ဆောင်းပါး

ဝင်ရိုးသုံးချောင်း

မဲခေါင် 2 Jan - 2023
တာချီလိတ်ကနေ မြ၀တီအထိ သံလွင်မြစ်လက်တက်ဖြစ်တဲ့ သောင်းရင်းမြစ်ကြောတစ်လျှောက်ကတော့ တရုတ် - မြန်မာ - ထိုင်း သုံးပွင့်ဆိုင် စီးပွားရေးစင်္ကြန်အဖြစ် လုပ်ချင်ရာလုပ်လို့ရတဲ့ လွတ်မြောက်ကောင်းကင်ဘုံကြီး ဖြစ်လာနေခဲ့ပါပြီ။

မူးယစ်ဆေး၊ လူမှောင်ခို၊ လက်နက်မှောင်ခို၊ အွန်လိုင်းကာစီနိုလှည်စားမှုတွေအားလုံးအတွက် ဘေးကင်းလွတ်မြောက်ရာ ကောင်းကင်ဘုံကြီးဖြစ်လာနေပြီ။ ဒီလောက်ကြီးဖြစ်လာနေခဲ့တာက ထိုင်းနဲ့ မြန်မာ ဘက်က အေဂျင်စီတွေဟာ တရားမဝင်အဖွဲ့အစည်းတွေဆီကနေ အကျိုးအမြတ်ကောင်းကောင်းရယူပြီး ပူးပေါင်းဆောင်ရွက်ပေးလို့ ဖြစ်လာတယ်ဆိုတာကို ပြသနိုင်မယ့်အထောက်အထားတွေလည်း လုံလုံလောက်လောက်ရှိနေခဲ့ပြီ။

သီခြားဖြစ်တည်ခဲ့တဲ့ မှောင်ခိုကူးခံရတဲ့လူတွေ၊ လက်နက်၊ စိတ်ကိုပြောင်းလဲစေနိုင်တဲ့ မူးယစ်ဆေးဝါးတွေရဲ့ ဆက်စပ်မှုတွေက သူတို့ဟာ နိုင်ငံတကာက ဒုစရိုက်ဂိုဏ်းပေါင်းများစွာနဲ့ ကမ္ဘာကြည့်ကြည့်ပြီး ဆက်သွယ်လုပ်ဆောင်နေနိုင်တာကို မြင်သာစေတာပဲ။

ကရင်ပြည်နယ် မြ၀တီမြို့က ရွှေကုက္ကိုလ်တရုတ် ကာစီနိုအဆောက် အအုံကြီးက အွန်လိုင်းလှည့်စားလိမ်ညာမှုတွေကို နိုင်ငံတကာဆီ ပျံ့နှံ့လုပ်ဆောင်နေစေတဲ့ ပင်မရင်းမြစ်ဆိုတာ ခေါင်းကြီးသတင်းတွေအများအပြား ဖော်ပြခဲ့ကြပြီးပါပြီ။

ရွှေကုက္ကိုလ်ရဲ့ ယန္တယားဟာ အမြဲရပ်တန့်တယ်မရှိဘူး။ ဘယ်တော့မှ မအိပ်သော ရွှေကုက္ကိုလ်ပေါ့။ တကယ့်ကို စနစ်တကျစီစဉ်ဖွဲ့စည်းထားတဲ့ ဒုစရိုက်လုပ်ငန်းတို့ အခြေစိုက်ရာလွတ်မြောက်နယ်မြေလို့လည်း ဆိုနိုင်တယ်။

ဒီမြို့သစ်ကြီးဟာ နောက်ဆုံးပေါ်နည်းပညာတွေသုံးပြီး အကြီးမားဆုံး ဒစ်ဂျစ်တယ်လိမ်လည်မှုတွေ လုပ်နေတဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေးကိုလည်း အကြီးမားဆုံး ခြိမ်းခြောက်နေတယ်။

စစ်တပ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ ဒုက္ခသည်တွေ ပုံအောတည်ရှိလာပြီး ဒီဒုက္ခသည်တွေရဲ့ ဘ၀ဟာ အသက်ရှင်နေထိုင်စားသောက်နိုင်ဖို့ အခက်အခဲပေါင်းများစွာရှိခဲ့တော့ ဒီလိုလူတန်းစားတွေကို သူတို့က အဓိက ခိုင်းစေခံတွေအဖြစ် ပစ်မှတ်ထားနိုင်ခဲ့ကြတယ်။

ကရင်နယ်ခြားစောင့်တပ်ဆိုတဲ့ BGF က စစ်ကောင်စီရဲ့ ဝင်ငွေရင်းမြစ်တွေကို ဒီလိုတရုတ်ဒုစရိုက်သမားတွေနဲ့ ပေါင်းပြီး ရှာဖွေပေးတယ်။

