ဆောင်းပါး

သမ္မတရူး အွန်လိုင်းကျူရှင်

မဲခေါင် 13 Nov - 2022
ပုထုဇနော ဥမတ္တကော။ လူသားအားလုံးသည် အရူးများဖြစ်ကြကုန်၏ ထဲ့။ မှန်လိုက်လေဗျာ။

အမြဲပြုံး မဲလုံးရေးသည်

တချို့က စာရူး၊ ကဗျာရူး။ တချို့က အချစ်ရူး။ တချို့က ရုပ်ရှင်ရူး.၊ တချို့က ဥစ္စာရူး။ တချို့က အာဏာရူး။ အဲလို အရူးမျိုးတွေထဲမှာ upper class အရူးက အာဏာရူးဖြစ်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဏာရူးဟာ ကျန်တဲ့အရူးတွေကို လွှမ်းမိုး အနိုင်ယူလိုစိတ်နဲ့ ရူးတာဖြစ်လို့ပါ။

အာဏာရူးတွေကို ထပ်မံခွဲခြမ်းစိပ်ဖြာလေ့လာကြည့်တော့ တချို့က ညွှန်မှူးရူး၊ တချို့က ဝန်ကြီးရူး၊ တချို့က ဥက္ကဌရူး။ တချို့က ဗိုလ်ချုပ်ရူး။ တချို့က သမ္မတရူး စသဖြင့် ရှိနေတာကိုတွေ့ရပါတယ်။ အဲဒီအာဏာရူးတွေထဲမှာ ထိပ်ဆုံးက အရူးက သမ္မတ ရူးပါ။ သူက အရူးတကာ ထိပ်ခေါင် ပါပဲ။ အဲဒီအရူးက လူသားအားလုံး တနည်းပြောရရင် အရူးအားလုံးထက် ခေါင်တလုံးပိုမြင့်နေတတ်ပါတယ်။ ဒါပေမယ် အရူးတကာထက် ခေါင်းတလုံးပိုနိမ့်ပြီး သမ္မတရူး ရူးနေရင်တော့ အရူးစဉ်မမှီပဲ ရူးနေသူမို့ ကုရာနတ္တိ ဆေးမရှိပါဘူး။ ဆေးရှိလည်း ဒေါ်လာဈေးတက်နေလို့ ဝယ်နိုင် အံ့မထင်ပါ။

ထိုသို့သော သမ္မတရူးမျိုးသည် ဘာမဆို လုပ်ရဲသူများဖြစ်တော်မူသောကြောင့် သူ့ကို အားပေးထောက်ခံရုံမှ တပါး အခြားမရှိပြီ။ အရူးဘုံမြောက်ဆိုသောစကားသည် အကြောင်းမဲ့ပေါ်လာခြင်းမဟုတ်သလို ရှေးခေတ် ဂျန်လီးများက ဂျင်းထည့်ထားခြင်းလည်း မဟုတ်သည်ကို သတိချပ်သင့်ပါတယ်။

ထိုကြောင့် အဖက်ဖက်က ပိတ်ဆို့ခံနေရသော ကျွန်ုပ်၏ စီးပွားရေး ကို အရှိန်အဟုန်ဖြင့် ဦးမော့ ဖင်ထောင် လာစေခြင်းငှာ သမ္မတရူးများကို စုစည်းကာ အွန်လိုင်းပေါ်မှ ကျူရှင်ပေးခြင်း လုပ်ငန်းကို စတင်ဖို့ ဆုံးဖြတ်လိုက်တာပါ။

သမ္မတရူးများ ဟူသည်ကား အသိဉာဏ်မရှိသလို ဘာအရည်အချင်းမှ မရှိပဲ ထိပ်ဆုံးနေရာကို ရလိုသူများဖြစ်ခြေ၏။ ထိုကြောင့် ကျွန်ုပ်အကြံအဖန် စီးပွားရေဈေးကွက်းတွင် ထို သမ္မတရူးများသည် သားကောင်းရတာနာများ ဧကံဖြစ်ခြေတကား။

