ဒေသတွင်းသတင်း

ကရင်နီကို စက်သုံးဆီဖြတ်တောက်ဖို့ ရှမ်းတောင်က ဆီဆိုင်တွေကို စစ်ကောင်စီ ဖိအားပေး

မဲခေါင် 6 Dec - 2023
စစ်ရေးပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ဘက်ကို စက်သုံးဆီ ဖြတ်တောက်ဖို့ စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓာတ်ဆီဆိုင်တွေကို ဆီအလုံအလောက်မချပေးတဲ့အပြင် ဂါလံပုံး၊ ပေပါလိုက်ရောင်းချတာတွေကိုပါ တားမြစ်ထားထားတယ်လို့ ဆီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၆

စစ်ရေးပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ဘက်ကို စက်သုံးဆီ ဖြတ်တောက်ဖို့ စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓာတ်ဆီဆိုင်တွေကို ဆီအလုံအလောက်မချပေးတဲ့အပြင် ဂါလံပုံး၊ ပေပါလိုက်ရောင်းချတာတွေကိုပါ တားမြစ်ထားထားတယ်လို့ ဆီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့ကို ဓာတ်ဆီသယ်ယူနေတဲ့ လမ်းကြောင်းတွေဖြစ်တဲ့ ပင်လောင်းနဲ့ ဆီဆိုင်မြို့က ဓာတ်ဆီဆိုင်တချို့ကို ဂါလံပုံးရော၊ ပေပါလိုက်ပါ ရောင်းချခြင်းမပြုဖို့ ခံဝန်ကတိထိုးခိုင်းပြီး ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

“လွိုင်ကော်ဖက်ကို ပို့မရအောင်လုပ်လိုက်တာပေါ့။ ထွေ/အုပ်ရုံးကို ဆိုင်ရှင်တွေကိုခေါ်ပြီး အတင်းလက်မှတ်ထိုးခိုင်းတာ။ ရှောင်တခင်စစ်လို့ ပါဆယ်ရောင်းတာမိရင် ဆိုင်ပိတ်ရမယ်တဲ့” လို့ စက်သုံးဆီလုပ်ငန်းရှင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က တောင်ကြီး – လွိုင်ကော်သွားလမ်းပေါ်ရှိ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်၊ နောင်မွန်၊ ဘန်းယဉ်တို့က စက်သုံးဆီဆိုင်ပိုင်ရှင်တွေကို မြို့နယ်ထွေအုပ်က ဆင့်ခေါ်ပြီး ပေပါ၊ ဂါလံပုံးတွေနဲ့ မရောင်းချဖို့ လက်မှတ်ထိုးခိုင်းခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဖယ်ခုံကနေတဆင့် ဓာတ်ဆီသယ်ယူလို့မရအောင်လည်း ပင်လောင်း၊ နောင်တရား၊ ဆောင်းပြောင်းမြို့တွေကိုပါ စက်သုံးဆီပြတ်လပ်အောင် ပြုလုပ်ခဲ့ပါတယ်။

ပင်လောင်း – ဖယ်ခုံ ကားသမားတစ်ဦးက “ ဓာတ်ဆီဆို ဘုန်းကြီးကားကိုတောင်မရှောင် အကုန်သိမ်းတယ်။ ဓာတ်ဆီ ကပြတ်သလောက်နီးပါးရှိနေပြီ။ ဆိုင်တွေကတော့ သူချိတ်နဲ့သူတော့ခွဲတမ်းနဲ့ရနေတဲ့သဘောပေါ့နော်။ ပင်လောင်းမှာဆိုရင် ဝိုင်းဆီဆိုင်မှာရတယ်။ ဒါမဲ့ အကန့်သတ်နဲ့ပဲ။ ရချင်တဲ့ရက်ပဲရတယ်။ အရင်နေ့တွေက ကားတစ်စီးကို ၁ သောင်း၊ ၂ သောင်းဖိုးပဲ ရောင်းပေးတယ်။ ဒီနေ့ကျ လုံးဝမရတော့ဘူး။ ကျနော်တို့တော့ နည်းလမ်းရှာနေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ (PPRD) က စက်သုံးဆီဆိုင်တွေကို ပါဆယ်မရောင်းနိုင်အောင် ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ပြီး အကန့်အသတ်နဲ့ပဲ ရောင်းချပေးတာလို့ ဆိုပါတယ်။

