ဆောင်းပါး

ဆန့်ကျင်ဆန္ဒပြသူတွေသတင်းမပြန့်ဖို့ တရုတ်အစိုးရ ဆိုက်ဘာစပေ့ချ် ကန့်သတ်လမ်းညွှန်ချက်တွေ အမိန့်ထုတ်စေခိုင်း

မဲခေါင် 4 Dec - 2022
တရုတ်နိုင်ငံမှာ တိယန်နမ်ရင်ပြင် အရေးအခင်းပြီးနောက်ပိုင်း အဆိုးရွားဆုံးနဲ့ လူထုအုံကြွမှု အကြီးမားဆုံး ဆန္ဒပြမှုတွေဖြစ်ပေါ်နေရာမှာ တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ နောက်ထပ်သူ့သမ္မတသက်တမ်း ငါးနှစ်အတွင်း ပိုမိုကောင်းမွန်ချောမွေ့စေဖို့ရည်ရွယ်ပြီး ဆန္ဒပြမှုတွေ အဆုံးသတ်ဖို့ အင်တာနက်နဲ့လူမှုကွန်ရက် ထိန်းချုပ် ကန့်သတ်မှုစည်းမျဉ်းသစ်ကို ရေးဆွဲပြီး အမိန့်ပေးစေခိုင်းနေပါပြီ။

လင်းမောင်

ဒီစီမံကိန်းကို သဘောထားကွဲလွဲမှုများအား နှိမ်နှင်းခြင်း (Suppression of Voices of Dissent) လို့ ခေါ်ဆိုကြပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်ဥပဒေတည်စေမှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ စည်းကမ်းချက်တွေ အပေါ်မကျေနပ်လို့ တရုတ်နိုင်ငံမှာ မြို့ကြီးတွေပေါ် လူထုအုံကြွဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေရာမှာ ဒီလို လူထုအုံကြွမှုကို အဓိကဖြစ်တည်စေတာက cyberspace လို့ခေါ်တဲ့ ကွန်ပျူတာကွန်ရက်တွေပေါ်ကနေ ဆက်သွယ်မှုဖြစ်ပေါ်စေတဲ့သဘောတရား ကြောင့်ဆိုတာ ရှီကျင်းဖျင်နဲ့ တရုတ်အာဏာပိုင်တွေ ကောင်းကောင်း သိထားကြတယ်။

ဆန္ဒပြဖို့နေရာ ချိန်းဆိုမှု၊ လူစုမှု၊ အစိုးရအပေါ် အမုန်းပွားစေတဲ့ စကားတွေ၊ ကြွေးကျော်သံတွေ စုပေါင်းကြီးထွားမှုတွေဟာ အွန်လိုင်းတွေပေါ်မှာပဲ ဖြစ်တည်တာကြောင့် ရှီကျင်းဖျင်ပဲ ခေါင်းဆောင်တဲ့ Cyberspace Administration of China (CAC) ကနေ ဒီနယ်ပယ်က အေဂျင်စီတွေကို လမ်းညွှန်ချက်နဲ့ စည်းမျဉ်းစည်းကမ်း တွေချမှတ်ပေးပြီး ဥပဒေတစ်ရပ်အဖြစ် အမိန့်ထုတ် ခိုင်းစေထားပါတယ်။

အင်တာနက် ဆင်ဆာဖြတ်စနစ်တွေမှာ ပြည်တွင်းအွန်လိုင်းဝက်ဘ်ဆိုက်တိုင်းက သူတို့ပို့စ်တွေ၊ သတင်းတွေကို ပရိသတ်ပြည်သူက ဝင်ကြည့်ချင်ရင် အရင်ဆုံး register တင်တာကိုချင့်တွက်၊ ဒီလူဟာ မှတ်ပုံတင်အပါအဝင် ကိုယ်ရေးအပြည့်အစုံကို တင်ပြပြီး မှတ်ပုံတင်ရာမှာ အရင် အကောင့်သမိုင်းအရ အစိုးရကို ဖောင်းထုတဲ့ စာရင်းဝင်သူဟုတ်မဟုတ် Rating သတ်မှတ်၊ မဟုတ်ရင် Block List ထဲ အလိုအလျှောက်ဝင်စေတဲ့စနစ်သုံးဖို့၊ သတ်မှတ်မှတ်ပုံတင်အချက်အလက်အားလုံး အဆင်ပြေမှ ဒီလူကို ပို့စ်တွေမှာ comments ဒါမှမဟုတ် like လုပ်ခွင့်၊ Share လုပ်ခွင့်ပေးဖို့ စည်းမျဉ်းသတ်မှတ် ခိုင်းစေထားတာဖြစ်ပါတယ်။

