စစ်ရေးသတင်း

ကော့ကရိတ်မြို့တွင်း ဒီကနေ့ မနက် တိုက်ပွဲပြင်းထန်၊ အာရှလမ်း ပိတ်ထား

မဲခေါင် 2 Dec - 2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ အနီးတဝိုက်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ အနီးတဝိုက်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၁ ရက်၊ မနက် ၅ နာရီခွဲမှာ ကော့ကရိတ်မြို့ ပတ်လည်က တံတားဦး၊ ခင်နိမ်းမူ၊ ဝင်းကြီး၊ သပြေကုန်း၊ မြို့တော်ဦး၊ ချောင်းတောင်၊ အောက်ရွာ၊ မွေးမြူရေးဇုံ စတဲ့နေရာတွေမှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေနဲ့ တိုက်ပွဲသံတွေ ဆက်တိုက် ကြားနေရတယ်လို့ ဆိုပါတယ်။

“မနက်အာရုဏ်ဦးကတည်းက တိုက်ပွဲဖြစ်နေတာပါ။ အကြမ်းဖျင်းကတော့ စကစ တပ်စွဲထားတဲ့ နေရာတိုင်းကို ဝန်းရံပတ်ဆို့ပြီး တိုက်နေတာပါ” လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မနက် အစောပိုင်း စတင်ခဲ့တဲ့ တိုက်ပွဲကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းနဲ့ ကော့ကရိတ်-ကျုံဒိုးလမ်း ပိတ်နေသလို ခရီးသွား ပြည်သူတွေနဲ့ ခရီးသွားကားတွေ လမ်းမှာ ရပ်တန့်နေရတယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာ စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲသတင်းတွေကြောင့် မြို့ခံတွေ နေရပ်စွန့်ခွာခဲ့ကြပြီး လက်ရှိအချိန်မှာ မြို့တွင်း ကျန်နေတဲ့သူတွေကတော့ ကျင်းပုန်းတွေထဲမှာ ခိုလှုံပြီး ပိတ်မိနေကြတယ်လို့ သိရပါတယ်။

KNU အနေနဲ့ ကော့ကရိတ်မြို့နယ် အပါအဝင် ကျိုက်ဒုံ၊ ကော့ကရိတ်၊ ဝေါလေ၊ စုကလိ မြို့တွေက စစ်ကောင်စီ အုပ်ချုပ်ရေးမှာ ပါဝင်နေသူတွေ တစ်ပတ် အတွင်း မြို့ထဲက ထွက်ခွာဖို့ နိုဝင်ဘာ ၁၇ ရက်နေ့က နောက်ဆုံး သတိပေးချက် ထုတ်ပြန်အပြီး ၂ ပတ်ကျော်မှာ KNLA ဘက်က အခုလို တိုက်ပွဲ စတင်လာတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီ အထိုင်စခန်းတွေဘက်က ကော့ကရိတ်မြို့ပတ်လည်ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေသလို ဒီနေ့ တမနက်တည်းမှာ လေကြောင်းကနေ ၂ ကြိမ် ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

MK-009

#MeKongNews

#ကော့ကရိတ်မြို့နယ်

#KNU

#လက်နက်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

တာချီလိတ်က ရွေးကော်ဒုဦးစီးဓားပြမှု နောက်ဆက်တွဲ ၄ ဦး ထပ်မံဖမ်းမိ

တာချီလိတ်မြို့မှာ ရွေးကောက်ပွဲကော်မရှင် ဒုဦးစီးမှု ခေါင်းဆောင်တဲ့ ဓားပြမှုကနေ နောက်ဆက်တွဲ ၄ ဦးကို မတ်လ ၃ ရက်မှာထပ်မံဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

ရခိုင်မှာ သေဆုံးသွားတဲ့ ဗိုလ်မှူးကြီးမင်းမင်းထွန်းပိုင် အိမ်ခြံမြေတွေ တာချီလိတ်မှာ ပြန်ရောင်းနေ၊ ဘတ်သန်းရာဂဏန်းနီးပါး တန်ကြေးရှိ

ရခိုင်ပြည်၊ မြောက်ဦးတိုက်ပွဲမှာ သေဆုံးသွားတဲ့ ဗိုလ်မှူးကြီးမင်းမင်းထွန်းရဲ့ တာချီလိတ်မှာ တာဝန်ကျစဉ် ဝယ်ယူသွားတဲ့ အိမ်ခြံမြေတွေကို ဒီရက်ပိုင်းအတွင်း ရောင်းချဖို့ ကြော်ငြာနေတယ်လို့ တာချီိတ်ဒေသခံတွေထံကနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နေပြည်တော်မှာ ဧည့်စာရင်းမတိုင်လျှင် ထောင် ၆ လအထိ ချနိုင်တဲ့ အမိန့်ထုတ်ပြီး လုံခြုံရေးတင်းကျပ်

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော် မြို့နယ်တွေမှာ ဧည့်စာရင်း မတိုင်လျှင် အိမ်ရှင်ရော ဧည့်သည်ပါ ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ ဥတ္တရသီရိမြို့နယ် ကျေးရွာတစ်ခုမှ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီရဲ့ သံချပ်ကာကား ၂ စီး ကို AA ပစ်ခတ်မီးရှို့

ရခိုင်ပြည်နယ်၊ စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA) က မနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမိတ်မြို့က နေအိမ်တွေ ဖောက်ထွင်းခိုးယူခံနေရ

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့က နေအိမ်တွေ ဖောက်ထွင်းခိုးယူခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီး-ဟိုပုံး-မိုင်းပွန်-လွိုင်လမ်း ဒီနေ့ပြန်ဖွင့်

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့က အရှေ့ပိုင်းမြို့များသို့ သွားသည့် တောင်ကြီး-တာချီလိတ် ပြည်ထောင်စုကားလမ်းမကြီး ယနေ့ မတ်လ ၁ ရက် မနက် ၁၀ နာရီက ပြန်ဖွင့်လို့ ကားများသွားလာနိုင်ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကားဟွန်းတီးလို့ဆိုပြီး ယာဥ်မောင်းကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ရိုက်နှက်

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုန်း-ကျောက်တန်း-ပင်လုံ လမ်းတွင် လမ်းပိတ်ထားပြီး ဂိတ်စောင့်နေတဲ့ စစ်ကောင်စီတပ်က ကားဟွန်းတီးလို့ဆိုကာ ကားသမားကို စစ်ကားပေါ်ခေါ်တင်ပြီး PNO ပြည်သူ့စစ်တွေနဲ့အတူ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်မြို့နယ် ရွေးကော်ဒုဦးစီးမှူးခေါင်းဆောင်တဲ့ ဓါးပြအဖွဲ့ကို ဖမ်းဆီး

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယဦးစီးမှူး အေးကိုကိုဦး ခေါင်းဆောင်တဲ့ ဓါးပြအဖွဲ့ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now