စီးပွားရေး

အင်းလေးခရမ်းချဥ်သီးတွေ ဒေသတွင်းမလုံလောက်လို့ ရှမ်းတောင်အတွင်းမှာပဲ ဖြန့်ချိနေရ

မဲခေါင် 11 Jun - 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ထွက်ရှိတဲ့ ခရမ်းချဥ်သီးတွေကို မေလနောက်ဆုံးအပတ်ကစပြီး ရှမ်းတောင်ဒေသအတွင်း နီးစပ်ရာမြို့နယ်တွေကိုပဲ ဖြန့်ချိနေရတယ်လို့ စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။

မဲခေါင် ဇွန် ၁၁

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ထွက်ရှိတဲ့ ခရမ်းချဥ်သီးတွေကို မေလနောက်ဆုံးအပတ်ကစပြီး ရှမ်းတောင်ဒေသအတွင်း နီးစပ်ရာမြို့နယ်တွေကိုပဲ ဖြန့်ချိနေရတယ်လို့ စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ သီးနှံစိုက်ပျိုးမှုနည်းပြီး ဈေးကွက်လိုအပ်ချက် မလုံလောက်တာကြောင့် ဒေသတွင်းသာ အများဆုံးဖြန့်ချီရောင်းချနေတာပါ။

ခရမ်းချဉ်သီးစိုက်သူတွေအနေနဲ့ စိုက်ပျိုးစရိတ်နဲ့ တွက်ချေမကိုက်တာကြောင့် အရင်နှစ်တွေထက် ဒေသတွင်းစိုက်ပျိုးသူ နည်းတဲ့အပြင် ဇွန်လအတွင်း ရေကြီးပြီး ကျွန်းမျောစိုက်ခင်း ဧက ၁၀၀ နီးပါး ရေမြုပ်ကုန်တာကြောင့် သီးနှံအထွက် မလုံမလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကေလာရွာ တောင်သူတစ်ဦးက “စိုက်တဲ့သူနည်းလာတာတော့ ၃ နှစ်နီးပါးလောက် ရှိပါပြီ။ ဝယ်သူတွေကတော့ စျေးကြီးပေးပြီး ဝယ်နေရပေမယ့် စိုက်တဲ့သူကတော့ အရင်းနည်းနည်းကျော်ကျော်လောက်ပဲ ရတာပါ။ တော်နေကြာ စိုက်တဲ့သူတွေကို သူဌေးဖြစ်နေတယ် ထင်မှာစိုးလို့။ မြေသြဇာ၊ ပိုးသတ်ဆေးတွေနဲ့ဆို ဘာမှတောင် ပြန်မရပါဘူး” လို့ ပြောပါတယ်။

အရင်က ဒေသထွက် ခရမ်းချဥ်သီးတွေကို မြန်မာနိုင်ငံ အလယ်ပိုင်း၊ အောက်ပိုင်းနဲ့ တရုတ်နိုင်ငံကို တင်ပို့ကြပေမယ့် လက်ရှိမှာတော့ ဒေသတွင်းမှာတောင် မလုံမလောက် ဖြစ်နေပြီး ပွဲစားတွေက အလုအယက် ဝယ်ယူနေရတယ်လို့ သိရပါတယ်။

