ဆောင်းပါး

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ အခန်း ၆ – အခြားသော ရာဇဝတ်မှုများ

မဲခေါင် 30 Jan - 2023
အရှေ့မှာတင်ပြခဲ့တဲ့ မူးယစ်ဆေးမှောင်ခိုမှု၊ တောရိုင်းတိရစ္ဆာန်မှောင်ခိုမှု၊ လူမှောင်ခိုမှုတွေအပြင်  ရွှေတြိဂံဒေသ မှာ တခြားသော ရာဇဝတ်မှုပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ ဒီဒေသမှာ တရားမဝင်တဲ့ မိုင်းတွင်း၊ သစ်မှောင်ခိုမှု၊ ရှေးဟောင်းပစ္စည်းမှောင်ခိုမှုနဲ့ လက်နက်ထုတ်လုပ်ရောင်းချမူတွေဟာလည်း ကမ္ဘာ့အကြီးမားဆုံးသော ဒုစရိုက်ရပ်ဝန်းကြီးအဖြစ် တည်ရှိနေပါတယ်။

ဘာတေးလစ်တနာ

(MKF -001 ဘာသာပြန်ဆိုသည်)

အရှေ့မှာတင်ပြခဲ့တဲ့ မူးယစ်ဆေးမှောင်ခိုမှု၊ တောရိုင်းတိရစ္ဆာန်မှောင်ခိုမှု၊ လူမှောင်ခိုမှုတွေအပြင်  ရွှေတြိဂံဒေသ မှာ တခြားသော ရာဇဝတ်မှုပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ ဒီဒေသမှာ တရားမဝင်တဲ့ မိုင်းတွင်း၊ သစ်မှောင်ခိုမှု၊ ရှေးဟောင်းပစ္စည်းမှောင်ခိုမှုနဲ့ လက်နက်ထုတ်လုပ်ရောင်းချမူတွေဟာလည်း ကမ္ဘာ့အကြီးမားဆုံးသော ဒုစရိုက်ရပ်ဝန်းကြီးအဖြစ် တည်ရှိနေပါတယ်။

တန်ကြေးအကြီးဆုံးသော မိုင်းတွင်းလုပ်ကွက်အဖြစ် မြေရှားသတ္တုထုတ်လုပ်မှုဟာ ရွှေတြိဂံဒေသရဲ့ ဒုစရိုက် ဝင်ငွေရင်းမြစ်တစ်ခုအဖြစ် တည်ရှိနေတယ်။ ဆဲလ်ဖုန်း၊ ကွန်ပျူတာ၊ လျှပ်စစ်ကား၊ လေဆာ၊ ရေဒါ၊ ဆိုနာ စတဲ့ လက်နက်ထိန်းချုပ်ပစ္စည်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ တွင်းထွက်ပစ္စည်းက မြေရှားသတ္တုပါ။ ဒီမြေရှားသတ္တု နဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ပိုကုန်လိုင်စင် ထုတ်ပေးထားခြင်းမရှိလို့ ထုတ်လုပ်ကုန်သွယ်မှုဟာ တရားမဝင်ပါ ဘူး။ ဒါပေမဲ့ မြန်မာအာဏာသိမ်းစစ်တပ်ဟာ “ဝ” သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ အပစ်အခတ်ရပ်စဲ ရေးစာချုပ်ချုပ်အပြီး မျက်လုံးပိတ်နားကန်အနေအထားနဲ့ မြန်မာ့အဖိုးတန်တွင်းထွက်ဖြစ်တဲ့ မြေရှားသတ္တုတွေကို “ဝ” စစ်တပ်က ထုတ်လုပ်ရောင်းချနေတာကို မျက်ကွယ်ပြုထားတယ်။ 

မြေရှားသတ္တုမိုင်းတွင်းအများစုရှိရာဒေသတွေက “ဝ” စစ်တပ် နယ်ထဲမှာရှိတယ်။ “ဝ” တပ် အင်အားကြီးထွားလာခြင်းနောက်ကွယ်မှာ အဓိက ဝင်ငွေရင်းမြစ်က ဒီမြေရှားသတ္တုတွေကို တရုတ်ဆီ ရောင်းချရာက ရတာပါ။ တရုတ်က ဒီမြေရှားသတ္တုစျေးကွက်မှာ ကမ္ဘာကိုချုပ် ကိုင်ထားပြီး မြန်မာနိုင်ငံကနေ ဒီသတ္တုကို ထုတ်တာ ပြည်ပနိုင်ငံတွေ သတိမထားမိကြဘူး။ 

ကျောက်စိမ်းလိုပဲ မြေရှာသတ္တုတွေဟာ ထိုင်းနဲ့တရုတ်နိုင်ငံတွေကို စီးဆင်းတယ်။ အဲဒီနိုင်ငံတွေမှာ မြေရှားသတ္တု မထုတ်ပေမယ့် မြန်မာနိုင်ငံက မြေရှားသတ္တုနဲ့ ကျောက်စိမ်းကို ပို့ကုန်လုပ်ငန်းလိုင်စင်တွေ ထုတ်ပေးပြီးတရားဝင် အဖြစ် ရောင်းချနေကြတာဖြစ်တယ်။ 

