စီးပွားရေး

အင်းလေးခရမ်းချဉ်သီး စံချိန်တင်စျေး ထပ်မံမြင့်တက်လာပြီး စျေးကွက်ရောင်းအားကောင်းနေ

မဲခေါင် 10 Jun - 2024
ရှမ်းတောင်၊ အင်းလေးကန်ထွက် ခရမ်းချဉ်သီးတွေ စံချိန်တင်စျေးကောင်းရနေပြီး စျေးကွက် ရောင်းအားကောင်းနေတယ်လို့ ညောင်ရွှေနဲ့ အောင်ပန်းက ပွဲရုံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇွန် ၁၀

ရှမ်းတောင်၊ အင်းလေးကန်ထွက် ခရမ်းချဉ်သီးတွေ စံချိန်တင်စျေးကောင်းရနေပြီး စျေးကွက် ရောင်းအားကောင်းနေတယ်လို့ ညောင်ရွှေနဲ့ အောင်ပန်းက ပွဲရုံတွေဆီက သိရပါတယ်။

ဇွန်လ ၈ ရက်နေ့မှာ အင်းလေး ခရမ်းချဉ်သီး (ပိဿာ ၃ဝပါ) တစ်တင်းကို ကျပ်ငွေ ၉ သောင်းရှိခဲ့ရာမှာ မနေ့ ဇွန် ၉ ရက်မှာတော့ ကျပ် ၁ သိန်းအထိ ပေးဝယ်နေရတယ်လို့ အောင်ပန်းကုန်စိမ်းပွဲရုံတွေဆီက သိရပါတတယ်။

“ အခြားနေရာတွေက ထွက်တာတွေက စျေးမရတော့ဘူး၊ အင်းသီးကို ၃ ရက်လောက် ကားတင်ဝယ်ရတာကို စျေးကွက်မှာ အရမ်းရောင်းကောင်းနေတယ်၊ လတ်တလောတော့ ပြည်မကရော ရှမ်းအရှေ့ကရော ဆွဲနေတာ၊ ထိုင်းသီးမထွက်သေးခင် ၁ လလောက်တော့ စျေးရနေမယ်ခန့်မှန်းတယ်၊ တောင်သူတွေစျေးကွက် အခြေအနေအပေါ် လိုက်ရောက်ဖို့ လိုမယ်” လို့ အောင်ပန်းကုန်စိမ်းပွဲရုံပိုင်ရှင် တစ်ဦးက မဲခေါင်ကိုပြောပါတယ်။

အောင်ပန်းစျေးကွက်မှာ လက်ရှိ ထိပ်စ ကျင်းသီး ဂွတ်ရှယ် ၁ပိဿာ ၃၈၀၀ ကျပ်နဲ့၊ အလတ်စ ၃၅၀၀ ကျပ်မှာ အင်းသီးများသာဖြစ်နေပြီး အသားထူ အထားခံတဲ့အပြင် အချိန်ကိုက်ရောင်းချနိုင်မှုက စျေးကောင်းရစေကြောင်း ၄င်းကပြောပါတယ်။

ညောင်ရွှေပွဲရုံများကတော့ အင်းရေတက်လာသဖြင့် ခရမ်းချဉ်စိုက် ကျွန်းမျော ရာကျော် ရေနစ်မြုပ်မှုတွေရှိလို့ အချို့တောင်သူတွေ ဝမ်းနည်းမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“ ကုန်ကျစရိတ်များလို့ စိုက်သူနည်းတာ၊ အခုက ကျွန်းသမားတွေအနည်းငယ်ပဲ စျေးကောင်းရတာ၊ ရေမြုပ်တာက ၁ ပုံလောက်ရှိတယ်၊ စျေးကောင်းချိန်ပျက်တော့ ခံရတာပေါ့” လို့ ကျွန်းမျောစိုက်တောင်သူ ၁ ဦးက ပြောပါတယ်။

စျေးကွက်တွင် တစ်နေ့ကို ၁၂ ဘီးကား အစီး ၂၀ ခန့် တင်ပို့နေရပြီး ပြည်မနဲ့ထိုင်းဘက်က ခရမ်းချဉ်မထွက်ခင် စျေးကောင်းရနေဦးမှာ ဖြစ်ပြီးနောက် တဖြည်းဖြည်းစျေးကျသွားမှာဖြစ်တယ်လို့ အောင်ပန်းကုန်စိမ်းပွဲရုံပိုင်ရှင်ကပြောပါတယ်။

“ စျေးကွက်လိုအပ်ချက်ကတော့ ဒီလကုန်အကျော်လောက်ထိ လောက်ပါတယ်၊ ကျွန်းမျောတွေ မပျက်ရင် ပိုရမှာ၊ အခုက ပင်းတယဘက်ကလဲ အထွက်ကုန်နေတော့ အင်းသီးက တစ်နိုင်ငံလုံး လိုအပ်ချက်ဖြစ်လာနေတာ” လို့ပြောပါတယ်။

ယမန်နှစ်က အင်းသီး ၁ ပိဿာ ၁ ရာကျပ်ခန့်အထိ စျေးကျဆင်းခဲ့လို့ တောင်သူတွေ မစိုက်ရဲတာအပြင် ကုန်သည်တွေက ဓာတ်မြေသြဇာမထုတ်ပေးလို့ လယ်ကို ပြောင်းလဲစိုက်ကြတာကြောင့် ခရမ်းချဥိ် စိုက်ပျိုးဧက လျော့နည်းခဲ့တာလို့ သိရပါတယ်။

