ဆောင်းပါး

ထွန်းမင်းလတ် – ယူပါကစ် – မင်းအောင်လှိုင်မှသည် ပရာယွတ်ဆီသို့

မဲခေါင် 20 Feb - 2023
(ဘာသာပြန်ဆောင်းပါး) မင်းအောင်လှိုင်နဲ့ အနီးကပ်ရှိတဲ့ မြန်မာခရိုနီ ထွန်းမင်းလတ်ကို ဖမ်းဆီးထားမှုနောက်ဆက်တွဲကွင်းဆက်တွေဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ပါ ပတ်သက်နေဖွယ် သံသယတွေရှိလာနေပါပြီ။ ပရာယွတ်ရဲ့ လူရုံ လွှတ်တော်အမတ် ယူပါကစ်ပက်ချာရီယန်ကန်ကို လွှတ်ပေးထားမှုအတွက် ထိုင်းလွှတ်တော်ဆွေးနွေးပွဲမှာ အမတ်တွေအကြား အချေအတင်တွေ တိုက်ခိုက်ပြောဆိုနေကြပါပြီ။

(ဘာသာပြန်ဆောင်းပါး)

မင်းအောင်လှိုင်နဲ့ အနီးကပ်ရှိတဲ့ မြန်မာခရိုနီ ထွန်းမင်းလတ်ကို ဖမ်းဆီးထားမှုနောက်ဆက်တွဲကွင်းဆက်တွေဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ပါ ပတ်သက်နေဖွယ် သံသယတွေရှိလာနေပါပြီ။ ပရာယွတ်ရဲ့ လူရုံ လွှတ်တော်အမတ် ယူပါကစ်ပက်ချာရီယန်ကန်ကို လွှတ်ပေးထားမှုအတွက် ထိုင်းလွှတ်တော်ဆွေးနွေးပွဲမှာ အမတ်တွေအကြား အချေအတင်တွေ တိုက်ခိုက်ပြောဆိုနေကြပါပြီ။

ထိုင်းရှေ့သို့ပါတီ Move Forward Party (MFP) က လွှတ်တော်အမတ် ရန်ဆီမန်ရုမ်း (Rangsiman Rome) ဟာ ဖေဖော်ဝါရီ ၁၆၊ ၁၇ ရက်နေ့မှာ ပြုလုပ်တဲ့ ထိုင်းလွှတ်တော်အစည်းအဝေးမှာ ထွန်းမင်းလတ်အမှုနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် ပရာယွတ်ကိုယ်တိုင်ကိုက သူ့တပည့် လွှတ်တော်အမတ် ယူပါကစ်ပက်ချာရီယန်ကန်နဲ့ပတ်သက်တဲ့ အကျင့်ပျက်ခြစားမှု ကိန်းဂဏန်းတွေ၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ငွေကြေးခဝါချမှုတွေမှာ ကတိကဝတ်တွေကို လျစ်လျူရှုထားတယ်လို့ တင်ပြဝေဖန်သွားတာဖြစ်ပါတယ်။ ထွန်းမင်းလတ်အမှုမှာ အဓိက ငွေကြေးခဝါချပေးတဲ့ ထိုင်းအခြေစိုက် Allure Group (P&E) Co.Ltd ထူထောင်သူ အဓိကရှယ်ယာရှင်ဟောင်းလည်းဖြစ်၊ ထွန်းမင်းလတ်နဲ့ပူးပေါင်းထူထောင်တဲ့ Myanmar Allure ထူထောင်သူလည်းဖြစ်ပါလျှက် ဖမ်း၀ရမ်းကိုချက်ချင်းပယ်ဖျက်ပြီး အမှုကဆွဲထုတ်ခဲ့တယ်လို့ ရန်ဆီမန်က အထောက်အထားတွေနဲ့ကို ချပြပြီး ဝေဖန်တင်ပြသွားတာဖြစ်ပါတယ်။

