ဒေသတွင်းသတင်း

ဂုတ်တွင်းတံတားအနီးမှာ ၆ ဘီး ကုန်တင်ကား နောက်ပြန်လှိမ့် တိမ်းမှောက်

မဲခေါင် 8 May - 2023
မဲခေါင်၊ မေ ၈ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေး-လားရှိုးလမ်း၊ ဂုတ်တွင်း တံတား အနီးမှာ ဒီကနေ့ မေလ ၈ ရက် မနက်ပိုင်းက ဘိလပ်မြေ တင်ထားတဲ့ ၆ ဘီး ကုန်တင်ကား တစ်စီး နောက်ပြန်လှိမ့်ကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ မေ ၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန္တလေး-လားရှိုးလမ်း၊ ဂုတ်တွင်း တံတား အနီးမှာ ဒီကနေ့ မေလ ၈ ရက် မနက်ပိုင်းက ဘိလပ်မြေ တင်ထားတဲ့ ၆ ဘီး ကုန်တင်ကား တစ်စီး နောက်ပြန်လှိမ့်ကျ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ပြည်ထောင်စု လမ်းမကြီး၊ ကျောက်မဲဘက်ခြမ်း၊ ဂုတ်တွင်းတံတား မရောက်ခင် ဒုတိယကွေ့မှာ ဒီကနေ့ မနက် ၁၀ နာရီ ဝန်းကျင်ခန့်က အတက်ကားကို ဦးစားမပေးပဲ ဆင်းလာတဲ့ ဒိုင်နာယာဉ်ကြောင့် ဘိလပ်မြေတင် ၆ ဘီးကားယာဉ် ရပ်တန့်လိုက်ရာက နောက်ပြန်လှိမ့်ပြီး တိမ်းမှောက်ခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“၆ ဘီးကားက ဂုတ်တွင်း မရောက်ခင် နှစ်ကွေ့လောက် အလိုမှာ ကုန်းတက်တွေကိုး။ တက်လာရင်းက အဆင်းကား ဒိုင်နာယာဉ် တစ်စီးက ဇွတ်အတင်း ဆင်းလာလို့ ကားကို ရပ်ပေးလိုက်တာ ပြောတယ်။ ကား‌ပေါ်မှာ ဝိတ်ပါတာရယ်၊ အတက်လည်း ဖြစ်နေတာ ဆိုတော့ နောက်ပြန်လှိမ့်ပြီး ကျတာ။ ဘိလပ်မြေ ကားပေါ်မှာ ယာဉ်မောင်း တစ်ယောက်ပဲ ပါတယ်။ ကားမှောက်တော့ ဒဏ်ရာ အနည်းငယ် ပွန်းပဲ့ရုံပါပဲ။ မစိုးရိမ်ရပါဘူး” လို့ သူကပြောပါတယ်။

ဒဏ်ရာရရှိတဲ့ ယာဉ်မောင်းကိုတော့ လူမှုကူညီရေးအသင်းတွေ ကူညီ ကုသပေးခဲ့တယ်လို့ လာရောက် ကူညီသူတွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဂုတ်တွင်းလမ်းဟာ အကွေ့အကောက် များသလို ကုန်းတက်၊ ကုန်းဆင်းများလို့ ကားသမားတွေ ဂရုစိုက် မောင်းနှင်ကြဖို့နဲ့ အတက်ကားတွေကို ဦးစားပေးဖို့ လူမှုကူညီ‌ရေး အသင်းတွေက တိုက်တွန်းထားပါတယ်။

MK-007

#MeKongNews

#မန္တလေး-လားရှိုးလမ်း

#ဂုတ်တွင်း

#ကုန်တင်ယာဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီးမှာ ဖယောင်းတိုင်မီးကတစ်ဆင့် နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မဲခေါင်၊ ဇွန် ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂၊ ရေထွက်ဦးလမ်းခွဲ ၂ က အိမ်မှာ
ဒေသတွင်းသတင်း

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးကို ကိုးကန့်တပ် MNDAA က ထောင်ဒဏ်တွေ ချမှတ်

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ (၁) မုံးကိုးခရိုင်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-MNDAA အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားရုံးက ပြန်ပေးဆွဲ
ဒေသတွင်းသတင်း

တောင်ကြီးမြို့နယ်မှာ လယ်ယာမြေပေါ် ဆောက်ထားတဲ့ အိမ်တွေကို ဖျက်သိမ်းခိုင်း

မဲခေါင်၊ ဇွန် ၆ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ဖားမွန်းကျေးရွာက လယ်ယာမြေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကို ကျေးရွာအုပ်စု လယ်ယာ စီမံခန့်ခွဲရေးအဖွဲ့က ပြန်ဖျက်ခိုင်း နေတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒေသတွင်းသတင်း

တောင်ကြီးမှာ စစ်ကောင်စီရဲ့ မီးရထားလမ်း စီမံကိန်းကြောင့် နာရီနဲ့ချီပြီး ယာဉ်ကြောပိတ်ဆို့

မဲခေါင်၊ ဇွန် ၅ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက
ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း ဆိုင်ကယ် ၁၂ စီး ခိုးယူမှု ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက် တန့်ယန်းမြို့ထဲက လောင်းကစားဝိုင်းတွေ ပိတ်သိမ်းသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