ရှမ်းတောင်ထွက် ခရမ်းချဉ်သီးများအနက် အင်းသီးမှာ အသားထူးခြင်း၊ အထားခံခြင်း၊ အစေ့နည်းခြင်းစတာတွေကြောင့် မရှိမဖြစ် မီးဖိုချောင်သုံးဖြစ်သလို ခရမ်းချဉ်သီးဆော့ လို့အခြားစားသောက်ကုန်လုပ်ငန်းများကလည်း အသုံးများတဲ့အတွက် ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ ကျိုင်းတုံတို့ဘက်သို့နှစ်စဉ် တင်ပို့ရောင်းချနေရတာလို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး

ဂျင်း(ချင်း)ဈေးကောင်းရပေမယ့် စိုက်ပျိုးသူ များလာတာကြောင့် လာမယ့်နှစ်အတွင်း ဈေးထိုးကျမှာကို တောင်သူတွေ စိုးရိမ်

ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ ဂျင်း(ချင်း)တွေဟာ လတ်တလောမှာ တစ်ပိသာ ၈၀၀၀ ကျပ်အထိ ဈေးကောင်းရနေပြီး ဒေသတွင်း စိုက်ပျိုးသူများလာတာကြောင့် လာမယ့်နှစ်မှာ ဈေးထိုးကျမှာကို
စီးပွားရေး ဒေသတွင်းသတင်း

မြစ်ကြီးနားမှာ စက်သုံးဆီဈေး တက်ပြီး ကန့်သတ်ချက်နဲ့ ရောင်းချနေတဲ့အတွက် လိုသလောက်ဝယ်မရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စက်သုံးဆီဈေး အဆမတန် မြင့်တက်နေတာကြောင့် ဝယ်ယူသူတွေ တန်းစီစောင့်ဆိုင်းနေရပြီး လိုသလောက်လည်း ဝယ်လို့မရဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

ခရမ်းချဉ်သီးနဲ့ ဂေါ်ဖီထုပ်တွေ ဈေးတက်ပေမယ့် ရှမ်းတောင်ဒေသထွက် အာလူးတွေ ဈေးကောင်းမရ

ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ ခရမ်းချဉ်သီးနဲ့ ဂေါ်ဖီထုပ်တွေဟာ ဈေးနှုန်းအဆမတန် မြင့်တက်နေပေမယ့် အာလူးတွေကတော့ ဈေးကောင်းမရ‌သေးဘူးလို့ တောင်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

လုံကန်ဈေးမှာ စစ်ကောင်စီတပ်က ရောင်းချရမယ့်ဈေးနှုန်း လာရောက်သတ်မှတ်မှာကို ဈေးသည်တွေက စိုးရိမ်

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ စံကားမြို့အနီး လုံကန်ကျေးရွာဈေးကို ဇွန်လ ၁၂ ရက်နေ့က စစ်ကောင်စီတပ်တွေ လာရောက်စစ်ဆေးခဲ့တာကြောင့် ရောင်းချရမယ့် ဈေးနှုန်းတွေ လာရောက် သတ်မှတ်မှာကို စိုးရိမ်နေရတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

ရှမ်းတောင်ဈေးကွက်အတွင်း ဂေါ်ဖီထုပ်ဈေး ၁၀ ဆကျော်တက်လို့ စားသောက်ဆိုင်တွေ အခက်အခဲဖြစ်နေ

ရှမ်းပြည်တောင်ပိုင်းကထွက်ရှိတဲ့ ဂေါ်ဖီထုပ်တွေဟာ သင်္ကြန်ကာလမတိုင်မှီက ဂေါ်ဖီထုပ် တစ်ထုပ်ကို ၄၀၀ ကျပ်သာ ပေါက်ဈေးရှိခဲ့ရာက ဇွန်လအတွင်းမှာတော့ အထုပ်အကြီးအသေးပေါ်မူတည်ပြီး အများဆုံး ဂေါ်ဖီထုပ်တစ်ထုတ်ကို ၄၀၀၀ ကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ ဆိုပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းအရှေ့ က ရွှေဆိုင်တွေ စစ်ကောင်စီဖွင့်ပေးတဲ့ရွှေစျေးနဲ့ အဝယ်သာပြုလုပ်ပြီး အရောင်းကို အမြတ်ကျန်မယ့် အလျော့တွက်လက်ခပေါ်ဈေးတင်ရောင်းနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ၊ တာချီလိတ်က ရွှေဆိုင်တွေမှာ စစ်ကောင်စီဖွင့် ရွှေဈေးတန်းနဲ့ ရွှေဆိုင်အဝယ်သာပြုလုပ်နေပြီး အရောင်းဈေးကွက် အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

အင်းလေးခရမ်းချဥ်သီးတွေ ဒေသတွင်းမလုံလောက်လို့ ရှမ်းတောင်အတွင်းမှာပဲ ဖြန့်ချိနေရ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ထွက်ရှိတဲ့ ခရမ်းချဥ်သီးတွေကို မေလနောက်ဆုံးအပတ်ကစပြီး ရှမ်းတောင်ဒေသအတွင်း နီးစပ်ရာမြို့နယ်တွေကိုပဲ ဖြန့်ချိနေရတယ်လို့ စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

သနပ်ဖက်စျေးကောင်းရပေမယ့် လုပ်သားခနဲ့ သွင်းအားစု ဈေးနှုန်းမြင့်တက်လာမှုကြောင့် တောင်သူတွေ အမြတ်နည်း

ရှမ်းပြည်တောင်ပိုင်းကထွက်ရှိတဲ့ သနပ်ဖက်တွေဟာ တစ်ပိဿာ ၅၀၀၀ ဝန်းကျင်ခန့် စျေးတက်လာပေမယ့် လုပ်သားခနဲ့ သွင်းအားစု ဈေးနှုန်းမြင့်တက်လာမှုကြောင့် ‌တောင်သူတွေ အမြတ်နည်းနေတယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now