ဆောင်းပါး

မူးယစ်စစ်ပွဲတို့တည်ရာဒုစရိုက်ကမ္ဘာရွှေတြိဂံဒေသအကြောင်းသိထားသင့်သမျှ – အပိုင်း (၅) တောရိုင်းတိရစ္ဆာန်မှောင်ခိုကူးခြင်း

မဲခေါင် 22 Jan - 2023
တစ်ချိန်က အိပ်ပျော်နေခဲ့တဲ့ တရုတ်နယ်စပ်က မိုင်းလားမြို့လေးဟာ မူးယစ်ဆေးနဲ့ လောင်းကစားလုပ်ငန်းတွေ ရဲ့ ဗဟိုချက်အဖြစ် စတင်နိုးထပြီးနောက်ပိုင်းမှာ တရားမဝင်တောရိုင်းတရစ္ဆာန်မှောင်ခိုစျေးကွက်ကြီးပါ ဖြစ်လာခဲ့ ပါပြီ။

ဘာတေးလစ်တနာ

(MKF -001 ဘာသာပြန်ဆိုသည်)

တစ်ချိန်က အိပ်ပျော်နေခဲ့တဲ့ တရုတ်နယ်စပ်က မိုင်းလားမြို့လေးဟာ မူးယစ်ဆေးနဲ့ လောင်းကစားလုပ်ငန်းတွေ ရဲ့ ဗဟိုချက်အဖြစ် စတင်နိုးထပြီးနောက်ပိုင်းမှာ တရားမဝင်တောရိုင်းတရစ္ဆာန်မှောင်ခိုစျေးကွက်ကြီးပါ ဖြစ်လာခဲ့ ပါပြီ။ ဒီအကြောင်းကို ၂၀၁၇ ခုနှစ်ကတည်းက တောရိုင်းတရိစ္ဆာန်နဲ့ ရှားပါးသစ်ပင်တွေကို မှောင်ခိုကူးမှု စောင့်ကြည့်လေ့လာရေး NGO အဖွဲ့ Traffic က အစီရင်ခံစားထုတ်ပြီး တင်ပြခဲ့ပါတယ်။ မိုင်းလားမြို့ကို ကိုယ်တိုင် သွားပြီး စုံစမ်းထောက်လှမ်းသတင်းရင်းမြစ်တွေကနေ ဒီအရင်ခံစာကို ရေးသားခဲ့ရာမှာ ရွှေတြိဂံဒေသမှာ အဓိက တောရိုင်းတိရစ္ဆာန်မှောင်ခိုလုပ်ငန်းအမျိုးအစား ၁၀ ခုရှိကြောင်း၊ အများဆုံး မှောင်ခိုလုပ်တဲ့ ဒီ ၁၀ ခုက ကျားရေနဲ့ ကျားလက်သည်း ခွာပါ ခြေလက်နဲ့ အရိုး၊ အစွယ်၊ သွား၊ အမွေး၊ အမြှီး၊ နှာမောင်း၊ အသား စတာတွေပါဝင်တဲ့ဆင် မှောင်ခိုကူးမှု၊ သင်းခွေချပ်အကြေးခွံ၊ ဝက်ဝံနဲ့ ဝက်ဝံသည်းခြေ၊ ကြံ့ချို၊ တောင်ဆိတ်နဲ့ သွေး၊ အောက်ချင်းငှက်၊ ပြောင်၊ ကျားသစ်ရေနဲ့ လိပ်အမျိုးမျိုးတို့ ပါဝင်ပါတယ်။ 

