စီးပွားရေး

ရုံးခန်းမရှိတဲ့ Yagon Time Investment ကုမ္ပဏီက ကျပ်သိန်းပေါင်းများစွာ လိမ်လည်သွား

မဲခေါင် 17 Nov - 2022
Yagon Time Investment ဆိုတဲ့ အမည်ခံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ငွေကြေး ရင်းနှီးမြှုပ်နှံထားသူတွေကို အဆက်အသွယ် မပြုလုပ်တော့ဘဲ ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်သွားတယ်လို့ ငွေကြေး ရင်းနှီးမြုပ်နှံသူတွေ ထံက သိရပါတယ်။ လက်ရှိ ကမ္ဘာ့ငွေကြေး လောကမှာ ခေတ်စားနေတဲ့ Forex Copy Trading & Bitcoin mining လုပ်ငန်း လုပ်ကိုင်တယ်လို့ ဖော်ပြထားတဲ့ Yagon Time Investment ကုမ္ပဏီဟာ ရုံးခန်း ဖွင့်လှစ်ထားတာ မရှိဘဲ ရင်းနှီးမြှုပ်နှံသူတွေကို အွန်လိုင်းကနေ စည်းရုံးခဲ့တာကြောင့် အခုလို အလိမ်ခံရချိန်မှာ လိုက်လံ ဖြေရှင်းဖို့ မလွယ်ကူ

Yagon Time Investment ဆိုတဲ့ အမည်ခံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ငွေကြေး ရင်းနှီးမြှုပ်နှံထားသူတွေကို အဆက်အသွယ် မပြုလုပ်တော့ဘဲ ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်သွားတယ်လို့ ငွေကြေး ရင်းနှီးမြုပ်နှံသူတွေ ထံက သိရပါတယ်။

လက်ရှိ ကမ္ဘာ့ငွေကြေး လောကမှာ ခေတ်စားနေတဲ့ Forex Copy Trading & Bitcoin mining လုပ်ငန်း လုပ်ကိုင်တယ်လို့ ဖော်ပြထားတဲ့ Yagon Time Investment ကုမ္ပဏီဟာ ရုံးခန်း ဖွင့်လှစ်ထားတာ မရှိဘဲ ရင်းနှီးမြှုပ်နှံသူတွေကို အွန်လိုင်းကနေ စည်းရုံးခဲ့တာကြောင့် အခုလို အလိမ်ခံရချိန်မှာ လိုက်လံ ဖြေရှင်းဖို့ မလွယ်ကူ ဖြစ်နေပါတယ်။

လက်ရှိ ကုမ္ပဏီ တာဝန်ရှိသူတွေ အနေနဲ့ ငွေကြေး ရင်းနှီးမြှုပ်နှံသူများကို အမြတ်ငွေနဲ့ အရင်းငွေတွေ ပေးချေမှု မပြုတော့တဲ့ အပြင် အွန်လိုင်းကနေ မေးမြန်းမှုကို ပြန်မဖြေတော့ဘဲ ဖုန်းတွေပိတ်ကာ တိမ်းရှောင် နေတယ်လို့ သိရပါတယ်။

“သိန်းကိုရာချီ ပါသွားတဲ့ သူတွေက အများကြီးပါ။ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူး။ အေးဂျင့်တွေကအစ ဖုန်းမကိုင်တော့ဘူး။ ကျွန်တော် သိရသလောက်တင် သိန်း ၂ ထောင်ကျော်ပါတယ်။ အမြတ်ငွေရတာ ၃ လလောက်ပဲ ရှိပါသေးတယ်။ အခုလည်း တောက်လျှောက် ဆက်သွယ်တာ မရဘဲ မီဒီယာမှာ သတင်းတွေ တက်လာမှ သတင်းတွေ ပြန်မဖြုတ်ပေးရင် မပေးနိုင်ဘူးဆိုတဲ့ ပုံစံမျိုးတွေနဲ့ ခြိမ်းခြောက်နေပါတယ်။ အရင်းပဲ ဖြစ်ဖြစ် ပြန်ရှင်းပေးစေချင်ပါတယ်” လို့ ငွေကြေး အလိမ်ခံရသူ တစ်ဦးက ပြောပါတယ်။

