ဆောင်းပါး

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ၊ အခန်း ၄ – လူမှောင်ခိုကူးခြင်း

မဲခေါင် 15 Jan - 2023
ရွှေတြိဂံမြေအောက်ကမ္ဘာအတွက် လူမှောင်ခိုကူးခြင်းက မူးယစ်ဆေးဝါး ကုန်ကူးခြင်းပုံစံနဲ့ သိပ်မခြားနားဘဲ တည်ရှိနေတယ်။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပါပဲ။ ဂိုဏ်းတွေမှာ လိုအပ်တဲ့ အဆက်အသွယ်တွေ၊ လမ်းကြောင်းတွေက မူးယစ်လမ်းကြောင်းအတိုင်းပဲ ခိုင်ခိုင်မာမာရှိနေလို့ပါ။

ဘာတေးလစ်တနာ

(MKF -001 ဘာသာပြန်ဆိုသည်)

ရွှေတြိဂံမြေအောက်ကမ္ဘာအတွက် လူမှောင်ခိုကူးခြင်းက မူးယစ်ဆေးဝါး ကုန်ကူးခြင်းပုံစံနဲ့ သိပ်မခြားနားဘဲ တည်ရှိနေတယ်။ အကြောင်းပြချက်ကတော့ ရှင်းရှင်းလေးပါပဲ။ ဂိုဏ်းတွေမှာ လိုအပ်တဲ့ အဆက်အသွယ်တွေ၊ လမ်းကြောင်းတွေက မူးယစ်လမ်းကြောင်းအတိုင်းပဲ ခိုင်ခိုင်မာမာရှိနေလို့ပါ။ ရွှေတြိဂံဒေသကို လူမှောင်ခိုကူးခံရတဲ့ ပထမဆုံးနိုင်ငံသားတွေကတော့ တရုတ်နိုင်ငံသားတွေပဲ။ 

တရုတ်မှာ လူနေမှုအဆင့်အတန်း တိုးတက်လာတယ်ဆို ပေမယ့် လူဦးရေများပြားမှုနဲ့ ခက်ခဲစွာရုန်းကန်ရှင်သန်ရမှုတွေရှိဆဲဖြစ်လို့ သူတို့ဟာ ဦးတည်ပစ်မှတ်အဖြစ် အမေရိကန်ကို သွားချင်ကြတယ်။ ဂျပန်၊ ထိုင်ဝမ်၊ ဩစတြေးလျနဲ့ ဥရောပနိုင်ငံအားလုံးကို သွားရောက် နေထိုင်ခွင့်ရခြင်းက တရုတ်မှာ နေထိုင်ရတာထက် ပိုပြည့်စုံတဲ့ ဘ၀တွေကို ရရှိစေတာကြောင့် ဒီဆန္ဒတွေကို အသုံးချပြီး လူမှောင်ခိုသမားတွေက တရုတ်အများအပြားကို ရွှေတြိဂံမှာ ခိုင်းစားဖို့ ပြန်ပေးဆွဲဖို့ လိမ်လည်မှုနည်းအမျိုးမျိုး သုံးပြီး မှောင်ခိုကူးကြတယ်။ 

ဒုတိယလှိုင်းက မြောက်ကိုရီးယားပဲ။ သိတဲ့အတိုင်းမြောက်ကိုရီးယားအာဏာရှင်စနစ်အောက်မှာ အငတ်ဘေး တောင်ဆိုက်နေရတဲ့ပြည်သူတွေဟာ တရုတ်ပြည်ကိုစွန့်စားဖြတ်ကျော်ပြီး လာအိုနယ်ထဲဝင်၊ အဲဒီကမှ ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့်တွေလျှောက်ထားကြတယ်။ အဓိက ခိုလှုံချင်တဲ့နိုင်ငံက တောင်ကိုရီးယားဖြစ်လို့ ဒီအိပ်မက်ခရီးအတွက် ထိုင်းတောင်ပိုင်းကို ဦးတည်လာကြရင် ရွှေတြိဂံထောက်ချောက်ထဲ ဝင်ကြရ တယ်။ အခုအထိလည်း မြောက်ကိုရီးယားတွေ ထိုင်းကို လာနေကြတုန်းပါပဲ။

