စီးပွားရေး

ရှမ်း‌တောင် ခရမ်းချဉ်သီး ဈေးကောင်းရပြီး ဝယ်လိုအားတက်ပေမယ့် အရှုံးပေါ်နေ

မဲခေါင် 23 May - 2024
ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ အင်းသီးခေါ် အင်းလေးကန် ကျွန်းမျောပေါ်မှာ အဓိကစိုက်ပျိုးတဲ့ ခရမ်းချဉ်သီးတွေဟာ အရင်နှစ်ထက် ဈေးကောင်းရနေပေမယ့် စိုက်ပျိုးစာရိတ်နဲ့ စိုက်တောင်သူနည်းပါးကာ ကျွန်းမျောတွေ ပျက်စီးကုန်တာကြောင့် အသီးအထွက်နှုန်းလျော့ပြီး အရှုံးပေါ်နေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

မဲခေါင်၊ မေ ၂၃

ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ အင်းသီးခေါ် အင်းလေးကန် ကျွန်းမျောပေါ်မှာ အဓိကစိုက်ပျိုးတဲ့ ခရမ်းချဉ်သီးတွေဟာ အရင်နှစ်ထက် ဈေးကောင်းရနေပေမယ့် စိုက်ပျိုးစာရိတ်နဲ့ စိုက်တောင်သူနည်းပါးကာ ကျွန်းမျောတွေ ပျက်စီးကုန်တာကြောင့် အသီးအထွက်နှုန်းလျော့ပြီး အရှုံးပေါ်နေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

အင်းလေးကန်အတွင်းက ကျွန်းမျောတွေဟာ ရာသီဥတုပူပြင်းတဲ့အတွက် ပျက်စီးကုန်တဲ့အပြင် အရင်ကထက် စိုက်တောင်သူ နည်းပါးတာကြောင့် အသီးအထွက်နှုန်း လျော့ကျကာ စျေးကွက်ဝယ်လိုအား ပြည့်မီအောင် မတင်ပို့နိုင်သေးဘူးလို့ သိရပါတယ်။

မနှစ်က ခရမ်းချဉ်သီးစျေး ၁ ပိဿာလျှင် ၁၀၀ ကျပ်အထိ ကျဆင်းခဲ့တဲ့အတွက် တိရိစ္ဆာန်ကျွေးတာနဲ့ ဒီအတိုင်းပစ်ထားခဲ့ရပြီး ဒီနှစ်မှာတော့ အကောင်းဆုံး ဂွတ်ရှယ်သီး ၁ ပိဿာ ၃ ထောင်ကျပ်၊ ရှယ်သီး ၂၈၀၀ ကျပ်နဲ့ အသေးသီး ၂၅၀၀ ကျပ်အထိ စျေးရနေတယ်လို့ အောင်ပန်း ကုန်စိမ်းပွဲရုံက သိရပါတယ်။

“ ကျနော်က လကုန်လောက်မှ ဒီစျေးရောက်မယ်ထင်တာ ခုထဲက ရောက်နေပြီဆိုတော့ လကုန်ရင် ၃၅၀၀ လောက်အထိ တက်နိုင်မယ်၊ ပြီးတော့မှ အခြားဒေသက ထွက်လာရင် ပြန်ကျလာမယ်၊ အဓိကတော့ ပစ္စည်းမရှိလို့တက်တာပါ” လို့ အောင်ပန်းကုန်စိမ်းပွဲရုံက ဦးမောင်မောင်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ခရမ်းချဉ်သီးကို ဆေးအုပ်လဲ မှဲ့ရွဲ ပျော့ပြဲထွက်ပြီး ချက်ပြုတ်လို့ မကောင်းသလို သက်တမ်းမပြည့်မှီခူးဆွတ်ရင်လဲ နုမှည့်ဖြစ်ကာ အရည်အသွေးမကောင်းတဲ့အတွက် လှီးလို့မကောင်း၊ ချက်လို့မကောင်းဘူးလို့ ဆိုပါတယ်။

အသီးကို ခူးသင့်တဲ့ အစိမ်းအချိန်မှာခူးပြီး ကျင်းနဲ့ထားကာ အကောင်းဆုံးအနေအထားတွေကို ရွေးထုတ်လို့ရတဲ့ စိမ်းဖန်ဖန့် အရောင်ရှိတဲ့အသီးကို (ကျင်းသီး)လို့ခေါ်ပြီး အပင်မှာ ဒီအတိုင်းထားရင်း မှည့်လာလို့ခူးတဲ့အသီးကို (အပင်စို)လို့ ခေါ်တယ်လို့ သိရပါတယ်။

မိုင်းသောက် ကျွန်းမျော ခရမ်းချဉ်စိုက်တောင်သူ တစ်ဦးက “ အခုက စိုက်ခင်းတွေရဲ့ ၁၀ ပုံ ၁ ပုံလောက်ပဲထွက်သေးတာ၊ တချို့စိုက်ခင်းတွေက ပန်းပွင့်ယုံပဲရှိသေးတယ်၊ အသီးထွက်ဖို့ ရက်လိုသေးတော့ ထွက်လာရင် အမြင့်ဆုံးစျေးရဖို့တော့ မျှော်မှန်းတယ်” လို့ ပြောပါတယ်။

