စီးပွားရေး

တရုတ်ဘက်မှ ဆီမရသည့်အတွက် ပန်ဆန်းတွင် ဓာတ်ဆီစျေးတက်

မဲခေါင် 4 Mar - 2025
တရုတ်ဘက်မှ ဆီမရသည့်အတွက် ပန်ဆန်းတွင် ဓာတ်ဆီစျေးတက်

တရုတ်ဘက်မှ ဆီမရသည့်အတွက် ပန်ဆန်းတွင် ဓာတ်ဆီစျေးတက်

မဲခေါင်၊ မတ် ၄

UWSA ထိန်းချုပ်ဒေသဖြစ်သည့် ပန်းဆန်း(ပန်ခမ်း)မြို့တွင် တရုတ်နိုင်ငံဘက်မှ ဓာတ်ဆီတင်သွင်းခွင့် မရသည့်အတွက် ဈေးတက်နေကြောင်း ဒေသခံနှင့် ခရီးသွားများထံက သိရသည်။

ပန်ဆန်းမြို့နှင့် ထိစပ်နေသည့် နယ်စပ်ဂိတ်ပေါက်မှ တဆင့် ဓာတ်ဆီနှင့် ကုန်ပစ္စည်းအချို့ တင်သွင်းခွင့်ကို ဆက်လက်ကန့်သတ်ထားခြင်းကြောင့် ယခုကဲ့သို့ ဆီစျေးများ မြင့်တက်နေရခြင်းဟု ဒေသခံများနှင့် ပန်ဆန်းကို ဖြတ်ကာ ပြေးဆွဲနေသည့် ယာဥ်မောင်းများထံမှ သိရသည်။

“ပန်ဆန်းမှာ လမ်းဘေးဆီဆိုရင် တစ်လီတာ ယွမ်၂၅၊ ၃၀အထိတောင်ရှိတယ်။ အရင်တစ်လခန့်ကတည်းက ၁၃ယွမ်​ရှိတယ်။ နေရာတိုင်းလည်းမရဘူး။ ဆီဆိုင်ကပြောတာတော့ တရုတ်ဘက်က ဓာတ်ဆီမရတာ တစ်ပတ်လောက်ရှိပြီပြောတယ်။ မိုင်းလားနဲ့ လားရှိုးဘက်တော့ ဆီမရှားဘူး ရနေတယ်။ တရုတ်ဆီပဲ” ဟု မိုင်းလား။ လားရှိူး၊ မူဆယ် ပြေးဆွဲနေသည့် ယာဥ်မောင်း တစ်ဦးက မဲခေါင်ကို မတ်လ၄ရက်တွင် ပြောသည်။

ကားသမားများအနေဖြင့် ပန်ဆန်းတွင် ဆီမထည့်ဘဲ မိုင်းလားမှ ဓာတ်ဆီ တစ်လီတာ ၈ယွမ်ခွဲဈေးဖြင့် ပုံးဖြင့်ဝယ်ယူလာကာ သုံးစွဲနေကြောင်း၊ တန့်ယန်းတွင် တစ်လီတာ ၆၀၀၀ကျပ်၊ ချင်းရွှေဟော်တွင် တစ်လီတာကို ၁၀ယွမ်နှင့် မူဆယ်တွင် ကျပ်၆၀၀၀ ရှိကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ၎င်းပန်ဆန်းသို့ဖြတ်သန်းစဥ် ဓာတ်ဆီဆိုင်များတွင် ကားများ၊ ဆိုင်ကယ်များ တန်းစီဝယ်နေကြသည်ကို တွေ့ရပြီး ဆီလိုသလောက်မရဘဲ ၃၀လစ်(လီတာ) သာ ရကြောင်း ဒေသခံများထံက သိရသည်ဟု ဆိုသည်။

အခြား ဝ ထိန်းချုပ်ဒေသများဖြစ်သည့် ပန်လုံ၊နမ့်တစ်၊ ဟိုပန်တို့တွင်လည်း ဆီဝယ်ယူရရှိမှု အလားတူ ခက်ခဲနေကြောင်း သိရသည်။

ဒေသအခြေစိုက် WNL သတင်းတွင်လည်း တရုတ်ဘက်မှ ဆီမရသဖြင့် ပန်ဆန်းတွင် ဆီစျေးများမြင့်တက်နေသည်မှာတစ်ပတ်ခန့်ရှိပြီဖြစ်သည်ဟုဖော်ပြပါရှိသည်။

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ဦးစီးချုပ်ရုံးမှ ဇန်နဝါရီ ၂၀ ရက်နေ့ ရက်စွဲဖြင့် “ဝ”ပြည်နယ်ဘက် မှကိုးကန့်ဒေသဘက်သို့ လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် ပြန်လည်ခွင့်ပြုထားခြင်းဖြစ်သည်။

ယင်းမတိုင်မီ တရုတ်ဘက်မှ “ဝ” နယ်စပ်ဂိတ်၊ နမ့်တစ်(မန်ခါး)၊ မုန်းအား၊ ဆောဖားနဲ့ ပန်ဆန်း(ပန်ခမ်း)ဂိတ်များကို ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းကပင် ကုန်ပစ္စည်း အဝင်အထွက်တင်းကြပ်ထားခဲ့ခြင်းဖြစ်သည်။

မဟာ
#MeKongNews
#ပန်ဆန်း
#UWSA
#စက်သုံးဆီ
#တရုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now