တကယ်တော့ သမ္မတရူးတစ်ယောက်အဖို့ သမ္မတယောက်ဖြစ်ရန် ဘာမှ မခက်ကြောင်း ကျွန်ုပ်၏ ဖေါက်သည်များ ဦးစွာ သဘောပေါက်ထားဖို့သာလိုပါတယ်။

ကျွန်ုပ်ကျူရှင် တက်လိုသူ သမ္မတရူးများကို

၁။ ဘာမဆိုလုပ်ရဲသော အရူးဓါတ်ခံ အပြည့်ရှိရန်လေ့ကျင့်သင်ကြားပေးမည်

၂။ ဗျူတီပါလာ တခုဖွင့်နိုင်သည်အထိ အလှဖန်တည်းရှင်ဖြစ်အောင်လေ့ကျင့်ပေးမည်။
သို့မှသာ တောထဲမှမိလာသောဆင်မဲကို ဗျူတီပါလာတွင် မျက်နှာပေါင်းတင်ရေချိုး စကင်းကဲ (skin care) လုပ်ကာ ဆင်ဖြူတော်အဖြစ် အရှက်မရှိကြေညာနိုင်မည်ဖြစ်သည်။

၃။ ကိုယ်ပိုင် အမေရိကန်ဒေါ်လာရိုက်စက်တစ်ကို ကျွမ်းကျင်စွာရိုက်နှိပ်တတ်သည်အထိသင်ကြားပေးမည်။
အနောက်နိုင်ငံတွေက စီးပွားရေးအနိုင်ကျင့်လို့ ဒေါ်လာဈေးတက်လျှင် တစ်ဒေါ်လာတစ်ကျပ် နူံးနဲ့ အမြန်ဆုံးလဲလှယ်နိုင်ရန် ဒေါ်လာများကို ချက်ချင်းရိုက်နိုပ်ဖြန်ဝေနိုင်ရန်ဖို့ဖြစ်ပါသည်။

၄။ sex doll မယ်တော်ကြီးများ ဦးဆောင်သော ဓါတ်ခန်းကို ကိုယ်တိုင်ဦးဆောင်နိုင်သည်အထိ လေ့ကျင့်ပေးမည်။
သိုံမှသာ ဓါတ်ပေါင်းဖိုများတည်ဆောက်ရန်နှင့် ဓါတ်ရထားများပြေးဆွဲရန် စီစဉ်နိုင်မည်ဖြစ်သည်။

၅။ မားကက်တင်းနည်းပညာ အသစ်ချပ်ချွတ်များကို သင်ကြားပေးမည်။
သို့မှသာ တနှစ် နှစ်တန်းတက်သော စာတတ်သူပပျောက်ရေးစီမံချက်၊ ဘုရားဖူးများကို အခမဲ့ဝန်ဆောင်မူဖြင့် နိဗ္ဗာန်သို့ အမြန်ရောက်စေသော သာသနာရေးဖွံ့ဖြိုးရေးစီမံချက်များ စသည်တို့ကို အောင်မြင်စွာအကောင်ထည်ဖေါ်နိုင်မည် ဖြစ်သည်။

အထက်ပါအကြောင်းအရာများသည် အမြည်းခေါ် နမူနာမျှသာဖြစ်ပါသည်။ အသေးစိတ်သိလိုပါက မြဝတီသတင်းမှန်ပြန်ကြားရေးတွင် စုံစမ်းနိုင်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး

Chinese Syndicate on Thai-Myanmar Border

Linn Maung A Chinese Crime Network gang has taken over the western
ဆောင်းပါး

Education: Emerging Business in Myanmar

Linn Maung Foreign universities and institutions are the only sector in Myanmar
ဆောင်းပါး

