ဆောင်းပါး

သူတို့အိမ်ပြန်ရောက်ခဲ့ပြီ

မဲခေါင် 20 Nov - 2022
မြန်မာနိုင်ငံရဲ့ကရင်ပြည်နယ်၊ မြဝတီခရိုင်က ရွှေကုက္ကိုတရုတ်လောင်းကစားမြို့ကနေလုပ်ငန်းလည်ပတ်နေတဲ့တရုတ်ကုမ္မဏီတွေအကျဉ်းချခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၃၈ ယောက်ကို ကယ်ဆယ်ဖို့ ရန်ကုန်မြို့မှာရှိတဲ့အိန္ဒိယသံရုံးက စီမံနိုင်ခဲ့ပါတယ်။ တရုတ်အလုပ်ရှင်‌တွေနဲ့ အိန္ဒိယနဲ့ဒူဘိုင်းမှာရှိတဲ့ ကိုယ်စားလှယ်တွေက နည်းပညာရှင်တွေကို အွန်လိုင်းအရောင်းမြှင့်တင်ရေးနာမည်နဲ့ အရှေ့တောင်အာရှနဲ့ အိန္ဒိယတိုက်ငယ်ကရိုးသားတဲ့‌ဒေသခံ‌တွေကို ငါးစာချဆွဲဆောင်လူစုခဲ့ပြီး ‌၂၀၂၂ ခုနှစ်၊ မေလမှာ မြဝတီကိုတရားမဝင်ရောက်ခဲ့ပြီးနောက်ပိုင်း သူတို့ကို လိမ်လည်တဲ့လုပ်ငန်းတွေမှာပါဝင်ဖို့ အတင်းတွန်းအားပေးခံနေရပါတယ်။ တရုတ်လုပ်ငန်းရှင်‌တွေရဲ့ လူကုန်ကူးဖို့ကြိုးစားမှုကို ထိန်းချုပ်ဖို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ထောက်ပံ့ကူညီမှုတို့ကို မြန်မာလူဝင်မှုကြီးကြပ်ရေးနဲ့ တခြားဌာနတွေက ချဲ့ထွင်ခဲ့ပြီး ဒီလုပ်ရပ်‌ကြောင့် အိန္ဒိယနိုင်ငံသား ၃၈ ယောက် အိမ်ကို ဘေးကင်းကင်းနဲ့ပြန်နိုင်ခဲ့ပါတယ်။ အခုနှစ်ဇွန်လကစပြီး မြဝတီမှာပိတ်မိနေတဲ့အိန္ဒိယနိုင်ငံတွေအရေး ရန်ကုန်မြို့က အိန္ဒိယသံရုံးနဲ့ မန္တလေးမြို့က အိန္ဒိယကောင်စစ်ဝန်ရုံးတို့က လိုက်လံဆောင်ရွက်‌ခဲ့ပြီး မြဝတီဟာ ပဋိပက္ခဒေသမှာရှိနေပြီး ပိတ်မိနေသူတွေနဲ့ဆက်သွယ်ရခက်ခဲခဲ့ပေမဲ့ တရားဝင်၊ တရားမဝင်လမ်းကြောင်းတွေရဲ့အကူအညီနဲ့

မြန်မာနိုင်ငံရဲ့ကရင်ပြည်နယ်၊ မြဝတီခရိုင်က ရွှေကုက္ကိုတရုတ်လောင်းကစားမြို့ကနေလုပ်ငန်းလည်ပတ်နေတဲ့တရုတ်ကုမ္မဏီတွေအကျဉ်းချခံထားရတဲ့ အိန္ဒိယနိုင်ငံသား ၃၈ ယောက်ကို ကယ်ဆယ်ဖို့ ရန်ကုန်မြို့မှာရှိတဲ့အိန္ဒိယသံရုံးက စီမံနိုင်ခဲ့ပါတယ်။

