စီးပွားရေး

ရှမ်းအရှေ့ က ရွှေဆိုင်တွေ စစ်ကောင်စီဖွင့်ပေးတဲ့ရွှေစျေးနဲ့ အဝယ်သာပြုလုပ်ပြီး အရောင်းကို အမြတ်ကျန်မယ့် အလျော့တွက်လက်ခပေါ်ဈေးတင်ရောင်းနေ

မဲခေါင် 11 Jun - 2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ၊ တာချီလိတ်က ရွှေဆိုင်တွေမှာ စစ်ကောင်စီဖွင့် ရွှေဈေးတန်းနဲ့ ရွှေဆိုင်အဝယ်သာပြုလုပ်နေပြီး အရောင်းဈေးကွက် အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မဲခေါင်၊ ဇွန် ၁၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ၊ တာချီလိတ်က ရွှေဆိုင်တွေမှာ စစ်ကောင်စီဖွင့် ရွှေဈေးတန်းနဲ့ ရွှေဆိုင်အဝယ်သာပြုလုပ်နေပြီး အရောင်းဈေးကွက် အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ရန်ကုန်ရွှေအသင်းက ဖွင့်ပေးတဲ့ စျေးတန်းအတိုင်း ရွှေစျေးဖွင့်ပေးထားမယ့် ရွှေဆိုင်တွေမှာ ဆိုင်ကပြန်ဝယ်မှုသာရှိပြီး ရွှေဝယ်သူနည်းပါးနေတာကြောင်း အရောင်းဈေးကွက်ကျဆင်းနေ ပြီး အမြတ်ကျန်မယ့် အလျော့တွက်လက်ခ ဈေးတင်ရောင်းချနေရတာ ဖြစ်ပါတယ်။

“ အပြင်စျေးနဲ့ တအားကွာနေတာ၊ မရောင်းပြန်ရင်လဲ ပြဿနာဆိုတော့ ဒင်္ဂါး ၁ ပဲ ၂ ပဲ အထည်လေးတွေ ဖွင့်တဲ့စျေးနဲ့ရောင်းပေးတယ်၊ ဝယ်တာကတော့ ဖွင့်တဲ့စျေးနဲ့ရောင်းပေးရင်ဝယ်ပါတယ်” လို့ တာချီလိတ်ရွှေဆိုင် တစ်ဆိုင်ရဲ့မိသားစုဝင် ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ရန်ကုန်ရွှေအသင်းက ဖွင့်တဲ့စျေးအတိုင်း ရွှေဆိုင်တွေက ရောင်းချတဲ့နေရာမှာ အထည်ကြီး အတုံး၊ ဖြတ်စတွေကို ရောင်းချတာမရှိဘဲ။ အလျော့တွက် လက်ခရတဲ့ ၁၅ ပဲရည် အထည်သေးတွေပဲ ရောင်းပေးနေကြတာဖြစ်ပြီး မို(ပုံစံ)နဲ့ရိုက်တဲ့ ဘယ်အထည်မှလဲ ရောင်းတာမရှိတော့ဘူးလို့သိရပါတယ်။

အလျော့တွက် လက်ခကို အဆမတန်တွက်ချက်ထားလို့ ၁၆ ပဲရည် ၃ ပဲလက်စွပ်တစ်ကွင်းကို အလျာ့တွက် ၂ ပဲ ၂ ရွေးနဲ့ ဝယ်ရတာတွေရှိတယ်လို့လဲ သိရပါတယ်။

“ ရွှေစျေးကွက်က ပြိုသွားပြီ၊ အဖမ်းခံရသူတွေ၊ ထွက်ပြေးနေရတာ၊ စောင့်ကြည့်ခံနေရတာ၊ အရှုံးခံရောင်းလို့လဲ မဖြစ်ကြတော့ အလုပ်ဖြစ်ပြတဲ့အနေနဲ့ ၁ ပဲစ ၂ ပဲစ လေးတွေ ပဲရောင်းပေးကြတော့တာ၊ ရွှေစျေးကလဲ စုံစမ်းစစ်ဆေးရေးဦးစီးဌာန “ စ” သုံးလုံးက ဖွင့်ပေးနေတာ။ ဒီအတိုင်းဆို ရွှေစျေးငြိမ်တဲ့ ထိုင်းတို့ အိန္ဒိယတို့ဆီ ထွက်ကုန်ကြလိမ့်မယ်” လို့ ရွှေကုန်သည် တစ်ဦးက ပြောပါတယ်။

ကျိုင်းတုံက နှင်းဆီရွှေဆိုင်ကတော့ နောက်ထပ် ဓားပြတိုက်ခံရမှာ ကြောက်တယ်လို့ အကြောင်းပြပြီး ပိတ်ထားသလို မြို့မစျေးထဲက ရွှေဆိုင်တွေလဲ ပိတ်ထားလို့ ရွှေရောင်းချင်တာ မရောင်းရဘူးလို့ ကျိုင်းတုံစျေးနားနေသူ တစ်ဦးထံက သိရပါတယ်။

တာချီလိတ်က ရွှေဆိုင်အများစုလည်း ပိတ်ထားနေပြီး ခဏတစ်ဖြုတ်သာဖွင့်တာမျိုး လုပ်နေပြီး အရောင်းအဝယ်မရှိဖြစ်နေလို့ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်ကူးပြီးပဲ အထည် အနည်းအကျဉ်း ဝယ်ရောင်းနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ ဒီလောက်ရွှေစျေးတက်နေတာတောင်မှ ၂၇ သိန်းနဲဝယ်ထားတော ပြန်ရောင်းတော့ ရှုံးနေသေးတယ်၊ ဆိုင်တွေပဲ ရောင်းမြတ်၊ ဝယ်မြတ်ဖြစ်ပြီး ရိုးရိုးပြည်သူတွေကတော့ ဝယ်ရှုံး၊ ရောင်းရှုံးပါပဲ” လို့ တာချီလိတ်ဒေသခံ ၁ ဦးက ပြောပါတယ်။