အာဏာသိမ်းပြီးနောက် ကမ္ဘာလုံးဆိုင်ရာက အာဏာလု မြန်မာစစ်တပ်ကို ပိတ်ဆို့ အရေးယူမှုတွေ ဆက်တိုက်လုပ်ခဲ့တော့ သူတို့အတွက် ငွေရှာပေးနိုင်တဲ့ ဒီလိုဒုစရိုက်လုပ်ငန်းကြီးတွေ တိုင်းပြည်ထဲnအခြေချမင်းမူလာတာကိုလည်း မျက်လုံးကန်းနေသလားမှတ်ရအောင် မသိကျိုးကျွံ နေပြီးမှိန်းစားနေကြတာ ဖြစ်တယ်။

ဒီအခြေအနေတွေက ရှေ့လာမယ့် ရက်တွေမှာ စစ်တပ်က ဒီလုပ်ငန်းတွေကနေ ဝင်ငွေပိုရမယ်။ စနစ်တကျစီစဉ်ထားတဲ့ ဒုစရိုက်လုပ်ငန်းတွေကလည်း အရှိန်အဟုတ်ဆက်ကြီးထွားလာဖို့ သေချာနေပါပြီ။

အနှစ်ချုပ်ဆိုရရင် ရွှေကုက္ကိုလ်မှာပဲဖြစ်ဖြစ်၊ ဖိလစ်ပိုင်နဲ့ မက္ကာအိုမှာပဲ ဖြစ်ဖြစ် ကမ္ဘောဒီးယားနဲ့ လာအိုမှာပဲဖြစ်ဖြစ် ဘယ်မှာ အွန်လိုင်းလောင်းကစားလုပ်လုပ် မူအားဖြင့် အားလုံးအတူတူပဲဆိုတဲ့သဘောဖြစ်နေပြီ။ ဒီလုပ်ငန်းမှာ ခိုင်စေခံနေရတဲ့ လူမှောင်ခိုကူးခံ နိုင်ငံပေါင်းစုံက အလုပ်သမားတွေအတွက်လည်း လုပ်ခလစာ မပေးချင်လည်း မပေးဘဲ တရုတ်ဒုစရိုက်သမားတွေ ခြိမ်းခြောက်ရက်စက်မှုအောက်မှာ လုပ်ကြရတော့တာပါပဲ။ တရုတ်အစိုးရ အချီကြီးကြံနေတဲ့ ခါးပတ်လမ်းစီမံကိန်း (BRI Projects) မှာ နိုင်ငံတော်တော်များများဆီ အခြေခံ အဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ်မှုတွေ လုပ်နေတယ်။ ကာစီနို အဝန်းအဝိုင်းထဲမှာ ဇိမ်ခံသင်္ဘောကြီးတွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာ၊ လိမ်လည်မှု၊ လက်နက်နဲ့တခြားသော အရာ ပေါင်းများစွာက တစ်ဆက်တည်းပါတယ်။ အားလုံးသိထားပြီးကြအချက်အလက်ကတော့ တရုတ်ဟာ သူဝင်လာ ရာစျေးကွက်တိုင်းမှာ သူ့ပစ္စည်း၊ သူ့တည်ဆောက်မှုနဲ့သူ လာနေကြဆိုတဲ့အချက်ပဲ။ အရှေ့တောင်အာရှပဲဖြစ်ဖြစ် အာဖရိကပဲဖြစ်ဖြစ် ဖွဲ့ဖြိုးနေတဲ့စီးပွားရေးနယ်ပယ်ထဲကို တရုတ်စဝင်လာပြီဆိုရင် ပလက်ဖောင်းအသေးလေးတွေ ကနေစပြီးခေါင်းလျှိုဝင်တတ်ကြတာ သူတို့မူပဲ။

ပထမ ဒေသခံတွေအကျိုးကြည့်ပါတယ်ဆိုတဲ့သဘောမျိုးဖြစ်အောင် စားသောက်ဆိုင်လေးတွေ၊ ကာရာအိုကေ၊ ဗြူးတီးဆလွန်း၊ တရုတ်စာ၊ စကားသင်တဲ့ သင်တန်းလေးတွေနဲ့ စကြတယ်။ ဒါဟာ သက်ဆိုင်ရာဒေသလေးတွေမှာ ယာဉ်ကျေးမှုပုံစံကို လိုသလိုပုံသွင်းဖို့ စလုပ်တဲ့ အကွက်တွေပဲ။ အခု ရခိုင်ကျောက်ဖြူရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်းကလည်း ဒီပုံစံမျိုးနဲ့ပဲ အသွင်းပြောင်းမှုတွေကို လုပ်နေတာ။ နယ်မြေချဲ့ထွင်မှုတွေကို တိုးသထက်တိုးအောင် ချဲ့နေကြပြီ။

