ဆောင်းပါး

သာဓုပါဗျာ ကိုကိုမီဒီယာ

မဲခေါင် 4 Nov - 2022
“ဪ ဘာလိုလိုနဲ့ လာမယ့်နိုဝင်ဘာ ၃ ရက်နေ့ဆို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ရောက်တော့မှာပါကလား။ ကျွန်တော်မျိုးတို့ ဘာမှန်းမသိတဲ့ မြန်မာနိုင်ငံတော်ကြီး သတင်းလွတ်လပ်ခွင့် ဘယ်အဆင့်များရောက်နေပါလိမ့်။ နတ်မျက်စိ ပုလင်ကွဲနဲ့ အင်တာနက်ကြီးကို အတင်းဖြဲကြည့်လိုက်မယ်။” “အလို အလို ငါတို့မြန်မာနိုင်ငံတော်ကြီးသည် အညိုရောင်အဆင့် ရောက်နေပါတကား။ အခြေအနေက စိုးရိမ်ဘွယ်ရာ အခြေအနေအဆင့် တဲ့။ အိုဟိုး ဒါကြောင့်ကိုး…။ ကုလက မြန်မာပြည်အခြေအနေကို စိုးရိမ်ကြောင်းပြောလိုက်၊ အာစီယံနိုင်ငံတွေက စိုးရိမ်ကြောင်ထုတ်ဖေါ်လိုက်၊ ဥရောပ နိုင်ငံတွေက စိုးရိမ်ကြောင်းကြေညာလိုက် ကျွန်တော်မျိုးတို့ စိုးရိမ်စရာ မကျန်တော့အောင် နိုင်ငံတကာက ဝိုင်းဝန်းစိုးရိမ်နေကြပြီ။ ခုဆို ကျွန်တော်မျိုးတို့ နိုင်ငံတော်ကြီးဟာ စီးကမ်းပြည့်ဝသော စိုးရိမ်နိုင်ငံတော်ကြီး ဖြစ်နေချေပြီတကား။” စကားမစပ် ပြောရဦးမယ်၊ ကမ္ဘာကြီးတိုးတက်ဖို့ လွတ်လပ်စွာရေးသားပြောဆိုခွင့်

“ဪ ဘာလိုလိုနဲ့ လာမယ့်နိုဝင်ဘာ ၃ ရက်နေ့ဆို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ရောက်တော့မှာပါကလား။ ကျွန်တော်မျိုးတို့ ဘာမှန်းမသိတဲ့ မြန်မာနိုင်ငံတော်ကြီး သတင်းလွတ်လပ်ခွင့် ဘယ်အဆင့်များရောက်နေပါလိမ့်။ နတ်မျက်စိ ပုလင်ကွဲနဲ့ အင်တာနက်ကြီးကို အတင်းဖြဲကြည့်လိုက်မယ်။”

“အလို အလို ငါတို့မြန်မာနိုင်ငံတော်ကြီးသည် အညိုရောင်အဆင့် ရောက်နေပါတကား။ အခြေအနေက စိုးရိမ်ဘွယ်ရာ အခြေအနေအဆင့် တဲ့။ အိုဟိုး ဒါကြောင့်ကိုး…။ ကုလက မြန်မာပြည်အခြေအနေကို စိုးရိမ်ကြောင်းပြောလိုက်၊ အာစီယံနိုင်ငံတွေက စိုးရိမ်ကြောင်ထုတ်ဖေါ်လိုက်၊ ဥရောပ နိုင်ငံတွေက စိုးရိမ်ကြောင်းကြေညာလိုက် ကျွန်တော်မျိုးတို့ စိုးရိမ်စရာ မကျန်တော့အောင် နိုင်ငံတကာက ဝိုင်းဝန်းစိုးရိမ်နေကြပြီ။ ခုဆို ကျွန်တော်မျိုးတို့ နိုင်ငံတော်ကြီးဟာ စီးကမ်းပြည့်ဝသော စိုးရိမ်နိုင်ငံတော်ကြီး ဖြစ်နေချေပြီတကား။”