လက်ရှိ ထိုင်းတရားရုံးမှာ ဒီအမှုနဲ့ပတ်သက်လို့ ကြားနာနေရာမှာ ထွန်းမင်းလတ်ရယ် ယူပါကစ်ရဲ့ သားမက် ဒင်းယန်းဂယ်လ်တူလာရယ် P နဲ့ N လို့သာ ဖော်ပြထားတဲ့ Allure Group (P&E) က အကြီးအကဲ နှစ်ယောက်ကိုသာ ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်။ ဒီအမှုကျူးလွန်တဲ့ကာလအတွင်း ဒီကုမ္ပဏီရဲ့ ခေါင်ချုပ် အဖြစ်ရှိနေဆဲဖြစ်ပြီးမှ ပရာယွတ်က လွှတ်တော်အမတ်အဖြစ် ခေါ်သွင်းလိုက်တဲ့ ထိုင်းဗိုလ်ချုပ်ဟောင်း ယူပါကစ်ဟာ ဒီအမှုမှာ ထဲထဲဝင်ဝင်ဦးဆောင်ပါဝင်နေတာကို သူနဲ့ဆက်စပ်တဲ့ လူတွေဆီက အွန်လိုင်း Chat ပေါက်ကြားမှု သက်သေတွေလည်း ရထားကြောင်း၊ တခြားသက်သေအဖြစ် ယူပါကစ်ကိုယ်တိုင်က p ဆိုတဲ့သူကို Allure P&E ကုမ္ပဏီမှာ မှတ်ပုံတင်ခိုင်းခဲ့တာလည်း သက်သေရထားကြောင်း၊ ကုမ္ပဏီ Logo ဒီဇိုင်းနဲ့ တည်နေရာကိုလည်း ယူပါကစ်ကပဲ P ကို လမ်းညွှန်စေခိုင်းပြီးနောက်ပိုင်း P က ကုမ္ပဏီ ဘဏ္ဍာရေးအစီရင်ခံစားကို ယူပါကစ်ထံ Boss လို့ သုံးနှုန်းပြီး တင်ပြထားမှုသက်သေလည်း ရထားကြောင်း သက်သေတွေနဲ့တင်ပြပြီး ပရာယွတ်ကိုယ်တိုင်က ဒါတွေကို မျက်ကွယ်ပြုလျစ်လျူရှုထားတယ်လို့ ဝေဖန်တင်ပြသွားတာဖြစ်ပါတယ်။

နောက်ထပ် ပေါက်ကြားရရှိထားတဲ့သက်သေတွေမှာ ထွန်းမင်းလတ်ဟာ ယူပါကစ်ထံကို သူ့လက်အောက်က ကုမ္ပဏီဘုတ်အဖွဲ့ဝင် N ကနေတစ်ဆင့် တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့တာပါရှိသလို ထွန်းမင်းလတ်က ယူပါကစ်ထံကို နာမည်ဝှက် Ou သုံးပြီး လျှပ်စစ်ဝယ်ယူမှုဘဏ်စလစ်ပေးပို့တာလည်း ရှိနေကြောင်း၊ ယူပါကစ်က ထွန်းမင်းလတ်ကို ကုမ္ပဏီရဲ့ တခြားအဓိကရှယ်ယာရှင် ပန်နာရောင်ခွန်ပီတက်ရဲ့ လက်မှတ်အတုနဲ့ လျှောက်ထားဖို့ တိုက်တွန်းခဲ့တဲ့ သက်သေလည်းရှိကြောင်း၊ (ပန်နာရောင်ခွန်ပီတက်ဟာ အွန်လိုင်းလောင်းကစားရာဇာဖြစ်ပြီး လက်ရှိ ထွက်ပြေးလွတ်မြောက်နေ) ယူပါကစ်ဟာ ပန်နာရောင်ရဲ့ ပတ်စ်ပို့ကော်ပီကို ဒီ Chatting ပြောဆိုမှုမှာ ထွန်းမင်းလတ်ထံ ပေးပို့ပေးတဲ့သက်သေလည်း ရှိကြောင်း၊ အမှုမှာ ယူပါကစ်ဟာ အခင်းဖြစ်ချိန် ကုမ္ပဏီနဲ့မသက်ဆိုင်ဘဲ လွှတ်တော်အမတ်ဖြစ်နေလို့ ချက်ချင်း ဖမ်း၀ရမ်းကို ပြန်ရုပ်သိမ်းလိုက်တယ်ဆိုပေမယ့် ဒီသက်သေတွေ၊ ဒီအမှုတွေ ဖြစ်ပွားချိန် ၂၀၂၀-၂၀၂၁ ခုနှစ်တွေအတွင်းသူဟာ လွှတ်တော်အမတ်တာဝန်ယူထားပြီးချိန်တွေမှာ ပါဝင်ပတ်သက်ခဲ့တာတွေဖြစ်ကြောင်း ရန်ဆီမန်က အခိုင်အမာ ထုတ်ဖော်တင်ပြလိုက်ပါတယ်။ ယူပါကစ်ဟာ ၂၀၁၉ ခုနှစ်က လွှတ်တော်အမတ်စလုပ်ခဲ့ပေမယ့် ကုမ္ပဏီ အကျင့်ပျက်ခြစားမှုတစ်လျှောက် သူ့အမိန့်၊ သူ
့စီမံမှုတွေကို သက်သေ တွေနဲ့တကွ တွေ့ရတယ်လို့ရန်ဆီမန်ကချပြပြီး ပရာယွတ်ကိုပါ မျက်နှာလွှဲခဲပစ်၊ အမှုဖျောက်ပေးသူသဘောမျိုး ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