၂၀၂၀ ခုနှစ်တုန်းက ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းနဲ့ပတ်သက်လို့ ရန်ကုန်က တရုတ်သံရုံးဟာ သူတို့အစိုးရရဲ့ BRI စီမံကိန်းနဲ့ ဘာမှမဆိုင်ဘူးလို့ ငြင်းချက်ထုတ်ခဲ့ပါတယ်။

ဖြစ်နိုင်သလား။ တရုတ်အစိုးရဟာ ရွှေကုက္ကိုလ်အကြောင်း ဒီထက်ပိုပြီးဘာမှမပြောဘဲ နှုတ်ပိတ်နေခဲ့တယ်။ အခြေခံအားဖြင့် အေးအေးချမ်းချမ်းနဲ့ ငြိမ်းချမ်းစွာနေတယ်၊ ဘာသာတရားကိုင်းရှိုင်းတယ်၊ ဗုဒ္ဓဆိုဆုံးမမှုတွေကို လိုက်နာပြီး အအေးချမ်းဆုံးနေထိုင်တတ်တဲ့ မြန်မာ့ဒေသတွေမှာ BRI ဆိုတဲ့ စီမံကိန်းနာမည်သုံးပြီး တရုတ်ဟာ စနစ်တကျနဲ့လိုသလိုပုံဖော်နေခဲ့တာကတော့ ငြင်းမရနိုင်ပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။
ဆောင်းပါး

Anti-China Protests in Myanmar

Linn Maung The first visit by a senior member of the Chinese
ဆောင်းပါး

ဒုစရိုက်မြို့တော် ရွှေကုက္ကိုလ်က နိစ္စဓူဝဘ၀များ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အစွန်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်ကြီးဆိုတာ ဒုစရိုက်မြို့တော်ကြီးမှန်း ဒီနေ့ လူတိုင်းလိုလို သိနေကြပါပြီ။
ဆောင်းပါး

Chinese Syndicate on Thai-Myanmar Border

Linn Maung A Chinese Crime Network gang has taken over the western bank of the Moei River [ tributary of
ဆောင်းပါး

Education: Emerging Business in Myanmar

Linn Maung Foreign universities and institutions are the only sector in Myanmar that has advanced since the coup.
ဆောင်းပါး

ယုံကြည်မှုလိုအပ်နေတဲ့ ရိုဟင်ဂျာနေရပ်ပြန်ရေး

မြန်မာနိုင်ငံကရိုဟင်ဂျာတွေရဲ့အခြေအနေကိုထုတ်ဖော်ပြဖို့ လက်ခံဆောင်ရွက်နေတဲ့ ရှေ့ပြေးစီမံကိန်းဟာ သူတို့ရဲ့အတိဒုက္ခတွေအတွက် အဖြေတမျိုးထွက်လာစေပါသလား။ ဝမ်းနည်းစွာနဲ့ပဲပြောရရင် ရိုဟင်ဂျာတွေအိမ်ပြန်ဖို့အခွင့်အရေး အခုတော့မရှိသေးပါဘူး။
ဆောင်းပါး

“ ထိုင်းအတွက်အပြောင်းအလဲ” လို့မြည်ဟည်းနေတဲ့ ရွေးကောက်ပွဲ (ဘာသာပြန်)

ဆယ်စုနှစ်တခုနီးပါး ထိုင်းစစ်တပ်ကချိန်ညှိထားတဲ့ အုပ်ချုပ်မှုအပြီး ချောမွေ့တဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်လာဖို့ သေချာတဝက်၊ မသေချာတဝက်ဖြစ်လာနိုင်တဲ့အဆက်အစပ်ဖြစ်ရပ်တွေအပေါ်တောင်းဆိုမှုတွေများနေချိန်မှာ မေ ၁၄ ရက်၊ ထိုင်းရဲ့မျှော်လင့်ချက်တွေမြင့်မားနေတဲ့ရွေးကောက်ပွဲမှာ ထိုင်းမဲဆန္ဒရှင်တွေက အတိုက်အခံပါတီ Move Forward နဲ့ ဖွေထိုင်းတို့ကို ထူးထူးကဲကဲရွေးချယ်လိုက်ပါတယ်။
ဆောင်းပါး

ရွေးကောက်ပွဲတစ္ဆေ ခြောက်လှန့်ခံနေရတဲ့ ထိုင်း

လာမယ့် ထိုင်းရွေးကောက်ပွဲဟာ ပေါ့ပေါ့ပါးပါးမရှိဘဲ တစ္ဆေခြောက်သလိုဖြစ်နေပြီး ငွေအကြီးအကျယ်သုံးကာ ကတိကဝတ်တွေနဲ့ မဲဆွယ်နေကြပါတယ်။