ကိုဗစ်ကြောင့် တရုတ်နိုင်ငံက ၃နှစ်တာ တံခါးပိတ်ချလိုက်တော့ ရွှေတြိဂံဒေသထဲကို တရုတ်တွေမှောင်ခို ခိုးသွင်းဖို့ကိစ္စက ဒုစရိုက်သမားတွေအတွက် ခက်ခဲ ကျပ်တည်းသွားတယ်။ ဒီအချိန်မှာ မြန်မာက စစ်အာဏာသိမ်းပြီး အကြမ်းဖက်ရက်စက်လာတော့ ပြည်ပြေးတွေ၊ ပြည်ပရွှေပြောင်းလုပ်သားတွေရဲ့ လှိုင်းက ထန်လာတယ်။ ထိုင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရဖို့ ကြိုးစားထွက်ခွာသူတွေ အလုံးအရင်းရှိလာတယ်။ မြန်မာ့စီးပွားရေးစနစ်ကလည်း အလုံးစုံပျက်ယွင်းသွားတော့ ဒီတစ်လမ်းပဲရှိတဲ့အတွက် ရွှေတြိဂံလူမှောင်ခိုသမားတွေ အကြိုက်ဖြစ်ရော။ 

ရွှေတြိဂံဒေသအတွင်း လူကုန်ကူးမှု

စစ်အာဏာသိမ်းခြင်းနဲ့အတူ မြန်မာနိုင်ငံမှာ ကပ်ပေါင်းစုံဆိုက်တော့ သန်းနဲ့ချီတဲ့မြန်မာတွေ ထိုင်းကို ထွက်ပြေးကြရတယ်။ နိုင်ငံတကာအလုပ်သမားအဖွဲ့ကြီး ILO ရဲ့ ၂၀၁၉ ခုနှစ်အစီရင်ခံစာမှာ ထိုင်းကိုသွားပြီး အလုပ်လုပ်ကြတဲ့ တရားဝင်မှတ်ပုံတင်လုပ်သားပေါင်း ၂ဒဿမ၇ သန်းရှိပြီး ဒါဟာ ထိုင်းအလုပ်သမားထုတစ်ရပ်လုံးရဲ့ ၇ဒဿမ၆ ရာခိုင်နှုန်းရှိတယ်။ တရားဝင်မှတ်ပုံမတင်ထားသူတွေ စာရင်းပေါင်းရင် အနည်းဆုံး ၂ဆကျော်ပိုများတယ်။ အများစုက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ကို တောတောင်တွေဖြတ်ကျော်ပြီး လာရောက်ကြတာဖြစ်တယ်။ အများစုက ရှမ်းပြည်ကလူတွေ။ ရှမ်းဟာ မြန်မာနိုင်ငံက အကြီးမားဆုံး လူမျိုးစုတစ်စုလည်းဖြစ်ပြီး ဘာသာစကား နဲ့ယဉ်ကျေးမှုအရ ထိုင်းနဲ့အရမ်းနီးစပ်တယ်။ လက်နက်ကိုင်တွေက ထိုင်းကို လူမှောင်ခိုကူးပြီး ရှမ်းတွေကို ခိုးသွင်းကြတယ်။ ရှမ်းတွေက သူတို့ကိုယ်သူတို့ တိုင် (Tai) လို့ခေါ်ဆိုကြတယ်။ ထိုင်းတွေက မြန်မာရှမ်းတွေကို တိုင်းရိုင် – Tai Yai လို့ခေါ်တယ်။ ဒါကြောင့် ရှမ်းပြည်ကနေ ထိုင်းနိုင်ငံချင်းမိုင်ကို လူမှောင်ခိုကူးကြပြီး ဒီလူတွေက ချင်းမိုင်က ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အများစု အလုပ်လုပ်ကိုင်ကြတယ်။ လစာနည်းနည်းပဲရပြီး ထိုင်းတွေ မလုပ်ချင်တဲ့အလုပ်မျိုးတွေကိုပဲ အဓိက လုပ်ခွင့်ရကြတယ်။ လစာမပေးဘဲ လိမ်လည်ခိုင်းစေခံရတာတွေမကြာ ခဏခံရတယ်။ ထိုင်းရဲတွေရဲ့ အကြောင်းရှာခြိမ်းခြောက်ငွေတောင်းမှုနဲ့ အတူ ထိုင်းမြောက်ပိုင်းက ထိုင်းတွေရဲ့ မလိုမုန်းထားမှုတွေကိုလည်း ခံကြရတယ်။ 