အဓိကပင်မစျေးကွက်ကြီးကတော့ တရုတ်ပါပဲ။ ကြံ့ချိုက လိင်စိတ်ကို မြှင့်တင်ပေးတယ်ဆိုပြီး ဝယ်ကြတယ်။ ဝက်ဝံသည်းခြေနဲ့ သင်းခွေချပ်ကို အသားစားကောင်းလို့ ဝယ်ကြတယ်။ သင်းခွေချပ်အကြေးခွံက တရုတ်နဲ့ ဗီယက်နမ်နိုင်ငံက တိုင်းရင်းဆေးတွေမှာ အစွမ်းထက်တ်ဆိုပြီး ဝယ်လိုအားများတယ်။ မိုင်းလားက တောရိုင်း တိရစ္ဆာန်မှောင်ခိုစျေးကွက်က မြန်မာပြည်ကလာတဲ့ တိရစ္ဆာန်တွေချည်းပဲ မှောင်ခိုလုပ်တာမဟုတ်သေးဘူး။ အိန္ဒိယအရှေ့မြောက်ပိုင်းက အဓိကထွက်ကုန်တွေအဖြစ် ကြံ့ချိုနဲ့ ကျားထွက်ကုန်ပ္စည်းတွေလည်း မှောင်ခို လုပ်တယ်။ အာဖရိကက ကြံ့ချိုတွေကိုတောင် မှောင်ခိုဖြန့်ရာ ဗဟိုချက်ဖြစ်နေတာပါ။ ဒီလို တောရိုင်းတိရစ္ဆာန် မှောင်ခိုရောင်းဝယ်မှုတွေကို ရွှေတြိဂံရဲ့လာအိုပိုင်နက် ဘိုကီယိုခရိုင်ထဲက ရွှေတြိဂံအထူးစီးပွားရေးဇုန်ကြီးထဲမှာ ကို အခြေစိုက်လုပ်နေတာ။ သဘ၀ပတ်ဝန်းကျင်စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA)  ရဲ့ ၂၀၁၅ အစီရင်ခံစာမှာ ဒီ ရွှေတြိဂံအထူးစီးပွားရေးဇုန်ထဲ ကာစီနိုရုံတစ်ရုံ၊ ဟိုတယ်တွေ၊ စျေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ သေနတ်ပစ် ကွင်းတစ်ကွင်း၊ အနှိပ်ခန်းတွေရှိပြီး ဒိအပြင် ကျားတွေကို မွေးပြီးသားဖောက်ရောက်တဲ့ ဒုစရိုက်လုပ်ငန်းတောင် ရှိတယ်လို့ ဆိုတယ်။ ဒီစီးပွားရေးဇုန်ဆိုတာ အာရှနဲ့အာဖရိကက မျိုးသုဉ်းပျောက်ကွယ်လုနီးပါး တောရိုင်းတိရစ္ဆာန် အားလုံးကို လာရောက်လည်ပတ်သူတွေက လွတ်လပ်စွာအတားအဆီးမရှိ ဝယ်နိုင်တဲ့ စျေးကွက်ကြီးဖြစ်လာ တယ်။ 

ဒီ တောရိုင်းတရစ္ဆာန်မှောင်ခိုစျေးကွက်ကိုလည်း မူးယစ်ဆေးနဲ့ ငွေကြေးခဝါချတဲ့အလုပ်တွေလက်ဦးကတည်းက လုပ်နေသူတွေကပဲ နိုင်ငံတကာ ဒုစရိုက်ဂိုဏ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြတာပဲ။ ရွှေတြိဂံ‌ဒေသအတွင်း လည်ပတ်လုပ်ဆောင်နေတဲ့ ဒီတောရိုင်းတရစ္ဆာန်မှောင်ခိုစျေးကွက်ကြီးရဲ့ ငွေကြေးလည်ပတ်မှုပမာဏ ဘယ်လောက်ရှိသလဲ အတိအကျမသိနိုင်ပေမယ့် ကမ္ဘာလုံးဆိုင်ရာ ဒီမှောင်ခိုစျေးကွက် လည်ပတ်ငွေဟာ ဒေါ်လာ ၂၃  ဘီလီယံအထိ ရှိတယ်လို့ သိရတယ်။ ဥရောပကော်မရှင်ရဲ့ ထုတ်ပြန်မှုမှာ တောရိုင်းတိရစ္ဆာန်မှောင်ခိုလုပ်ငန်း ဟာ နိုင်ငံဖြတ်ကျော်မှောင်ခိုလုပ်ငန်းတွေအနက် မူးယစ်ဆေး၊ လက်နက်နဲ့ လူမှောင်ခိုကူးမှုတွေပြီးရင် ကမ္ဘာမှာ စတုတ္ထအမြတ်အစွန်းအများဆုံးရတဲ့ ဒုစရိုက်လုပ်ငန်းလို့ ဖော်ပြပါရှိတယ်။ ဥပဒေစိုးမိုးမှုကင်းမဲ့လွန်းတဲ့ ရွှေတြိဂံ ဒေသမှာ ဒီလို ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန်မှောင်ခိုစျေးကွက်ကြီး ဟီးထနေတာလည်း ဆန်းတော့မဆန်း ပါဘူး။ 