ဒီလို ကုန်သွယ်ခြင်းဟာ ထိုင်းနဲ့တရုတ်ဘက်က ပို့ကုန်လိုင်စင်ထုတ်ပေးဖို့ တစ်ဝက်တစ်ပျက် တရားဝင်သလိုဖြစ်နေရတာမျိုး။ ဒါ့အပြင် ဘုရားကျောင်းကန်တွေက ရှေးဟောင်း ဆင်းတုတွေ၊ ပေစာကျမ်းစာတွေ၊ ရှေးဟောင်း ဒင်္ဂါးနဲ့ ရတနာပစ္စည်းတွေဟာလည်း ရွှေတြိဂံဒေသကို အခြေပြုပြီး ထိုင်းကနေ အနောက်ဥရောပအထိ မှောင်ခိုစျေးကွက်ကြီးအဖြစ် နှစ်ပေါင်းများစွာ ဖြစ်တည်ခဲ့တယ်။ ဒါပေမဲ့ အနောက်နိုင်ငံ တွေက ဒီရှေးဟောင်းမှောင်ခိုစျေးကွက်ကို တားမြစ်ချုပ်ထိန်းမှုတွေလုပ်ခဲ့တော့ အနောက်နိုင်ငံစျေးကွက်တွေကို စီးဆင်းမှု ခက်ခဲသွားပြီး နောက်ဆုံးတော့ တရုတ်စျေးကွက်ဆီကိုပဲ စီးဆင်းဖြစ်တည်လာတော့တယ်။ ဒီလို ရှေးဟောင်းပစ္စည်းတွေဟာ မြန်မာနိုင်ငံမှာပဲ အများအားဖြင့် ရှိနေတာဖြစ်ပြီး သမိုင်းဝင် စေတီ၊ ဌာပနာ၊ ဘုရား ကျောင်းကန်တွေမှာပဲ ရှိနေရာက ဒီနေ့ ရှာမှရှားရလောက်အောင်ကို ပျောက်ကွယ်ကုန်ကြပါပြီ။ 

သစ်မှောင်ခိုလုပ်ငန်းဟာလည်း ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တရားဝင်ရော၊ တရားမဝင်ရော ထုတ်လုပ်ရောင်းချခဲ့လို့ မြန်မာပြည်မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ တောပြုန်းသွားခဲ့ပါ‌ပြီ။ ဘယ်လောက်တောင် ဝင်ငွေတွေရခဲ့သလဲဆိုတာလည်း အတိအကျမသိနိုင်ခဲ့ကြပေမယ့် ဒေါ်လာ ဘီလီယံချီရှိမှာကတော့ အသေအချာပါပဲ။ 

လက်နက်ထုတ်လုပ်မှုတွေဟာလည်း ရွှေတြိဂံကို အခြေပြုပြီး တည်ရှိနေတယ်။ ရှမ်းနဲ့ ကချင်ပြည်နယ်မှာ လက်နက်ထုတ်လုပ်ပြီး ကိုယ်ပိုင်တပ်တွေသုံးဖို့အပြင် မှောင်ခိုအဖြစ်နဲ့ တင်ပို့ရောင်းချမှုတွေလည်း ရှိတယ်။ တစ်ချိန်က ဗမာကွန်မြူနစ်ပါတီ (ဗကပ) ကခွဲထွက်လာတဲ့ ကချင်လက်နက်ကိုင်တပ်တွေရဲ့ အဓိက ဝင်ငွေရင်းမြစ်က လက်နက်ထုတ်လုပ်ရောင်းချမှုကရတယ်။ ကေအိုင်အေနဲ့ “ဝ” UWSA တပ်တွေမှာ လက်နက် ထုတ်စက်ရုံတွေရှိတယ်။ ကုန်ကြမ်းတွေကို တရုတ်ကသွင်းတယ်။ လက်နက်ထုတ်ဖို့နည်းပညာကို တရုတ်အင်ဂျင် နီယာတွေက လာရောက်လုပ်ကိုင်ပေးတယ်။ ဒီလက်နက်တွေဟာ လူမျိုးစု လက်နက်ကိုင်တွေဆီ ရောင်းချတယ်။ အိန္ဒိယအရှေ့မြောက်ပိုင်း မဏိပူရနဲ့နာဂလန်းက လက်နက်ကိုင်တပ်တွေဆီ မှောင်ခိုအဖြစ် တင်သွင်းရောင်းချ ကြတယ်။ 