တရုတ်အလုပ်ရှင်‌တွေနဲ့ အိန္ဒိယနဲ့ဒူဘိုင်းမှာရှိတဲ့ ကိုယ်စားလှယ်တွေက နည်းပညာရှင်တွေကို အွန်လိုင်းအရောင်းမြှင့်တင်ရေးနာမည်နဲ့ အရှေ့တောင်အာရှနဲ့ အိန္ဒိယတိုက်ငယ်ကရိုးသားတဲ့‌ဒေသခံ‌တွေကို ငါးစာချဆွဲဆောင်လူစုခဲ့ပြီး ‌၂၀၂၂ ခုနှစ်၊ မေလမှာ မြဝတီကိုတရားမဝင်ရောက်ခဲ့ပြီးနောက်ပိုင်း သူတို့ကို လိမ်လည်တဲ့လုပ်ငန်းတွေမှာပါဝင်ဖို့ အတင်းတွန်းအားပေးခံနေရပါတယ်။

တရုတ်လုပ်ငန်းရှင်‌တွေရဲ့ လူကုန်ကူးဖို့ကြိုးစားမှုကို ထိန်းချုပ်ဖို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ထောက်ပံ့ကူညီမှုတို့ကို မြန်မာလူဝင်မှုကြီးကြပ်ရေးနဲ့ တခြားဌာနတွေက ချဲ့ထွင်ခဲ့ပြီး ဒီလုပ်ရပ်‌ကြောင့် အိန္ဒိယနိုင်ငံသား ၃၈ ယောက် အိမ်ကို ဘေးကင်းကင်းနဲ့ပြန်နိုင်ခဲ့ပါတယ်။

အခုနှစ်ဇွန်လကစပြီး မြဝတီမှာပိတ်မိနေတဲ့အိန္ဒိယနိုင်ငံတွေအရေး ရန်ကုန်မြို့က အိန္ဒိယသံရုံးနဲ့ မန္တလေးမြို့က အိန္ဒိယကောင်စစ်ဝန်ရုံးတို့က လိုက်လံဆောင်ရွက်‌ခဲ့ပြီး မြဝတီဟာ ပဋိပက္ခဒေသမှာရှိနေပြီး ပိတ်မိနေသူတွေနဲ့ဆက်သွယ်ရခက်ခဲခဲ့ပေမဲ့ တရားဝင်၊ တရားမဝင်လမ်းကြောင်းတွေရဲ့အကူအညီနဲ့ ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

DKBA က ဗိုလ်ချုပ်စောချစ်ကလည်း ရွှေကုက္ကိုမှာပိတ်မိနေတဲ့ အိန္ဒိယနဲ့ တခြားနိုင်ငံသားတွေအရေး သတိပြုမိပြီး သူတို့တွေ ထိုင်းဘက်က မဲဆောက်ဆီဖြတ်သန်းနိုင်ဖို့ ကူညီခဲ့ပါတယ်။ DKBA အဖွဲ့တွေက အိန္ဒိယနိုင်ငံသားတွေကို ကယ်ဆယ်ခဲ့ပြီး သူတို့တွေထိုင်းကို ဘေးကင်းကင်းနဲ့ဖြတ်သန်းနိုင်တဲ့အထိ အစားအစာနဲ့နေစရာတွေပေးခဲ့ပါတယ်။

တရုတ်ပြည်မကြီးမှာ အွန်လိုင်းကာစီနိုလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်မပေးထားလို့ ပြည်မကြီးတရုတ်တွေက လိမ်လည်တဲ့လုပ်ငန်းတွေကို ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ကနေလုပ်ဆောင်နေတဲ့အပြင် ကွန်ပြူတာအခြေခံကျွမ်းကျင်တဲ့ လူငယ်အမျိုးသား၊ အမျိုးသမီးတွေကိုလည်း လိမ်လည်တဲ့လုပ်ငန်းတွေမှာပါဝင်လာဖို့ ဆွဲဆောင်နေပါတယ်။ သတ်မှတ်ရည်မှန်းချက်တွေပြည့်မီဖို့ လုပ်သားတွေကို မန်နေဂျာတရုတ်လူမျိုးတွေက နှိပ်စက်ကြပါသေးတယ်။

အလုပ်အကိုင်ကောင်းကောင်းရလိုသူတွေအနေနဲ့ အလားတူတရုတ်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ကိုယ်စားလှယ်တွေကို မိမိတို့နိုင်ငံမှာ သတိထားနေသင့်ပြီး အလုပ်ရှင်ရဲ့ယုံကြည်ရမှုနဲ့ အလုပ်ကမ်းလှမ်းမှုတို့အပေါ် စနစ်တကျ စုံစမ်းစစ်ဆေးသင့်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး

Chinese Syndicate on Thai-Myanmar Border

Linn Maung A Chinese Crime Network gang has taken over the western
ဆောင်းပါး

Education: Emerging Business in Myanmar

Linn Maung Foreign universities and institutions are the only sector in Myanmar
ဆောင်းပါး

ယုံကြည်မှုလိုအပ်နေတဲ့ ရိုဟင်ဂျာနေရပ်ပြန်ရေး

မြန်မာနိုင်ငံကရိုဟင်ဂျာတွေရဲ့အခြေအနေကိုထုတ်ဖော်ပြဖို့ လက်ခံဆောင်ရွက်နေတဲ့ ရှေ့ပြေးစီမံကိန်းဟာ သူတို့ရဲ့အတိဒုက္ခတွေအတွက် အဖြေတမျိုးထွက်လာစေပါသလား။ ဝမ်းနည်းစွာနဲ့ပဲပြောရရင် ရိုဟင်ဂျာတွေအိမ်ပြန်ဖို့အခွင့်အရေး အခုတော့မရှိသေးပါဘူး။
ဆောင်းပါး

“ ထိုင်းအတွက်အပြောင်းအလဲ” လို့မြည်ဟည်းနေတဲ့ ရွေးကောက်ပွဲ (ဘာသာပြန်)

ဆယ်စုနှစ်တခုနီးပါး ထိုင်းစစ်တပ်ကချိန်ညှိထားတဲ့ အုပ်ချုပ်မှုအပြီး ချောမွေ့တဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်လာဖို့ သေချာတဝက်၊ မသေချာတဝက်ဖြစ်လာနိုင်တဲ့အဆက်အစပ်ဖြစ်ရပ်တွေအပေါ်တောင်းဆိုမှုတွေများနေချိန်မှာ မေ ၁၄ ရက်၊ ထိုင်းရဲ့မျှော်လင့်ချက်တွေမြင့်မားနေတဲ့ရွေးကောက်ပွဲမှာ ထိုင်းမဲဆန္ဒရှင်တွေက အတိုက်အခံပါတီ Move Forward နဲ့ ဖွေထိုင်းတို့ကို ထူးထူးကဲကဲရွေးချယ်လိုက်ပါတယ်။
ဆောင်းပါး

ရွေးကောက်ပွဲတစ္ဆေ ခြောက်လှန့်ခံနေရတဲ့ ထိုင်း

လာမယ့် ထိုင်းရွေးကောက်ပွဲဟာ ပေါ့ပေါ့ပါးပါးမရှိဘဲ တစ္ဆေခြောက်သလိုဖြစ်နေပြီး ငွေအကြီးအကျယ်သုံးကာ ကတိကဝတ်တွေနဲ့ မဲဆွယ်နေကြပါတယ်။
ဆောင်းပါး

Geopolitics In South Asia

A flurry of recent trips by senior Chinese officials to Myanmar appear to be part of Beijing’s effort to counteract
ဆောင်းပါး အာစီယံဒေသတွင်း

သက်ဆင်နဲ့ယင်လပ်နောက်ပိုင်း ရှင်နာဝပ်ထရာမိသားစုဝင်တယောက် အာဏာရလာနိုင်သလား

ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အာဏာသိမ်းမှုမှာဖြုတ်ချပြီး ၁၇ နှစ်အကြာ အသက် ၃၆ နှစ်ရှိနေတဲ့ သူ့အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်ထရာဟာ မကြာသေးခင်လတွေက လူထုသဘောထားစစ်တမ်းတွေမှာ ဦးဆောင်နေပါတယ်။
ဆောင်းပါး

စာတစ်စောင်က ညွှန်းပြတဲ့ တော်လှန်ရေးဖောက်ပြန်သူ

စိုင်းခွန် ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာဟာ စစ်ကောင်စီရဲ့ အစုလိုက် အပြုံလိုက် လူသတ်မှု ကျူးလွန်မှုကြောင့် သတင်းမီဒီယာပေါ်မှာ ဆက်တိုက်ဖော်ပြခံရတဲ့ ကျေးရွာနာမည်တစ်ခု ဖြစ်ခဲ့ပါတယ်။