ဘယ်လို မှောင်ခိုလုပ်ကြသလဲ

၂၀၂၁ ခုနှစ်က ထုတ်ဝေဖြန့်ချိခဲ့တဲ့ စကော်လာဂျာနယ် Trends in Organized Crime မှာ ရွှေတြိဂံတရားမဝင်တောရိုင်းတိရစ္ဆာန်မှောင်ခိုစျေးကွက်အလုပ်လုပ်ပုံတွေအကြောင်း ပြည့်ပြည့်စုံစုံဖော်ပြခဲ့တယ်။ ရွှေတြိဂံနဲ့ ဆက်စပ်နယ်မြေတွေမှာ တောရိုင်းတိရစ္ဆာန်မှောင်ခိုစျေးကွက်ကြီး ဒီနေ့လိုဖြစ်လာစေဖို့ အကြောင်းကြီး ငယ်ပေါင်းစုံဖြစ်တည်ပြောင်းလဲမှုကနေ စတင်လာခဲ့တာဖြစ်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၁၉၈၉ ခုနှစ် မှာ ပြိုကွဲခြင်းနဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အရမ်းတိုးတက်လာတာတွေက ဒီဖြစ် တည်မှုတွေထဲမှာ အဓိကနေရာက ပါဝင်တယ်။ တရုတ်စီးပွားရေးတိုးတက်တော့ တရုတ်စွန့်ဦးတီထွင် စီးပွားရေး သမားတွေဟာ စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို အရေးပေါ် လုပ်ဆောင်ပြီး အပြိုင်အဆိုင် ကိုယ် ကျိုးစီးပွားရှာဖို့ ဖြစ်လာတယ်။ ပြိုကွဲပြီးနောက် အဖွဲ့ခွဲ ၄ဖွဲ့ကွဲသွားတဲ့ ဗကပ ဟောင်းတွေက မြန်မာအစိုးရ (စစ်အစိုးရ) နဲ့ ငြိမ်းချမ်းရေးဆိုတာကို အကြောင်းပြ နားလည်မှုယူပြီး တရုတ်နယ်စပ်တစ်လျှောက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ ညှိယူခဲ့ကြတယ်။ ဒီအခွင့်အရေးကနေ မူးယစ်ဆေးအပြင် တရားမဝင် ဒုစရိုက်မှောင်ခိုလုပ်ငန်း အကုန်လုပ်လာရင်းက တောရိုင်းတိရစ္ဆာန်မှောင်ခိုစျေးကွက်ကြီးပါ ပေါ်ထွန်းလာတာပဲဖြစ်ပါတယ်။

မိုင်းလားဟာ လက်ရှိ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – ရှမ်းအရှေ့ (National Democratic Alliance Army-Eastern Shan State (NDAA-ESS)  ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတယ်။ ဒီလက်နက်ကိုင်ခေါင်းဆောင်တွေဟာ ကူမင်တန်ကဆင်းသက်လာတဲ့ ဗကပ ခွဲထွက် အဖွဲ့ဖြစ်လို့လည်း တရုတ်နယ်စပ် ယူနန်ပြည်နယ်က တရုတ်အာဏာပိုင်တွေနဲ့လည်း အကောင်းဆုံး ဆက်ဆံ ရေးရှိတယ်။ တစ်ပြိင်တည်းမှာပဲ တရုတ်ရာဇဝတ်ဂိုဏ်းကြီးတွေနဲ့လည်း ပူးပေါင်းထားတော့ မကောင်းမှုမှန် သမျှ အတားအဆီးမရှိလုပ်နေနိုင်တော့တယ်။ တစ်ပြိုင်နက် လာအိုအစိုးရက ပိုမိုပွင့်လင်းသော စီးပွားရေး ရှေ့ဆောင် စျေးကွက်စနစ်သုံးမယ်ဆိုတဲ့ ပေါ်လစီချမှတ်လိုက်တော့ တစ်ကိုယ်တော် ကုန်သည်တွေဟာ အစိုးရ အင်တာပရိုက်စ်ကုမ္ပဏီကြီးတွေနဲ့ တန်းတူ စျေးကွက်ယှဉ်ပြိုင်ကုန်ကူးလာနိုင်တယ်။ ဒီပေါ်လစီကြောင့် တရုတ်နဲ့ နယ်စပ်ဖြတ်ကျော် ကုန်ကူးခြင်းလွတ်လပ်နယ်ပယ်တွေ ပိုကျယ်လာတယ်။ Trends in Organized Crime အစီရင်ခံစာမှာ လာအိုရဲ့ စီးပွားရေးဖွင့်လှစ်မှုပေါ်လစီကြောင့် လာအိုနိုင်ငံမြောက်ပိုင်းနဲ့ မြန်မာနိုင်ငံ အရှေ့ပိုင်း ရွှေတြိဂံဇုန်ထဲမှာ နယ်စပ်ဖြတ်ကျော်တရားမဝင် ကုန်ကူးခြင်းတွေ အုံကြွဖြစ်ပေါ်လာစေခဲ့တာဖြစ်တယ် လို့ သုံးသပ်ဖော်ပြတယ်။ 