၁၉၈၉ ခုနှစ်က မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်အပြီး နောက်ပိုင်း ရွှေတြိဂံဒေသဟာ ဥပဒေမဲ့တိုင်းပြည်အဖြစ်နဲ့ ဒုစရိုက်လုပ်ငန်းပေါင်းစုံ စုဝေးရာနေရာဖြစ်လာတယ်။ မြန်မာစစ်တပ်ဘက်က ဒီတိုင်းရင်းသားလက်နက်ကိုင်တွေကို ကြိုက်တဲ့လုပ်ငန်းတွေ လုပ်ချင်ရာလုပ်ခွင့်ပြုပေးခဲ့ လို့လည်း ရွှေတြိဂံဒေသဟာ လုပ်ချင်ရာလုပ်နိုင်တဲ့ ကောင်းကင်နိုင်ငံကြီးဖြစ်လာခဲ့တယ်။ ဘိန်း၊ ဘိန်းဖြူကနေ ဒီနေ့ မက်သဖက်တမင်းခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးဝါးတွေ ထုတ်လုပ်ရာရပ်ဝန်းဖြစ်လာတယ်။ မြေရှားသတ္တု မိုင်း လုပ်ငန်းတွေကနေလည်း ဒေါ်လာသန်းပေါင်းများစွာ မှောင်ခိုကူးရာ ဇုန်ကြီးလည်းဖြစ်နေတယ်။ 

သွေးကျောက်စိမ်း ကုန်ကူးခြင်း

ကျောက်စိမ်းကုန်ကူခြင်းဟာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး ကုန်သွယ်မှုလုပ်ငန်းဖြစ်တယ်။ မြန်မာနယ်စပ် ဒေသတွေမှာ အဓိက ကုန်သွယ်မှောင်ခိုလုပ်ငန်းကြီးလည်းဖြစ်တယ်။ အရည်အသွေးမြင့်မားတဲ့‌ ကျောက်စိမ်းအဓိ က ထွက်ရာဒေသက ကချင်ပြည်နယ်အနောက်ပိုင်း ဖားကန့်မြို့မှာပါ။ ဒီဒေသမှာ ကျောက်စိမ်းမိုင်းလုပ်ငန်းတွေ ကိုလုပ်ခဲ့တာ နှစ်ပေါင်း ၁၀၀၀ ကျော်ကြာခဲ့ပါပြီ။ အဓိက စျေးကွက်ကတော့ ကျောက်စိမ်းကို အမျိုးသားရတနာ အဖြစ် တန်ဖိုးထားတဲ့ တရုတ်နိုင်ငံပဲ။ ကောင်းကင်ဘုံက ကျောက်တုံး (Stone of Heaven) လို့ တရုတ် တွေက တင်စားခေါ်ဝေါ်ကြတယ်။ စစ်ဖြစ်တဲ့အချိန်ကလွဲရင် ဖားကန့်က ကျောက်စိမ်းတွေဟာ တရုတ်စျေးကွက် ကို စီးဆင်းမှုမပြတ်ဘူး။ နယ်စပ်စည်း ပြန်ဖွင့်လိုက်တာနဲ့ ကျောက်စိမ်းရောင်းဝယ်မှုဟာ တရားဝင်ဖြစ်တည်နေတာပဲ။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ကျင့်သုံးတဲ့ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ မြန်မာစစ်တပ်က ကျောက်စိမ်း ရောင်းဝယ်မှုကို တရားမဝင်အဖြစ် သတ်မှတ်ခဲ့သေးတယ်။ ဒါပေမဲ့လည်း မြန်မာစစ်တပ်ခေါင်းဆောင် အဆက်ဆက်က အကျင့်ပျက်လာဘ်စားခဲ့ကြလို့ တရားမဝင်ပိတ်ပင်ထားလည်း ကျောက်စိမ်းစျေကွက်က တရုတ်ကို စီးဆင်းမပြတ်ခဲ့ဘူး။ ဒီနေ့အထိလည်း အခွန်မဆောင်ချင်လို့ တရုတ်ကို ကျောက်စိမ်းမှောင်ခိုတင်သွင်းနေတဲ့ စျေကွက်ကြီးက ကြီးမားစွာတည်ရှိနေဆဲပါပဲ။ 

တရုတ်ပြည်တွင်းစစ်ပွဲအပြီး တရုတ်ပြည်သူသမ္မတနိုင်ငံတော်အဖြစ် ကြေညာချိန် ၁၉၄၉ ခုနှစ်မှာ နယ်စပ်ကုန် သွယ်မှုကို ပြန်ပိတ်လိုက်တယ်။ ၁၉၉၀ ပြည့်လွန်နှစ်ပိုင်းတွေမှာတော့ တရုတ်နဲ့မြန်မာအစိုးရတို့ နယ်ခြားစည်း ဖွင့်ပြီး လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်ပြန်ယူခဲ့တယ်။ ဒီကြားကာလတွေမှာလည်း မြန်မာ့ ကျောက်စိမ်းဟာ တရုတ်ကိုတိုက်ရိုက်မဝင်နိုင်တောင် မြန်မာနိုင်ငံမြောက်ပိုင်းကနေ ထိုင်းမြောက်ပိုင်း ချင်းမိုင် ဒေသကနေတစ်ဆင့် တရုတ်ကို မှောင်ခိုကုန်သွယ်မှု လုပ်ခဲ့ကြတာပဲ။ ထိုင်းက မြန်မာကျောက်စိမ်းတွေကို တရားဝင် ကုန်သွယ်မှုအဖြစ် ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ စင်ကာပူနိုင်ငံတွေကို တရားဝင် တင်ပို့ရာ ဗဟိုချက်တောင် ဖြစ်လာသေးတယ်။ 

