တိုင်းရင်းသားရေးရာ

ရှမ်းပြည်တွင်း တိုင်းရင်းသားချင်းဖြစ်သည့် တိုက်ပွဲများ ရပ်တန့်ဖို့ စေ့စပ်နေကြောင်း ရှမ်းလူ့အခွင့်အရေးနေ့ ကြေညာချက်တွင် ဖော်ပြ

မဲခေါင် 16 Jun - 2021
ရှမ်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ လျော့နည်းရပ်တန့်သွားစေရန် နည်းလမ်းရှာကာ စေ့စပ်ညှိနှိုင်းနေကြောင်း ရှမ်းပြည်ညီညွတ်ရေးကော်မတီ-CSSU က ၎င်း၏ ရှမ်းအမျိုးသားလူ့အခွင့်အရေး ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ဇွန်လ ၁၆ရက်က ထုတ်ပြန်သည့် ယင်းထုတ်ပြန်ချက်တွင် တိုက်ပွဲများရပ်တန့်သွားစေရန် လုပ်ဆောင်နေသည့်အပြင် ရှမ်းပြည်နယ်အတွင်း မူလ လူ့အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာသတင်းရယူခွင့်၊ လွတ်လပ်စွာနေထိုင်ခွင့်၊ လွတ်လပ်စွာ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နှင့် လွတ်လပ်စွာ ရှင်သန်ခွင့်တို့ ရရှိပါစေကြောင်းလည်း ကိုယ်ချင်းစာနာစွာ ဆန္ဒပြုလိုက်ကြောင်း ဖော်ပြထားသည်။ ရှမ်း၊ ကချင်၊ ကရင်နီနှင့် ကရင်ပြည်တို့တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးနှင့် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးစေရေးအတွက်လည်း သက်ဆိုင်သည့်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

ရှမ်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ လျော့နည်းရပ်တန့်သွားစေရန် နည်းလမ်းရှာကာ စေ့စပ်ညှိနှိုင်းနေကြောင်း ရှမ်းပြည်ညီညွတ်ရေးကော်မတီ-CSSU က ၎င်း၏ ရှမ်းအမျိုးသားလူ့အခွင့်အရေး ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဇွန်လ ၁၆ရက်က ထုတ်ပြန်သည့် ယင်းထုတ်ပြန်ချက်တွင် တိုက်ပွဲများရပ်တန့်သွားစေရန် လုပ်ဆောင်နေသည့်အပြင် ရှမ်းပြည်နယ်အတွင်း မူလ လူ့အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာသတင်းရယူခွင့်၊ လွတ်လပ်စွာနေထိုင်ခွင့်၊ လွတ်လပ်စွာ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နှင့် လွတ်လပ်စွာ ရှင်သန်ခွင့်တို့ ရရှိပါစေကြောင်းလည်း ကိုယ်ချင်းစာနာစွာ ဆန္ဒပြုလိုက်ကြောင်း ဖော်ပြထားသည်။

ရှမ်း၊ ကချင်၊ ကရင်နီနှင့် ကရင်ပြည်တို့တွင် ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးနှင့် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးစေရေးအတွက်လည်း သက်ဆိုင်သည့်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသည့် အဖွဲ့များအနေဖြင့်လည်း လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

၁၉၉၇ ခုနှစ် ဇွန်လ ၁၆ရက်တွင် မြန်မာ့စစ်တပ် ခမယ ၅၁၃ က ရှမ်းပြည်နယ်၊ ကွန်ဟိန်မြို့နယ်၊ ကျိုင်းလုံကျေးရွာတွင် ကျေးရွာသား ၂၇ဦး ကိုလည်ကောင်း ခလယ ၂၄၆ က ဆိုင်းခေါင်ရွာတွင် ကျေးရွာသား ၂၉ဦးကိုလည်ကေင်း သတ်ဖြတ်ခဲ့သည့်အတွက် ဇွန်လ ၁၆ရက်ကို ရှမ်းအမျိုးသားလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး တိုင်းရင်းသားရေးရာ

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ၊ အခန်း ၄ – လူမှောင်ခိုကူးခြင်း

ရွှေတြိဂံမြေအောက်ကမ္ဘာအတွက် လူမှောင်ခိုကူးခြင်းက မူးယစ်ဆေးဝါး ကုန်ကူးခြင်းပုံစံနဲ့ သိပ်မခြားနားဘဲ တည်ရှိနေတယ်။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပါပဲ။ ဂိုဏ်းတွေမှာ လိုအပ်တဲ့ အဆက်အသွယ်တွေ၊ လမ်းကြောင်းတွေက
တိုင်းရင်းသားရေးရာ

