ဆောင်းပါး

ရိုဟင်ဂျာလူငယ်တွေအတွက် ပညာရေးအခက်အခဲနဲ့ ပိုဝေးလာတဲ့ သူတို့ရဲ့ အနာဂတ်အရေး

မဲခေါင် 25 Feb - 2023
ဥတ္တရာ “စားနပ်ရိက္ခာအတွက် ပိုလိုချင်တယ်လို့ မပြောပါဘူး။ မြန်မာနိုင်ငံကို ချက်ခြင်းပြန်သွားချင်ပါတယ်။ တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေကို လိုချင်ပါတယ်။ ပညာဆက်သင်ခွင့် ရချင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အခြားတိုင်းရင်းသားတွေနဲ့အတူ ချစ်ခင်စွာ နေထိုင်ချင်ပါတယ်။ ကိုယ့်အမိမြေတိုးတက်အောင် အလုပ်လုပ်ချင်ပါတယ်” လို့ ကော့ဘဇားဒုက္ခသည်စခန်းက ဇာမာလ်ဟူဆိန်းက ပြောပါတယ်။

ဥတ္တရာ

“စားနပ်ရိက္ခာအတွက် ပိုလိုချင်တယ်လို့ မပြောပါဘူး။ မြန်မာနိုင်ငံကို ချက်ခြင်းပြန်သွားချင်ပါတယ်။ တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေကို လိုချင်ပါတယ်။ ပညာဆက်သင်ခွင့် ရချင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အခြားတိုင်းရင်းသားတွေနဲ့အတူ ချစ်ခင်စွာ နေထိုင်ချင်ပါတယ်။ ကိုယ့်အမိမြေတိုးတက်အောင် အလုပ်လုပ်ချင်ပါတယ်” လို့ ကော့ဘဇားဒုက္ခသည်စခန်းက ဇာမာလ်ဟူဆိန်းက ပြောပါတယ်။

ဇာမာလ်ဟူဆိန်း ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ စာသင်ပြပေးနေတဲ့ ကျောင်းဆရာတစ်ယောက်ပါ။ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျေးရွာတစ်ရွာကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးပြုလုပ်ကာ မီးရှို့ခဲ့ပါတယ်။ အဲဒီတုန်းက သူတို့မိသားစုလိုက် ၃ လကြာ ရွာတွေကို ရက်ရှည်ကျော်ြဖတ်ပြီး တစ်ရွာပြီးတစ်ရွာ ပုန်းခိုကြပေမယ့် နောက်ဆုံးမှာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည်တစ်ဦးအဖြစ် ထွက်ပြေးလာခဲ့ရပါတယ်။ သူတို့လိုပဲ ရိုဟင်ဂျာတွေဟာ သတ်ဖြတ်ခံမှာ စိုးရိမ်ရတာကြောင့် မြန်မာနိုင်ငံကို စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြရပါတယ်။

ဇာမာလ်ဟူဆိန်း ထွက်ပြေးတုန်းက အသက် ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသားတစ်ယောက်ပါ။ ဘင်္ဂလား‌ဒေ့ရှ်မှာ သူပညာဆက်လက်သင်ကြားခွင့် မရခဲ့ပါဘူး။ လက်ရှိမှာတော့ သူဟာ ဘင်္ဂလားဒေ့ရှ် ရှိ ကော့ဘဇား ဒုက္ခသည်စခန်းမှာ ယူနီဆက်က ခန့်အပ်ထားတဲ့ မူလတန်းပြဆရာ အဖြစ် ပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာတစ်ဦးပါ။

