ဆောင်းပါး

တရုတ်ယဉ်ကျေးမှုဇာတ်သွင်းခြင်း

မဲခေါင် 29 Dec - 2022
ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တို့လို အိပ်မက်မဟာစီမံကိန်းတွေအတွက် ဆန့်ကျင်မှုတွေတိုးလာတာကြောင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ လုပ်ငန်းကြီးတွေရဲ့လူမှုတာဝန်ခံမှုကို မကြာသေးခင်မှာ တရုတ်နိုင်ငံက တိုးမြှင့်လာပါတယ်။

လင်းမောင်

ကျောက်ဖြူမြို့နယ်မှာ တရုတ်နိုင်ငံကတည်ဆောက်ထားတဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာဖွင့်ပွဲနဲ့ လှူဒါန်းငွေတိုးမြှင့်ခြင်းတို့အတွက်ပြုလုပ်တဲ့အခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးနိုင်ငံရေးကိုယ်စားလှယ်နဲ့ CITIC မန်နေဂျာတို့ တက်ရောက်ခဲ့တာကလည်း တရုတ်နိုင်ငံမှာ စိတ်မလုံခြုံမှုတွေရှိနေသေးတယ်လို့ဖော်ပြနေပြီး အဲဒီလိုလုပ်ရပ်တွေနဲ့ သူတို့ရဲ့ရည်ရွယ်ချက်အစစ်အမှန်ကို ဖုံးကွယ်ထားပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ အုတ်မြစ်ချချိန်မှာလည်း ရခိုင်ပြည်နယ်ကဒေသခံတွေ ပစ်ပယ်ခံရပြီး မြေတွေကို လျော်ကြေးမပေးဘဲ ဝယ်ယူခဲ့သလို ပေးခဲ့တဲ့ကတိတွေကိုလည် မဖြည့်ဆည်ပေးနိုင်သေးပါဘူး။

ကမ်းလင့်သောလက်များ လုပ်ငန်းဆောင်ရွက်မှုယန္တရားကလည်း အချိန်တိုင်းအလုပ်မဖြစ်ဘူးလို့ တက်ကြွလှုပ်ရှာသူတယောက်က ပြောပါတယ်။ ရမ်းဗြဲနဲ့ မဒေးကျွန်းကတံငါသည်တွေ စိတ်မသက်မသာဖြစ်နေလို့ ဒီတခါမှာ သူတို့ပိုသတိထားနေတယ်လို့လည်း တက်ကြွလှုပ်ရှားသူကပြောပါတယ်။ ရခိုင်ဒေသခံတွေအတွက် အများကြီးစိုးရိမ်တယ်ဆိုရင် ဘာလို့ ပြည်မကြီးကလုပ်သားတွေကို တရုတ်နိုင်ငံကခေါ်လာတာလဲလို့လည်း သူကမေးခွန်းထုတ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တရုတ်စကားသင်ကျောင်းတွေဖွင့်လာချိန်မှာ လူတွေက ကြိုတင်စာရင်းသွင်းနေကြပြီး တချို့တက်ကြွလှုပ်ရှားသူတွေက ဒါဟာ ရခိုင်ယဉ်ကျေးမှုအတွက် ခြိမ်းခြောက်မှုတခုအနေနဲ့ ရှုမြင်နေကြပါတယ်။ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုအကာအကွယ်ယူပြီး လူမှုယဉ်ကျေးမှုဇာတ်သွင်းနေတာဟာ အန္တရာယ်များပြီး ပြင်ဆင်ဖို့ ခက်ခဲလွန်းပါတယ်။

တိဗက်က မြင်မြင်သာသာရှိတဲ့ဥပမာပါပဲ။ လူမှုယဉ်ကျေးမှုနဲ့ လူနေထိုင်မှုပုံစံကို တရုတ်ယဉ်ကျေးမှုဇာတ်သွင်းတာကြောင့် မည်သို့မည်ပုံပြောင်းသွားသလဲဆိုတာ တိဗက်ကို ကြည့်ခြင်းအားးဖြင့် သိနိုင်ပါတယ်။

