တိုင်းရင်းသားရေးရာ

စစ်ကောင်စီကျင်းပသည့် သွေးချင်းတို့ပွဲတော်တွင် “ဝ” လုပ်ငန်းရှင်များ မပါဝင်

မဲခေါင် 13 Dec - 2022
စစ်ကောင်စီက ဦးစီးကျင်းပနေသည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပြပွဲတွင် ပူးပေါင်းပါဝင် ပြသရန် ဖိတ်ကြားချက်ရသော်လည်း “ဝ” တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသခြင်း မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

“ ဝ” တိုင်းရင်းသားယဥ်‌ကျေးမှုအသင်းအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ ရန်ကုန်မြို့ကျိုက္ကဆံကွင်းတွင် စည်ကားစွာကျင်းပခဲ့သည့် ပထမအကြိမ်နှင့် ၂၀၂၀ ခုနှစ် ဒုတိယအကြိမ် “ သွေးချင်းတို့ရဲ့ပွဲတော်ဆီ” များတွင် အဘက်ဘက်မှ ပြင်ဆင်ခဲ့ပြီးနောက် ပြည့်စုံကောင်းမွန်ပျော်ရွှင်စွာဖြင့် “ ဝ” လူမျိုးများနှင့် သက်ဆိုင်သည့် ရိုးရာအက၊ ဂီတ၊ သီချင်းနှင့် ပြခန်းတို့အပြင် ရိုးရာထုတ်ကုန်များ၊ စားသောက်ဆိုင်များပါ ဖွင့်လှစ်ရောင်းချခဲ့ကြောင်း၊ ယခုအခါမြန်မာနိုင်ငံတိုင်းရင်း သားလုပ်ငန်းရှင်များအသင်း M.E.E.A မှကြီးမှုးကျင်းပမည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်း အမှတ်အားကြိုဆိုသည့် အနေ ဖြင့် “ သွေးချင်းတို့ရဲ့ပွဲတော်ဆီ” တတိယအကြိမ်အား ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၁၁ရက်မှ ၁၅ ရက်နေ့အထိ မြန်မာ့ရုပ်မြင်သံကြား MRTV မှတဆင့် ထုတ်လွှင့်ခြင်းနှင့်အတူ အင်တာနက်အွန်လိုင်းဝက်(ဘ်) ပေါ်တယ် Internet Online Web Portal မှ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်းတို့ အပါအဝင် ရုပ်မြင် အစီအစဉ် Virtual စံနစ်ဖြင့် နေ့စဉ်ထုတ်လွှင့်‌ပြသခြင်းများတွင် ပူးပေါင်းပါဝင်နိုင်ရန် အတွက် “ ဝ” တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း W.E.E.A သို့ဖိတ်ခေါ်ထားခဲ့ခြင်းအား‌ ကောင်းစွာလက်ခံရရှိခဲ့ကြောင်း “ဝ” တိုင်းရင်းသား လုပ်ငန်းရှင်များက ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်တတိယအကြိမ်” သွေးချင်းတို့ရဲ့ပွဲတော်ဆီ” တွင်လည်း ပါဝင်ဆင်နွဲနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ကူးစက် Covid-19 ရောဂါအားရင်ဆိုင်‌နေရခြင်းနှင့်အတူ အခြားအခက်အခဲများကြောင့် MRTV မှ တဆင့်ထုတ်လွှင့်တင်ဆက်မည့် အစီအစဉ်များနှင့် Web Portal မှ ဈေးရောင်းချခြင်းများအတွက် ပရိသတ်များ ကျေနပ်ဖွယ်ရာ ကောင်းလောက်အောင် စီစဉ်နိုင်ရန်အတွက် ပြည့်စုံနိုင်ခြင်းမရှိသေးပါသဖြင့် ယခုလ ၁၁-၁၅ ရက် အတွင်း ကျင်းပသည့် တတိယအကြိမ်မြောက် “ သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁)” အစီအစဉ်တွင် ပါဝင်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး တိုင်းရင်းသားရေးရာ

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ၊ အခန်း ၄ – လူမှောင်ခိုကူးခြင်း

ရွှေတြိဂံမြေအောက်ကမ္ဘာအတွက် လူမှောင်ခိုကူးခြင်းက မူးယစ်ဆေးဝါး ကုန်ကူးခြင်းပုံစံနဲ့ သိပ်မခြားနားဘဲ တည်ရှိနေတယ်။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပါပဲ။ ဂိုဏ်းတွေမှာ လိုအပ်တဲ့ အဆက်အသွယ်တွေ၊ လမ်းကြောင်းတွေက
တိုင်းရင်းသားရေးရာ