“ကျွန်တော်က KG ကနေ ၃တန်းအထိသင်ပေးနေပါတယ်။ လစာကတော့ ဘင်္ဂလားဒေ့ရှ်ငွေ တစ်သောင်း ၃ ထောင်လောက် ရပါတယ်။ ဘာသာက မြန်မာစာ၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံ၊ ဘဝတွက်တာ၊ ကာယပညာ စတာတွေကို အဲဒါတွေသင်ပေးပါတယ်။ အင်္ဂလိပ်စာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆရာက သင်ပေးပါတယ်” လို့ ဇာမာလ်ဟူဆိန်း က ပြောပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်ခဲ့တဲ့ “ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး” မှာ ရိုဟင်ဂျာ ၂၄၀၀၀ ကျော်ကို မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လ လေ့လာမှု စစ်တမ်းအရ ခန့်မှန်းခြေ ရိုဟင်ဂျာ အမျိုးသမီးငယ်တွေနဲ့ မိန်းကလေးငယ်ပေါင်း ၁၈,၀၀၀ ထက်မနည်း မုဒိမ်းကျင့်ခံခဲ့ရကာ ရိုဟင်ဂျာ ၁၁၆,၀၀၀ ရိုက်နှက်ခံခဲ့ရပြီး ရိုဟင်ဂျာ ၃၆,၀၀၀ ကို မီးရှို့သတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရဲ့ အဆိုအရ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်ပြီး ရိုဟင်ဂျာ ၇၂၃,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် လာခဲ့တယ်လို့ သိရပါတယ်။

စာသင်ကြားရေးစင်တာတစ်ခုမှာ ကျောင်းသား ၇၀ ကနေ ၉၀ အထိရှိပြီး ရိုဟင်ဂျာဆရာတစ်ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆရာတစ်ယောက်ခန့်အပ်ထားပြီး အင်္ဂလိပ်စာကို ဘင်္ဂလားဒေ့ရှ်ဘက်က သင်ကြားကြပေမယ့် အင်္ဂလိပ်လို မပြောတတ်တဲ့ ဆရာတွေဖြစ်ကာ ရိုဟင်ဂျာကလေးတွေမှာ ဘင်္ဂလားဒေ့ရှ်ဆရာရဲ့စကားကို နားမလည်တာကြောင့် သင်ကြားပုံဟာ အသုံးဝင်မှု မရှိဘူးလို့ ရိုဟင်ဂျာလူငယ်တွေက ပြောပါတယ်။

စာသင်ချိန်ကို မနက် ၈နာရီမှ နေ့လည် ၁၂ နာရီအထိ နဲ့ နေ့လည် ၁၂ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ အတန်းတွေခွဲပြီး သင်ကြားပေးကာ မြန်မာနိုင်ငံတော်သီချင်းကို နေ့တိုင်းဆိုလေ့ရှိကာ မြန်မာ့ရိုးရာယဥ်ကျေးမှုကို မမေ့ပျောက်အောင် သင်ကြားပေးတာမျိုးတွေရှိတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့၊ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁.၁ သန်းရှိတယ်လို့ ပြောကြားထားပါတယ်။ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံတော့မှာမဟုတ်ဘူးလို့ တရားဝင် ကြေညာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာတွေကို သူတို့ရဲ့ စခန်းတွေ အပြင်မှာ တရားဝင် ပညာသင်ကြားခွင့် တားမြစ်ထားပါတယ်။ အဲဒီမူဝါဒဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားကြီးပြင်းလာသူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ (သူတို့ကို မွေးစာရင်းထုတ်ပေးတာမရှိဘူးလို့လည်း သိရပါတယ်)။

အချို့ ဒုက္ခသည်တွေဟာ တရားဝင်ပညာရေးသို့ ဝင်ရောက်ဖို့ သူတို့ရဲ့ အထောက်အထားတွေကို ဖုံးကွယ်ထားကြသော်လည်း အစိုးရသတိပေးချက်ကြောင့် ကျောင်းသားအများအပြား နှင်ထုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

၂၀၁၉ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားတဲ့ ရိုဟင်ဂျာဒုက္ခသည်စာရင်းဝင် Rahima Akter ဟာ ကော့ဘဇား အပြည်ပြည်ဆိုင်ရာတက္ကသိုလ်မှ ဥပဒေပညာသင်ကြားနေတဲ့ ဒုက္ခသည်တွေကို ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေက တက်ရောက်ခွင့်မပြုဘဲ နှင်ထုတ်ခံခဲ့ရပါတယ်။