ကချင်ပြည်နယ်က ဖားကန့်မြို့ဟာ ရွှေတြိဂံဒေသက မဟုတ်ပေမယ့် ဒီကျောက်စိမ်း တွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက ရွှေတြိဂံဒေသကို ဖြတ်ပြီးမှောင်ခိုကူးကြတာဖြစ်တယ်။ ကျောက်စိမ်း ၊ ဘိန်း၊ မူးယစ်ဆေးအကုန်လုံးက ရွှေတြိဂံကပဲ ဖြတ်ထွက်တာ။ ကျောက်စိမ်းထွက်တဲ့ အဓိက နေရာတွေကို ကချင် လက်နက်ကိုင် ကေအိုင်အေတပ်က ထိန်းချုပ်ထားတယ်။  မြန်မာနိုင်ငံဥပဒေအရ ကျောက်စိမ်းထုတ်လုပ်ရောင်း ချမှုဟာ တရားဝင်ခွင့်မပြုထားပေမယ့် စစ်အစိုးရအဆက်ဆက် လုပ်စားခဲ့လို့ စဉ်ဆက်မပြတ်ကို ထုတ်လုပ် ရောင်း ချနေကြတာပါ။ ကေအိုင်အေက ထိုင်းနယ်စပ် ကူမင်တန်တရုတ်ဖြူတပ်တွေစစ်စခန်းတွေဆီ ပို့ဆောင်ပေးတယ်။ 

ကူမင်တန်တပ်ကို ထိုင်းအစိုးရက အသိအမှတ်ပြုနေရာပေးထားပြီး နယ်ခြားစောင့်တပ်အဖြစ်တောင် အသက်သွင်းသတ်မှတ်ပေးထားလို့ ကျောက်စိမ်း၊ မူးယစ်ဆေးမှောင်ခိုစျေးကွက်ဟာ ထိုင်း-မြန်မာနယ်စပ်ကနေ ကမ္ဘာတစ်ဝန်းအထိ ဖြန့်ကျက်နိုင်ခဲ့တာဖြစ်ပါတယ်။  ကူမင်တန်စစ်တပ်စခန်းတစ်ခုက ထိုင်း-မြန်မာ နယ်စပ် Tam Ngob တမ်ငေါ့ မှာရှိတယ်။ ဒီခေါင်းဆောင်က ချင်းမိုင်မှာ အိမ်ကြီးရခိုင်နဲ့ အခြေချနေထိုင်တယ်။ သူက ကျောက်စိမ်းနဲ့ ဘိန်းမှောင်ခိုလုပ်ငန်းတွေကို ထိုင်းအစိုးရရဲ့ အကာအကွယ်ပေးထားမှုကနေ ကောင်းကောင်းအသုံးချပြီး စီမံ လုပ်ကိုင်တယ်။ Tam Ngob မှာလည်း ကေအိုင်အေ စခန်းတစ်ခု ထိုင်ထားတယ်။ ထိုင်းကနေ လက်နက်တွေကို အဲဒီမှာအခြေစိုက်ပြီး တရားဝင် ဝယ်ယူကြတယ်။ 

ကချင်က ကျောက်စိမ်းတွေကို သယ်ချသွားပြီး ထိုင်းကလက်နက်တွေကို ပြန်ဝယ်ယူသယ်ဆောင်ကြတယ်။ ထိုင်းအနောက်မြောက်ပိုင်း ချင်းရိုင်မြို့နားက မဲ့စလောင်မှာလည်း နောက်ထပ် ကူမင်တန်ဗိုလ်ချုပ် တစ်ဦး စခန်းထိုင်ထားတယ်။ ဘိန်းဘုရင်တွေဖြစ်တဲ့ လော်ဆစ်ဟန်နဲ့ ခွန်ဆာတို့ဟာလည်း ကျောက်စိမ်းမှောင်ခိုမှုတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ကြသူတွေထဲ ပါဝင်ခဲ့ကြတယ်။