ပင်လောင်း – ဖယ်ခုံကားလမ်းက စစ်ဆေးရေးဂိတ်တွေက ဆီပေပါတင်လာတဲ့ ကားသမားကို ထောင်ဒဏ် တစ်နှစ်ချမယ်လို့ ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။ မနေ့ ဒီဇင်ဘာ ၄ ရက်နေ့ ညနေပိုင်းကစပြီး တောင်ကြီးမြို့မှာလည်း 92 ဓာတ်ဆီပြတ်တောက်ခဲ့ရာကနေ ဒီနေ့ညနေပိုင်းမှာတော့ ပြန်ရနေပြီလို့ သိရပါတယ်။

လက်ရှိပင်လောင်းမြို့မှာ ဓာတ်ဆီ 92 တစ်လီတာကို ကျပ် ၅ ထောင်ပေါက်ဈေးရှိနေပြီး တော်လှန်ရေးတပ်တွေ အများစု ပေပါလိုက်မှာသုံးနေရတဲ့ လွိုင်ကော်မြို့မှာတော့ တစ်ပေပါကို ကျပ် ၅ သိန်းထိပေါက်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းကိုပြန်ဖြန့်နေတဲ့ ဖယ်ခုံမြို့နယ်၊ ဆီးဘူးကဆိုင်တွေကတော့ တောင်ငူမြို့ကနေ မှောင်ခိုသယ်လာတာကြောင့် လွန်ခဲ့တဲ့ ၃ ရက်ကအထိ ဓာတ်ဆီတစ်လီတာကို ၃၆၀၀ သာရှိပါတယ်။ သို့သော်လည်း အနောက်ဘက်ခြမ်းဒေသတွေ ဖြစ်တဲ့ ဒီးမော့ဆိုမှာတော့ တစ်လီတာကို ၈ ထောင်အထိ ပြန်လည်ရောင်းချကြတယ်လို့ဆိုပါတယ်။

ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းရှိတဲ့ မော်ချီးဒေသမှာတော့ နောက်ထပ် ဈေး ၃ ဆလောက်မြင့်တယ်လို့ ကရင်နီဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် PPRD နဲ့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း(MPTA) က စစ်မှုထမ်းဟောင်းအရာရှိတွေ၊ သက်ဆိုင်ရာမြို့နယ်အလိုက် စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့)၊ စစစ (အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့) တို့ကို အသေးစားစက်သုံးဆီဆိုင်ရှင်တွေက သူတို့တောင်းသမျှစာရင်း အကုန်ပို့ပေးနေရတယ်လို့ သိရပါတယ်။

“SME ဆီဆိုင်တွေအကုန်ပျားတုပ်နေတယ်။ တောင်းလိုက်တဲ့ စာရင်း စုံနေတာပဲ။ ကားရောက်ရှိကြောင်း သတင်းပို့ရတယ်။ MPTA နဲ့ PPRD က လူတွေရယ်၊ ဌာနဆိုင်ရာတွေက ကောင်တွေရယ်၊ အခုကသူတို့ခေတ်လေ” လို့ တောင်ကြီးမြို့ရှိ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီနဲ့ ဆီလုပ်ငန်းရှင်ကြီးတွေဖြစ်ကြတဲ့ BOC၊ DENKO တို့က လက်ဝါးကြီးအုပ်ထားတာကြောင့် အသေးစားစက်သုံးဆီလုပ်ငန်းရှင်တွေ ခွဲတမ်းအပြည့်အဝမရတာတွေရှိတဲ့အပြင် အခုလို ရောင်းချခွင့်ပါ ကန့်သတ်လာတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ အခက်ခဲတွေရှိသလို မလိုအပ်ဘဲ ဆီဈေးနှုန်းတွေတက်စေတယ်လို့ ဆိုပါတယ်။