၂၀၂၀ ခုနှစ်စာရင်းအရ ဒုက္ခသည်တွေရဲ့ သုံးပုံတစ်ပုံခန့်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေမှ ကြီးမှူးတဲ့ ယာယီစင်တာ တွေမှတစ်ဆင့် မူလတန်းပညာရေးကို တက်ရောက်နိုင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ် ဧပြီလမှာ UNICEF နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ဟာ ကိုးတန်းအထိ မြန်မာကျောင်း သင်ရိုးညွှန်းတမ်းကို ကိုးတန်းအထိ သင်ကြားမယ့် ရိုဟင်ဂျာကလေးငယ် တစ်သောင်း ကျောင်းမှာ ကျောင်းအပ်ဖို့ ရည်မှန်းထားတဲ့ ရှေ့ပြေးအစီအစဉ်ကို စတင်ခဲ့သော်လည်း ကျောင်းတွေက အသက်ကြီးတဲ့ ကျောင်းသားတွေဟာ သင်ကြားရေးစင်တာတွေကို မတက်ရောက်ဘဲ ကိုယ်ပိုင်ကျောင်းတွေ ပုဂ္ဂလိကကျောင်းတွေကိုသာ အားကိုးကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း အလယ်တန်းပညာရေးအထိသာ တက်ရောက်ကြပြီး တက်ရောက်ခဲ့တဲ့ အတန်းပညာတွေဟာ အာမခံချက်မရှိတာကြောင့် ၈ တန်း၊ ၉ တန်းရောက်ပါက သံဆူးကြိုးပတ်ပတ်လည်ခတ်ထားတဲ့ ဒုက္ခသည်စခန်းမှ အလုပ်ခိုးထွက်လုပ်ဖို့သာ စိတ်ကူးရှိကြတယ်လို့ သိရပါတယ်။

ယူနီဆက်ကပံ့ပိုးပေးတဲ့ငွေကို အပြည့်အ၀ အသုံးချတာမရှိဘဲ ရံပုံငွေရဖို့ ဟန်ပြသာ သင်ကြားရေးစင်တာတွေ ဖွင့်ထားတာဖြစ်ပြီး သင်ကြားရေးစင်တာကပေးတဲ့ လစာဟာ နည်းတာကြောင့် မြန်မာပြည်ကတည်းက ကျောင်းဆရာြဖစ်ကြတဲ့ ရိုဟင်ဂျာ ဆရာ၊ ဆရာမတွေနဲ့ လူငယ်အများစုဟာ ကွန်မြူနတီနဲ့ ပုဂ္ဂလိကသင်ကြားရေးက လစာပိုရတာကြောင့် အဲဒီဘက်သာ အားသန်ပြီး သင်ကြားပေးတာမျိုးလုပ်ကြတယ်လို့ ရိုဟင်ဂျာ လူငယ်တစ်ဦးက ပြောပါတယ်။

ရိုဟင်ဂျာတွေကို နိုင်ငံတွင်း ပေါင်းစည်းဖို့ မလိုလားတာကြောင့် ဘင်္ဂလားဒေ့ရှ် သင်ရိုးညွှန်းတမ်းကို အစိုးရက ခွင့်မပြုဘူးလို့လည်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ သင်ကြားရေးစင်တာတွေမှာ ခွင့်ပြုထားတဲ့ တစ်ခုတည်းသောဘာသာစကားတွေမှာ အင်္ဂလိပ်၊ မြန်မာနဲ့ အာရဗီ စကားတို့ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာမှ ရိုဟင်ဂျာစခန်းတွေရှိ ပုဂ္ဂလိကကျောင်းတွေဟာ အစိုးရခွင့်ပြုချက်မရှိလို့ ပိတ်ပစ်ရမယ်လို့ ကြေငြာကာ အဲဒီအချိန်မှစပြီး အစိုးရအာဏာပိုင်တွေက မြန်မာသင်ရိုးညွှန်းတမ်း သင်ကြားရေးကျောင်း တွေအပါအဝင် ရပ်ရွာအခြေပြု သင်ကြားရေးစင်တာအများအပြားကို ပိတ်ပစ်ကာ သူတို့ရဲ့ ပိုင်ဆိုင်မှု တွေကို သိမ်းဆည်းခဲ့ပါတယ်။