သိန္နီက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့ နေရာကို SSPP ဝင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲ ဖောက်ကားတဲ့ နေရာကို SSPP ဝင်ရောက်စီးနင်းပြီး ၁၁ဦးကို ဖမ်းဆီးထားတယ်လို့ SSPP/SSA က ဒီနေ့မှာ
တိုင်းရင်းသားရေးရာ

ပင်လုံတွင် RCSS နှင့် SSPP ပစ်ခတ်မှုဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံနယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ – RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP တို့ ယနေ့ ဇူလိုင် ၂၀ ရက်၊ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ နံနက်
တိုင်းရင်းသားရေးရာ

စစ်ကောင်စီက တပ်စခန်းဆုတ်ခွာခိုင်းသည့်ကိစ္စ သတ်မှတ်ရက်အထိ SSPP အကြောင်းမပြန်၊ နှစ်ဖက်စစ်အင်အားတိုးချထား

မိုင်းရှူးနယ်အတွင်းရှိ SSPP အခြေချထားသည့် စခန်း ၃ခုကို ဇွန်လ ၃၀ရက် ယနေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် အာဏာသိမ်းစစ်တပ်က အကြောင်းကြားထားသော်လည်း SSPP ဘက်က အကြောင်းပြန်ကြားခြင်း မရှိကြောင်း သိရသည်။ မိုင်းရှူးမြို့နယ်ထဲမှ SSPP တပ်စခန်းများဖြစ်သည့် လွိုင်နိုင်းလမ်းခွဲအနီးရှိ တပ်စခန်း တစ်ခုနှင့် မန်ဝိန်းကျေးရွာအနီးရှိ တပ်စခန်း ၂ ခုတို့ကို စစ်တပ်က အကြောင်းကြားစာပေးပို့ကာ ဖယ်ရှားခိုင်းသော်လည်း SSPP ဘက်က ဇွန်လ ၃၀ရက် ညနေပိုင်းအထိ အကြောင်းပြန်ခြင်းမရှိကြောင်း
တိုင်းရင်းသားရေးရာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ရွှေ့ဆိုင်းရန်တင်ပြထား

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုမှာ တစ်ကမ္ဘာလုံးတွင် မြင့်မားလျှက်ရှိသည့်အတွက် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမှုကို နောက်ဆုတ်ရွှေ့ဆိုင်းထားရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – SNLD က တင်ပြထားကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုမှာ မြင့်မားနေသည့် အတွက်
တိုင်းရင်းသားရေးရာ

စစ်ကောင်စီကျင်းပသည့် သွေးချင်းတို့ပွဲတော်တွင် “ဝ” လုပ်ငန်းရှင်များ မပါဝင်

စစ်ကောင်စီက ဦးစီးကျင်းပနေသည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပြပွဲတွင် ပူးပေါင်းပါဝင် ပြသရန် ဖိတ်ကြားချက်ရသော်လည်း “ဝ” တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသခြင်း မရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ “ ဝ” တိုင်းရင်းသားယဥ်‌ကျေးမှုအသင်းအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်၍ ရန်ကုန်မြို့ကျိုက္ကဆံကွင်းတွင် စည်ကားစွာကျင်းပခဲ့သည့်
တိုင်းရင်းသားရေးရာ

“ဝ” အမျိုးသားပါတီဥက္ကဌ ကွယ်လွန်

ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၏ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်၊ “ဝ” အမျိုးသားပါတီ ဥက္ကဌ ဦးညီပလုပ်သည် နိုဝင်ဘာလ ၂၆ရက် ညနေပိုင်းက ခရစ်တော်၌အိပ်ပျော်သွားကြောင်း ပါတီက ထုတ်ပြန်ကြေညာသည်။ ဦးညီပလုပ် (Tax Nyi Pleek) သည် အမျိုးသားရေး နှင့်
တိုင်းရင်းသားရေးရာ

ပြန်လွှတ်ပေးမည့် RCSS တပ်သားများကို လမ်းစရိတ်ပါထောက်ပံ့ရန် SSPP စီစဉ်ထား

တိုက်ပွဲအတွင်းဖမ်းဆီးရမိသည့် RCSS တပ်သား ၁၁ဦးကို ပြန်လွှတ်ပေးရန် SSPP တပ်ဖွဲ့က ဆုံးဖြတ်ထားပြီး ၎င်းတို့ကို လမ်းစရိတ်ပါထောက်ပံ့ရန် စီစဉ်ထားကြောင်း SSPP က ပြောသည်။ ထောက်ပံ့ပေးမည့် ပမာဏကို ထုတ်ဖော်မပြောသော်လည်း ဖမ်းဆီးရမိသူများကို ပြန်လွှတ်ပေးတိုင်း လမ်းစရိတ်