၂၀၂၂ ဇူလိုင်လကထုတ်ပြန်တဲ့   Deutsche Welle အစီရင်ခံစားမှာ မြန်မာနိုင်ငံသားအများစုဟာ သူတို့ကို ထိုင်းနိုင်ငံထဲပို့ပေးတဲ့ မှောင်ခိုသမားဂိုဏ်းစတားတွေထံ ခရီးစားရိတ်ကြွေးအများကြီးတင်ရှိနေကြတယ်လို့ ဆိုတယ်။ 

လွန်ခဲ့တဲ့ ၁၀ နှစ်က ထိုင်းနိုင်ငံရဲ့ အဓိကလုပ်ငန်းကြီးဖြစ်တဲ့ ပင်လယ်စာနဲ့ ငါးဖမ်းစျေးကွက်ကြီးမှာ ကြောက်ခမန်းလိလိ အကြွေးပိနေခဲ့ရတယ်။ ထိုင်းနိုင်ငံရဲ့ အဓိက စီပွားရေးလုပ်ငန်းကြီးဖြစ်ပေမယ့် ဒီလိုတွေ ကြွေးပိလာတော့ လူမှောင်ခိုကူးတဲ့လုပ်သားတွေကို ခေါင်းပုံဖြတ်ခိုင်းစားဖို့ ဖြစ်လာတယ်။ လူမှောင်ခိုကူးပေးတဲ့ ဂိုဏ်းတွေက ရွှေတြိဂံထဲမှာ အခြေစိုက်ကြတယ်” လို့ ဒီအစီရင်ခံစာမှာ ဖော်ပြခဲ့တယ်။

ငွေကြေးခဝါချခြင်းနဲ့ မူးယစ်မှောင်ခိုကူခြင်းအပြင် ရွှေတြိဂံလူမှောင်ခိုကူးစျေးကွက်က ရွှေတြိဂံအထူးစီးပွားရေးဇုန်ဆိုတာကြီးမှာ အခြေစိုက်ထားတယ်။ လာအိုထဲက Kings Roman ကာစီနိုရုံကြီးဟာလည်း လူမှောင်ခိုကူးတဲ့ ဌာနချုပ်တစ်ခုအပါအဝင်ဖြစ်တယ်။ လာအိုက ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားဦးတည်ပြီး ပြည့်တန်ဆာလုပ်ခိုင်းဖို့အတွက် လူမှောင်ခိုကူးတယ်။

၂၀၂၂ မတ်လက RFA သတင်းတစ်ရပ်မှာ လာအို နိုမိုခရိုင် အမျိုးသမီးရေးရာသမဂ္ဂက လာအိုမိန်းမငယ်တွေဟာ လူမှောင်ခိုကူးခံရခြင်းကနေ အမြတ်ထုတ်၊ နှိပ်စက်ခံနေကြရတယ်လို့ ဖော်ပြပါရှိခဲ့တယ်။ ဆင်းရဲတဲ့မိသားစုကပေါက်ဖွားလာသူတွေ၊ ပညာမတတ်သူတွေအဓိက လူမှောင်ခို ကူးခံရပြီး ဒီလူတန်းစားတွေကို လူမှောင်ခိုသမားတွေက အမြတ်ထုတ်လိမ်လည် ခေါ်ယူကြတာပါ။ 

ဘန်ကောက်အနောက်မြောက်ဘက် ကီလိုမီတာ ၅၀၀ အကွာမှာရှိတဲ့ နယ်စပ်မြို့မဲဆောက်မှာလည်း ထောင်ပေါင်းများစွာသော မြန်မာလုပ်သားတွေဟာ ဒေသတွင်းလုပ်ငန်းအသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတယ်။ ဘန်ကောက်နားက မဟာချိုင်က ငါးလုပ်ငန်းတွေမှာလည်း မြန်မာလုပ်သားအများအပြား အလုပ်လုပ်ကြတယ်။ မဲဆောက်က မြန်မာလုပ်သားတွေဆိုရင် မြန်မာအလုပ်သမားသမဂ္ဂထူထောင်ဖို့လုပ်ကြပေမယ့် ထိုင်းနိုင်ငံဥပဒေအရ သူတို့ နိုင်ငံသားလုပ်သားတွေပဲ သမဂ္ဂထူထောင်ခွင့်ပေးထားလို့ ခေါင်းပုံဖြတ်ခံရမှုတွေနဲ့ နိစ္စဓူ၀ ရင်ဆိုင်နေကြရမြဲပါ။