ဒီနေ့မှာတော့ မြန်မာ့ကျောက်စိမ်းစျေးကွက် ဗဟိုတည်ချက်က ထိုင်းနိုင်ငံမဟုတ်တော့ဘူး။ တရုတ်က မြန်မာ စစ်ကောင်စီနဲ့ပေါင်းပြီး တရားဝင်နယ်စပ်ကုန်သွယ်မှုသဘောတူညီချက်ယူခဲ့လို့ ဖားကန့်ကနေ တရုတ်နယ်စပ် ဒေသမှာ တရားဝင် ကျောက်စိမ်းစျေးကွက်ကြီးဖွင့်ပြီး ကမ္ဘာချီလို့ အွန်လိုင်းကနေ Live လွှင့်ရောင်းတဲ့ စင်တာ ကြီးတောင် တရုတ်-မြန်မာ နယ်စပ်မှာရှိနေပါပြီ။ ဒါကြောင့်လည်း ဖားကန့်ဒေသဟာ လကမ္ဘာအသွင်ဖြစ်နေခဲ့ ပါပြီ။ ဒီစျေးကွက်ကြီးထဲမှာ ရွှေတြိဂံဒေသက မူးယစ်ရာဇာတွေလည်း ပေါ်ပေါ်တင်တင် ပါဝင် စီးပွားရှာနေကြ ပါတယ်။ ဖားကန့်ကျောက်စိမ်းမှော်တွေမှာ မြန်မာနိုင်ငံသားတွေကတော့ ရေမဆေးကျောက်ရှာဘ၀နဲ့ မြေစာပုံ တွေပိပြီး အသက်ပေါင်းများစွာ သေဆုံးနေခဲ့ကြရလို့လည်း ဒီကျောက်ကို သွေးကျောက်စိမ်းလို့ ခေါ်ဆိုနေကြ တာဖြစ်ပါတယ်။ 

မြေရှားသတ္တုမိုင်း

၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်ကာလတွေမှာ မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အများစုနဲ့ အပစ် အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးစာချုပ်တွေချုပ်ခဲ့တယ်။ ဒါကြောင့် မိုင်းတွင်းလုပ်ကွက်တွေကိုလည်း ဒီတိုင်းရင်း သားလက်နက်ကိုင်တွေကို လုပ်ခွင့်ပေးရတယ်။ တရားဝင်ရော၊ တရားမဝင်မိုင်းတွင်းလုပ်ကွက်တွေကို တရုတ် တွေကပဲ လက်ဝါးကြီးအုပ်ထားတယ်။ မြေရှားသတ္တုတွေကို ဒီနယ်မြေတွေမှာ မဟားဒရား ထုတ်ယူကြတယ်။ ၂၀၂၁ စက်တင်ဘာလက Roskill ရော့စ်ကေး သုတေသနအဖွဲ့အစီရင်ခံစာမှာ ၂၀၂၀ ခုနှစ်အတွင်း တရုတ်နိုင်ငံထုတ် လျှပ်စစ်ပစ္စည်းအားလုံးအတွက် လိုအပ်တဲ့ မြေရှားသတ္တုတွေရဲ့ ထက်ဝက်ဟာ မြန်မာနိုင်ငံက ရရှိတာလို့ ဖော်ပြခဲ့တယ်။ တရုတ်အစိုးရပိုင် အင်တာပရိုက်စ် (SOEs) အားလုံးရဲ့ ပြီးခဲ့တဲ့လေးနှစ်အတွင်း အဓိကလိုအပ်ချက် မြေရှားသတ္တုအားလုံးဟာ မြန်မာနိုင်ငံကပဲ လာတာလို့ ဖော်ပြခဲ့တယ်။ 

မြန်မာနိုင်ငံက မြေရှားသတ္တုမိုင်းတွင်းတွေဟာ “ဝ” – UWSA ဒါမှမဟုတ် ကချင်ဒီမိုကရက်တစ်တပ်မတော်သစ် ( New Democratic Army-Kachin (NDA-K)) ထိန်းချုပ်နယ်မြေတွေထဲမှာ ရှိတယ်။ NDA-K ဟာလည်း တစ်ချိန်က ဗကပ ကနေခွဲထွက်လာတာဖြစ်ပြီး ၁၉၈၉ ခုနှစ်က မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးယူ လိုက်တယ်။ ပန်ဝါမှာ အခြေစိုက်တယ်။ ၂၀၀၉ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းပြီး နယ်ခြားစောင့်တပ် အဖြစ် ဆက်လက် ရပ်တည်နေတယ်။ မြန်မာအစိုးရနဲ့မပတ်သက်ဘဲ မြေရှားသတ္တုမိုင်းတွေကို NDA-K ကပဲ စီမံပြီး တရုတ်ကို ရောင်းတယ်။ မြန်မာနိုင်ငံဟာ ဒီပုံစံနဲ့လုပ်ကိုင်ရင်းက အမေရိကန်နဲ့တရုတ်ပြီးရင် ကမ္ဘာမှာ မြေရှား သတ္တုအများဆုံးထုတ်လုပ်တဲ့ နိုင်ငံစာရင်းဝင်သွားတယ်။ တရုတ်ဟာ မြေရှားသတ္တု အဓိက သန့်စင်ထုတ်လုပ် တဲ့ နိုင်ငံကြီးဖြစ်ပေမယ့် မြန်မာနိုင်ငံကမြေရှားသတ္တုတွေကိုပဲ အဓိက ထုတ်ယူနေခဲ့တာဖြစ်ပါတယ်။ 