သိန္နီက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့ နေရာကို SSPP ဝင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲ ဖောက်ကားတဲ့ နေရာကို SSPP ဝင်ရောက်စီးနင်းပြီး ၁၁ဦးကို ဖမ်းဆီးထားတယ်လို့ SSPP/SSA က ဒီနေ့မှာ
တိုင်းရင်းသားရေးရာ

စစ်ကောင်စီကျင်းပသည့် သွေးချင်းတို့ပွဲတော်တွင် “ဝ” လုပ်ငန်းရှင်များ မပါဝင်

စစ်ကောင်စီက ဦးစီးကျင်းပနေသည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပြပွဲတွင် ပူးပေါင်းပါဝင် ပြသရန် ဖိတ်ကြားချက်ရသော်လည်း “ဝ” တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသခြင်း မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။
တိုင်းရင်းသားရေးရာ

ပင်လုံတွင် RCSS နှင့် SSPP ပစ်ခတ်မှုဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံနယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ – RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တို့ ယနေ့ ဇူလိုင် ၂၀ ရက်၊ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ နံနက်
တိုင်းရင်းသားရေးရာ

စစ်ကောင်စီက တပ်စခန်းဆုတ်ခွာခိုင်းသည့်ကိစ္စ သတ်မှတ်ရက်အထိ SSPP အကြောင်းမပြန်၊ နှစ်ဖက်စစ်အင်အားတိုးချထား

မိုင်းရှူးနယ်အတွင်းရှိ SSPP အခြေချထားသည့် စခန်း ၃ခုကို ဇွန်လ ၃၀ရက် ယနေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် အာဏာသိမ်းစစ်တပ်က အကြောင်းကြားထားသော်လည်း SSPP ဘက်က အကြောင်းပြန်ကြားခြင်း မရှိကြောင်း သိရသည်။ မိုင်းရှူးမြို့နယ်ထဲမှ SSPP တပ်စခန်းများဖြစ်သည့် လွိုင်နိုင်းလမ်းခွဲအနီးရှိ တပ်စခန်း တစ်ခုနှင့် မန်ဝိန်းကျေးရွာအနီးရှိ တပ်စခန်း ၂ ခုတို့ကို စစ်တပ်က အကြောင်းကြားစာပေးပို့ကာ ဖယ်ရှားခိုင်းသော်လည်း SSPP ဘက်က ဇွန်လ ၃၀ရက် ညနေပိုင်းအထိ အကြောင်းပြန်ခြင်းမရှိကြောင်း
တိုင်းရင်းသားရေးရာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ရွှေ့ဆိုင်းရန်တင်ပြထား

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုမှာ တစ်ကမ္ဘာလုံးတွင် မြင့်မားလျှက်ရှိသည့်အတွက် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမှုကို နောက်ဆုတ်ရွှေ့ဆိုင်းထားရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – SNLD က တင်ပြထားကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုမှာ မြင့်မားနေသည့် အတွက်
တိုင်းရင်းသားရေးရာ

စစ်ကောင်စီကျင်းပသည့် သွေးချင်းတို့ပွဲတော်တွင် “ဝ” လုပ်ငန်းရှင်များ မပါဝင်

စစ်ကောင်စီက ဦးစီးကျင်းပနေသည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပြပွဲတွင် ပူးပေါင်းပါဝင် ပြသရန် ဖိတ်ကြားချက်ရသော်လည်း “ဝ” တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသခြင်း မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ “ ဝ” တိုင်းရင်းသားယဥ်‌ကျေးမှုအသင်းအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ ရန်ကုန်မြို့ကျိုက္ကဆံကွင်းတွင် စည်ကားစွာကျင်းပခဲ့သည့်
တိုင်းရင်းသားရေးရာ

“ဝ” အမျိုးသားပါတီဥက္ကဌ ကွယ်လွန်

ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၏ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်၊ “ဝ” အမျိုးသားပါတီ ဥက္ကဌ ဦးညီပလုပ်သည် နိုဝင်ဘာလ ၂၆ရက် ညနေပိုင်းက ခရစ်တော်၌အိပ်ပျော်သွားကြောင်း ပါတီက ထုတ်ပြန်ကြေညာသည်။ ဦးညီပလုပ် (Tax Nyi Pleek) သည် အမျိုးသားရေး နှင့်