ဆောင်းပါး

တရုတ်နိုင်ငံက လူ့အသိုင်းအဝန်းတွေ တစစီပြိုကွဲခြင်းနဲ့ အစိတ်စိတ် အမွှာမွှာ ပြိုကွဲခြင်း

မဲခေါင် 18 Oct - 2022
၁၀ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ရှီကျင့်ပင်ရဲ့နိုင်ငံဟာ လူမှုအသိုက်အဝန်းနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တစစီပြိုကွဲတာနဲ့ အစိတ်စိတ် အမွှာမွှာ ပြိုကွဲတာတွေ မျက်မြင်ကြုံတွေ့ခဲ့ရပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာကို လှည့်ဖြားခြင်းအားဖြင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံမှာ တတိယသက်တမ်းအုပ်ချုပ်ခွင့်ကိုသာ ရှီ ထပ်ရမယ်ဆိုရင် ပြန်လည်မွေးဖွားလာဖို့ဆိုတဲ့ မျှော်လင့်ချက်လည်း ရိုက်ချိုးဖျက်ဆီးခံရတော့မှာပါ။ လွတ်လပ်တဲ့မီဒီယာတွေနဲ့ ပညာရှင်ကျွမ်းကျင်မှုတွေကိုလည်း လုံးဝဥသုံဖျက်ဆီးခံထားရပါတယ်။ လူငယ်မျိုးဆက်ကိုလည်း အမျိုးသားရေးစိတ်ဓာတ်အလွဲတပ်မက်မှုနဲ့ ရိုက်သွင်းထားပြီး လက်တွေ့လည်း ကျင့်သုံးနေပါတယ်။ နိုင်ငံကနေထွက်ခွာပြီး နိုင်ငံခြားပညာတော်သင်သွားတဲ့ ပညာတတ်တွေနဲ့ ထူးချွန်သူတွေကိုလည်း သူလျှိုလုပ်ဖို့ ဒါမှမဟုတ် အရှက်ခွဲခံရဖို့ ညွှန်ကြားထားပြီး မီဒီယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေကိုလည်း နိုင်ငံခြားမှာ တရုတ်နိုင်ငံအကြောင်း အကောင်းပြောဖို့ ဖိအားပေးခံထားရပါတယ်။ တရုတ်နိုင်ငံသားစိတ်ဓာတ်ဟာ မျိုးရိုးဆက်ခံတဲ့အလေ့အထဖြစ်ပြီး ဘယ်နေရာမှာရောက်နေသည်ဖြစ်စေ အရေးမကြီးဘူးလို့ နိုင်ငံတကာအသိုက်အဝန်းကို ရှီက သတင်းစကားပါးချင်တာပါ။ ရှီရဲ့ ဦးစားပေးလုပ်ငန်းက ကွန်မြူနစ်ပါတီအတွက်

၁၀ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ရှီကျင့်ပင်ရဲ့နိုင်ငံဟာ လူမှုအသိုက်အဝန်းနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တစစီပြိုကွဲတာနဲ့ အစိတ်စိတ် အမွှာမွှာ ပြိုကွဲတာတွေ မျက်မြင်ကြုံတွေ့ခဲ့ရပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာကို လှည့်ဖြားခြင်းအားဖြင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနိုင်ငံမှာ တတိယသက်တမ်းအုပ်ချုပ်ခွင့်ကိုသာ ရှီ ထပ်ရမယ်ဆိုရင် ပြန်လည်မွေးဖွားလာဖို့ဆိုတဲ့ မျှော်လင့်ချက်လည်း ရိုက်ချိုးဖျက်ဆီးခံရတော့မှာပါ။