တရားမဝင် သစ်ထုတ်လုပ်မှု

၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး စာချုပ်တွေချုပ်ဆိုလိုက်ရာက ဒီလက်နက်ကိုင်အဖွဲ့တွေဟာ ရွှေတြိဂံဒေသကိုဖြတ်ပြီး တန်ဖိုးမြင့် မြန်မာ့ ကျွန်းသစ်တွေကို တရုတ်ဘက် တင်ပို့ကြတယ်။ နေ့တိုင်း သစ်ကားအစင်းပေါင်း ရာချီပြီး သစ်မှောင်ခိုလုပ်ခဲ့ လို့ မြန်မာနိုင်ငံအနှံအပြားမှာ တောပြုန်းကုန်ပြီ။ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Global Witness  ရဲ့ ၂၀၀၆ ခုနှစ်အစီရင်ခံစာမှာ တရားမဝင်မြန်မာ့သစ်မှောင်ခိုလုပ်ငန်းကနေ တစ်နှစ် ဒေါ်လာ သန်း ၂၅၀ ကျော်အထိ ရှာဖွေ နိုင်ခဲ့ကြတယ်လို့ ဖော်ပြခဲ့တယ်။ မြန်မာ့ကျွန်းသစ်တင်ပို့မှုရဲ့ ၉၅ ရာခိုင်နှုန်းက တရုတ်ကိုပဲ တင်ပို့တာဖြစ်တယ်။ အားလုံးလိုလိုက လိုင်စင်မဲ့အဖြစ်နဲ့အခွန်ရှောင်ပြီး မှောင်ခိုတင်ပို့တာဖြစ်လို့ မြန်မာအစိုးရအတွက် ဘာအခွန်ငွေ မှမရနိုင်ခဲ့ဘူး။ ဒီနေ့ သစ်ရှားပါးလို့တင်ပို့မှုနှုန်းတွေ ကျဆင်းလာပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အားလုံးရဲ့ ဝင်ငွေရင်းမြစ်မှာ မြန်မာကျွန်းသစ် မှောင်ခိုလုပ်ငန်းကလည်း အဓိက အစိတ်အပိုင်းအဖြစ် ရှိနေဆဲပါပဲ။ 

လက်နက်ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖောက်ကားမှု

နောက်ထပ် ရွှေတြိဂံရဲ့ ဝင်ငွေရင်းမြစ်တစ်ခုက လက်နက် ထုတ်လုပ်ရောင်းချခြင်းဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း မြန်မာ လက်နက်ကိုင်အဖွဲ့အစည်းတချို့ဟာ လက်နက်တွေကို ကိုယ်တိုင် ပြုပြင်၊ ထုတ်လုပ်လာနိုင် တယ်။ ရွှေတြိဂံနဲ့ဆက်စပ်ဒေသတွေမှာ လက်နက်စက်ရုံတွေ ထူထောင်လာကြတယ်။ ပထမဆုံးလက်နက်စက်ရုံ ကို ၂၀၀၆ ခုနှစ် စက်တင်ဘာလမှာ “ဝ” UWSA ဌာနချုပ်အခြစိုက်တဲ့ တရုတ်နယ်စပ် ပန်ဆန်မြို့ မြောက်ဘက် ၁၂၅ ကီလိုမီတာအကွာမှာ ထူထောင်လိုက်တယ်။ သတင်းတွေအရ တရုတ်ပုံစံ M-22 ရိုင်ဖယ်၊ တရုတ်ဗားရှင်း ရုရှား AK-47 ၊ M-23 အပေါ့စား စက်သေနတ်၊ 7. 62 မီလီမီတာ လက်နက်ခဲယမ်း၊ ကုန်ကြမ်းနဲ့ အပိုပစ္စည်းတွေ ထုတ် လုပ်တယ်လို့ ဆိုတယ်။ ကုန်ကြမ်းက တရုတ်ကလာတာဖြစ်ပြီး နည်းပညာလည်း တရုတ်ကပဲ လာတာဖြစ်လို့ တရုတ်အာဏာပိုင်တွေလည်း ဒီလက်နက်ကုန်ကူးမှုမှာ ပါဝင်နေမယ်လို့ ယုံကြည်ယူဆရပါတယ်။ “ဝ” တပ်ဖွဲ့ရဲ့ စစ်အင်အားဟာ ပြည်တွင်းလက်နက်ကိုင်တွေထဲ အတောင့်တင်းဆုံးဖြစ်ပြီး တရုတ်ကနေ အမြောက်တွေ၊ သံချပ်ကာအပေါ့စားကားတွေ၊ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တွေနဲ့ လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းတွေကိုပါ ဝယ်ထားပါတယ်။