ထွန်းမင်းလတ်နဲ့ အမှုတွဲတွေကို စက်တင်ဘာလက ဖမ်းဆီးခဲ့ပြီး ၂၀၂၂ အောက်တိုဘာ ၃ ရက်နေ့က ယူပါကစ်ကို ဖမ်း၀ရမ်းထုတ်မှုအပေါ် မှုခင်းတရားရုံးက ပယ်ဖျက်ကြောင်း ကြေညာတဲ့တရားခွင်ကိုလည်း ရန်ဆီမန်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ဖမ်း၀ရမ်းက မနက်အစောပိုင်းထုတ်လိုက်ပြီး မွန်းလွဲပိုင်းမှာ ချက်ချင်းပယ်ဖျက်ပေးခဲ့သလို ဒီအမှုမှာ ဦးစီးတဲ့ ရဲမှူးကြီးလည်း တခြားနယ်ကို ရာထူးပြောင်းရွှေ့ခံလိုက်ရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ ပြီးဖြစ်ပါတယ်။ ရန်ဆီမန်က ယူပါကစ်ကို မဖမ်းခဲ့ပေမယ့် အမှုအတွက် ဆင့်ခေါ်စစ်ဆေးတာလောက်တော့ လုပ် သင့်တယ်လို့ လွှတ်တော်မှာ တင်ပြတယ်။

ရန်ဆီမန်ဟာ ၁၉၉၉ ခုနှစ်က Justice for Myanmar အစီရင်ခံစာပါ အချက်အလက်တွေကို ကိုးကားပြီး ထွန်းမင်းလတ်ရဲ့ အဖေဟာ ယူပါကစ်ကို မြန်မာ-ထိုင်းနယ်စပ်မြို့ တာချီလိတ်မှာ Allure Resort တည် ဆောက်ဖို့ ကူညီပေးခဲ့ကြောင်း၊ ဒီ ရိပ်သာဝန်းဟာ ကာစီနိုရုံနဲ့ ဖျော်ဖြေရေးစင်တာတွေလည်းပါဝင်ပြီး ဝင်ငွေရဲ့ ၆ ရာခိုင်နှုန်းကို မြန်မာစစ်ကောင်စီကို ပေးရကြောင်း၊ အနှစ်သာရအားဖြင့် ယူပါကစ်ရဲ့ လုပ်ရပ်တွေဟာ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အကျိုးအမြတ်ဖြစ်စေခဲ့တယ်လို့ပါ ရန်ဆီမန်က တင်ပြခဲ့တယ်။ ရန်ဆီမန်ရဲ့ ရှေ့သို့ပါတီအမတ်တွေဟာ ဒီအမှုတွဲနဲ့ပတ်သက်လို့ ယူပါကစ်ပိုင်ဘန်ကောက် လူကုံထံရပ်ဝန်းဖြစ်တဲ့ Ari soi 5 က မြေနေရာ အချက်အလက်တွေကို စုံစမ်းတဲ့အခါ ပရာယွတ်တရားဝင်ရွေးချယ်လိုက်တဲ့ပါတီ ရူအမ်ထိုင်းဆန်ချက်ပါတီ (Ruam Thai Sang Chart Party) ရုံးချုပ်သစ်ဖြစ်နေတာတွေ့ရကြောင်း၊ ဒါကြောင့် ယူပါကစ်အမှုကို ပရာယွတ် ဒါမှမဟုတ် သူ့ညီ အထက်လွှတ်တော်ရွေးချယ်ရေးကော်မတီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာဝတ်ဝေါင်ဆူဝန်တို့ကိုယ်တိုင်က စုံစမ်းစစ်ဆေးဖို့အရေးမှာ အနှောင့်အယှက်ဖြစ်နေသလားဆိုပြီး လွှတ်တော်မှာ မကြောက်မရွံ့သံသယမေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။ စီးပွားရေးကလိန်ကျသူကို လွှတ်တော် အမတ်အဖြစ် ဇာတ်သွင်းခြင်းဟာ ဩဇာအာဏာထူထောင်ဖို့ အကူအညီပေးရာရောက်ကြောင်းလည်း ရန်ဆီမန်က ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့တယ်။