UNICEF မှ ကြီးမှူးတဲ့ မူလတန်းကျောင်းတွေဟာ အသက် ၁၄ နှစ်မှ ၁၈ နှစ်ကြား ကလေးတွေကို ဝန်ဆောင်မှုမပေးနိုင်တာကြောင့် အဲဒီကျောင်းတွေကို ဖန်တီးခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ရိုဟင်ဂျာ ကလေးငယ် ၃ သိန်းကျော်ဟာ သင်ကြားရေးစင်တာတွေမှာတက်ရောက်နေပြီး စင်တာ ၃၄၀၀ အနက် ၂၈၀၀ ကို ယူနီဆက်က ပံ့ပိုးပေးထားကာ ကျန်စင်တာတွေမှာ နိုင်ငံတကာအဖွဲ့ အစည်းတွေက ပံ့ပိုးပေးထားတာပါ။ အဲဒီစင်တာတစ်ခုမှာ ရိုဟင်ဂျာဆရာတစ်ယောက် ဘင်္ဂလားဒေ့ရှ် ဆရာတစ်ယောက်ထားရှိတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာ အမ်ဂျီအိုတွေ ပေါင်းပြီး ဒုက္ခသည်စခန်း ထဲမှာ သင်ကြားရေးစင်တာ တွေပြုလုပ်ပြီး ကလေးပျော်ရွှင်ဖွယ် ပုံစံနဲ့သင်ခဲ့တာရှိသလို အခုနောက်ပိုင်းမှာ MC ဆိုပြီး မြန်မာသင်ရိုးနဲ့ သင်ကြားနေတာရှိတယ်လို့ ရိုဟင်ဂျာလူငယ်အစည်းအရုံး တည်ထောင်သူ ကိုခင်မောင်က ပြောပါတယ်။

သင်ကြားရေးစင်တာမှာ စာြပနေတဲ့ ဆရာဆရာမတွေက အရည်အချင်းပြည့်ဝနေတဲ့ သူတွေတော့မဟုတ် တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းက ဘင်္ဂလာဒေ့ရှ်အစိုးရနဲ့ တတ်နိုင်သလောက် ပူးပေါင်းလုပ်နေတယ်ဆိုပေမယ့် သူတို့လုပ်နေတဲ့ ပုံစံမှာ မိမိတို့ လိုချင်တဲ့ ပုံစံမဟုတ်ဘူးလို့ သူကထပ်မံပြောပါတတယ်။

“ကျွန်တော်တို့ တစ်စိုက်မတ်မတ်တောင်းဆိုတာက (တရားဝင်ပညာရေး) Formally education ပါ။ သဘောက မြန်မာနိုင်ငံမှာ သင်နေတဲ့ပုံစံအတိုင်းသင်ပြဖို့ သင်မယ်ဆိုရင် အရည်အချင်းရှိနေတဲ့ ဆရာဆရာမ တွေလိုမယ်။ အခုလက်ရှိ ကန့်ထဲမှာ သင်ပြနေတဲ့ စာပြနေတဲ့ ဆရာဆရာမကတော့ အများစုက အရည်အချင်းသိပ်မရှိဘူး၊အရည်အချင်းမရှိတဲ့ ဆရာဆရာမတွေနဲ့ ပညာဆက်ပြခဲ့မယ်ဆိုရင်တော့ ဒါကထိရောက်မှုရှိမှာမဟုတ်ဘူး။ ဒါက ကျွန်တော်တို့ စိုးရိမ်ရတဲ့ အထဲပါနေတယ်၊သူတို့ စာပြနေတာက အရည်အချင်းရှိတဲ့ ဆရာဆရာမ မပါဘူး။သူတို့လုပ်နေတာက Informal (တရားမဝင်) ဒါနဲ့ ကျွန်တော်တို့ ဘယ်လိုမှ တိုးတက်မှာမဟုတ်ဘူး။ လိုနေတာက Formal Education။”လို့ ရိုဟင်ဂျာလူငယ်အစည်းအရုံး တည်ထောင်သူ ကိုခင်မောင်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ပညာရေးသင်ကြားရေးပုံစံ ၃ ပိုင်းရှိပြီး တစ်ပိုင်းက ယူနီဆက်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ရဲ့ သင်ကြားရေးစင်တာတွေမှာ သင်ကြားပေးတာ၊ နောက်နှစ်မျိုး ကတော့ တရားဝင်ခွင့်ပြုထားတာမဟုတ်ဘူးလို့ ဆိုပါတယ်။