အသီးကြီး အသီးညီပြီး အလုံးလှတာကို (ဂွတ်ရှယ်)အတန်းအစား၊ သူ့ထက် အလုံးငယ်တာကို (ရှယ်)အတန်းအစားနဲ့ အသေးအမျိုးကိုတော့ (အသေးသီး)လို့ စျေးကွက်မှာ အမည်ပေါက်ပေါက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ခရမ်းချဉ်ကို ပျိုးပင်ကနေ အပွင့်၊ အသီးအထိ ၃ လ ၄လ ကြာ စိုက်ပျိုးကြပြီး နှစ်စဉ် ဇန်နဝါရီလမှာ ၁ကြိမ်နဲ့ ယခု မေလ မှာ ၁ ကြိမ် စိုက်ပျိုးကြတာပါ။

ဒီနှစ်မှာတော့ မနှစ်ကထက် ၄ ပုံ ၁ ပုံခန့်သာ စိုက်ပျိုးနိုင်ခဲ့ကြပြီး ရန်ကုန်၊ မန္တလေးတို့အပြင် ရှမ်းအရှေ့၊ ရှမ်းမြောက် သာမကမြန်မာတပြည်လုံကို တင်ပို့ရောင်းချတာရှိတယ်လို့ ညောင်ရွှေက ခရမ်းချဉ်ပွဲရုံတွေ ဆီက သိရှိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီက အရပ်သား ၄ ဦးကို အကြောင်းမဲ့ ပစ်သတ်

ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာမှာ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဒိုက်ဦး အကျဉ်းထောင်မှာ နိုင်ကျဉ်းသူတွေ ထောင်တွင်းဖိနှိပ်မှု ကြုံနေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသူတွေအားလုံး ထောင်တွင်းဖိနှိပ်မှု ကြုံနေရတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပင်လောင်း၊ လင်ခံကျေးရွာမှာ စစ်ကောင်စီရဲ့လက်နက်ကြီး အိမ်ပေါ်ကျလို့ မိသားစု ၄ ဦး ဒဏ်ရာရ

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ပင်လောင်မြို့နယ်က လင်ခံကျေးရွာမှာ မနေ့ ဇွန်လ ၂၀ ရက် ညပိုင်းက စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျလို့ မိသားစုဝင် ၄ ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

မူဆယ်မှာ စည်ပင် အလုပ်သမားကား တိမ်းမှောက်၍ ထိခိုက်ဒဏ်ရာရသူများပြား

ရှမ်းမြောက်၊ မူဆယ်မှာ မနေ့ ဇွန်လ ၂၀ ရက် ညနေ ၅ နာရီခန့်က စည်ပင်အလုပ်သမားကား တိမ်းမှောက်လို့ ထိခိုက်ဒဏ်ရာရသူများပြားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထီးချိုင့်မြို့နယ်မှာ ပသုံးလုံးတွေဦးဆောင်ပြီး လယ်ယာမြေများအပေါ် လမ်းဖောက်မှု ဒေသခံပြည်သူတွေ ဆက်လက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG လက်အောက်ခံ ပသုံးလုံးအဖွဲ့တွေက လယ်ယာမြေများအပေါ် လမ်းဖောက်လုပ်နေတာကို ရပ်တန့်ခြင်းမရှိတာကြောင့် ဒေသခံပြည်သူတွေက ဆက်လက် ကန့်ကွက်ဆန္ဒပြနေဆဲ ဖြစ်တယ်လို့သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်မှာ တရားမဝင် တရုတ်နိုင်ငံသားတွေဆီက တောရိုင်းတိရိစ္ဆာန်နဲ့ လက်နက်ဖမ်းဆီးရမိ

ရှမ်းအရှေ့၊ တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံကျေးရွာမှာ တရားမဝင်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို လက်နက်ခဲယမ်း၊ စကားပြောစက်၊ မူယစ်ဆေးဝါးအချို့နဲ့ တောရိုင်းတိရိစ္ဆာန်တွေဖြစ်တဲ့ ကျား ၊ ခြင်္သေ့၊ ဝက်ဝံ တွေနဲ့အတူ တမြန်နေ့ ဇွန်လ ၁၉ ရက်မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချိုနဲ့ မိုးကုတ်ကျေးရွာတွေကို စစ်ကောင်စီက ဂျက်လေယာဉ်၊ လက်နက်ကြီးနဲ့တိုက်ခိုက်လို့ ဒေသခံ တစ်ဦးထိခိုက်ကာ ဘုန်းတော်ကြီးကျောင်းနဲ့နေအိမ်ပျက်စီး

ရှမ်းမြောက် နောင်ချိုနဲ့ မိုးကုတ်က ကျေးရွာတွေကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လို့ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရကာ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ် ၁ လုံး ပျက်စီးခဲ့တယ်လို့ PSLF/TNLA က ဇွန် ၂၀ ရက်ကထုတ်ပြန်ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲကြောင့် ကန်ပိုင်တည်ကုန်သွယ်ရေးဇုန်မှာ ပိတ်မိနေတဲ့ကုန်ကားတချို့ ပြန်လွှတ်ပေး

ကန်ပိုင်တည် ကုန်သွယ်ရေးဇုန်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ကုန်ကားထဲကတချို့ ဒီနေ့ ဇွန် လ ၂၀ ရက်နေ့မှာ ပြန်လွှတ်ပေးကြောင်း ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now