တိဘက်နဲ့ အိုက်ဂါမွတ်ဆလင်လူမျိုးတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ ကမ္ဘာမှာ လူ့အခွင့်အရေးချိုးဖောက်တယ် ဆိုတဲ့ သတင်းတွေလည်း စဉ်ဆက်မပြတ်ထွက်ပေါ်နေရာမှာ ဒီလိုသတင်းတွေလည်း မပျံ့စေဖို့ ရှီကျင်းဖျင်က Cyberspace ကန့်သတ်ထိန်းချုပ်မှုတွေကို လုပ်နေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတုန်းကလည်း မင်းအောင်လှိုင်ဟာ အင်တာနက်တွေအပေါ် သူ့မကောင်းကြောင်း၊ စစ်တပ်မကောင်းကြောင်းတွေ မပျံ့နှံ့ဖို့၊ ပပျောက်ဖို့၊ ဖြန့်သူတွေကို ဖမ်းဆီးတားဆီးနိုင်ဖို့ တရုတ်က ဆိုက်ဘာ ပညာရှင်တွေကို ခေါ်ယူ အကူအညီတောင်းခဲ့ပါသေးတယ်။

တရုတ်ဆိုက်ဘာပညာရှင်တွေဟာ ဟောင်ကောင်မှာလည်း ဆိုက်ဘာထိန်းချုပ်မှုတွေကို စနစ်တကျ သွားလုပ်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

ဆောင်းပါး

Chinese Syndicate on Thai-Myanmar Border

Linn Maung A Chinese Crime Network gang has taken over the western
ဆောင်းပါး

Education: Emerging Business in Myanmar

Linn Maung Foreign universities and institutions are the only sector in Myanmar
ဆောင်းပါး

ယုံကြည်မှုလိုအပ်နေတဲ့ ရိုဟင်ဂျာနေရပ်ပြန်ရေး

မြန်မာနိုင်ငံကရိုဟင်ဂျာတွေရဲ့အခြေအနေကိုထုတ်ဖော်ပြဖို့ လက်ခံဆောင်ရွက်နေတဲ့ ရှေ့ပြေးစီမံကိန်းဟာ သူတို့ရဲ့အတိဒုက္ခတွေအတွက် အဖြေတမျိုးထွက်လာစေပါသလား။ ဝမ်းနည်းစွာနဲ့ပဲပြောရရင် ရိုဟင်ဂျာတွေအိမ်ပြန်ဖို့အခွင့်အရေး အခုတော့မရှိသေးပါဘူး။
ဆောင်းပါး

“ ထိုင်းအတွက်အပြောင်းအလဲ” လို့မြည်ဟည်းနေတဲ့ ရွေးကောက်ပွဲ (ဘာသာပြန်)

ဆယ်စုနှစ်တခုနီးပါး ထိုင်းစစ်တပ်ကချိန်ညှိထားတဲ့ အုပ်ချုပ်မှုအပြီး ချောမွေ့တဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်လာဖို့ သေချာတဝက်၊ မသေချာတဝက်ဖြစ်လာနိုင်တဲ့အဆက်အစပ်ဖြစ်ရပ်တွေအပေါ်တောင်းဆိုမှုတွေများနေချိန်မှာ မေ ၁၄ ရက်၊ ထိုင်းရဲ့မျှော်လင့်ချက်တွေမြင့်မားနေတဲ့ရွေးကောက်ပွဲမှာ ထိုင်းမဲဆန္ဒရှင်တွေက အတိုက်အခံပါတီ Move Forward နဲ့ ဖွေထိုင်းတို့ကို ထူးထူးကဲကဲရွေးချယ်လိုက်ပါတယ်။
ဆောင်းပါး

ရွေးကောက်ပွဲတစ္ဆေ ခြောက်လှန့်ခံနေရတဲ့ ထိုင်း

လာမယ့် ထိုင်းရွေးကောက်ပွဲဟာ ပေါ့ပေါ့ပါးပါးမရှိဘဲ တစ္ဆေခြောက်သလိုဖြစ်နေပြီး ငွေအကြီးအကျယ်သုံးကာ ကတိကဝတ်တွေနဲ့ မဲဆွယ်နေကြပါတယ်။
ဆောင်းပါး

Geopolitics In South Asia

A flurry of recent trips by senior Chinese officials to Myanmar appear to be part of Beijing’s effort to counteract
ဆောင်းပါး အာစီယံဒေသတွင်း

သက်ဆင်နဲ့ယင်လပ်နောက်ပိုင်း ရှင်နာဝပ်ထရာမိသားစုဝင်တယောက် အာဏာရလာနိုင်သလား

ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အာဏာသိမ်းမှုမှာဖြုတ်ချပြီး ၁၇ နှစ်အကြာ အသက် ၃၆ နှစ်ရှိနေတဲ့ သူ့အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်ထရာဟာ မကြာသေးခင်လတွေက လူထုသဘောထားစစ်တမ်းတွေမှာ ဦးဆောင်နေပါတယ်။
ဆောင်းပါး

စာတစ်စောင်က ညွှန်းပြတဲ့ တော်လှန်ရေးဖောက်ပြန်သူ

စိုင်းခွန် ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာဟာ စစ်ကောင်စီရဲ့ အစုလိုက် အပြုံလိုက် လူသတ်မှု ကျူးလွန်မှုကြောင့် သတင်းမီဒီယာပေါ်မှာ ဆက်တိုက်ဖော်ပြခံရတဲ့ ကျေးရွာနာမည်တစ်ခု ဖြစ်ခဲ့ပါတယ်။