သလဲဦးရွာ တောင်သူတစ်ဦးက “တရုတ်ဘက်ကတော့ လမ်းပိတ်လို့ ရပ်ထားရတာကြာပြီ။ ပွဲစားတွေတော့ ရွာအထိ လာဆင်းဝယ်တယ်။ စျေးတော့ နှိမ်တာပေါ့။ ပွဲရုံထိ သွားရောင်းရင်တော့ စျေးပိုရတယ်။ ဒါပေမဲ့ ဒီဇယ်ဖိုးကုန်တာနဲ့ အလုပ်သမားခနဲ့ ဘာမှတော့ သိပ်မကွာပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ခရမ်းချဥ်သီး မလုံလောက်ရတဲ့ အကြောင်းဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစု တိန်းရှောင်နေရပြီး စိုက်ပျိုးသူနည်းခြင်း၊ ရာသီဥတုဒဏ်ကြောင့် အထွက်နှုန်းလျော့ခြင်း၊ စိုက်ခင်းရေမြုပ်ခြင်း စတာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဇွန် ၁၀ ရက်နေ့ ပေါက်စျေးအရ ခရမ်းချဥ်သီး တစ်ပိဿာကို ၅ ထောင်ကျပ် ဝန်းကျင်နဲ့ တစ်တင်းအိတ် တစ်အိတ်ကို ၁ သိန်းကျပ် ပေါက်စျေးအထိ ရှိနေတယ်လို့ ပွဲရုံပိုင်ရှင်တွေဆီက သိရပါတယ်။

MK014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အောင်ပန်းပြောက်ကျားတပ်ဖွဲ့က သင်တန်းဆင်းပွဲ ပြုလုပ်

ရှမ်းပြည်တောင်ပိုင်း၊ ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ အောင်ပန်းမြို့ပြ ပျောက်ကျားတပ်ဖွဲ့ (UTF) ဟာ အခြေခံစစ်ပညာသင်တန်း
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြို့ပြပြောက်ကျားတပ်တွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ် အောင်မြင်ဖို့ တိုက်တွန်း

ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေမှာရှိတဲ့ မြို့ပြပြောက်ကျားတပ်တွေအတွက် ပြုလုပ်သွားမယ့် “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ်မှာ ပါဝင်ပေးကြဖို့ ကမ်ပိန်းတာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်ကောင်စီဘက်က ထိပ်တန်း အကြီးအကဲတစ်ဦး လာဖို့စီစဥ်နေလို့ ပျံကျစျေးသည်တွေကို ရက်အနည်းငယ် ပိတ်ခိုင်းထား

တောင်ကြီးမြို့ ကို လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို စစ်ကောင်စီဘက်က အကြီးအကဲတစ်ဦး လာရောက်ဖို့ စီစဥ်နေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပျားစစ်ကြောင်း (Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို စစ်ကောင်စီစခန်းအနီးမှာ ပြုလုပ်

ရှမ်းတောင်၊ ပျားစစ်ကြောင်း(Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို မနေ့က ညောင်ရွှေမြို့နယ်၊ စစ်ကောင်စီစခန်းဗျူဟာ တစ်ခုရဲ့ အနီးကပ်ဆုံးနေရာမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေလို့ လွိုင်ကော် ပစ္စည်းပြန်ယူသူတွေကို စစ်တပ်က အမြန်ဆုံး ပြန်ထွက်ခိုင်းနေ

ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် နေရပ်ပြန် ပစ္စည်းယူသူတွေကို အမြန်ဆုံး ထွက်ခိုင်းနေတယ်လို့ လတ်တလော ပြန်ရောက်နေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီက အရပ်သား ၄ ဦးကို အကြောင်းမဲ့ ပစ်သတ်

ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာမှာ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ရွာခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒိုက်ဦး အကျဉ်းထောင်မှာ နိုင်ကျဉ်းသူတွေ ထောင်တွင်းဖိနှိပ်မှု ကြုံနေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသူတွေအားလုံး ထောင်တွင်းဖိနှိပ်မှု ကြုံနေရတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်း၊ လင်ခံကျေးရွာမှာ စစ်ကောင်စီရဲ့လက်နက်ကြီး အိမ်ပေါ်ကျလို့ မိသားစု ၄ ဦး ဒဏ်ရာရ

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ပင်လောင်မြို့နယ်က လင်ခံကျေးရွာမှာ မနေ့ ဇွန်လ ၂၀ ရက် ညပိုင်းက စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျလို့ မိသားစုဝင် ၄ ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now