တရုတ်နဲ့ သိပ်ပြီးပတ်သက်မှုမရှိတဲ့ ကေအိုင်အေမှာလည်း လက်နက်စက်ရုံရှိတယ်။ တရုတ်ကပဲ ကုန်ကြမ်းနဲ့ နည်းပညာယူပြီး တရုတ်စတိုင် ရိုင်ဖယ်တွေ ထုတ်လုပ်တယ်။ ကေအိုင်အေကတော့ “ဝ” လိုလက်နက်တွေကို မရောင်းချဘဲသူ့တပ်သားတွေကိုင်ဖို့အတွက်သာ ထုတ်လုပ်တာဖြစ်တယ်။ ၁၉၉၄ ခုနှစ်မှာ ကေအိုင်အေဟာ မြန်မာစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ခဲ့တယ်။ ဒါပေမဲ့ ၂၀၂၁ မှာ မြန်မာစစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ကေအိုင်အေနဲ့ မြန်မာစစ်တပ်တို့ မြောက်ပိုင်းဒေသနေရာတော်တော်များများမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ပြန်ဖြစ်နေပါတယ်။

NDA-K ရဲ့ ရုံးချုပ်က ပန်ဝါမှာ စိုက်တယ်။ ၁၉၈၄ ခုနှစ်မှာ မြန်မာစစ်တပ်နဲ့ အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးပြီးနောက် မှောင်ခိုမှုတွေဟာ ဒီတပ်ကိုဗဟိုပြုပြီး ဖြစ်တည်လာတယ်။ တရားမဝင် ကျွန်းသစ် မှောင် ခိုလုပ်ငန်းတွေကနေ တောပြုန်းအောင် ငွေရှာအပြီး ဘိန်းစိုက်ပျိုးမှု၊ ဘိန်းထုတ်ကုန်နဲ့ မူးယစ်ဆေး ထုတ်လုပ် မှုတွေကို ဒီနယ်ခြားစောင့်တပ်က ဦးဆောင်လုပ်ကိုင်တယ်။ ပန်ဝါမှာ သူတို့လည်း လက်နက်စက်ရုံ ထူထောင် ထားတယ်။ အော်တိုမက်တစ်ရိုင်ဖယ်၊ ပစ္စတို၊ ခြောက်လုံးပြူး သေနတ်တွေကို ထုတ်လုပ်တယ်။ သူတို့က အိန္ဒိယ နယ်စပ် မဏိပူရ၊ နာဂနဲ့ အာသံဒေသတွေက လက်နက်ကိုင်တော်လှန်ရေးသမားတွေထဲ လက်နက်တွေ ရောင်းချတယ်။ စစ်ကိုင်းတိုင်း အိန္ဒိယနယ်စပ်ဒေသတွေမှာ ဒီလက်နက်ကိုင် လူမျိုးစုတွေ အခြေချနေထိုင်ကြ တာကို အသုံးချပြီး လက်နက်မှောင်ခို ပို့ကြတယ်။ 

ကေအိုင်အေ မအုပ်စိုးနိုင်တဲ့ ကချင်ပြည်နယ်ဒေသတွေကို ဖြတ်ပြီးလက်နက်နဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုတွေကို လုပ်ကြတယ်။ စစ်ကိုင်းတိုင်း ဆင်ခလိန်း၊ ခန္တီးဒေသ တွေကိုဖြတ်ပြီး အိန္ဒိယနယ်စပ်က လက်နက်ကိုင်အဖွဲ့တွေဆီ တင်ပို့ရောင်းချတယ်။ တရုတ်နိုင်ငံက သေနတ် တွေကိုလည်း ရွှေလီကတစ်ဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုး၊ မူဆယ်၊ မန္တလေး၊ မုံရွာဒေသတွေအထိ လက်နက်မှောင်ခိုတင်သွင်းမှုတွေလည်း သူတို့ပဲ လုပ်ကြတယ်။ ထိုင်းနိုင်ငံက သေနတ်တွေဟာလည်း ရွှေတြိဂံ ဒေသတွေမှာ မမြင်ချင်မှအဆုံး အများအပြားတင်သွင်းအသုံးပြုနေကြပါတယ်။

