စီးပွားရေး

လျှပ်စစ်ကားတင်သွင်းမှုက ပွင့်လင်းမြင်သာမှုမရှိတဲ့ ပရော့ချက်တစ်ခုသာဖြစ်တယ်လို့ ကား လောကသားတွေ ဝေဖန်

မဲခေါင် 27 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၆ စစ်ကောင်စီရဲ့ လျှပ်စစ်ကားတင်သွင်းမှုဟာ ရေပေါ်ဆီ လူတန်းစာတစ်ရပ် အတွက်သာ ဖြစ်ပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့ နိုင်ငံတော်ဆိုင်ရာ ပရောဂျက်တစ်ခုသာ ဖြစ်တယ်လို့ ကားဈေးကွက်ကျွမ်းကျင်သူပညာရှင်တွေက သုံးသပ်ပြောကြားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

စစ်ကောင်စီရဲ့ လျှပ်စစ်ကားတင်သွင်းမှုဟာ ရေပေါ်ဆီ လူတန်းစာတစ်ရပ် အတွက်သာ ဖြစ်ပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့ နိုင်ငံတော်ဆိုင်ရာ ပရောဂျက်တစ်ခုသာ ဖြစ်တယ်လို့ ကားဈေးကွက်ကျွမ်းကျင်သူပညာရှင်တွေက သုံးသပ်ပြောကြားပါတယ်။

လျှပ်စစ်ကားရဲ့ စျေးနှုန်းကတစ်စီးကို သိန်း ၇၀၀ နဲ့ သိန်း ၁၀၀၀ ကျော်နီးပါးရှိနေတဲ့အတွက် စျေးကွက်ထဲမှာ ပြည်သူတွေ တကယ် လက်လှမ်းမှီနိုင်တဲ့စျေး မဟုတ်ဘဲ အခုလိုတင်သွင်းမှုက အခြားစပ်ဆက်အကြောင်းအရာတွေ ပတ်သတ်မှုတွေရှိ​နိုင်တယ်လို့လည်း ဝေဖန်မှုတွေ ရှိနေတာပါ။

“ နိုင်ငံ အတွင်းမှာတောင် လျှပ်စစ်မီး အပြည့်အဝ မသုံးနိုင်ချိန်မှာ ဒါကိုတင်သွင်းတာကတစ်ပိုင်း EV ကိုလေ့လာကြည့်ချက်အရ ဖုန်းအားသွင်းသလိုမျိုးမရဘူး။ ဒါက Pilot project ဖြစ်တဲ့ Invset ကကြီးတယ်။ ၁၀ နှစ်လောက်အချိန်ယူရမယ့် အလုပ်။ နောက်ပြီးစျေးနှုန်းအရ ကြည့်ရင်လည်း ရေပေါ်ဆီလူတန်းစားအတွက် သီးသန့်လိုဖြစ်နေတယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ နိုင်ငံတော်ဆိုင်ရာ ပရောဂျက်တစ်ခုလို့မြင်တယ်။ ပြောစရာရေးစရာရအောင် Issue ထုတ်ပေးလိုက်တဲ့ သဘောသာဖြစ်တယ်လို့” ကားစျေးကွက် ကျွမ်းကျင်ပညာရှင်တစ်ဦးကဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်သုံးဆီလျှော့ချသုံးစွဲဖို့ မြန်မာနိုင်ငံတွင်း လျှပ်စစ်ရထားနဲ့ ကားစီမံကိန်းတွေ ဖော်ဆောင်မယ်လို့ ပြောဆိုမှုရဲ့ တစ်နှစ်အကြာမှာ အခုလိုတင်သွင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

လျှပ်စစ်ကားတွေကို စစ်ကောင်စီရဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနက အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပေးခဲ့ပြီး လက်ရှိမှာတော့ Chin Dwin Shan Construction ကုမ္ပဏီနဲ့ NPK Motors ကုမ္ပဏီတို့က ပထမဦးဆုံးအနေနဲ့ BYD ကုမ္ပဏီထုတ် လူစီးနဲ့ တက္ကစီလျှပ်စစ်ကားအစီး ၄၀ တင်သွင်းလာတာ ဖြစ်ပါတယ်။

အခုလို တင်သွင်းမှုကြောင့် ပြည်တွင်းကားစျေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်မှာ မဟုတ်သလို မော်တော်ယာဥ် အဌားစျေးကွက်ပေါ်လည်း ထိခိုက်လာနိုင်စရာမရှိဘူးလို့ မော်တော်ယာဥ် တင်သွင်းထုတ်လုပ်ရောင်းချသူများ အသင်းတာဝန်ရှိသူက ပြောပါတယ်။