လာအိုရဲ့ စီးပွားရေးပေါ်လစီသစ်ကြောင့်ပဲ ရွှေတြိဂံဇုန်မှာ ၂၀၁၇ ခုနှစ်က ရွှေတြိဂံအထူးစီးပွားရေးဇုန် (GTSEZ) ဆိုတာ စတင်ထူထောင်လာတယ်။ ခုတော့ ဒီဇုန်ကြီးဟာ ကမ္ဘာ့အဆိုးရွားဆုံး အထူးစီးပွားရေးဇုန် အဖြစ် ဒုစရိုက်အားလုံးစုဝေးရာ ဇုန်ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်အဖွဲ့ (Investment Monitor) ရဲ့ ကင်ပွန်းတပ်ခြင်းခံထားရပါပြီ။ လာအိုအစိုးရရဲ့ ဒီစီးပွားရေးဇုန်တည်ဆောက်မှုစီမံကိန်း အကောင်အထည်ဖော် မှုက ဒီလိုဆိုးရွားမှုတွေကို အဓိက ဖြစ်တည်စေခဲ့တာဖြစ်တယ်။ ဒီစီးပွာရေးဇုန်ကို ဟောင်ကောင်မှာ မှတ်ပုံတင် ထားတဲ့ Kings Roman Group ကို လုပ်ကွက်ပေးလိုက်ရာက လာအိုအစိုးရဟာ စည်းအပြင်ကလူဘ၀ ရောက်သွား ခဲ့ရတယ်။ ၂၀၀၇ မှာ ဒီကုမ္ပဏီကို လုပ်ပိုင်ခွင့်တရားဝင်ပေးအပ်လိုက်တဲ့ စာချုပ်က ၉၉ နှစ် စီရင်ခွင့်ပေးလိုက်လို့ လာအိုအစိုးရပိုင်နက်အဖြစ် ၉၉ နှစ်လုံးလုံး မရှိတော့ဘဲ ဥပဒေကင်းမဲ့ဇုန် ဖြစ်သွားတယ်။ 

၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက်နေ့က လွတ်လပ်သောအာရှအသံ (RFA) သတင်းမှာ ဒီအထူးစီးပွားရေးဇုန်ထဲ နိုင်ငံတကာ လေဆိပ်တစ်ခုဆောက်ဖို့ပါ အစီအစဉ်ရှိကြောင်း၊ Kings Roman Group ဥက္ကဌက ကာစီနိုလုပ်ငန်းပဲ ဟန်ပြလုပ်နေ ပေမယ့် လူမှောင်ခိုကူးခြင်း၊ ငွေကြေးခဝါချခြင်း၊ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်နဲ့ တောရိုင်းတိရစ္ဆာန်မှောင်ခို သမားတွေနဲ့ ပူးပေါင်း အကျိုးရှာနေသူဖြစ်တယ်လို့ ဖော်ပြခဲ့တယ်။ ၂၀၁၈ ခုနှစ်မှာ အမေရိကန် ငွေတိုက်ဌာနက ရွှေတြိဂံရဲ့ လူသိများလှတဲ့ Kings Romans ကာစီနိုရုံ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ နဲ့   Kings Romans ဥက္ကဌ၊ သူနဲ့ပတ်သက်တဲ့ လာအို၊ ထိုင်း၊ ဟောင်ကောင်က လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့တယ်။ 