“သူတို့တတ်နိုင်သမျှလုပ်နေပေမယ့် လုံလောက်မှုမရှိဘူး၊ကျွန်တော်တို့ ကွန်မြူနတီမှာလည်း CSO တွေ ပူးပေါင်းပြီး ကလေးတွေကို ပညာသင်နေတာတွေရှိတယ်။ အခမဲ့ဒါက တစ်မျိုး၊ ဒုတိယတစ်မျိုးက ပုဂ္ဂလိက ကျောင်းတွေရှိတယ်။ ဆရာ ၄ ၊ ၅ ယောက်နဲ့သင်တာ သူတို့မှာလည်း စားရိတ်စက ရှိတယ်။ ကွန်မြူနတီဘက်က လုပ်တာက အရည်အချင်းရှိတဲ့ ဆရာတွေက သင်ပြပေးနေတာ။ မြန်မာသင်ရိုး သုံးနေတယ်၊ကွန်မြုူနတီက ကန့်ထဲမှာလုပ်လို့မရတာကြောင့် သိပ်ခက်တယ်။” လို့ ကိုခင်မောင်က ထပ်မံပြောပါတယ်။

တရားဝင်သင်ကြားခွင့်ပေးထားတဲ့ သင်ကြားရေးစင်တာဟာ စည်းကမ်းတကျ လည်ပတ်နေတာမဟုတ်သလို အလယ်တန်းအဆင့်အထိသာသင်ကြားခွင့်ရှိတာဖြစ်ကာ အလယ်တန်းအဆင့်ဟာ အခုနှစ်မှ စတင်သင်ကြားပေးတာပါ၊

“သူတို့ စာမေးပွဲ စစ်တာဘာညာနဲ့ သိပ်စည်းကမ်းရှိရှိ လုပ်နေတာမဟုတ်ဘူး၊ ယူနီဆက်က သင်ကြားရေးစင်တာက မြန်မာသင်ရိုးနဲ့ လုပ်နေတယ်ပြောပေမယ့် မြန်မာသင်ရိုးလည်း မဟုတ်ဘူး။ အရည်အချင်းရှိနေတဲ့ ဆရာ ဆရာမတွေလည်း မရှိဘူး။ အခုလောလောဆယ် ၉ တန်း၊ ၁၀ တန်း မရှိဘူး/ အလယ်တန်းအဆင့်ပဲ ရှိတယ်။ အလယ်တန်းတောင် ဒီနှစ်မှ ဖွင့်တာ အရင်တုန်းက မရှိခဲ့ဘူး” လို့ ကိုခင်မောင်က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ရိုဟင်ဂျာ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ မကြာခဏတွေ့ဆုံပြီး ပညာရေးကိစ္စ ကူညီပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြသော်လည်း လက်တွေ့ အကောင်အထည်မဖော်နိုင်သေးဘူးလို့လည်း ကိုခင်မောင်က ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကလည်း ရိုဟင်ဂျာကွန်မြူနတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ပညာရေးကိစ္စဆွေးနွေးခဲ့တာတွေရှိကာ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်က “ ရိုဟင်ဂျာကွန်မြူနတီက ကျောင်းသူကျောင်းသားတွေ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ NUG နဲ့ ချိတ်ဆက်ထားတဲ့ အဆင့်မြင့်ပညာကျောင်းတွေ၊ တက္ကသိုလ်တွေ နဲ့ တွေဆုံမှုတွေလုပ်ခဲ့ပါတယ်။ သူတို့ကို နွေဦးတက္ကသိုလ်မှာ တက်ရောက်ခွင့်ပေးပြီးသားဖြစ်ပါတယ်။ သွားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒဟာ ဆိုရင် အားလုံးကို ပါဝင်ခွင့်ရဖို့ ပေးမှာြဖစ်ပါတယ်။ အားလုံးပါဝင်တဲ့ ပညာရေးပေါ့နော်။ဘယ်တိုင်းရင်းသားမှ ဘယ်အဖွဲ့အစည်းမှ ချန်ထားလို့ မရပါဘူး၊ အားလုံးကိုပညာသင်ကြားခွင့်ပေးတဲ့ ပညာရေးစနစ်ကို ကျွန်မတို့ သွားနေတာြဖစ်တဲ့အတွက် အခုကတည်းကနေ အားလုံးကို Community အားလုံးကို ပါဝင်ခွင့်ပေးဖို့ ကျွန်မတို့ လုပ်ဆောင်နေပါတယ်။ ဒါကြောင့် ဒီကျောင်းတွေမှာ လွတ်လွတ်လပ်လပ် တက်ရောက်ခွင့်ရှိတာြဖစ်ပါတယ်” လို့ ဆိုပါတယ်။

