တိုင်းရင်းသားရေးရာ

ပြန်လွှတ်ပေးမည့် RCSS တပ်သားများကို လမ်းစရိတ်ပါထောက်ပံ့ရန် SSPP စီစဉ်ထား

မဲခေါင် 14 Nov - 2021
တိုက်ပွဲအတွင်းဖမ်းဆီးရမိသည့် RCSS တပ်သား ၁၁ဦးကို ပြန်လွှတ်ပေးရန် SSPP တပ်ဖွဲ့က ဆုံးဖြတ်ထားပြီး ၎င်းတို့ကို လမ်းစရိတ်ပါထောက်ပံ့ရန် စီစဉ်ထားကြောင်း SSPP က ပြောသည်။ ထောက်ပံ့ပေးမည့် ပမာဏကို ထုတ်ဖော်မပြောသော်လည်း ဖမ်းဆီးရမိသူများကို ပြန်လွှတ်ပေးတိုင်း လမ်းစရိတ် ထောက်ပံ့ပေးလေ့ရှိကြောင်း SSPP မှ ပြောခွင့်ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဖုန်းဟန်က မဲခေါင်ကိုပြောသည်။ “လောလောဆယ်တော့ သူတို့လည်းမပြန်ရသေးဘူး။ ပြန်ရင်တော့ ခရီးစရိတ်ထောက်ပံ့ပေးမှာပါ။ အရင်ကလည်း ပြန်တဲ့သူတွေကို တယောက် ၅သိန်း၊ ၆သိန်းထောက်ပံ့ပါတယ်” ဟု ၎င်းကပြောသည်။ SSPP တပ်ဖွဲ့မှ ပြန်လွှတ်ပေးမည့် RSCC တပ်သား တစ်ဦးလျှင် ခရီးစရိတ်အဖြစ် ကျပ် ၃သိန်း ထောက်ပံ့ပေးရန် စီစဉ်ထားသည်ဟု အခြားသတင်းရင်းမြစ်တစ်ဦး မဲခေါင်သတင်းဌာနကိုပြောသည်။ “ပြန်လွှတ်ပေးမယ့်သူတွေကို

တိုက်ပွဲအတွင်းဖမ်းဆီးရမိသည့် RCSS တပ်သား ၁၁ဦးကို ပြန်လွှတ်ပေးရန် SSPP တပ်ဖွဲ့က ဆုံးဖြတ်ထားပြီး ၎င်းတို့ကို လမ်းစရိတ်ပါထောက်ပံ့ရန် စီစဉ်ထားကြောင်း SSPP က ပြောသည်။

ထောက်ပံ့ပေးမည့် ပမာဏကို ထုတ်ဖော်မပြောသော်လည်း ဖမ်းဆီးရမိသူများကို ပြန်လွှတ်ပေးတိုင်း လမ်းစရိတ် ထောက်ပံ့ပေးလေ့ရှိကြောင်း SSPP မှ ပြောခွင့်ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းဖုန်းဟန်က မဲခေါင်ကိုပြောသည်။

“လောလောဆယ်တော့ သူတို့လည်းမပြန်ရသေးဘူး။ ပြန်ရင်တော့ ခရီးစရိတ်ထောက်ပံ့ပေးမှာပါ။ အရင်ကလည်း ပြန်တဲ့သူတွေကို တယောက် ၅သိန်း၊ ၆သိန်းထောက်ပံ့ပါတယ်” ဟု ၎င်းကပြောသည်။

SSPP တပ်ဖွဲ့မှ ပြန်လွှတ်ပေးမည့် RSCC တပ်သား တစ်ဦးလျှင် ခရီးစရိတ်အဖြစ် ကျပ် ၃သိန်း ထောက်ပံ့ပေးရန် စီစဉ်ထားသည်ဟု အခြားသတင်းရင်းမြစ်တစ်ဦး မဲခေါင်သတင်းဌာနကိုပြောသည်။

“ပြန်လွှတ်ပေးမယ့်သူတွေကို သူတို့ဆွေမျိုး၊ မိဘတွေကို လက်မှတ်ထိုးပြီး လာခေါ်ခိုင်းထားတယ်။ လမ်းမှာ တစ်ခုခုဖြစ်မှာဆိုးလို့” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း RCSS တပ်သား ၁၃ဦးကို SSPP က ဖမ်းဆီးရမိပြီး တစ်ဦးမှာ တိုက်ပွဲတွင်းရရှိသည့် ဒဏ်ရာကြောင့် လမ်းတွင် သေဆုံးသွားပြီး နောက်ထပ်တစ်ဦးမှာ SSPP ဌာနချုပ်တွင် ဆေးကုသပေးနေစဉ် သေဆုံးသွားကြောင်း SSPP က ပြောသည်။