တောရိုင်းတိရစ္ဆာန်မှောင်ခိုကူးခြင်း ဇစ်မြစ်

လူမျိုးစုအခြေခံရာဇဝတ်မှုတွေအကြောင်း သတင်းတင်ပြရင် ဒီလူမျိုးစုတစ်ခုလုံးကို ထိခိုက်အရှက်ရစေအောင် လုပ်လို့မဖြစ်ပါဘူး။ လူမျိုးစုအခြေပြု ဒုစရိုက်မှုဆိုတာ တိကျသေချာတဲ့ လူမျိုးစုဆက်သွယ်မှုကွန်ရက်ကနေ ယုံကြည်မှု၊ တူညီတဲ့ လူ့အဖွဲ့အစည်းအချင်းချင်း နီးစပ်မှုတွေကနေ လုပ်ရကိုင်ရပိုလွယ်စေတာမျိုးပဲ။ တောရိုင်းတိရစ္ဆာန်မှောင်ခိုစျေးကွက်ဖြစ်တည်မှုမှာ တရုတ်မျိုးနွယ်စု ရာဇဝတ်ဂိုဏ်းတွေက တစ်ကမ္ဘာလုံး အနှံ တည်ရှိနေတဲ့ တရုတ်ပြည်ပခိုလှုံသူတွေနဲ့ ဆက်နွယ်ပြီး ကမ္ဘာကြည့်ကြည့်လို့ ကမ္ဘာ့မှောင်ခိုကွန်ရက်ကို ချဲ့နိုင်ကြ တယ်။ သူတို့ရဲ့ ပျံနှံ့တည်ရှိမှုနဲ့ အရှေ့တောင်အာရှ၊ အာရှ၊ မြောက်နဲ့တောင်အမေရိက၊ တောင်အာဖရိက စသဖြင့် ဒေသအစုံမှာ တိရစ္ဆာန်မှောင်ခို ကွန်ရက်ဖွဲ့ထားနိုင်တယ်။ တောရိုင်းတိရစ္ဆာန်အများဆုံးရှိတဲ့ တောင်အာဖရိကက ထွက်ကုန်တွေကိုလည်း အာဖရိကတိုက်တောင်ပိုင်းဒေသတွေကနေ ဖြတ်ကျော်မှောင်ခိုကူးပြီး မိုင်းလားစျေကွက် ဟာ ပင်မစျေးကွက်သဖွယ် အသုံးချပြီး ကမ္ဘာကို ဖြန်ဖြန့်ကြတယ်။ 

ဘာလို့လည်းဆိုတော့ မိုင်းလားလို ကြိုက်သလို ကုန်သွယ်မှုလုပ်လို့ရတဲ့ နေရာမျိုး ကမ္ဘာမှာ မရှိသလောက် ရှားပါးလို့ပါပဲ။ Trends in Organized Crime အစီရင်ခံစာမှာ ဒီလိုမှောင်ခိုသမားအကြီးစားကြီးတွေက ဒေသတွင်းဒုစရိုက်ဂိုဏ်း ငယ်တွေနဲ့ ပေါင်းပြီး ဖြန့်ဖြူးပေးနေကြတယ်။ မိုင်းလားက အဓိက တောရိုင်းရစ္ဆာန်မှောင်ခိုကုန်စည်တွေရဲ့ အဓိက စျေးကွက်က တရုတ်ပြည်တွင်းဖြစ်ပြီး ဗီယက်နမ်ဟာလည်း တိုင်းရင်းဆေးစျေးကွက်အရ ဝယ်လိုအား များပါတယ်။ 

ကိုဗစ် ၁၉ ကပ်ကာလ မကြာသေးခင်အတွင်းမှာပဲ မိုင်းလားနဲ့ ရွှေတြိဂံရဲ့ တောရိုင်းတိရစ္ဆာန်မှောင်ခိုစျေးကွက်မှာ ဒစ်ဂျစ်တယ်ငွေကြေးပေးချေမှုနဲ့ပါ မှောင်ခိုလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်လာကြောင်း ၂၀၂၁ မဟာဗျူဟာနှင့်နိုင်ငံ တကာ လေ့လာရေးစင်တာ အစီရင်ခံစာမှာ ပါရှိလာတယ်။ ဒစ်ဂျစ်တယ်ငွေကြေးစနစ်က ငွေကြေးခဝါချမှုနဲ့ တရားဝင်ဇစ်မြစ်ကို လိုက်ဖို့ အင်မတန်ခက်တဲ့ စနစ်ဖြစ်တာကြောင့်လည်း မိုင်းလားနဲ့ ရွှေတြိဂံက ကမ္ဘာ့အဆိုးရွားဆုံးသော တောရိုင်းတိရစ္ဆာန်မှောင်ခိုစျေးကွက်ကြီးကို ဖော်ထုတ်နိုင်ဖို့ ပိုပြီး ခက်ခဲသထက် ခက်ခဲ သွားစေပါပြီ။ 