စကားမစပ် ပြောရဦးမယ်၊ ကမ္ဘာကြီးတိုးတက်ဖို့ လွတ်လပ်စွာရေးသားပြောဆိုခွင့် ဆိုတာကြီးက တော်တော်အရေးပါသတဲ့။ အဲဒီ အရေးပါတာကြီး တကယ်ဖြစ်ပေါ်လာအောင် သတင်းလွတ်လပ်ခွင့်က အရေးပါသတဲ့။ သတင်းလွတ်လပ်ခွင့် အရေးပါတော့ သတင်းသမားတွေရဲ့ လုံခြုံရေးက အရေးပါလာပြန်ရော။ သတင်းသမားတွေ လုံခြုံရေးက အရေးပါတော့ ကျွန်တော်မျိုးတို့နိုင်ငံလို အမျိုး၊ ဘာသာ၊ သာသနာ ချစ်မြတ်နိုးတော်မူတဲ့ နိုင်ငံက သတင်းသမားတွေကို မအလ ကြီးက ကမ္ဘ့ာအဆင့်မီအင်းစိန်ထောင်ထဲမှာ လုံလုံခြုံခြုံ စံမြန်း ခွင့်ပြုတော်မူပြန်ရော ဗျာ။

ကမ္ဘာ့ကြီးကလည်း အကျွန်တို့သတင်းသမားတွေကို သတင်းသမားလုံခြုံရေးသင်တန်းတွေပေး၊ သတင်းသမားမှန်းသိအောင် PRESS ဆိုတဲ့ ဘွဲ့တံဆိပ်တော်တွေကို ရင်ဘတ်ကြီးမှာ ချိတ်တော်မူခိုင်း။ ဆောက်လုပ်ရေးက ပန်းရံ အလုပ်သမား ပလစ်စတိတ် ဘောင်းဦးထုပ်တွေဆောင်းခိုင်း၊ ကျဉ်ကာ အင်္ကျီလို့ သမုတ်ခေါ် ဝေါ် ပညတ်တော်မူထားတဲ့ နိူင်လွန်အင်္ကျီကိုဝတ်ခိုင်းပြီးသတင်းယူဖို့ အထာရဿ တွေကို စေတနာအပြည့်နဲ့ သင်ယူစေပါတယ်။

၁။ PRESS တံဆိပ်တော် ချိတ်ဆွဲထားလို့ ရဲနဲ့ စစ်တပ်က သတင်းသမားမှန်း အထင်အရှားသိစေနိုင်တယ်။ သတင်းသမားမှန်း သေသေချာချာသိလို့ သေသေချာချာ ဖမ်းရင်တော့ သတင်းဌာနကို ချက်ချင်းအကြောင်းကြားဖို့လိုတယ်။ အဖမ်းခံရရင် ထောင်ဝင်စာ ပို့ပေးမယ်၊ လိုအပ်ရင် လွတ်မြောက်ရေးအတွက် ကင်ပိန်းတွေကို နိုင်ငံတကာ အကူအညီနဲ့ လုပ်ပေးမယ်၊ ပိုတဲ့ ကူငွေကိုတော့ ကျင့်ဝတ်နဲ့အညီ ရေဆာဘီယာသောက်ဖို့ ကင်ပိန်းတာဝန်ခံတွေက ဝန်းရံသူတွေ အတွက် စီစဉ်ပေးမယ်။

၂။ ခေါင်းပေါ်က ဘောင်းတော်ဦးထုပ်ကို ရိုရိုသေသေ ကိုင်တွယ်ပါ။ လွတ်ကျလျှင် ကွဲတတ်တယ်။ ဖိမိလျှင် ပြားတတ်သည်။ အရိုက်ခံရလို့ ဦးထုပ်ကွဲပြီး ဦးခေါင်း ဒဏ်ရာရလျှင် မစိုးရိမ်ပါနှင့်။ ဒဏ်ရာကို ချက်ချင်း ဓါတ်ပုံမှတ်တမ်းရိုက်ပြီး သတင်းလုပ်ပေးပါမယ်။ သတင်းပရိသတ် တွေက သနားသဖြင့် အလှူငွေပေးလျှင် အလှူငွေ လက်ခံသူနှင့် သတင်းသမားတို့ ထက်ဝက်စီ ခွဲယူခွင့်ရှိပါတယ်။

