား ရပ်ကွက်နေသူတွေအတွက် နေ့စဉ်အသက်ရှုရခက်တဲ့ ဝေဒနာ ခံစားနေရတာလို့ သိရပါတယ်။

“ သွားတိုင်ပြန်ရင်လဲ ဒေသရုံးက ဘာမှလုပ်ပေးမှာ မဟုတ်ဘူး၊ ခွန်ရဲထွေးက အငယ်၊ ခွန်စံလွင်က အကြီးဆိုတော့လေ၊ လူတိုင်းက ပြောချင်နေကြတာ၊ ကြောက်လို့ မပြောရဲကြတာ၊ မီဒီယာကိုပြောတာလဲသိရင် အသတ်ခံရနိုင်တယ်” လို့ ဟိုပုံးဒေသခံ ၁ ဦးက ပြောပါတယ်။

ကော်ဖီစက်ရုံဝန်းအတွင်း စနစ်တကျစွန့်ပစ်ထားခြင်းမရှိဘဲ စုပုံထားတဲ့ ကော်ဖီခွံတွေမှ မိုးရာသီ မိုးများစိုပြီး ပုတ်ပွနေခြင်းဖြစ်ကာ ပတ်ဝန်းကျင် ရပ်ကွက်နှင့် အနီးတဝိုက်ဧရိယာကို အနံဆိုးများဖြစ်ပေါနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ခွန်စံလွင်ဟာ စစ်အာဏာသိမ်းပြီးမှ ဟိုပုံးမြို့မှာ ကိုယ်ပိုင် ဟိုပုံးပုဂ္ဂလိကဆေးရုံ၊ အလင်းပွင့်စက်သုံးဆီဆိုင်တွေ လက်ညှိုးထိုးမလွဲအောင် ဖွင့်လာတာလို့သိရပြီး လက်ရှိ စစ်ကောင်စီအဖွဲ့တစ်ဦးဖြစ်ပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးပြည်သူ့ဆေးရုံမှာ ဆရာဝန်တွေ စစ်ရှောင်ကုန်ပြီး ဒဏ်ရာရပြည်သူတွေ အခက်အခဲဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးပြည်နယ်ဆေးရုံကြီးမှာ သူနာပြုအချို့မှအပ ဆရာဝန်၊ ဆရာမတွေ စစ်ဘေးရှောင်ကုန်ကြလို့ ကျန်နေတဲ့ ဒဏ်ရာရ ပြည်သူတွေ အသက်ဘေးကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ လောင်စာဆီပြတ်လပ်လာ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ဓာတ်ဆီတွေ ပြတ်လပ်လာနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့တွေမှာ စစ်ကောင်စီက ဖောင်ဖြည့်ခိုင်းနေ

ရှမ်းပြည်မြောက်ပိုင်းကနေ ရှမ်းပြည်တောင်ပိုင်းဒေသတွေဆီ တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)က ဖောင်ဖြည့်ခိုင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးတိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂၅ ဦးခန့် သေဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိနေ

ရှမ်းမြောက်၊ လားရှိုးမြို့ကို MNDAA က တိုက်နေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ပြည်သူ ၂၅ ဦးခန့်သေဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီလို့ ဒေသသတင်းတွေနဲ့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချိုက နောက်ဆုံး စစ်ကောင်စီတပ် အမှတ် ၆၀၆ ကို တော်လှန်ရေးတပ်တွေ ရပြီ

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်တိုက်ပွဲမှာ ခုခံနေတဲ့ နောက်ဆုံးတပ် ၆၀၆ တပ်ကို ယမန်နေ့ ညသန်းခေါင်အချိန်မှာ တော်လှန်ရေးတပ်တွေက လက်ရ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီက လားရှိုး ခမရ ၅၀၇ ပြန်ရပြီဆိုပြီး လိမ်လည်နေ

ရှမ်းမြောက်၊ လားရှိုး ရမခစစ်တိုင်းဌာနချုပ်ရဲ့ ရှေ့ကာတပ်ဖြစ်တဲ့ ခမရ-၅၀၇ ကို MNDAA က တိုက်ထုတ်နိုင်ခဲ့တာကို စစ်ကောင်စီတပ်တွေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး အလံတင်ပြတဲ့ ရုပ်သံနဲ့ ၅၀၇ ကို ပြန်သိမ်းလိုက်နိုင်တယ်လို့ ပြောတဲ့ Tiktok ရုပ်သံတွေဟာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO က နားခိုက်ရွာမှာ နေအိမ်မီးရှို့ဖျက်စီးပြီး ပစ္စည်းတွေယူဆောင်သွား

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ PNO က ပြည်သူတွေရဲ့နေအိမ် တွေကို မွှေနှောက်ဖျက်ဆီးပြီး ဘုရားဆင်းတုတော်တွေနဲ့ ငွေတွေ၊ ကားတွေ ဆိုင်ကယ်တွေကို လုယက်ယူဆောင်သွားတယ်လို့သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လူသစ်တွေ သင်တန်းဆင်းဖို့ လွိုင်ကော် Local PDF ယူနီဖောင်းတွေလိုအပ်နေ

အသစ်ဝင်ရောက်လာတဲ့ လူသစ်တွေကို စစ်သင်တန်းပေးပြီးနောက် သင်တန်းဆင်းဖို့အတွက် ယူနီဖောင်းတွေ လိုအပ်နေတယ်လို့ Loikaw Local PDF က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now