ဘာတေးပေးတဲ့ သတိပြုစရာသင်ခန်းစာ

လာအိုဘက်ကရွှေတြိဂံ အထူးစီးပွားရေးဇုန်ကို ထိုင်းဘက်ကနေ စပိဘုတ်နဲ့ ကျင်းဆန်ကနေ မဲခေါင်မြစ်ဖြတ်ကျော်ပြီး သွားနိုင်ပါတယ်။ နိုင်ငံအများစုက နိုင်ငံသားတွေအနေနဲ့ လာအိုကို ရက် ၃၀ ဗီဇာနဲ့ လာရောက်ပြီး ဒီနေရာကို သွားဖို့ ဒေါ်လာ ၃၅ ဒေါ်လာသာ ပေးဆောင်ရပါတယ်။ ဒီကို နိုင်ငံခြားသားတွေ လွယ်ကူ စွာသွားလာနိုင်ပေမယ့် မိုင်းလားကိုတော့ ဒီလောက်လွယ်လွယ်သွားလို့မရပါဘူး။ အရင်က နိုင်ငံခြားသားတွေဟာ ကျိုင်းတုံကနေ မိုင်းလားကို အသွားအလာများခဲ့ပေမယ့် ထောက်လှမ်းစုံစမ်းလာမယ့်အခြေအနေတွေကို တားဆီး ဖို့ နိုင်ငံခြားသားတွေကို ပိတ်ပင်တားဆီးခဲ့တာ တော်တော်ကြာပါပြီ။ 

အနောက်နိုင်ငံသားတွေမဟုတ်ဘဲ အာရှသား တွေကတော့ လူမျိုးစုပုံစံ ဆင်တူလို့ မိုင်းလားကို အလွယ်တကူဝင်ထွက်သွားလာနေကြတယ်။ စုံစမ်းမှုတွေ ထောက်လှမ်းမှုတွေလုပ်နိုင်တဲ့ အနောက်နိုင်ငံသားတွေကိုတော့ ကျိုင်းတုံမှာပဲ တစ်ဖက်ခြမ်းမှာ မြန်မာ စစ်ကောင်စီ စစ်တပ်က စစ်ဆေးပိတ်ဆို့ပြီး NDAA-ESS တပ်က သူတို့ပိုင်နက်ထဲမှာ ထပ်မံ စစ်ဆေးပိတ်ဆို့ မှု လုပ်ကြပါတယ်။ နိုင်ငံခြားသားတွေ၊ အထူးသဖြင့်စုံစမ်းဖော်ထုတ်ရေးသတင်းသမားတွေ မိုင်းလား ဒါမှမဟုတ် ရွှေတြိဂံထဲမှာ ဓာတ်ပုံရိုက်မှတ်တမ်းတင်တာမျိုးလုပ်ရင် အထူးသတိရှိရပါမယ်။ နိုင်ငံခြားဂျာနယ်လစ်တွေဆိုပြီး ညှာတာနေမှာမဟုတ်တဲ့ အညှာအတာမဲ့ လက်နက်ကိုင်တွေက ပစ်သတ်အစဖျောက်နိုင်ပါတယ်။ ဒီလိုဖြစ်လည်း ဘာမှမတတ်နိုင်တမို့ ပုံမှန်အတိုင်း လမ်းလျှောက်၊ ကာစီနိုသွား၊ ဖျော်ဖြေရေးစင်တာတွေကို၊ စျေးတွေကို လည်ပတ်သွားလာတဲ့ပုံစံနဲ့သာ သွားလာလေ့လာသင့်ကြောင်း ဂျာနယ်လစ်တွေကို ဘာတေးက သတိပေး ရေးသာ ခဲ့ပါတယ်။

