တိုင်းရင်းသားရေးရာ

ပင်လုံတွင် RCSS နှင့် SSPP ပစ်ခတ်မှုဖြစ်

မဲခေါင် 20 Jul - 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံနယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ – RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တို့ ယနေ့ ဇူလိုင် ၂၀ ရက်၊ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၆ နာရီခန့်က စတင်ကာ ပစ်ခတ်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး နောင်လှိုင်နှင့် ဝမ်ယိမ်းကျေးရွာကြားတွင် ဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်သတင်းသို့ ပြောသည်။ “ပစ်ခတ်မှုက ခဏပဲဖြစ်တာပါ။ သိပ်တော့ မပြင်းထန်ပါဘူး။ အခုလက်ရှိထိတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူး။ SSPP နဲ့ မဟာမိတ်တွေက ပင်လုံ၊ ရပ်စောက်ဘက်မှာ အင်အားထပ်တိုးထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။ ထို့အတူ ဇူလိုင် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံနယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ – RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တို့ ယနေ့ ဇူလိုင် ၂၀ ရက်၊ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီခန့်က စတင်ကာ ပစ်ခတ်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး နောင်လှိုင်နှင့် ဝမ်ယိမ်းကျေးရွာကြားတွင် ဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်သတင်းသို့ ပြောသည်။

“ပစ်ခတ်မှုက ခဏပဲဖြစ်တာပါ။ သိပ်တော့ မပြင်းထန်ပါဘူး။ အခုလက်ရှိထိတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူး။ SSPP နဲ့ မဟာမိတ်တွေက ပင်လုံ၊ ရပ်စောက်ဘက်မှာ အင်အားထပ်တိုးထားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။

ထို့အတူ ဇူလိုင် ၁၅ ရက်ကလည်း RCSSနှင့် SSPP တို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မြောက်ဘက်ရှိ မိုင်းလားနှင့် ဝမ်ဟိုင်းဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်ရှိ ကျောက်ဂူဒေသနှင့် လွိုင်လင်မြို့နယ်၊ ပင်လုံဒေသတို့တွင် ထိတွေ့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၈ ရက်ကလည်း ကျောက်ဂူဒေသတွင် RCSS တပ်ဖွဲ့က အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက်လာပြီးနောက် စစ်ရေးတင်းမာနေပြီး ဖေ‌ဖော်ဝါရီ ၉ ရက်ကလည်း ကျောက်ဂူရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ရပ်စောက်မြို့ပေါ်သို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက မိုင်းရှူးနယ်နှင့် ပင်လုံနယ်မှ SSPP ၏ တပ်စခန်းများကို ဆုတ်ခွာခိုင်းသည့်အတွက် စစ်ရေးတင်းမာမှုရှိနေပြီး ထိတွေ့တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး တိုင်းရင်းသားရေးရာ

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ၊ အခန်း ၄ – လူမှောင်ခိုကူးခြင်း

ရွှေတြိဂံမြေအောက်ကမ္ဘာအတွက် လူမှောင်ခိုကူးခြင်းက မူးယစ်ဆေးဝါး ကုန်ကူးခြင်းပုံစံနဲ့ သိပ်မခြားနားဘဲ တည်ရှိနေတယ်။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပါပဲ။ ဂိုဏ်းတွေမှာ လိုအပ်တဲ့ အဆက်အသွယ်တွေ၊ လမ်းကြောင်းတွေက
တိုင်းရင်းသားရေးရာ

သိန္နီက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့ နေရာကို SSPP ဝင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲ ဖောက်ကားတဲ့ နေရာကို SSPP ဝင်ရောက်စီးနင်းပြီး ၁၁ဦးကို ဖမ်းဆီးထားတယ်လို့ SSPP/SSA က ဒီနေ့မှာ
တိုင်းရင်းသားရေးရာ

စစ်ကောင်စီကျင်းပသည့် သွေးချင်းတို့ပွဲတော်တွင် “ဝ” လုပ်ငန်းရှင်များ မပါဝင်

စစ်ကောင်စီက ဦးစီးကျင်းပနေသည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပြပွဲတွင် ပူးပေါင်းပါဝင် ပြသရန် ဖိတ်ကြားချက်ရသော်လည်း “ဝ” တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသခြင်း မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။
တိုင်းရင်းသားရေးရာ