ရိုဟင်ဂျာ ကွန်မြူနတီ အပါအဝင် နယ်စပ်ဒေသနဲ့ migrant(ရွေ့ပြောင်း) ဒေသမှာရောက်ရှိနေတဲ့ ကျောင်းသူ ကျောင်းသားအားလုံးအတွက်လည်း inclusive education(အားလုံးပါဝင်တဲ့ ပညာရေး) ထဲမှာ ပါဝင်ပြီးသားဖြစ်ကာ သူတို့အတွက်လည်းဆောင်ရွက်နေတာတွေရှိပါတယ်လို့ သူက ထပ်မံပြောပါတယ်။

“သူတို့တွေ ကိုယ့်တိုင်းပြည်ကိုပြန်လာတဲ့ အခါ မှာပြန်ပြီးတော့ ဆက်လက်ပညာသင်ကြားချင်သူတွေ ဆက်လက်အသက်မွေးဝမ်းကြောင်းသွားချင်တဲ့ သူတွေ အဆင့်မြင့်ပညာသွားချင်တဲ့သူတွေ အားလုံး တက်နိုင်ဖို့ ဘက်ပေါင်းစုံက လုပ်နိုင်ဖို့ နည်းလမ်းတွေ ရေးဆွဲနေတာရှိပါတယ်။ရိုဟင်ဂျာနဲ့ ပတ်သက်လာရင်လည်း ကျောင်းသူကျောင်းသားတွေအတွက် အထူးအစီအစဥ◌်တွေအနေနဲ့ ဆက်လက်ဆောင်ရွက်သွားရဖို့ ရှိပါတယ်။ အဲဒီအတွက်အခုဆွေးနွေးနေတာတွေလည်းရှိပါတယ်” လို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်က ပြောပါတယ်။

မြန်မာပြည်ဘက်က ရိုဟင်ဂျာ လူငယ်တွေမှာလည်း ပညာသင်ကြားခွင့်က မှတ်ပုံတင်မရှိတာကြောင့် အကန့်အသတ်ဖြစ်နေတုန်းလို့ အဆင့်မြင့်ပညာကို တက်ရောက်ခွင့်မရခဲ့တဲ့ ရိုဟင်ဂျာ လူငယ်တစ်ဦးက ပြောပါတယ်။

“၂၀၁၆ မှာ ဘူးသီးတောင်ကနေ ၁၀ တန်းအောင်ခဲ့တယ်။ တက္ကသိုလ်တက်ဖို့ကြိုးစားခဲ့ပေမယ့် ရိုဟင်ဂျာဖြစ်လို့ တက်ခွင့်မရခဲ့ဘူး၊ နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုလျှောက်ခဲ့ပေမယ့် သူတို့က မှတ်ပုံတင်ထုတ်မပေးခဲ့ဘူး။ ကျွန်တော်တို့ မိဘတွေ ကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်တွေတောင်မှ ၁၉၇၂ မှာ ဦးနေဝင်းက နဂါးမင်းစစ်ဆင်ရေးဆိုတဲ့ ခေါင်းစဥ◌်အောက်မှာ အကုန်သိမ်းလိုက်တော့ သူတို့ သားသမီးတွေ ဖြစ်တဲ့ ကျွန်တော်တို့က မှတ်ပုံတင်ယူလို့ မရဘူးဖြစ်နေတယ်။” လို့ သူကဆိုပါတယ်။