မြန်မာအာဏာသိမ်းစစ်တပ်ဟာ ဝင်ငွေပြတ်လပ်နေပြီး လက်ရှိမှာတော့ အခြေခံစံနှုန်းတွေကိုလျစ်လျူရှုပြီး စီမံကိန်းတွေကို ရှင်းလင်းနေပါတယ်။

ချင်း၊ စစ်ကိုင်းနဲ့ ရခိုင်ပြည်နယ်တို့ဟာ အာဏာသိမ်းစစ်တပ်အတွက် စိုးရိမ်မှုအနည်းဆုံးနေရာတွေအဖြစ် ရှိနေသေးပြီး သူတို့ရဲ့ရည်မှန်းချက်က ဝင်ငွေရှာနိုင်ရေး သီးသန့်ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်က နေပူတောင်ထုံးကျောက်အမြောက်အမြားတူးဖော်ရေးစီမံကိန်း ပြန်လည်စတင်လိုက်တာဟာ ကုန်းမြေရေထဲရောက်သွားနိုင်ပြီး ဂေဟဗေဒစနစ်ကို နောက်ထပ်ပျက်စီးစေဦးမှာပါ။ ကချင်ပြည်နယ်ဟာလည်း အလားတူနာကျင်မှုတွေ တွေ့ကြုံနေရပြီး စစ်ဆေးကြပ်မတ်မှုမရှိတဲ့ မြေရှားသတ္တုတူးဖော်မှု၊ ကျောက်စိမ်းတူးဖော်မှုနဲ့ ရွှေတူးဖော်မှုတွေဟာလည်း အာဏာသိမ်းမှုနောက်ပိုင်း မြင့်တက်လာပါတယ်။

ပြည်တွင်းစစ်ရှောင်(IDP)တွေဟာလည်း အဆပေါင်းများစွာမြင့်တက်လာပြီး ရှင်သန်ဖို့နဲ့ ရေရှည်ရပ်တည်နိုင်ဖို့ လူတွေက ဘာအလုပ်ဖြစ်ဖြစ် လုပ်ချင်နေပါတယ်။ ချင်းနဲ့ စစ်ကိုင်းတို့မှာလည်း အလားတူဒုက္ခတွေရှိနေပါတယ်။

ဒါပေမဲ့ လူတဦးတယောက်ကသာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို သေသေချာချာသုံးသပ်ကြည့်မယ်ဆိုရင် စစ်တပ်နဲ့ တရုတ်ရဲ့အခန်းကဏ္ဍက သိသာထင်ရှားနေပါတယ်။

စစ်တပ်နဲ့ တရုတ်ဟာ နှစ်ဖက်သွားဓားလိုမျိုး ဒေသခံတွေကို ပေါင်းပြီးလှည့်စားနေတာပါ။

မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေအတွက် နိုင်ငံတကာအသိုက်အဝန်းဟာလည်း ညီတူညီမျှတာဝန်ရှိတယ်ဆိုတာ‌တော့ သံသယရှိစရာ မလိုပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေပြန်ရုတ်သိမ်းခဲ့ပြီး အဲဒီလုပ်ငန်းတွေကို တရုတ်နိုင်ငံက ပြန်ပြီးအစားထိုးထားပါတယ်။ တခြားနည်းလမ်းနဲ့ပြောရရင်တော့ အဲဒီလုပ်ရပ်ဟာ တရုတ်နိုင်ငံအတွက်တော့ အခွင့်အရေးဆိုတာထပ်ပိုပါတယ်။

ဒဏ်ခတ်အရေးယူမှုတွေကို ဘယ်လိုကျော်လွှားရမလဲဆိုတာ စစ်တပ်ကသိတဲ့အတွက် ဒဏ်ခတ်အရေးယူမှုတွေနဲ့ သပိတ်မှောက်မှုတွေက အလုပ်သိပ်မဖြစ်လာပါဘူး။ စစ်မြေပြင်ကနေ ထွက်ခွာတယ်ဆိုတာဟာ အရှုံးကိုလက်ခံတာဖြစ်ပါတယ်။