၂၀၂၀ မှာ ကိုဗစ်ကြောင့် ထိုင်းနိုင်ငံထဲ တရုတ်နိုင်ငံသားတွေ သွားလာလှုပ်ရှားမှုနည်းပါးသွားပေမယ့် ငွေကြေးတတ်နိုင်သူတွေဖြစ်လို့ ထိုင်းမှတ်ပုံတင်ရအောင် နည်းလမ်းအမျိုးမျိုးနဲ့ ရယူကြတယ်။ မြန်မာနိုင်ငံကလုပ်သားတွေကတော့ အလည်သဘောလာရင်း ခိုးနေပြီးအလုပ်လုပ်ကြသူတွေများတော့ ဒီလူမှောင်ခိုတွေက ကူမင်တန်တွေ စတင်ထူထောင်တဲ့ ရွှေတြိဂံဒေသမှာ အခြေစိုက်ပြီး လူမှောင်ခိုလုပ်ငန်းတွေ လုပ်ကြတယ်။ 

အဓိကအားဖြင့် ထိုင်းပိုင်နက် ရွှေတြိဂံနယ်မြေတွေဖြစ်တဲ့ မဲ့ဆလောင်၊ တမ်အင်န်ဂေါ့၊ ဘန်မိုင်နောင်ဘွာ၊ ဖာတန်စတဲ့ ဒေသတွေမှာ အခြေစိုက်ကြတယ်။ တရုတ်နိုင်ငံသားဖြစ်ရခြင်းရဲ့ အကျိုးဆက်အဖြစ် ထိုင်းကဒီဒေသတွေမှာ တရားဝင် နေထိုင်တဲ့ တရုတ်မိသားစုနေအိမ်တွေမှာ သန်းခေါင်စာရင်းသွင်းပြီး လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်ရကြတယ်။ ဒီလိုကနေ ဒေသတွင်း နေထိုင်ခွင့်မှတ်ပုံတင် – ဘတ်ပရာချာချွန် ဒါမှမဟုတ် နိုင်ငံသားကတ်တွေ လုပ်နိုင်ကြတယ်။

မြန်မာအပါအဝင် ပြည်ပခိုလှုံလုပ်သားတွေအတွက်ကတော့ ဒီလိုအခွင့်အရေးတွေရဖို့ မဖြစ်နိုင် သလောက်ပဲ။ ဒေသခံတွေ၊ ထိုင်းဒေသဆိုင်ရာ အာဏာပိုင်တွေလည်း ဒီလိုအောက်လမ်းက နိုင်ငံသားဖြစ်ခွင့်ကတ် ထုတ်ပေးမှုမှာ တရုတ်တွေနဲ့ ပူးပေါင်းလာဘ်စားနေလို့ စုံစမ်းဖော်ထုတ်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ ဒီတရုတ်တွေကပဲ ရွှေတြိဂံကို ဗဟိုပြုပြီး လူမှောင်ခို၊ မူးယစ်မှောင်ခိုလုပ်ငန်းတွေနဲ့ ငွေကြေးခဝါချဖို့ ကာစီနို၊ အွန်လိုင်းလောင်းကစားတွေကို ရဲတင်းစွာ လုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။

[ဘာတေးလစ်တနာဟာ အာရှရဲ့ သမိုင်း၊ နိုင်ငံရေးနဲ့ မှုခင်းရေးရာကိစ္စတွေနဲ့ပတ်သက်လို့ စာအုပ်ပေါင်း ၂၂ အုပ် ထုတ်ဝေရေးသားခဲ့သူဖြစ်ပါတယ်။ လက်ရှိ Asia Times မှာ တာဝန်ထမ်းနေပြီး အရင်က Far Eastern Economic Review, ဆွီဒင်နေ့စဉ်ထုတ် Svenska Dagbladet, နဲ့ Jane’s Information Group in the UK တို့မှာ မီဒီယာအလုပ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်]

((ဘာတေးလစ်တနာ၏ လမ်းညွှန်ဆောင်းပါမှာ နိဒါန်းအပါအဝင် အခန်း ၇ခန်းရှိပြီး မဲခေါင်သတင်းဌာနတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အခန်းတစ်ခုစီဘာသာပြန်ဆိုဖော်ပြသွားပါမည်။))

Ref: GIJN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး

Is China Overlooking its Neighbours’ Concern On Rising Human Trafficking Cases?