[ဘာတေးလစ်တနာဟာ အာရှရဲ့ သမိုင်း၊ နိုင်ငံရေးနဲ့ မှုခင်းရေးရာကိစ္စတွေနဲ့ပတ်သက်လို့ စာအုပ်ပေါင်း ၂၂ အုပ် ထုတ်ဝေရေးသားခဲ့သူဖြစ်ပါတယ်။ လက်ရှိ Asia Times မှာ တာဝန်ထမ်းနေပြီး အရင်က Far Eastern Economic Review, ဆွီဒင်နေ့စဉ်ထုတ် Svenska Dagbladet, နဲ့ Jane’s Information Group in the UK တို့မှာ မီဒီယာအလုပ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်]

((ဘာတေးလစ်တနာ၏ လမ်းညွှန်ဆောင်းပါမှာ နိဒါန်းအပါအဝင် အခန်း ၇ခန်းရှိပြီး မဲခေါင်သတင်းဌာနတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အခန်းတစ်ခုစီဘာသာပြန်ဆိုဖော်ပြသွားပါမည်။))

Ref: GIJN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။
ဆောင်းပါး

Anti-China Protests in Myanmar

Linn Maung The first visit by a senior member of the Chinese
ဆောင်းပါး

ဒုစရိုက်မြို့တော် ရွှေကုက္ကိုလ်က နိစ္စဓူဝဘ၀များ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အစွန်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်ကြီးဆိုတာ ဒုစရိုက်မြို့တော်ကြီးမှန်း ဒီနေ့ လူတိုင်းလိုလို သိနေကြပါပြီ။
ဆောင်းပါး

Chinese Syndicate on Thai-Myanmar Border

Linn Maung A Chinese Crime Network gang has taken over the western bank of the Moei River [ tributary of
ဆောင်းပါး

Education: Emerging Business in Myanmar

Linn Maung Foreign universities and institutions are the only sector in Myanmar that has advanced since the coup.
ဆောင်းပါး

ယုံကြည်မှုလိုအပ်နေတဲ့ ရိုဟင်ဂျာနေရပ်ပြန်ရေး

မြန်မာနိုင်ငံကရိုဟင်ဂျာတွေရဲ့အခြေအနေကိုထုတ်ဖော်ပြဖို့ လက်ခံဆောင်ရွက်နေတဲ့ ရှေ့ပြေးစီမံကိန်းဟာ သူတို့ရဲ့အတိဒုက္ခတွေအတွက် အဖြေတမျိုးထွက်လာစေပါသလား။ ဝမ်းနည်းစွာနဲ့ပဲပြောရရင် ရိုဟင်ဂျာတွေအိမ်ပြန်ဖို့အခွင့်အရေး အခုတော့မရှိသေးပါဘူး။
ဆောင်းပါး

“ ထိုင်းအတွက်အပြောင်းအလဲ” လို့မြည်ဟည်းနေတဲ့ ရွေးကောက်ပွဲ (ဘာသာပြန်)

ဆယ်စုနှစ်တခုနီးပါး ထိုင်းစစ်တပ်ကချိန်ညှိထားတဲ့ အုပ်ချုပ်မှုအပြီး ချောမွေ့တဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်လာဖို့ သေချာတဝက်၊ မသေချာတဝက်ဖြစ်လာနိုင်တဲ့အဆက်အစပ်ဖြစ်ရပ်တွေအပေါ်တောင်းဆိုမှုတွေများနေချိန်မှာ မေ ၁၄ ရက်၊ ထိုင်းရဲ့မျှော်လင့်ချက်တွေမြင့်မားနေတဲ့ရွေးကောက်ပွဲမှာ ထိုင်းမဲဆန္ဒရှင်တွေက အတိုက်အခံပါတီ Move Forward နဲ့ ဖွေထိုင်းတို့ကို ထူးထူးကဲကဲရွေးချယ်လိုက်ပါတယ်။
ဆောင်းပါး

ရွေးကောက်ပွဲတစ္ဆေ ခြောက်လှန့်ခံနေရတဲ့ ထိုင်း

လာမယ့် ထိုင်းရွေးကောက်ပွဲဟာ ပေါ့ပေါ့ပါးပါးမရှိဘဲ တစ္ဆေခြောက်သလိုဖြစ်နေပြီး ငွေအကြီးအကျယ်သုံးကာ ကတိကဝတ်တွေနဲ့ မဲဆွယ်နေကြပါတယ်။