ဖမ်းဆီးခံရသည့် RCSS တပ်ဖွဲ့ဝင် ၁၃ဦးမှာ ကျောက်မဲမှ ၁၁ဦးနှင့် မိုင်းကိုင်မှ ၂ဦးဖြစ်ကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

တိုင်းရင်းသားရေးရာ

အရပ်သားတစ်ဦးကို တွဲလောင်းချမီးမြိုက် စစ်ဆေးခဲ့သူတွေကို အရေးယူမယ်လို့ SSPP ဆို

အမျိုးသားတစ်ဦးအား တွဲလောင်းချမီးနဲ့မြိုက်ပြီး စစ်ဆေးတဲ့ကိစ္စကို ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP က ဝန်ခံခဲ့ပြီး အဲ့ဒီဖြစ်ရပ်ကိုလည်း စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ
ငြိမ်းချမ်းရေးသတင်း တိုင်းရင်းသားရေးရာ

ရည်မှန်းချက်ရောက်ရှိအောင်မြင်ဖို့ “ဝ” ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လေးနက်စွာခံယူတယ်လို့ TNLA ဆို

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားနိုင်ငံရေး ဦးတည်ချက်သို့ ရောက်ရှိအောင်မြင်စေရန် PSLF/TNLA အနေနဲ့ “ဝ” ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လေးနက်စွာ ခံယူတယ်လို့ ပလောင်ပြည်နယ်
တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်တက်ရောက်ဖွင့်လှစ်ခဲ့တဲ့သိန္နီဟော်နန်းဖွင့်ပွဲ

ပြန်လည်တည်ဆောက်ထားတဲ့ သိန္နီဟော်နန်းဖွင့်ပွဲကို ဧပြီလ ၁၁ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
တိုင်းရင်းသားရေးရာ

‘ဝ’၊မိုင်းလား၊ SSPP ၃ဖွဲ့နဲ့စစ်ကောင်စီနေပြည်တော်မှာဒီနေ့တွေ့

မြောက်ပိုင်းမဟာမိတ် - FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ‘ဝ’၊ မိုင်းလား၊ SSPP ၃ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့ ဒီနေ့ မတ်လ ၂၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
တိုင်းရင်းသားရေးရာ မြန်မာ့နွေဦး

နွေဦးတော်လှန်ရေးမှာရင်းနှီးပေးဆပ်တိုက်ပွဲဝင်နေသူတွေကိုအတတ်နိုင်ဆုံးကူညီမယ်လို့ညီနောင်မဟာမိတ်၃ဖွဲ့ထုတ်ပြန်

အသက်၊​ သွေး၊ ချွေး၊ ဘဝ၊ အိုးအိမ်၊ ပိုင်ဆိုင်မှုများစွားကို ပေးဆပ်ရင်းနှင်းပြီး နွေဦးတော်လှန်ရေးကာလမှာ တိုက်ပွဲဝင်နေကြသူတွအတွက် ကိုယ်ချင်းစာတရားအပြည့်အဝနဲ့ စာနာနားလည်ပြီး ကူညီပံ့ပိုးနိုင်တာ ဆက်လက်ကူညီသွားမယ်လို့ ညီနောင်မဟာမိတ် ၃ဖွဲ့က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
ဆောင်းပါး တိုင်းရင်းသားရေးရာ

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ၊ အခန်း ၄ – လူမှောင်ခိုကူးခြင်း

ရွှေတြိဂံမြေအောက်ကမ္ဘာအတွက် လူမှောင်ခိုကူးခြင်းက မူးယစ်ဆေးဝါး ကုန်ကူးခြင်းပုံစံနဲ့ သိပ်မခြားနားဘဲ တည်ရှိနေတယ်။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပါပဲ။ ဂိုဏ်းတွေမှာ လိုအပ်တဲ့ အဆက်အသွယ်တွေ၊ လမ်းကြောင်းတွေက မူးယစ်လမ်းကြောင်းအတိုင်းပဲ ခိုင်ခိုင်မာမာရှိနေလို့ပါ။
တိုင်းရင်းသားရေးရာ

သိန္နီက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့ နေရာကို SSPP ဝင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲ ဖောက်ကားတဲ့ နေရာကို SSPP ဝင်ရောက်စီးနင်းပြီး ၁၁ဦးကို ဖမ်းဆီးထားတယ်လို့ SSPP/SSA က ဒီနေ့မှာ ထုတ်ပြန် အသိပေးထားပါတယ်။
တိုင်းရင်းသားရေးရာ

စစ်ကောင်စီကျင်းပသည့် သွေးချင်းတို့ပွဲတော်တွင် “ဝ” လုပ်ငန်းရှင်များ မပါဝင်

စစ်ကောင်စီက ဦးစီးကျင်းပနေသည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပြပွဲတွင် ပူးပေါင်းပါဝင် ပြသရန် ဖိတ်ကြားချက်ရသော်လည်း “ဝ” တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသခြင်း မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။