ရှမ်းအရှေ့ရွှေဆိုင်အများစုကတော့ ပြည်မက ရွှေဆိုင်တွေလိုပဲ အဖွင့်စျေးတန်းသာထားပြီး အရောင်း/အဝယ် မဖြစ်စလောက်သာလုပ်နေကြတာလို့ သိရပါတယ်။

ထိုင်းရွှေ ၁ ဘတ်သားကို ၁၅.၆၂ ဂရမ် ရှိပြီး မြန်မာရွှေ ၁ ကျပ်သားကို ၁၆.၃၃၃ ဂရမ်ရှိတယ်လို့ သိရပြီး အမှန်တစ်ကယ် ရွှေရောင်းဝယ်ချင်သူများအနေနဲ့ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်ကို သွားပြီး ရောင်းဝယ်နေကြတယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အောင်ပန်းပြောက်ကျားတပ်ဖွဲ့က သင်တန်းဆင်းပွဲ ပြုလုပ်

ရှမ်းပြည်တောင်ပိုင်း၊ ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)ရဲ့ တပ်ခွဲ ၂ ဖြစ်တဲ့ အောင်ပန်းမြို့ပြ ပျောက်ကျားတပ်ဖွဲ့ (UTF) ဟာ အခြေခံစစ်ပညာသင်တန်း
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြို့ပြပြောက်ကျားတပ်တွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ် အောင်မြင်ဖို့ တိုက်တွန်း

ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေမှာရှိတဲ့ မြို့ပြပြောက်ကျားတပ်တွေအတွက် ပြုလုပ်သွားမယ့် “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ်မှာ ပါဝင်ပေးကြဖို့ ကမ်ပိန်းတာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ စစ်ကောင်စီဘက်က ထိပ်တန်း အကြီးအကဲတစ်ဦး လာဖို့စီစဥ်နေလို့ ပျံကျစျေးသည်တွေကို ရက်အနည်းငယ် ပိတ်ခိုင်းထား

တောင်ကြီးမြို့ ကို လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို စစ်ကောင်စီဘက်က အကြီးအကဲတစ်ဦး လာရောက်ဖို့ စီစဥ်နေတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပျားစစ်ကြောင်း (Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို စစ်ကောင်စီစခန်းအနီးမှာ ပြုလုပ်

ရှမ်းတောင်၊ ပျားစစ်ကြောင်း(Bees Column )ရဲ့ စစ်အခြေခံသင်တန်းအပတ်စဉ်-၂ သင်တန်းဆင်းပွဲကို မနေ့က ညောင်ရွှေမြို့နယ်၊ စစ်ကောင်စီစခန်းဗျူဟာ တစ်ခုရဲ့ အနီးကပ်ဆုံးနေရာမှာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေလို့ လွိုင်ကော် ပစ္စည်းပြန်ယူသူတွေကို စစ်တပ်က အမြန်ဆုံး ပြန်ထွက်ခိုင်းနေ

ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် နေရပ်ပြန် ပစ္စည်းယူသူတွေကို အမြန်ဆုံး ထွက်ခိုင်းနေတယ်လို့ လတ်တလော ပြန်ရောက်နေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မိုးညှင်းနဲ့ ဖားကန့်ကြား၊ အင်းတော်ဒေသက စစ်ကောင်စီ စခန်း ၃ နေရာကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့က သိမ်းပိုက်

ကချင်ပြည်နယ်၊ မိုးညှင်းနဲ့ ဖားကန့်ကြား၊ အင်းတော်ဒေသက စစ်ကောင်စီ စခန်း ၃ နေရာကို ယမန်နေ့ ဇွန်လ ၂၃ ရက်‌နေ့နဲ့ ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ KIA နဲ့ ပူးပေါင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲဖောက်ရောင်းချနေဆဲ နေအိမ်ကို ဝယ်လက် နောက်တစ်ဦးဆီ ထပ်ရောင်းလို့ ငွေကြေးအရှုပ်အရှင်း ဖြစ်ပေါ်

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ မဲဖောက်ရောင်းချနေဆဲဖြစ်တဲ့ အိမ်ကို ဝယ်လက်နောက်တစ်ဦးဆီ ထပ်မံရောင်း‌ချမှု ဖြစ်ပွားခဲ့ပြီး ငွေကြေးအရှုပ်အရှင်းတွေ ဖြစ်ပေါ် နေတယ်လို့ မဲဝယ်ထားသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကိုးကန့်ဒေသမှာ နှစ် ၂၀ အထက် နေထိုင်သူတွေကို မူရင်းဒေသသားအဖြစ်အတည်ပြုမယ်လို့ MNDAA က ထုတ်ပြန်

ရှမ်းမြောက်၊ ကိုးကန့်ဒေသဖြစ်တဲ့ အထူးဒေသ(၁) အတွင်း နှစ်ပေါင်း ၂၀ နှစ်နဲ့အထက် နေထိုင်ခဲ့သူတွေကို "မူရင်းဒေသသား"အဖြစ် အတည်ပြုပြီး ဒေသသား မှတ်ပုံတင်ကပ်ပြားအလိုအလျောက်ရရှိနိုင်မယ်လို့ MNDAA က ဇွန်လ ၂၂ ရက်နေ့ စာနဲ့ထုတ်ပြန်လာတာတွေ့ရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now