စီးပွားရေး

ရွှေလီ – မူဆယ် နယ်စပ်ဂိတ်ပြန်ဖွင့်ပေမယ့် တရုတ်ဘက်က ပို့ကုန်တွေပဲ အများဆုံးဝင်

မဲခေါင် 16 Jan - 2023
တရုတ်-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ရွှေလီ - မူဆယ် ဂိတ်ကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ တရားဝင်ပြန်ဖွင့်ခဲ့ပေမယ့် သူတို့ဘက်ကသာ ပို့ကုန်တွေကို အဓိကပို့နေပြီး မြန်မာဘက်က ကုန်တွေကို ကန့်သတ် ထားတယ်လို့ သိရပါတယ်။ 

မဲခေါင်၊ ဇန်နဝါရီ ၁၆

တရုတ်-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ရွှေလီ – မူဆယ် ဂိတ်ကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ တရားဝင်ပြန်ဖွင့်ခဲ့ပေမယ့် သူတို့ဘက်ကသာ ပို့ကုန်တွေကို အဓိကပို့နေပြီး မြန်မာဘက်က ကုန်တွေကို ကန့်သတ် ထားတယ်လို့ သိရပါတယ်။ 

အရှေ့တောင်အာရှရဲ့ အလုပ်အရှုပ်ဆုံးကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ရွှေလီ – မူဆယ် ဂိတ်ကို ကိုဗစ်ကြောင့် ၂၀၂၀ ဧပြီ လကစပြီး ပိတ်ခဲ့ရာက ဇန်နဝါရီ ၁၄ ရက် စနေနေ့မနက်ပိုင်းမှာ ပထမဆုံးအကြိမ် ဂိတ်တစ်ဂိတ်ကိုပြန်ဖွင့်ပေး လိုက်တာဖြစ်ကြောင်း ရှမ်းပြည်နယ်အာဏာပိုင်တစ်ဦးက အတည်ပြုပြောဆိုပါတယ်။

မူဆယ်ဆန်ကုန်စည်ဒိုင်အသင်း ဒုတိယဥက္ကဌ ဦးမင်းသိန်းက “ကုန်ကားခြောက်စီး မန်ဝိန်းကို ဖြတ်ကျော်ခြင်းနဲ့ ဂိတ်ကိုပြန်ဖွင့်လိုက်တာပါ။ ဒါပေမဲ့ တရုတ်ဘက်က သူတို့ဆီကို မြန်မာဘက်ကနေ စားသောက်ကုန်တစ်မျိုးတည်း ပဲ တင်သွင်းခွင့်ပြုထားပါသေးတယ်။ အဓိက ကုန်စည်တွေဖြစ်တဲ့ ဆန်၊ ဆန်းကွဲ၊ ပဲနဲ့ ဖရဲသီးတွေကို တင်ပို့ခွင့် မပြု သေးဘူး။ ကျင်ဆန်ကွက် စစ်ဆေးရေးဂိတ်ကို အသုံးပြုပြီး ပြန်ကုန်ကူးခွင့်ပေးခဲ့တာပါ။ သူတို့ဘက်ကတော့ စက်မှု အသုံးအဆောင်ပစ္စည်းတွေ၊ လျှပ်စစ်အသုံးဆောင်ပစ္စည်းတွေ၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ၊ လူသုံးကုန်နဲ့ အိမ်သုံး ပစ္စည်း၊ စားသောက်ကုန်တွေ မြန်မာဘက်ကို တင်ပို့နေတယ်။ လူတွေကိုလည်း တရုတ်ဘက် ဖြတ်သန်းခွင့် ပိတ်ပင်ထားတုန်းပဲ” လို့ ပြောသွားပါတယ်။ 

MKF – 001

Ref: malaymail

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

စီးပွားရေး

လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက် TNLA ထုတ်ပြန်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပြည်နယ်အတွင်း လက်ဖက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့
စီးပွားရေး

ဈေးကစားလိုသူတွေရဲ့ အွန်လိုင်းကောလဟလ ထုတ်လွှင့်တာကြောင့် ရွှေဈေးတက်နေရတယ်လို့ YGEA ထုတ်ပြန်

မဲခေါင်၊ မတ်လ ၂၂ ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ချိတ်ဆက်မှုမရှိဘဲ ဈေးကစားလိုသူတွေ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့်ကောလဟလ ထုတ်လွှင့်နေတာကြောင့်သာ ရွှေဈေးတက်နေရတယ်လို့ ရန်ကုန်တိုင်း
စီးပွားရေး

တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေဈေးကြီးနေပြီး ဆင်မောင်းမှာ ညအိပ်ခ အဆမတန်ပေးရ

မဲခေါင်၊ မတ် ၁၉ ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေ ဈေးကြီးနေတဲ့အပြင် မိုင်းပျဉ်းမြို့နယ် ၂၄ မိုင်ရွာ ဆင်မောင်းမှာ ရပ်နား ညအိပ်ရာ တည်းခိုခန်းခတွေ အဆမတန် ပေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။
စီးပွားရေး

ပြည်တွင်းအာလူးပေါ်ချိန် တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အလုံးအရင်းနဲ့ဝင်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

မဲခေါင်၊ မတ်လ ၁၈ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း ကုန်ပေါပြီး ဈေးရရှိမှုနည်းကာ အမြတ်အစွန်းနည်းလို့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ရှမ်းတောင် အာလူးစိုက် တောင်သူတွေက
စီးပွားရေး မြန်မာ့နွေဦး

ဂျပန်ထွက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား အရေအတွက်က ဂျပန်အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြား

မဲခေါင်၊ မတ် ၁၁ အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့
စီးပွားရေး

စစ်ခေါင်းဆောင်မက်လုံးပေးတဲ့ ချေးငွေတိုင်း လုပ်ငန်းရှင်တွေတကယ်ရဖို့ခက်နေ

မဲခေါင်၊ မတ် ၁၀ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တိုင်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေတွေထုတ်ပေးမယ်လို့ မက်လုပ်ပေးနေပေမယ့် တကယ်တန်းမှာ ချေးငွေရရှိဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စီးပွားရေး

ဆီစျေးတက်၊ စစ်ဆေးရေးကြာလို့ ရှမ်းပြည်သွားကုန်ကားအချို့ ယာယီရပ်

ရှမ်းပြည်နယ်ကို အတက်အဆင်း ကုန်သယ်နေတဲ့ ကုန်တင်ယာဉ်တွေဟာ ဆီစျေးတွေ တက်လာတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးခံရတာကြောင့် ယာယီရပ်နားထားရတယ်လို့ ကုန်တင်ယာဉ်မောင်းအချို့ထံက သိရပါတယ်။
စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။