ဒေသတွင်းသတင်း

ကွတ်ခိုင်မြို့နယ် နမ့်မောချောင်းမှာ ရွှေတူးဖော်နေလို့ ကျေးရွာ ၁၀ ရွာ ရေအသုံးပြုမရ ဖြစ်နေ

မဲခေါင် 22 Mar - 2023
မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးနဲ့ နမ့်ဖက်ကာ ကြားက နမ့်မောချောင်းမှာ ရွှေတူးဖော်နေလို့ ချောင်းရေတွေ နောက်ကျိကာ အနီးနားက ကျေးရွာ ၁၀ ရွာ ရေအသုံးပြုလို့ မရ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ မတ် ၂၂

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးနဲ့ နမ့်ဖက်ကာ ကြားက နမ့်မောချောင်းမှာ ရွှေတူးဖော်နေလို့ ချောင်းရေတွေ နောက်ကျိကာ အနီးနားက ကျေးရွာ ၁၀ ရွာ ရေအသုံးပြုလို့ မရ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်မောချောင်းနားမှာ ရွှေတူးဖော်ရေး လုပ်ငန်းတွေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက လုပ်နေကြတာဖြစ်ပြီး တစ်ဖွဲ့ပြီး တစ်ဖွဲ့ လာရောက် လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

ချောင်းဘေးမှာ စက်တွေနဲ့ တူးပြီး ချောင်းရေထဲမှာ ‌ရွှေကျင်လို့ ရေတွေနောက်ပြီး အနီးအနားက နမ့်မောချောင်းရေ အားထား အသုံးပြုနေရတဲ့ ကျေးရွာတွေ အတွက် အဆင်မပြေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

လက်ရှိ နွေရာသီ ရေပိုလိုအပ်တဲ့ အချိန် တစ်ပတ်မှာ တစ်ရက်သာ နားပြီး ‌ရွှေတူးဖော်နေတာကြောင့် ရေတွေနောက်ကာ သုံးမရတော့ဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီလို ရွှေတူးဖော်မှုတွေကြောင့် နမ့်မောချောင်းကို အားထားနေရတဲ့ လင်လိုင်၊ ဟိုခို၊ ဟိုခိုကွက်သစ်၊ ဟိုခို Camp၊ မိူင်းယူ၊ မိူင်းယုကွက်သစ်၊ ပန်လော၊ မန်တုံ ကုန်စုံ၊ မန်ဟောင် ကုန်စုံ၊ ဟိုနား Camp စတဲ့ ကျေးရွာတွေက ပြည်သူတွေ ရေခက်ခဲနေတယ်လို့ သိရပါတယ်။

အခုလို ရွှေတူးဖော်နေတာကို တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် KIA တို့က ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ အင်းလေးဒေသမှာလည်း ရွှေတူးဖော်‌နေတာကြာင့် နုန်းတွေထကာ အနည်ထိုင် သောင်ထွန်းနေပြီး အင်းလေးကန် ကောလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

REF:ရွှေဖီမြေ
MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဒေသတွင်းသတင်း

တောင်ကြီး အ.ထ.က ကျောင်းတွေမှာ ကျောင်းဆရာ အသွင်ယူပြီး တရက်အတွင်း ဆိုင်ကယ် ၁၂ စီး စံချိန်တင် ခိုးသွား

မဲခေါင်၊ မေ ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ရဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ကျောင်းဆရာ ဝတ်စုံနဲ့ အသွင်ယူပြီး တစ်ရက်အတွင်း
ဒေသတွင်းသတင်း

SSPP က ဖမ်းဆီးအရေးယူမယ်လို့ သတိပေးပြီးနောက် တန့်ယန်းမြို့မှာ လောင်းကစားဝိုင်းတွေ ပိတ်သိမ်း

မဲခေါင် ၊ မေ ၂၆ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အုပ်ချုပ်ရေးဌာနက တန့်ယန်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို လောင်းကစားဝိုင်းတွေဖွင့်ရင် ဖမ်းဆီးအရေးယူမယ်လို့ ခေါ်ယူသတိပေးလိုက်တဲ့အတွက်
ဒေသတွင်းသတင်း

ဈေးပြင်ဖို့ဆိုပြီး PNO ပြည်သူ့စစ်က ကျေးရွာတွေမှာ ဆက်ကြေးကောက်

မဲခေါင်၊ မေ ၂၄ ဈေးပြုပြင်ဖို့ အတွက် ဆိုပြီးတော့စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေကို တစ်အိမ် ၅,၀၀၀ ကျပ် ဆက်ကြေး ကောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ
ဒေသတွင်းသတင်း

တရုတ်ဘက် ပို့ကုန် သရက်သီးတွေ ဈေးကျ

မဲခေါင်၊ မေ ၂၃ မူဆယ်နယ်စပ်ကနေ တရုတ်ဘက် တင်ပို့နေတဲ့ သရက်သီးပို့ကုန်တွေ ဒီရက်ပိုင်းအတွင်း ဈေးကျလာကြောင်း နယ်စပ်သစ်သီး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း

ရဲတပ်ဖွဲ့ဝင်ဟောင်း ဗိုလ်လုံမြင့်ထွေး မူးယစ်ဆေးမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

မဲခေါင်၊ မေ ၂၁ တာချီလိတ်မြို့က လူကုန်တားရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဗိုလ်လုံမြင့်ထွေးကို တာချီလိတ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၁၁နှစ် ချမှတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။
ဒေသတွင်းသတင်း

ဟဲဟိုး-ကလောလမ်း သီခေါင်တောင် Viewpoint ဆောက်လုပ်မှု ဒေသခံတွေ ဝေဖန်

မဲခေါင်၊ မေ ၂၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုး-ကလောလမ်းပိုင်းရှိ သီခေါင်တောင်တွင် Viewpoint စင်ဆောက်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် အလှကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
ဒေသတွင်းသတင်း

တာချီလိတ် အမှတ် (၁) တံတားမှာ ပွဲစားနဲ့ လ.ဝ.က ပေါင်းပြီး နေ့ချင်းပြန် နိုင်ငံကူးလက်မှတ် ဘတ် ၁၀၀ နဲ့ အမြန်လုပ်ပေး

မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) တံတားမှာ ပွဲစားတွေနဲ့ စစ်ကောင်စီ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းတွေ ပေါင်းကာ နေချင်းပြန် နိုင်ငံကူး