၃။ ဆူးညှိလို့ဖြစ်စေ ရာဘာကျဉ် မှန်လို့ဖြစ်စေ ကျဉ်ကာ အင်္ကျီပေါက်ပြဲလျှင် တန်ဖိုးနှစ်ဆ ပေးလျှော်ရမယ်။

စသော သတင်သမားတို့တတ်အပ်သော လုံခြုံရေး အဌာရသ များကို သင်ယူပြီး သတင်းလိုက်လို့ရပါပြီ။ ထပ်သတိပေးပါရစေ။ အဖမ်းခံရလျှင် ထောင်ဝင်စာကို နိုင်ငံတကာအကူအညီ ရရှိရန်ကြိုးပမ်းပေးမယ်။ အစဉ်ပြေလို့ ဆုတံဆိပ်ရပါက သတင်းထောက်ကယူခွင့်ရှိပါတယ်။ ဆုငွေကိုတော့ ကုန်ကျစရိတ်အဖြစ် သတင်းဌာနကို ပြန်လည်ပေးရပါလိမ့်မယ်။ တကယ်လို့ တရားရင်ဆိုင်ရပါက တရားရုံးကုန်ကျငွေကို နိုင်ငံတကာ ထောက်ပံ့ငွေမှ ပေးပါလိမ့်မယ်။ သတင်းဌာနရဲ့ ဘောစိကြီးကိုယ်တိုင် ကရုဏာတော် ပြုံးပြုံးကြီး ဖြင့် ဓါတ်ဖမ်းကာ သင့်လက်ထဲအရောက်အပ်နှံပါလိမ့်မယ်။ ဒါပေမယ့် တရားရုံးကုန်ကျငွေ(ရှေ့နေခ၊ စာရွက်စာတန်းကြေး၊ လိုင်းကြေး ပိုင်းကြေး ) များကို ဘောက်ချာပြမှ ငွေထုတ်ပေးပါမယ်။ ဘောက်ချာမပြနိုင်ပါက သတင်းဌာနက အပြီးအပိုင်ထိမ်းသိမ်း သွားပါလိမ့်မယ်။

သင်အဖမ်းခံရပါက ပထမပိုင်းတွင် သင့်သတင်းဌာနက သင့်ကို သူတို့သတင်းထောက်မဟုတ်ကြောင်း ငြင်းပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့။ နယ်စည်းမခြား သတင်း ထောက်များက သင့်ကို ထောက်ပံ့လိုကြောင်း ပြောသည်နှင့် တပြိုင်နက် သင့်သတင်းဌာနသည် သင့်ကို သူတို့သတင်းထောက်ဖြစ်ကြောင်း ချက်ချင်းအသိအမှတ်ပြုကာ ထောက်ပံ့ငွေများ လက်ခံပြီး သင့်ကို ဂရုစိုက် အရေးလုပ်ကာ သင့်သတင်းများကို ဖေါ်ပြလွှင့်ထုတ်ပေးပါလိမ့်မည်။

သတင်းလွတ်လပ်မူဆုံးရှုံးနေသော နိုင်ငံတွင် သင်သတင်းသမား ဖြစ်ရတာဂုဏ်ယူလိုက်ပါ။ သတင်းသမားလုပ်ငန်းသည် အလွန်မွန်မြတ်သောလုပ်ငန်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်

၁။ ပြည်သူများထံမှန်ကန်သော သတင်းများ ကို သက်စွန့်ကြိုးပမ်း ရယူဖြန့်ချိကာ ပြည်သူကို ကျေးဇူးပြုခြင်း။

၂။ သင့်ကို စစ်ကြောရသော လုံခြုံရေးအရာထမ်း အမှုထမ်းများ သည် သင့်ကို အမှုကြီးကြီးဖြင့် လုပ်ကြံကာ တရားစွဲခွင့်ရသဖြင့် ချက်ချင်းရာထူးတက်စေခြင်းဖြင့် ကျေးဇူးပြုခြင်း။