“ ဒီလောက် မမှန်မကန် လုပ်ဆောင်ချက်အထောက်အထားများစွာ ရှိနေပါလျှက် ဒီလွှတ်တော်အမတ်ကို အရေးယူဖို့ မလုပ်ဆောင်ခြင်းဟာ ရှင်းလင်းတဲ့သင်္ကေတတစ်ခုကို ပြသနေတယ်။ ဒါကတော့ ပူးပေါင်းညှိုနှိုင်းမှုတွေကနေ နောက်ကွယ်က ခြယ်လှယ်နေပြီဆိုတာပဲ။ ဒီအမတ်ဆီကနေ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းနေ၊ ဒီအမတ်ကိုနေရာပေးပြီး သူ့အတွက် အလုပ်တွေဆက်လုပ်ပေးစေချင်နေတဲ့ နောက်ကွယ်က တစ်ယောက်ဟာ ဗိုလ်ချုပ် ပရာယွတ်ချန်အိုချာပဲ။ ယူပါကစ်ကို လွှတ်တော်အမတ်အဖြစ် ခန့်ခဲ့တဲ့ ပရာယွတ်ဆုံးဖြတ်ချက် မှန်ကန် ခဲ့တယ်။ သူ့ကို ဝန်ကြီးချုပ်အဖြစ် မဲပေးဖို့ အင်အားတိုးတာတစ်ခုတည်းသာမက သူနောက်လာမယ့် ဝန်ကြီးချုပ် ရွေးချယ်ပွဲမှာ ယှဉ်ပြိုင်မယ့် ပါတီသစ်ကြီး တစ်ခုထူထောင်ဖို့ပါ အကျိုးဖြစ်ထွန်းခဲ့တာ ရှင်းလင်းနေတာပဲ။ ပရာယွတ်ကို ကျွန်တော်မေးခွန်းထုတ်ချင်တာက ယူပါကစ်ပိုင် မြေမှာ ပါတီသစ် (Ruam Thai Sang Chart Party) ရုံးချုပ်ထောင်လိုက်မှုမှာ မြေငှားစာချုပ်ရှိသလား၊ အဆောက်အအုံဆောက်လုပ်ခွင့် စာရွက်စာတမ်းတွေ ရှိသလား ဆိုတာပဲ။ ငှားခဲ့ရင်ဘယ်လောက် ပေးရလဲ။ ရက်ရောစွာနဲ့ အလကားပေးလုပ်ခဲ့တာလား” လို့ ရန်ဆီမန်က လွှတ်တော်အစည်းအဝေးမှာ အပြတ်သားဆုံးမေးခွန်းထုတ်သွားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတော့ ယူပါကစ်က သူ့ကို အသရေဖျက်မှုနဲ့ ရန်ဆီမန်အပေါ် တရားစွဲဆိုလိုက်ပါတယ်။ အသရေဖျက်မှုကြောင့် ထိခိုက်နစ်နာရမှုအတွက် ဘတ် သန်း ၁၀၀ ပါ အလိုရှိကြောင်း တရားစွဲလိုက်တာပါ။ ထိုင်းလွှတ်တော်ကတော့ လက်ရှိအာဏာရ ပယာရွတ်တို့ပါတီ အမတ်အများစု နေရာယူထားတော့ လွှတ်တော်မှာ ယူပါကစ်အမှုကို တရားဝင်တိုင်ကြားလာခြင်းမရှိလို့ ဒီကစ္စ ဘာမှလုပ်ဖို့မရှိသလို ယူပါကစ်က တရာစွဲမှုဟာလည်း ပြင်ပ တရားရေးရာကိစ္စသာဖြစ်တယ်လို့ မျက်နှာလွှဲခဲပစ် တုံ့ပြန်ခဲ့ပါတယ်။