လွတ်လပ်တဲ့မီဒီယာတွေနဲ့ ပညာရှင်ကျွမ်းကျင်မှုတွေကိုလည်း လုံးဝဥသုံဖျက်ဆီးခံထားရပါတယ်။ လူငယ်မျိုးဆက်ကိုလည်း အမျိုးသားရေးစိတ်ဓာတ်အလွဲတပ်မက်မှုနဲ့ ရိုက်သွင်းထားပြီး လက်တွေ့လည်း ကျင့်သုံးနေပါတယ်။ နိုင်ငံကနေထွက်ခွာပြီး နိုင်ငံခြားပညာတော်သင်သွားတဲ့ ပညာတတ်တွေနဲ့ ထူးချွန်သူတွေကိုလည်း သူလျှိုလုပ်ဖို့ ဒါမှမဟုတ် အရှက်ခွဲခံရဖို့ ညွှန်ကြားထားပြီး မီဒီယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေကိုလည်း နိုင်ငံခြားမှာ တရုတ်နိုင်ငံအကြောင်း အကောင်းပြောဖို့ ဖိအားပေးခံထားရပါတယ်။

တရုတ်နိုင်ငံသားစိတ်ဓာတ်ဟာ မျိုးရိုးဆက်ခံတဲ့အလေ့အထဖြစ်ပြီး ဘယ်နေရာမှာရောက်နေသည်ဖြစ်စေ အရေးမကြီးဘူးလို့ နိုင်ငံတကာအသိုက်အဝန်းကို ရှီက သတင်းစကားပါးချင်တာပါ။ ရှီရဲ့ ဦးစားပေးလုပ်ငန်းက ကွန်မြူနစ်ပါတီအတွက် ခြိမ်းခြောက်မှုတိုင်းကို သုတ်သင်ခြေမှုန်းဖို့ဖြစ်ပြီး ဒါကြောင့်ပဲ အတိုက်အခံတွေဟာ ခြိမ်းခြောက်ခံရတာ၊ ထောင်ချခံရတာနဲ့ ပျောက်ဆုံးနေကြောင်း သတင်းတွေထွက်လာတာပါ။ အဲဒီဗျူဟာအားလုံးဟာ သူတတိယအကြိမ်အာဏာရဖို့ လုပ်ဆောင်နေတာပါ။ ဒါပေမဲ့ ဒီလုပ်ရပ်တွေကပဲ အစိုးရပိုင်မီဒီယာတွေမှာ ပြည်သူ့သမ္မတလို့ဖော်ပြနေတဲ့အချက် မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း သက်သေပြနေပါတယ်။