စစ်ကောင်စီက တပ်စခန်းဆုတ်ခွာခိုင်းသည့်ကိစ္စ သတ်မှတ်ရက်အထိ SSPP အကြောင်းမပြန်၊ နှစ်ဖက်စစ်အင်အားတိုးချထား

မိုင်းရှူးနယ်အတွင်းရှိ SSPP အခြေချထားသည့် စခန်း ၃ခုကို ဇွန်လ ၃၀ရက် ယနေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် အာဏာသိမ်းစစ်တပ်က အကြောင်းကြားထားသော်လည်း SSPP ဘက်က အကြောင်းပြန်ကြားခြင်း မရှိကြောင်း သိရသည်။ မိုင်းရှူးမြို့နယ်ထဲမှ SSPP တပ်စခန်းများဖြစ်သည့် လွိုင်နိုင်းလမ်းခွဲအနီးရှိ တပ်စခန်း တစ်ခုနှင့် မန်ဝိန်းကျေးရွာအနီးရှိ တပ်စခန်း ၂ ခုတို့ကို စစ်တပ်က အကြောင်းကြားစာပေးပို့ကာ ဖယ်ရှားခိုင်းသော်လည်း SSPP ဘက်က ဇွန်လ ၃၀ရက် ညနေပိုင်းအထိ အကြောင်းပြန်ခြင်းမရှိကြောင်း
တိုင်းရင်းသားရေးရာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ရွှေ့ဆိုင်းရန်တင်ပြထား

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုမှာ တစ်ကမ္ဘာလုံးတွင် မြင့်မားလျှက်ရှိသည့်အတွက် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမှုကို နောက်ဆုတ်ရွှေ့ဆိုင်းထားရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – SNLD က တင်ပြထားကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုမှာ မြင့်မားနေသည့် အတွက်
တိုင်းရင်းသားရေးရာ

စစ်ကောင်စီကျင်းပသည့် သွေးချင်းတို့ပွဲတော်တွင် “ဝ” လုပ်ငန်းရှင်များ မပါဝင်

စစ်ကောင်စီက ဦးစီးကျင်းပနေသည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပြပွဲတွင် ပူးပေါင်းပါဝင် ပြသရန် ဖိတ်ကြားချက်ရသော်လည်း “ဝ” တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသခြင်း မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ “ ဝ” တိုင်းရင်းသားယဥ်‌ကျေးမှုအသင်းအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ ရန်ကုန်မြို့ကျိုက္ကဆံကွင်းတွင် စည်ကားစွာကျင်းပခဲ့သည့်
တိုင်းရင်းသားရေးရာ

“ဝ” အမျိုးသားပါတီဥက္ကဌ ကွယ်လွန်

ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၏ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်၊ “ဝ” အမျိုးသားပါတီ ဥက္ကဌ ဦးညီပလုပ်သည် နိုဝင်ဘာလ ၂၆ရက် ညနေပိုင်းက ခရစ်တော်၌အိပ်ပျော်သွားကြောင်း ပါတီက ထုတ်ပြန်ကြေညာသည်။ ဦးညီပလုပ် (Tax Nyi Pleek) သည် အမျိုးသားရေး နှင့်
တိုင်းရင်းသားရေးရာ

ပြန်လွှတ်ပေးမည့် RCSS တပ်သားများကို လမ်းစရိတ်ပါထောက်ပံ့ရန် SSPP စီစဉ်ထား

တိုက်ပွဲအတွင်းဖမ်းဆီးရမိသည့် RCSS တပ်သား ၁၁ဦးကို ပြန်လွှတ်ပေးရန် SSPP တပ်ဖွဲ့က ဆုံးဖြတ်ထားပြီး ၎င်းတို့ကို လမ်းစရိတ်ပါထောက်ပံ့ရန် စီစဉ်ထားကြောင်း SSPP က ပြောသည်။ ထောက်ပံ့ပေးမည့် ပမာဏကို ထုတ်ဖော်မပြောသော်လည်း ဖမ်းဆီးရမိသူများကို ပြန်လွှတ်ပေးတိုင်း လမ်းစရိတ်