ယုံကြည်မှုလိုအပ်နေတဲ့ ရိုဟင်ဂျာနေရပ်ပြန်ရေး

မြန်မာနိုင်ငံကရိုဟင်ဂျာတွေရဲ့အခြေအနေကိုထုတ်ဖော်ပြဖို့ လက်ခံဆောင်ရွက်နေတဲ့ ရှေ့ပြေးစီမံကိန်းဟာ သူတို့ရဲ့အတိဒုက္ခတွေအတွက် အဖြေတမျိုးထွက်လာစေပါသလား။ ဝမ်းနည်းစွာနဲ့ပဲပြောရရင် ရိုဟင်ဂျာတွေအိမ်ပြန်ဖို့အခွင့်အရေး အခုတော့မရှိသေးပါဘူး။
ဆောင်းပါး

“ ထိုင်းအတွက်အပြောင်းအလဲ” လို့မြည်ဟည်းနေတဲ့ ရွေးကောက်ပွဲ (ဘာသာပြန်)

ဆယ်စုနှစ်တခုနီးပါး ထိုင်းစစ်တပ်ကချိန်ညှိထားတဲ့ အုပ်ချုပ်မှုအပြီး ချောမွေ့တဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်လာဖို့ သေချာတဝက်၊ မသေချာတဝက်ဖြစ်လာနိုင်တဲ့အဆက်အစပ်ဖြစ်ရပ်တွေအပေါ်တောင်းဆိုမှုတွေများနေချိန်မှာ မေ ၁၄ ရက်၊ ထိုင်းရဲ့မျှော်လင့်ချက်တွေမြင့်မားနေတဲ့ရွေးကောက်ပွဲမှာ ထိုင်းမဲဆန္ဒရှင်တွေက အတိုက်အခံပါတီ Move Forward နဲ့ ဖွေထိုင်းတို့ကို ထူးထူးကဲကဲရွေးချယ်လိုက်ပါတယ်။
ဆောင်းပါး

ရွေးကောက်ပွဲတစ္ဆေ ခြောက်လှန့်ခံနေရတဲ့ ထိုင်း

လာမယ့် ထိုင်းရွေးကောက်ပွဲဟာ ပေါ့ပေါ့ပါးပါးမရှိဘဲ တစ္ဆေခြောက်သလိုဖြစ်နေပြီး ငွေအကြီးအကျယ်သုံးကာ ကတိကဝတ်တွေနဲ့ မဲဆွယ်နေကြပါတယ်။
ဆောင်းပါး

Geopolitics In South Asia

A flurry of recent trips by senior Chinese officials to Myanmar appear to be part of Beijing’s effort to counteract
ဆောင်းပါး အာစီယံဒေသတွင်း

သက်ဆင်နဲ့ယင်လပ်နောက်ပိုင်း ရှင်နာဝပ်ထရာမိသားစုဝင်တယောက် အာဏာရလာနိုင်သလား

ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အာဏာသိမ်းမှုမှာဖြုတ်ချပြီး ၁၇ နှစ်အကြာ အသက် ၃၆ နှစ်ရှိနေတဲ့ သူ့အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်ထရာဟာ မကြာသေးခင်လတွေက လူထုသဘောထားစစ်တမ်းတွေမှာ ဦးဆောင်နေပါတယ်။
ဆောင်းပါး

စာတစ်စောင်က ညွှန်းပြတဲ့ တော်လှန်ရေးဖောက်ပြန်သူ

စိုင်းခွန် ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာဟာ စစ်ကောင်စီရဲ့ အစုလိုက် အပြုံလိုက် လူသတ်မှု ကျူးလွန်မှုကြောင့် သတင်းမီဒီယာပေါ်မှာ ဆက်တိုက်ဖော်ပြခံရတဲ့ ကျေးရွာနာမည်တစ်ခု ဖြစ်ခဲ့ပါတယ်။