စီးပွားရေး

ရှမ်းအရှေ့တွင် စက်သုံးဆီဈေး တရိပ်ရိပ်တက်လာ

မဲခေါင် 21 Feb - 2025
ရှမ်းအရှေ့တွင် စက်သုံးဆီဈေး တရိပ်ရိပ်တက်လာ

ရှမ်းအရှေ့တွင် စက်သုံးဆီဈေး တရိပ်ရိပ်တက်လာ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၁

ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီတင်ပို့ရောင်းချမှု ပိတ်ပင်ပြီး သီတင်းပတ် နှစ်ပတ်ကျော်အကြာတွင် ရှမ်းပြည်အရှေ့ပိုင်းရှိ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ ခရိုင်များအတွင်း စက်သုံးဆီဈေးနှုန်း တရိပ်ရိပ်တက်လာကြောင်း ဒေသခံများထံကသိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၁ရက်၊ တာချီလိတ်မြို့တွင် အောက်တိန်း ဓာတ်ဆီ ၁ လီတာလျင် ထိုင်းဘတ်ငွေ ၃၆ ဘတ်၊ 95 အောက်တိန်း ဓာတ်ဆီ ၁ လီတာလျင် ၃၇ ဘတ်၊ HSD ဒီဇယ် ၁ လီတာလျှင် ၃၃ဘတ်ခွဲ၊ ပရီမီယမ် ဒီဇယ် ၁ လီတာလျှင် ၃၇ဘတ်ခွဲဖြင့် ရောင်းချနေပြီး ယခင် ထိုင်းနိုင်ငံဘက်မှ တင်သွင်းစဉ်က တစ်လီတာ ဘတ် ၃၀ ခန့်သာရှိကြောင်း တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

မိုင်းဆတ်၊ မိုင်းတုံမြို့များ ဘက်တွင်မူ ဆီပန့်ဆိုင်အများအပြား ပိတ်ထားနေရပြီး အချို့ရောင်းချသည့် ဆိုင်များတွင်မူ ယနေ့ဖေဖော်ဝါရီ၂၁ရက်တွင် ဓာတ်ဆီတစ်လီတာ ၆၅၀၀ ကျပ်၊ ဒီဇယ်တစ်လီတာ၆၀၀၀ ကျပ်အထိ စျေးမြင့်တက်လျက်ရှိသည်။

“မိုင်းဆတ်ရော မိုင်းတုံရောက ထိုင်းဘက်ကယူခဲ့တာ၊ အခု တာချီလိတ်လို ရန်ကုန်ဆိပ်ကမ်းဘက်က ရယူဖို့ ကြိုးစားနေပါတယ်။ ပြည်နယ်ကထောက်ခံမှ ဝယ်လို့ သယ်လို့ရတာ” ဟု မိုင်းဆတ် ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မိုင်းတုံ၊ မိုင်းဆက်မြို့များတွင် ထိုင်းဘက်မှ ဆီမဖြတ်မီက ဓာတ်ဆီနှင့်ဒီ ဇယ်တစ်လီတာ ၄၀၀၀ ကျပ်ဝန်းကျင်သာရှိရာမှ ဆီဖြတ်ပြီး ၁၆ ရက် အကြာတွင် ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျိုင်းတုံမြို့နယ်အတွင်း၌မူ စက်သုံးဆီ တစ်လီတာကို ကျပ် ၅၃၀၀ ခန့်ဈေးရှိနေပြီး ထိုင်းဘက်က ဆီတင်ပို့မှု မပိတ်ပင်မီက ကျပ် ၄၂၀၀ ဝန်းကျင်သာရှိကြောင်း သိရသည်။

လက်ရှိယနေ့ ရန်ကုန်တွင် 92 အောက်တိန်း ဓာတ်ဆီ ၁ လီတာလျင် ၃၁၂၅ကျပ်၊ 95 အောက်တိန်း ဓာတ်ဆီ ၁ လီတာလျင် ၃၂၇၅ကျပ်၊ HSD ဒီဇယ် ၁ လီတာလျှင် ၂၇၆၅ကျပ်နှင့် ပရီမီယမ် ဒီဇယ် ၁ လီတာလျင် ၃၄၇၅ ကျပ်တို့ရှိနေကြောင်းသိရပြီး ယမန်နေ့ကထက် စျေးနှုန်းများ အနည်းငယ် မြင့်တက်လာသည်။

တာချီလိတ်မြို့နယ်အတွင်း တရားဝင်စက်သုံးဆီဆိုင် ၂၃၊ မိုင်းဆက်မြို့နယ်အတွင်း ၁၆ ဆိုင်နှင့် မိုင်းတုံမြို့နယ်အတွင် ၁၁ ဆိုင်ရှိပြီး ထိုင်းနိုင်ငံဘက်မှ တင်သွင်းသည့်စက်သုံးဆီကို အဓိက မှီခိုနေရခြင်းဖြစ်သည်။

ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းရေးအကြောင်းပြချက်ဖြင့် ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီနှင့် လျှပ်စစ်မီး တင်ပို့ရောင်းချမှုကို ဖေဖော်ဝါရီလ ၅ရက်က စတင်ကာ ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက် လျှပ်စစ်မီးပြတ်တောက်မှုနှင့် စက်သုံးဆီဈေးကြီးမြင့်မှုဒဏ်ကို ဒေသခံများ ခံစားနေရခြင်းဖြစ်သည်။

မဟာ
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now