In Southeast Asian region, China is a troublesome bugbear not because of
ဆောင်းပါး

မူးယစ်စစ်ပွဲတို့တည်ရာ ဒုစရိုက်ကမ္ဘာ ရွှေတြိဂံဒေသအကြောင်း သိထားသင့်သမျှ အခန်း ၆ – အခြားသော ရာဇဝတ်မှုများ

အရှေ့မှာတင်ပြခဲ့တဲ့ မူးယစ်ဆေးမှောင်ခိုမှု၊ တောရိုင်းတိရစ္ဆာန်မှောင်ခိုမှု၊ လူမှောင်ခိုမှုတွေအပြင်  ရွှေတြိဂံဒေသ မှာ တခြားသော ရာဇဝတ်မှုပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ ဒီဒေသမှာ တရားမဝင်တဲ့ မိုင်းတွင်း၊
ဆောင်းပါး

မူးယစ်စစ်ပွဲတို့တည်ရာဒုစရိုက်ကမ္ဘာရွှေတြိဂံဒေသအကြောင်းသိထားသင့်သမျှ – အပိုင်း (၅) တောရိုင်းတိရစ္ဆာန်မှောင်ခိုကူးခြင်း

တစ်ချိန်က အိပ်ပျော်နေခဲ့တဲ့ တရုတ်နယ်စပ်က မိုင်းလားမြို့လေးဟာ မူးယစ်ဆေးနဲ့ လောင်းကစားလုပ်ငန်းတွေ ရဲ့ ဗဟိုချက်အဖြစ် စတင်နိုးထပြီးနောက်ပိုင်းမှာ တရားမဝင်တောရိုင်းတရစ္ဆာန်မှောင်ခိုစျေးကွက်ကြီးပါ ဖြစ်လာခဲ့ ပါပြီ။
ဆောင်းပါး

မြန်မာလျှပ်စစ်စီမံကိန်းအားလုံးကို တရုတ်တို့ အပြီးသတ်ချဲ့ထွင် သိမ်းပိုက်ခြင်း

လင်းမောင် မကြာသေးခင် စံချိန်တင်တိုတောင်းတဲ့ကာလတွေအတွင်း ဆိုလာစီမံကိန်းအများဆုံးအပါအဝင်ဖြစ်တဲ့ လျှပ်စစ်စီမံကိန်းသစ်တွေကို မြန်မာထံ အပြီးသတ်တည်ဆောက်လက်လွှဲပေးလိုက်ရာမှာ ပါဝင်တဲ့ ကုမ္ပဏီအားလုံးက တရုတ် ဒါမှမဟုတ် တရုတ်ကုမ္ပဏီတွေဆီက နည်းပညာပူးပေါင်းအကူအညီယူထားတဲ့ မြန်မာကုမ္ပဏီတွေချည်းပါပဲ။
ဆောင်းပါး

ရန်ကုန်မြို့က အမျိုးသမီးသတင်းထောက်

လူကျော် “Journalism is not a crime (သတင်းစာပညာသည် ရာဇဝတ်မှုမဟုတ်) ဆိုတာ ဒီမှာတော့ မဟုတ်ဘူး။ တခြားစီပဲ။ အကုန်ကြောက်နေရတယ်။ အကုန်စိုးရိမ်နေရတယ်။ သတင်းထောက်မှန်း လူသိခံလို့တောင်မရဘူး” လို့ သတင်းထောက် မခိုင် (အမည်လွှဲ)
ဆောင်းပါး

စစ်သားသမီး စစ်သားမယား တော်လှန်ရေးသမ

လူကျော် “အခုချိန် စစ်သားမိန်းမလို့ပြောရင် တအားစိတ်ဆိုးတယ်။ တအားဒေါသဖြစ်တယ်။ ခံပြင်းတယ်။ အဲဒီလိုအပြောကို မခံချင်တော့ဘူး။ မပတ်သက်ချင်တော့ဘူး” လို့ မအေး (အမည်လွှဲ)က ဒေါသသံနဲ့ပြောပါတယ်။
ဆောင်းပါး

China Exepidites Execution of Power Projects in Myanmar

Linn Maung Recently a series of power projects (mostly solar power) have been completed in record time and handed over
ဆောင်းပါး

ရှမ်းပြည်အခြေစိုက် PDF ‌တွေ ဘာကြောင့် ပိုရုန်းကန်နေရသလဲ

မီ ကယားပြည်နယ်အတွင်း အခြေစိုက်နေရသည့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စခန်းများ နယ်မြေရွှေ့ပေးဖို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ပြန်လည်ဝင်ရောက်ဖို့ တွန်းအားပေးခံနေရသည်။