၃။ သင့်သတင်းဌာနသည် သင်အဖမ်းခံရသည်ကို အကြောင်ပြုကာ နိုင်ငံခြားအထောက်ပံ့များ သပိတ်ဝင် အိတ်ဝင် ရလိုက်သဖြင့် သတင်းဌာနရှိဘောစိ၏ အငယ်လေးများကို ရွှေရောင်ငွေရောင် တောက်ပစေခြင်းဖြင့် ကျေးဇူးပြုခြင်း။

စသဖြင့် သင့်ကြောင့် သင့်ဝန်းကျင်သည် ကိုယ်စိတ်နှစ်ဖြာ လန်းလန်းဖြာ နေမည်မှာ သေချာပါသည်။ ထို့ကြောင့် သင်သည် ညစဉ် ထောင်သံတိုင်ကို ကိုင်ကာ သင်၏ ကုသိုလ်အဝ,ဝကို အမျှ အမျှ အမျှဟု ကျယ်ကျယ်အော်ပါလေ။

သင်တို့ကို ဂုဏ်ပြုသော ဒီဆောင်းပါး စာမူခဖြင့် ကျွန်ုပ်တို့သည် ဘီယာသောက်ရင်း သာဓု သာဓု သာဓု ဟု သံပြိုင်အော်ကာ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်အတွက် အသက်ထက်ဆုံး တိုက်ပွဲဝင်သွားဖို့ သံဓိဠာန် ပြုလိုက်ပါတယ်။

(ဘာရယ် မဟုတ်ပါဘူး။ စိတ်ပြေလက်ပျောက် ရေးမိရေးရာ ရေးလိုက်တာပါ။ မတော်တဆ တိုက်ဆိုင်သွားပါက ဝမ်းသာအားရ တောင်းပန်ပါရစေ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး

How China Interferes in Myanmar’s Internal Affairs

Linn Maung Armed civil strife has been pervasive in Myanmar since it
ဆောင်းပါး

မြန်မာနိုင်ငံအတွင်းက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ

လင်းမောင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ တရုတ်အဆင့်အမြင့်ဆုံး သံတမန် ချင်းဂန်း (နိုင်ငံခြားရေးဝန်ကြီး) ရောက်လာတော့ မြန်မာနိုင်ငံတစ်ဝန်း မကျေမနပ်ဆန္ဒပြမှုတွေ ဖြစ်တည်လာခဲ့တယ်။
Uncategorized ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။
ဆောင်းပါး

Anti-China Protests in Myanmar

Linn Maung The first visit by a senior member of the Chinese government after the coup, Qin Gang's, was met
ဆောင်းပါး

ဒုစရိုက်မြို့တော် ရွှေကုက္ကိုလ်က နိစ္စဓူဝဘ၀များ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အစွန်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်ကြီးဆိုတာ ဒုစရိုက်မြို့တော်ကြီးမှန်း ဒီနေ့ လူတိုင်းလိုလို သိနေကြပါပြီ။
ဆောင်းပါး

Chinese Syndicate on Thai-Myanmar Border

Linn Maung A Chinese Crime Network gang has taken over the western bank of the Moei River [ tributary of
ဆောင်းပါး

Education: Emerging Business in Myanmar

Linn Maung Foreign universities and institutions are the only sector in Myanmar that has advanced since the coup.
ဆောင်းပါး

ယုံကြည်မှုလိုအပ်နေတဲ့ ရိုဟင်ဂျာနေရပ်ပြန်ရေး

မြန်မာနိုင်ငံကရိုဟင်ဂျာတွေရဲ့အခြေအနေကိုထုတ်ဖော်ပြဖို့ လက်ခံဆောင်ရွက်နေတဲ့ ရှေ့ပြေးစီမံကိန်းဟာ သူတို့ရဲ့အတိဒုက္ခတွေအတွက် အဖြေတမျိုးထွက်လာစေပါသလား။ ဝမ်းနည်းစွာနဲ့ပဲပြောရရင် ရိုဟင်ဂျာတွေအိမ်ပြန်ဖို့အခွင့်အရေး အခုတော့မရှိသေးပါဘူး။