“ ဘာသက်ရောက်မှုမှ မရှိလာနိုင်ဘူး။ တရုတ်ကားက သိန်း ၆၀၀ ကနေ၊ သိန်းတစ်ထောင်ကျော်ဆိုတော့ လူလတ်တန်းစားနဲ့ အခြေခံလူတန်းစားက ဝယ်စီးနိုင်မှာမဟုတ်ဘူး။ ငွေပိုနေတဲ့သူတွေ အဆင်တန်ဆာအဖြစ်သာ အလှဝယ်ထားတာမျိုးပဲရှိမှာ။ တက္ကစီအရကြည့်ရင်လည်း အုံနာကြေး တစ်ရက် ၅ သောင်းလောက်ရမှ ကိုက်မယ့်သဘောဆိုတော့ စိုးရိမ်စရာမရှိပါဘူးလို့” တာဝန်ရှိသူကဆိုပါတယ်။

လျှပ်စစ်ကားတင်သွင်းဖို့ ကုမ္ပဏီ ၂၆ ခုကို ခွင့်ပြုထားတဲ့အနက် ကုမ္ပဏီ နှစ်ခုက ပထမဆုံးတင်သွင်းလာတာဖြစ်ပြီး တရုတ်နိုင်ငံထုတ် BYD အမျိုးအစား E2 Model ဖြစ်ပါတယ်။

ဒီလျှပ်စစ်ကားတွေထဲကမှ ရန်ကုန်လေဆိပ်မှာ အခြေပြုကာ တက္ကစီ ၁၀ စီး နဲ့ နေပြည်တော် သပြေကုန်းဈေးမှာ အခြေပြုပြီး တက္ကစီ ၁၀ စီး ပြေးဆွဲမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

စီးပွားရေး

လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက် TNLA ထုတ်ပြန်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပြည်နယ်အတွင်း လက်ဖက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့
စီးပွားရေး

ဈေးကစားလိုသူတွေရဲ့ အွန်လိုင်းကောလဟလ ထုတ်လွှင့်တာကြောင့် ရွှေဈေးတက်နေရတယ်လို့ YGEA ထုတ်ပြန်

မဲခေါင်၊ မတ်လ ၂၂ ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ချိတ်ဆက်မှုမရှိဘဲ ဈေးကစားလိုသူတွေ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့်ကောလဟလ ထုတ်လွှင့်နေတာကြောင့်သာ ရွှေဈေးတက်နေရတယ်လို့ ရန်ကုန်တိုင်း
စီးပွားရေး

တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေဈေးကြီးနေပြီး ဆင်မောင်းမှာ ညအိပ်ခ အဆမတန်ပေးရ

မဲခေါင်၊ မတ် ၁၉ ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေ ဈေးကြီးနေတဲ့အပြင် မိုင်းပျဉ်းမြို့နယ် ၂၄ မိုင်ရွာ ဆင်မောင်းမှာ ရပ်နား ညအိပ်ရာ တည်းခိုခန်းခတွေ အဆမတန် ပေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။
စီးပွားရေး

ပြည်တွင်းအာလူးပေါ်ချိန် တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အလုံးအရင်းနဲ့ဝင်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

မဲခေါင်၊ မတ်လ ၁၈ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း ကုန်ပေါပြီး ဈေးရရှိမှုနည်းကာ အမြတ်အစွန်းနည်းလို့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ရှမ်းတောင် အာလူးစိုက် တောင်သူတွေက
စီးပွားရေး မြန်မာ့နွေဦး

ဂျပန်ထွက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား အရေအတွက်က ဂျပန်အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြား

မဲခေါင်၊ မတ် ၁၁ အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့
စီးပွားရေး

စစ်ခေါင်းဆောင်မက်လုံးပေးတဲ့ ချေးငွေတိုင်း လုပ်ငန်းရှင်တွေတကယ်ရဖို့ခက်နေ

မဲခေါင်၊ မတ် ၁၀ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တိုင်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေတွေထုတ်ပေးမယ်လို့ မက်လုပ်ပေးနေပေမယ့် တကယ်တန်းမှာ ချေးငွေရရှိဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စီးပွားရေး

ဆီစျေးတက်၊ စစ်ဆေးရေးကြာလို့ ရှမ်းပြည်သွားကုန်ကားအချို့ ယာယီရပ်

ရှမ်းပြည်နယ်ကို အတက်အဆင်း ကုန်သယ်နေတဲ့ ကုန်တင်ယာဉ်တွေဟာ ဆီစျေးတွေ တက်လာတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးခံရတာကြောင့် ယာယီရပ်နားထားရတယ်လို့ ကုန်တင်ယာဉ်မောင်းအချို့ထံက သိရပါတယ်။
စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။