လက်ရှိ မြန်မာပြည်ဘက်မှာရော ဘင်္ဂလားဒေ့ရှ်ဘက်မှာပါ ရိုဟင်ဂျာတွေ ပညာသင်ကြားခွင့်က အခက်အခဲတွေ ရှိနေဆဲပါ။ NUG က ဖွင့်လှစ်ထားတဲ့ နွေဦီးတက္ကသိုလ်တွေမှာလည်း တက်ရောက်သင်ကြားနိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ အကြံပေး ဦးအောင်ကျော်မိုးက “နွေဦးတက္ကသိုလ်မှာ တစ်ယောက်စ နှစ်ယောက်စတက်တာတော့ရှိတယ်။ မရှိဘူးလို့ပြောလို့ရတယ်။ သင်ကြားခွင့်မရှိဘူး ဟိုမှာက ဒီမှာလည်းစီစဥ်နေတုန်းရှိသေးတယ်။ ပညာသင်ကြားခွင့် ပိတ်ထားတယ် ဘလ အစိုးရက၊ အလုပ်လုပ်ခွင့်၊ ပညာသင်ကြားခွင့် ပိတ်ပင်ထားတယ် ရိုဟင်ဂျာတွေအတွက် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေက တရားဝင်ပညာသင်ကြားခွင့် မရှိဘူး၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက မြန်မာစာသင်ကျောင်းတွေကို ပေးမဖွင့်ဘူး၊ အဲဒီအတွက် ဘင်္ဂလားဒေ့ရှ်မှာ တရားဝင်ပညာသင်ကြားခွင့် ပိတ်ပင်ထားတယ်လို့ ပြောလို့ရတယ်”လို့ ပြောပါတယ်၊

ထို့အတူ မြန်မာပြည်က ကျန်ခဲ့တဲ့သူတွေဟာလည်း အထက်တန်းအထိသာတက်ရောက်ခွင့်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပုံစံ ၄ ဘင်္ဂလီ မှတ်ပုံတင်ကိုင်ဆောင်သူတွေကိုသာ စစ်တွေတက္ကသိုလ်မှာ တက်ရောက်ခွင့်ပြုတယ်လို့ ဆိုပါတယ်။

“မြန်မာပြည်ထဲကျန်ခဲ့တဲ့သူက အထက်တန်းထိပဲ တက်လို့ရတာပေါ့နော်။ တက္ကသိုလ်တက်ခွင့် ပိတ်ပင်ထားခဲ့တယ်၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သူတို့ပြန်ပေးတက်တာတွေ လုပ်လာတွေရှိတယ်။ စစ်ကောင်စီက အားလုံးကို ပေးတက်တာမဟုတ်ဘူး၊ စစ်တွေတက္ကသိုလ်မှာ တက်လို့ရတဲ့ ဘာသာရပ်တွေရှိတယ်။ အဲဒါကို သူတို့က ပုံစံ ၄ NVC (ခရီးသွားလာခွင့်ကတ်) ကိုင်ပြီး ဘင်္ဂလီဆိုပြီး ပြန်တက်ခိုင်းတဲ့ သဘောပဲ” လို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ အကြံပေး ဦးအောင်ကျော်မိုးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ဘက်ကတော့ လက်ရှိမှာ MOE ကနေ အွန်လိုင်းကနေ ဆွေးနွေးနေတာပဲရှိပြီး မြန်မာပြည်တွင်းမှာ အင်တာနက် connection လည်း ခက်ခဲနေတဲ့ အချိန်ဖြစ်တာရော ပြည်တွင်းက ကန့်တွေထဲမှာ နေထိုင်နေရတာတွေရောကြောင့် ပြည်တွင်းက ရိုဟင်ဂျာတွေအတွက် ပညာရေးအတွက်လုပ်ဆောင်ပေးနိုင်မှု မရှိသေးဘူးလို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ အကြံပေး ဦးအောင်ကျော်မိုးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထဲမှာ အမျိုးသမီးပညာသင်ကြားသူ နည်းပါးတာကြောင့် အထူးအစီအစဥ်အဖြစ် စစ်တကောင်းမြို့မှာ ရှိတဲ့ Asian University ကို ၉ တန်းနဲ့ တက်ရောက်ခွင့်ပြုထားတာလည်းရှိပြီး တက်ရောက်နေသူ ၄၀၀ ကျော်ရှိတယ်လို့ ရိုဟင်ဂျာကျောင်းဆရာတစ်ဦးထံမှ သိရပါတယ်။