သတင်းအချက်အလက်စစ်ပွဲဟာ မြေပြင်အရှိတရားတွေကို ပြောင်းလဲပေးဖို့ ခဲယဉ်းပြီး ဒဏ်ခတ်အရေးယူမှုတွေကြောင့် သာမန်အရပ်သားတွေဟာလည်း နောက်ဆုံးမှာတော့ ဒဏ်ခံရတဲ့သူတွေဖြစ်လာပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေဟာ မြန်မာနိုင်ငံရဲ့ဆယ်စုနှစ်များစွာကြာနေတဲ့ တိုင်းရင်းသားပဋိပက္ခတွေထဲ ထပ်တိုးခဲ့ပြီး အခြေအနေအဆိုးဆုံးအထိ ပိုမိုရှုပ်ထွေးသွားတာလည်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး

How China Interferes in Myanmar’s Internal Affairs

Linn Maung Armed civil strife has been pervasive in Myanmar since it
ဆောင်းပါး

မြန်မာနိုင်ငံအတွင်းက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ

လင်းမောင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ တရုတ်အဆင့်အမြင့်ဆုံး သံတမန် ချင်းဂန်း (နိုင်ငံခြားရေးဝန်ကြီး) ရောက်လာတော့ မြန်မာနိုင်ငံတစ်ဝန်း မကျေမနပ်ဆန္ဒပြမှုတွေ ဖြစ်တည်လာခဲ့တယ်။
Uncategorized ဆောင်းပါး

“ကျောင်းတွေဖွင့်ပြီ …” “စစ်အာဏာသိမ်းမှုအောက် မြေစာပင်ဖြစ်ရတဲ့ တိုင်းပြည်အနာဂတ်များ”

ဝေဟင်စိုး ဇွန်လ (၁) ရက်ရဲ့ နံနက်ခင်း နေရောင်ခြည်အောက်မှာ စစ်ကောင်စီက ဖွင့်လှစ်လိုက်တဲ့ ကျောင်းစာသင်ခန်းတွေ ပြန်လည်အသက်ဝင် လှုပ်ရှားလာခဲ့ပြန်ပါပြီ။
ဆောင်းပါး

Anti-China Protests in Myanmar

Linn Maung The first visit by a senior member of the Chinese government after the coup, Qin Gang's, was met
ဆောင်းပါး

ဒုစရိုက်မြို့တော် ရွှေကုက္ကိုလ်က နိစ္စဓူဝဘ၀များ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အစွန်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်ကြီးဆိုတာ ဒုစရိုက်မြို့တော်ကြီးမှန်း ဒီနေ့ လူတိုင်းလိုလို သိနေကြပါပြီ။
ဆောင်းပါး

Chinese Syndicate on Thai-Myanmar Border

Linn Maung A Chinese Crime Network gang has taken over the western bank of the Moei River [ tributary of
ဆောင်းပါး

Education: Emerging Business in Myanmar

Linn Maung Foreign universities and institutions are the only sector in Myanmar that has advanced since the coup.
ဆောင်းပါး

ယုံကြည်မှုလိုအပ်နေတဲ့ ရိုဟင်ဂျာနေရပ်ပြန်ရေး

မြန်မာနိုင်ငံကရိုဟင်ဂျာတွေရဲ့အခြေအနေကိုထုတ်ဖော်ပြဖို့ လက်ခံဆောင်ရွက်နေတဲ့ ရှေ့ပြေးစီမံကိန်းဟာ သူတို့ရဲ့အတိဒုက္ခတွေအတွက် အဖြေတမျိုးထွက်လာစေပါသလား။ ဝမ်းနည်းစွာနဲ့ပဲပြောရရင် ရိုဟင်ဂျာတွေအိမ်ပြန်ဖို့အခွင့်အရေး အခုတော့မရှိသေးပါဘူး။