စာကြွင်း ( ထွန်းမင်းလတ်အမှုတွဲကနေ ထိုင်းမှာ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တဲ့ ခြံ၊ မြေ၊ တိုက်တာအဆောက်အအုံတွေနဲ့ ငွေသား၊ ကားတွေထဲ ပရာယွတ်လိုပဲ အာဏာသိမ်းထားတဲ့ မြန်မာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးပိုင်ဆိုင်မှုတွေလည်း ပါရှိသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ချာလမ်ဖုန်းဆရီဆဝါဆဒီဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံ ငပလီကမ်းခြေအပန်းဖြေ စခန်းကို ရောက်ရှိလာပြီး မင်းအောင်လှိုင်းနဲ့ အပေါင်းအပါ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုဟာလည်း ထွန်းမင်းလတ်၊ ယူပါကစ်၊ မင်းအောင်လှိုင်သားသမီး ပိုင်ဆိုင်မှု သိမ်းဆည်းခံရမှုတွေနဲ့ သက်ဆိုင်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေခဲ့ပါတယ်)

Ref: Khaosod

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး

ရုရှားရဲ့ လက်နက်ခဲယမ်းမလောက်ငှမှုမှာ မြန်မာစစ်ကောင်စီ ဘယ်လိုအရေးပါနေသလဲ

MKF - 001 အကျိုးမရှိရင် အကြောင်းမရှိဘူးလို့ပဲပြောရတော့မှာပဲ။ ဒီခေါင်းစဉ်ဖြစ်တည်လာဖို့က ပြောလာသူရှိလို့ ဖြစ်တည် လာရတာပါ။ ပြောသူက နယ်နယ်ရရမဟုတ်။ ယူကရိန်းစစ်ဗိုလ်ချုပ်
ဆောင်းပါး

မြန်မာနိုင်ငံရှိ စစ်ရာဇ၀တ်မှု အကျပ်အတည်း – တာဝန်ခံမှုနှင့် တရားမျှတမှုအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ

လင်းမောင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုသည် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးမငြိမ်သက်မှုများ ပိုမိုနက်ရှိုင်းလာစေရုံထက် မပိုခဲ့ပေ။
ဆောင်းပါး

Dragon’s Expansion in Rakhine

Linn Maung The lengthy coastal line of Rakhine on Myanmar's south-western front has become a "strategic axis" over the past
ဆောင်းပါး

ICJ မှာ အမှုဖွင့်ခံထားရတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ ဘယ်လိုအရေးယူခံရနိုင်လဲ

သားလတ် မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူဖို့အတွက် ICJက ချက်ခြင်းအမိန့်ချဆုံးဖြတ်လို့ မရသေးသလို အမှုစစ်ဆေးရာမှာလည်း နှစ်နဲ့ချီပြီး ကြာမြင့်မှာဖြစ်တဲ့အတွက် စစ်ခေါင်းဆောင်တွေက အရေးယူခံရဖို့အတွက် ကြာမြင့်နိုင်သေးတယ်လို့တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
ဆောင်းပါး

Tibet: A Kingdom Lost Forever

Linn Maung "Tibet Uprising Day" is observed globally on March 10th every year. Tibet was a place of spiritual enlightenment
ဆောင်းပါး

ဘာသာရေးကိုးကွယ်ယုံကြည်မှုအပေါ် အမြတ်ထုတ်နေဆဲ စစ်ကောင်စီ

မီ စစ်တပ် အာဏာသိမ်းမှုကြောင့် အရပ်သား ၃၀၀၀ ခန့် သေဆုံးခဲ့ရပြီး နိုင်ငံအနှံ့ရှိ ရွာများနှင့် ဘာသာရေးဝတ်ပြုရာအဆောက်အဦများ ဖျက်ဆီးခံခဲ့ရသည်။
ဆောင်းပါး

Agenda Hardly Works in Burma

Linn Muang It appears that the West has been giving INGOs scripts to use against countries that disagree with their
ဆောင်းပါး

China Continues To Exploit Myanmar’s Mountains

Linn Maung China has controlled the global rare earth sector since the 1980s.