CJ-001

#MeKongNews

#ဓာတ်ဆီ

#ကရင်နီ

#ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

တာချီလိတ်က ရွေးကော်ဒုဦးစီးဓားပြမှု နောက်ဆက်တွဲ ၄ ဦး ထပ်မံဖမ်းမိ

တာချီလိတ်မြို့မှာ ရွေးကောက်ပွဲကော်မရှင် ဒုဦးစီးမှု ခေါင်းဆောင်တဲ့ ဓားပြမှုကနေ နောက်ဆက်တွဲ ၄ ဦးကို မတ်လ ၃ ရက်မှာထပ်မံဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

ရခိုင်မှာ သေဆုံးသွားတဲ့ ဗိုလ်မှူးကြီးမင်းမင်းထွန်းပိုင် အိမ်ခြံမြေတွေ တာချီလိတ်မှာ ပြန်ရောင်းနေ၊ ဘတ်သန်းရာဂဏန်းနီးပါး တန်ကြေးရှိ

ရခိုင်ပြည်၊ မြောက်ဦးတိုက်ပွဲမှာ သေဆုံးသွားတဲ့ ဗိုလ်မှူးကြီးမင်းမင်းထွန်းရဲ့ တာချီလိတ်မှာ တာဝန်ကျစဉ် ဝယ်ယူသွားတဲ့ အိမ်ခြံမြေတွေကို ဒီရက်ပိုင်းအတွင်း ရောင်းချဖို့ ကြော်ငြာနေတယ်လို့ တာချီိတ်ဒေသခံတွေထံကနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နေပြည်တော်မှာ ဧည့်စာရင်းမတိုင်လျှင် ထောင် ၆ လအထိ ချနိုင်တဲ့ အမိန့်ထုတ်ပြီး လုံခြုံရေးတင်းကျပ်

စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော် မြို့နယ်တွေမှာ ဧည့်စာရင်း မတိုင်လျှင် အိမ်ရှင်ရော ဧည့်သည်ပါ ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ ဥတ္တရသီရိမြို့နယ် ကျေးရွာတစ်ခုမှ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီရဲ့ သံချပ်ကာကား ၂ စီး ကို AA ပစ်ခတ်မီးရှို့

ရခိုင်ပြည်နယ်၊ စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA) က မနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမိတ်မြို့က နေအိမ်တွေ ဖောက်ထွင်းခိုးယူခံနေရ

တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့က နေအိမ်တွေ ဖောက်ထွင်းခိုးယူခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီး-ဟိုပုံး-မိုင်းပွန်-လွိုင်လမ်း ဒီနေ့ပြန်ဖွင့်

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့က အရှေ့ပိုင်းမြို့များသို့ သွားသည့် တောင်ကြီး-တာချီလိတ် ပြည်ထောင်စုကားလမ်းမကြီး ယနေ့ မတ်လ ၁ ရက် မနက် ၁၀ နာရီက ပြန်ဖွင့်လို့ ကားများသွားလာနိုင်ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကားဟွန်းတီးလို့ဆိုပြီး ယာဥ်မောင်းကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ရိုက်နှက်

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုန်း-ကျောက်တန်း-ပင်လုံ လမ်းတွင် လမ်းပိတ်ထားပြီး ဂိတ်စောင့်နေတဲ့ စစ်ကောင်စီတပ်က ကားဟွန်းတီးလို့ဆိုကာ ကားသမားကို စစ်ကားပေါ်ခေါ်တင်ပြီး PNO ပြည်သူ့စစ်တွေနဲ့အတူ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်မြို့နယ် ရွေးကော်ဒုဦးစီးမှူးခေါင်းဆောင်တဲ့ ဓါးပြအဖွဲ့ကို ဖမ်းဆီး

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယဦးစီးမှူး အေးကိုကိုဦး ခေါင်းဆောင်တဲ့ ဓါးပြအဖွဲ့ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now