ရိုဟင်ဂျာလူငယ်တွေရဲ့ စိတ်ကူးအိပ်မက်တွေကတော့ ဖက်ဒရာယ်ဒီမိုကရေစီ ပြည်ထောင်စု အမြန်ဆုံးရရှိပြီး မြန်မာပြည်ပြန်ကာ ပညာဆက်လက်သင်ကြားလိုကာ သူတို့မျှော်မှန်းတဲ့ လူသားတစ်ဦးရဲ့ အခြေခံရပိုင်ခွင့်တွေရရှိကာ တိုင်းရင်းသားတွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်လိုတာဖြစ်တယ်လို့ ရိုဟင်ဂျာလူငယ်အများစုက ပြောကြပါတယ်။

အဲဒီစိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ မြန်မာပြည်မှာ လူသားချင်းစာနာတတ်ပြီး လူမျိုး၊ ဘာသာ၊ ကိုးကွယ်မှု၊ ခံယူချက်တွေကို နားလည်သဘောပေါက်ကာ စုံလင်ကွဲပြားမှုနဲ့ သဟဇာတဖြစ်မှုတွေနဲ့ ပြည့်နေတဲ့ နေ့သစ်တွေ အမြန်ဆုံးရောက်ရှိလာမလား ဆိုတာကတော့ စောင့်မျှော်ကြည့်ရုံသာ။ ။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

ကြားကာလပညာရေးအလှမ်းဝေးနေဆဲ… (သို့မဟုတ်) နွေဦးတော်လှန်ရေးနဲ့ကြားကာလ ပညာရေး

“ကျွန်တော်တို့ စိတ်ခံစားချက်တစ်ခုနဲ့ ခလေးတွေရဲ့ပညာရေး မနှောင့်နှေးစေချင်ဘူး” ဟု ကျောင်းနေအရွယ်သားသမီး သုံးဦးရှိသူ အငှားယာဉ်မောင်း ကိုစိုးမောင်(အမည်လွှဲ) ကသူ၏ခံစားချက်ကို ရင်ဖွင့်ပြောဆိုသည်။
ဆောင်းပါး

UWSA ရဲ့ အစပျိုးစီမံကိန်း သို့မဟုတ် တရုတ်စီမံကိန်း

သဘာ၀ရေစီးကြောင်းစွမ်းအင် ရေးအားလျှပ်စစ် ကုမ္ပဏီ (NCEH) ဆိုတာ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) စီမံဖွဲ့စည်းထားတဲ့ ကုမ္ပဏီဖြစ်ပြီး နမ္မတူ(မြစ်ငယ်)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

New Troubles in North

Beginning in September 2023, Muse, a commerce hub on the Sino-Myanmar border, saw a number of raids on illicit casinos,

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

BRICS နဲ့ G 20 မှာပါဝင်တဲ့ တရုတ်ရဲ့ ရပ်တည်ချက်နဲ့ အနာဂတ် သက်ရောက်မှုများ

BRICS (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ စီးပွားရေး မဟာမိတ်နိုင်ငံများအဖွဲ့)၊ G 20 (အချုပ်အခြာအာဏာပိုင် ၁၉ နိုင်ငံနဲ့ ဥရောပ၊ အာဖရိက သမဂ္ဂ တွေပေါင်းထားတဲ့ မဟာမိတ်အဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

How To Contain Energy Crisis In Myanmar

Energy prices in Myanmar have increased significantly since the coup, whether it be for power, gas, or petroleum.

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Chinese Online Scams Using Tachilek Base to Target International Victims

At the end of 2020, Lynn, a Cambodian, rushed to help her friend, Long Fei, she thought was being held

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

USWA initiative or China!

Natural Current Energy Hydropower Company (NCEH), a business operated by the United Wa State Army (USWA), has been working to

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Position in BRICS & G20 and Future Effects

Although China's membership in the BRICS and G20 may serve as major pillars of global governance, it is necessary to

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now