၂၀၁၂ ခုနှစ်ကစပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတဖြစ်လာပြီးနောက်ပိုင်း စိတ်မလုံခြုံဖြစ်နေပြီး အာဏာဆက်ချုပ်ကိုင်ထားနိုင်ဖို့အတွက် အတိုက်အခံတွေကိုမြေလှန်ပစ်နိုင်ဖို့ အချိန်နဲ့တပြေးညီမဟာဗျူဟာတွေကို အသုံးပြုခဲ့ပါတယ်။ အဲဒီကာလဟာ ယတိပြတ်ရှင်းလင်းမှုတွေနဲ့ တသွေးတသံတမိန့်စနစ်တွေ မြင့်တက်လာတဲ့ကာလ ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၉ ရက်မှာစတင်ခဲ့တဲ့ အမှတ် ၇၀၉ စစ်ဆင်ရေးအတောအတွင်း ရှေ့နေ၊ ပညာတတ်နဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ရာချီဖမ်းဆီးခံခဲ့ရပြီး အများစုဟာ ထောင်ဒဏ်ဆက်လက်ကျခံနေရသလို ဥပဒေအရ ကူညီထောက်ပံ့ခွင့်လည်း မရကြပါဘူး။ ၂၀၁၆ ခုနှစ်မှာ နိုင်ငံခြားအန်ဂျီအိုအဖွဲ့တွေကို ကန့်သတ်မှုတွေနဲ့ရိုက်ချခဲ့သလို နေရာအများအပြားကို ဝင်ရောက်ခွင့် ပယ်ချခံခဲ့ရပါတယ်။ သူတို့ရဲ့ငွေကြေးထောက်ပံ့မှုတွေကိုလည်း စေ့စေ့စပ်စပ် စစ်ဆေးခဲ့တာကြောင့် အန်ဂျီအိုအဖွဲ့အများအပြားက တရုတ်နိုင်ငံကို စွန့်ခွာခဲ့ပါတယ်။ စီမံကိန်းတိုင်းဟာ အစိုးရကော်မတီတရပ်ထံကနေ ရှင်းလင်းကြောင်းအသိအမှတ်ပြုချက် လိုအပ်ပါတယ်။ LGBTQ တွေနဲ့ ဂျဲန်ဒါအခြေပြု အဖွဲ့တွေလည်း အဲဒီဖိအားကို ခံစားခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ်က #MeToo အမျိုးသမီးအရေးလှုပ်ရှားမှုနဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက သက်တံ့ရောင်အလံများဖြန့်ဝေရေးလှုပ်ရှားမှုတို့ ဖိနှိပ်ခံခဲ့ရပြီး ဂုဏ်သရေရှိ ဆင်းဟွာတက္ကသိုလ်ကျောင်းသား အများအပြားကိုလည်း အာမခံမရတဲ့စွဲချက်တွေနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံဟာ မော်စီတုန်းခေတ်ကို ပြန်သွားနေပုံရပြီး ရှီကလည်း အဲဒီအချက်ကို ပြီးမြောက်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရပါတယ်။ နောက်မြီးဆွဲယဉ်ကျေးမှုတမျိုးလည်း တရုတ်ပညာတတ်အသိုင်းအဝိုင်းကြားမှာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပြန့်ပွားနေပြီး အခုတော့ ကြက်တူရွေးစာချ အမျိုးသားရေးအတွေးအခေါ်သာ ကျန်ရှိနေသလို ကျန်တဲ့အတွေးအခေါ်တွေကတော့ ပျက်စီးပျောက်ကွယ်တော့မှာပါ။ ဆရာ-ကျောင်းသားဆက်ဆံရေးမှာလည်း ဆွေးနွေးပြန်လှန်လေ့လာသင်ကြားမှုပြီးဆုံးပြီး မျက်ကန်းလိုက်နာမှုမျိုးသာ ရှိနေပါတယ်။ လူတိုင်း တယောက်ကိုတယောက် မယုံမကြည်ဖြစ်နေပြီး သားကောင်ဖြစ်မှာကို ကြောက်နေကြပါတယ်။ လူမှုကွန်ရက်စောင့်ကြည့်မှုတွေနဲ့ စာပို့အက်ပလီကေးရှင်းတွေ အသုံးပြုတာအပေါ်ပိတ်ပင်မှုတွေ မြင့်တက်လာတာကြောင့်လည်း သီးခြားကွက်ကျန်နေတဲ့ အခြေအနေကို ဖန်တီးနေပါတယ်။ အခြေအနေတွေက ရှီရဲ့အုပ်စိုးမှုအပေါ် အနိုင်မရနိုင်တာကြောင့် လူအများအပြားက တရုတ်ပြည်မကြီးကနေ ထွက်ပြေးဖို့ ကြိုးစားနေကြပါတယ်။ တက်ကြွလှုပ်ရှားသူမျိုးဆက်သစ်တွေ ပေါ်ထွက်မလာဖို့နဲ့ သူ့အစီအစဉ်တွေ ချောချောမွေ့မွေ့ဖြစ်လာဖို့ ရှီက လုပ်ဆောင်နေပါတယ်။ ရှီဟာ သူ့ကိုယ်သူ မော်စီတုန်းလိုမျိုး ယဉ်ကျေးမှုအမှတ်သညာတခုအနေနဲ့ ပုံဖော်နေတာလည်း ပိုများလာပုံရပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံတော်လုံခြုံရေးဥပဒေကို လက်မှတ်ထိုးပြဋ္ဌာန်းပြီး ဆန္ဒထုတ်ဖော်မှုတွေကို အသံတိတ်စေခဲ့သလို အဲဒီဥပဒေဟာ တရုတ်နဲ့လက်အောက်ခံနယ်မြေတွေက လူမှုဘဝတွေကို ပြန်လည်ပုံသွင်းဖို့ ကူညီခဲ့ပြီး နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှုကိုလည်း ထောင်တသက်တကျွန်းကျနိုင်တဲ့အထိ သတ်မှတ်လိုက်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Date Girl အဖြစ် လူကုန်ကူးခံနေရသူ အမျိုးသမီးငယ်များ