ရှေးဟောင်းပစ္စည်းဖောက်ထွင်းခိုးယူ မှောင်ခိုပြုမှု

ရွှေတြိဂံနဲ့ ဆက်စပ်ဒေသတွေဟာ မြန်မာနိုင်ငံရဲ့ အဖိုးတန်ရှေးဟောင်းပစ္စည်းတွေ ခိုးထုတ်ရာနေရာလည်း ဖြစ်တယ်။ ထိုင်းကနေ တရုတ်ကို အဓိက စီးဆင်းတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မှာရော ဘန်ကောက်မှာပါ မြန်မာ နိုင်ငံက ရှေးဟောင်းပစ္စည်းတွေကို ဆိုင်ဖွင့်ပြီး အများအပြားရောင်းချနေကြတယ်။ မြန်မာနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့လို့ ဒီရှေးဟောင်းအမွေအနှစ်တွေ အများအပြားတည်ရှိပြီး မှောင်ခိုကူးမှုတွေကနေ အမြတ်အစွန်း များစွာ ရှာဖွေနိုင်ကြတယ်။ နောက်ပိုင်း နိုင်ငံတကာရဲ့ ပိတ်ဆိုအရေးယူမှုတွေကြောင့် ရှေးဟောင်းပစ္စည်း မှောင်ခိုစျေးကွက် အားနည်းသွားပေမယ့် ဒီနေ့အထိ ရွှေတြိဂံဒေသဟာ ရှေးဟောင်းပစ္စည်း မှောင်ခိုထုတ်တဲ့ အဓိက ဗဟိုချက်အဖြစ် ရှိနေဆဲပါ။

[ဘာတေးလစ်တနာဟာ အာရှရဲ့ သမိုင်း၊ နိုင်ငံရေးနဲ့ မှုခင်းရေးရာကိစ္စတွေနဲ့ပတ်သက်လို့ စာအုပ်ပေါင်း ၂၂ အုပ် ထုတ်ဝေရေးသားခဲ့သူဖြစ်ပါတယ်။ လက်ရှိ Asia Times မှာ တာဝန်ထမ်းနေပြီး အရင်က Far Eastern Economic Review, ဆွီဒင်နေ့စဉ်ထုတ် Svenska Dagbladet, နဲ့ Jane’s Information Group in the UK တို့မှာ မီဒီယာအလုပ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်]

((ဘာတေးလစ်တနာ၏ လမ်းညွှန်ဆောင်းပါမှာ နိဒါန်းအပါအဝင် အခန်း ၇ခန်းရှိပြီး မဲခေါင်သတင်းဌာနတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အခန်းတစ်ခုစီဘာသာပြန်ဆိုဖော်ပြခဲ့ရာ ယခုအခန်းမှာ နောက်ဆုံးဖြစ်ပါသည်။))

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး

ရုရှားရဲ့ လက်နက်ခဲယမ်းမလောက်ငှမှုမှာ မြန်မာစစ်ကောင်စီ ဘယ်လိုအရေးပါနေသလဲ

MKF - 001 အကျိုးမရှိရင် အကြောင်းမရှိဘူးလို့ပဲပြောရတော့မှာပဲ။ ဒီခေါင်းစဉ်ဖြစ်တည်လာဖို့က ပြောလာသူရှိလို့ ဖြစ်တည် လာရတာပါ။ ပြောသူက နယ်နယ်ရရမဟုတ်။ ယူကရိန်းစစ်ဗိုလ်ချုပ်
ဆောင်းပါး

မြန်မာနိုင်ငံရှိ စစ်ရာဇ၀တ်မှု အကျပ်အတည်း – တာဝန်ခံမှုနှင့် တရားမျှတမှုအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ

လင်းမောင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုသည် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးမငြိမ်သက်မှုများ ပိုမိုနက်ရှိုင်းလာစေရုံထက် မပိုခဲ့ပေ။
ဆောင်းပါး

Dragon’s Expansion in Rakhine

Linn Maung The lengthy coastal line of Rakhine on Myanmar's south-western front has become a "strategic axis" over the past
ဆောင်းပါး

ICJ မှာ အမှုဖွင့်ခံထားရတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ ဘယ်လိုအရေးယူခံရနိုင်လဲ

သားလတ် မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့အတွက် ICJက ချက်ခြင်းအမိန့်ချဆုံးဖြတ်လို့ မရသေးသလို အမှုစစ်ဆေးရာမှာလည်း နှစ်နဲ့ချီပြီး ကြာမြင့်မှာဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်တွေက အရေးယူခံရဖို့အတွက် ကြာမြင့်နိုင်သေးတယ်လို့တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
ဆောင်းပါး

Tibet: A Kingdom Lost Forever

Linn Maung "Tibet Uprising Day" is observed globally on March 10th every year. Tibet was a place of spiritual enlightenment
ဆောင်းပါး

ဘာသာရေးကိုးကွယ်ယုံကြည်မှုအပေါ် အမြတ်ထုတ်နေဆဲ စစ်ကောင်စီ

မီ စစ်တပ် အာဏာသိမ်းမှုကြောင့် အရပ်သား ၃၀၀၀ ခန့် သေဆုံးခဲ့ရပြီး နိုင်ငံအနှံ့ရှိ ရွာများနှင့် ဘာသာရေးဝတ်ပြုရာအဆောက်အဦများ ဖျက်ဆီးခံခဲ့ရသည်။
ဆောင်းပါး

Agenda Hardly Works in Burma

Linn Muang It appears that the West has been giving INGOs scripts to use against countries that disagree with their
ဆောင်းပါး

China Continues To Exploit Myanmar’s Mountains

Linn Maung China has controlled the global rare earth sector since the 1980s.