“ကောင်မလေး တစ်ယောက်က ဒဏ်ရာတွေ ဗလပွတွေနဲ့ အကြမ်းဖက်ခံရတယ်။ မိန်းမကိုယ်က ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်။ သံကြိုးတွေနဲ့ တုပ်ပြီးတော့ အဓမ္မပြုကျင့်ခံခဲ့ရတယ်။ ကြာပွတ်တွေနဲ့လည်း
ဆောင်းပါး

လူထုအသည်းနှလုံးကို သိမ်းကျုံးလိုက်တဲ့ Operation 1027

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတကြောတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့က မထင်မှတ်ထားပဲ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်သွားခဲ့သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ခြေသံလုံလုံနဲ့မြန်မာ့သယံဇာတကိုဝါးမြိုသူ တရုတ်ကျောထောက်နောက်ခံ ဘိလပ်မြေသူဌေးကြီး

Alpha အမှတ်တံဆိပ်ဘိလပ်မြေထုတ်လုပ်တဲ့ တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီ Myanmar Conch Cement ကုမ္ပဏီရဲ့ ပင်မကုမ္ပဏီဟာ မြန်မာနိုင်ငံက ‘မြင့်’ကုမ္ပဏီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြားကာလပညာရေးအလှမ်းဝေးနေဆဲ… (သို့မဟုတ်) နွေဦးတော်လှန်ရေးနဲ့ကြားကာလ ပညာရေး

“ကျွန်တော်တို့ စိတ်ခံစားချက်တစ်ခုနဲ့ ခလေးတွေရဲ့ပညာရေး မနှောင့်နှေးစေချင်ဘူး” ဟု ကျောင်းနေအရွယ်သားသမီး သုံးဦးရှိသူ အငှားယာဉ်မောင်း ကိုစိုးမောင်(အမည်လွှဲ) ကသူ၏ခံစားချက်ကို ရင်ဖွင့်ပြောဆိုသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

UWSA ရဲ့ အစပျိုးစီမံကိန်း သို့မဟုတ် တရုတ်စီမံကိန်း

သဘာ၀ရေစီးကြောင်းစွမ်းအင် ရေးအားလျှပ်စစ် ကုမ္ပဏီ (NCEH) ဆိုတာ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) စီမံဖွဲ့စည်းထားတဲ့ ကုမ္ပဏီဖြစ်ပြီး နမ္မတူ(မြစ်ငယ်) မြစ်မှာ ဆည်ကြီးတစ်ခု ဆောက်လုပ် နေပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

New Troubles in North

Beginning in September 2023, Muse, a commerce hub on the Sino-Myanmar border, saw a number of raids on illicit casinos,

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

BRICS နဲ့ G 20 မှာပါဝင်တဲ့ တရုတ်ရဲ့ ရပ်တည်ချက်နဲ့ အနာဂတ် သက်ရောက်မှုများ

BRICS (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ စီးပွားရေး မဟာမိတ်နိုင်ငံများအဖွဲ့)၊ G 20 (အချုပ်အခြာအာဏာပိုင် ၁၉ နိုင်ငံနဲ့ ဥရောပ၊ အာဖရိက သမဂ္ဂ တွေပေါင်းထားတဲ့ မဟာမိတ်အဖွဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

How To Contain Energy Crisis In Myanmar

Energy prices in Myanmar have increased significantly since the coup, whether it be for power, gas, or petroleum.

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now