ယခု လိမ်လည်မှုတွင် အနည်းဆုံး လူပေါင်း ၅၀၀ ထံက ကျပ်သိန်းပေါင်း သောင်းချီ လိမ်လည်သွားတယ်လို့ ယုံကြည်ရပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဘဏ်နဲ့ တရားဝင် ငွေကြေးလုပ်ငန်းတွေ အပေါ် ယုံကြည်မှု မဲ့လာတဲ့ လူအများစုဟာ လစဉ် အမြတ်ငွေ ရာခိုင်နှုန်း အများအပြား ပေးမယ်လို့ စည်းရုံးတဲ့ ကုမ္ပဏီတွေမှာ ငွေကြေး ရင်းနှီးမြှုပ်နှံရာက လိမ်လည်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး ကျပ်ငွေ သိန်းထောင်ပေါင်းများစွာ ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

စီးပွားရေး

လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက် TNLA ထုတ်ပြန်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပြည်နယ်အတွင်း လက်ဖက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့
စီးပွားရေး

ဈေးကစားလိုသူတွေရဲ့ အွန်လိုင်းကောလဟလ ထုတ်လွှင့်တာကြောင့် ရွှေဈေးတက်နေရတယ်လို့ YGEA ထုတ်ပြန်

မဲခေါင်၊ မတ်လ ၂၂ ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ချိတ်ဆက်မှုမရှိဘဲ ဈေးကစားလိုသူတွေ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့်ကောလဟလ ထုတ်လွှင့်နေတာကြောင့်သာ ရွှေဈေးတက်နေရတယ်လို့ ရန်ကုန်တိုင်း
စီးပွားရေး

တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေဈေးကြီးနေပြီး ဆင်မောင်းမှာ ညအိပ်ခ အဆမတန်ပေးရ

မဲခေါင်၊ မတ် ၁၉ ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေ ဈေးကြီးနေတဲ့အပြင် မိုင်းပျဉ်းမြို့နယ် ၂၄ မိုင်ရွာ ဆင်မောင်းမှာ ရပ်နား ညအိပ်ရာ တည်းခိုခန်းခတွေ အဆမတန် ပေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။
စီးပွားရေး

ပြည်တွင်းအာလူးပေါ်ချိန် တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အလုံးအရင်းနဲ့ဝင်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

မဲခေါင်၊ မတ်လ ၁၈ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း ကုန်ပေါပြီး ဈေးရရှိမှုနည်းကာ အမြတ်အစွန်းနည်းလို့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ရှမ်းတောင် အာလူးစိုက် တောင်သူတွေက
စီးပွားရေး မြန်မာ့နွေဦး

ဂျပန်ထွက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား အရေအတွက်က ဂျပန်အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြား

မဲခေါင်၊ မတ် ၁၁ အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့
စီးပွားရေး

စစ်ခေါင်းဆောင်မက်လုံးပေးတဲ့ ချေးငွေတိုင်း လုပ်ငန်းရှင်တွေတကယ်ရဖို့ခက်နေ

မဲခေါင်၊ မတ် ၁၀ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တိုင်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေတွေထုတ်ပေးမယ်လို့ မက်လုပ်ပေးနေပေမယ့် တကယ်တန်းမှာ ချေးငွေရရှိဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စီးပွားရေး

ဆီစျေးတက်၊ စစ်ဆေးရေးကြာလို့ ရှမ်းပြည်သွားကုန်ကားအချို့ ယာယီရပ်

ရှမ်းပြည်နယ်ကို အတက်အဆင်း ကုန်သယ်နေတဲ့ ကုန်တင်ယာဉ်တွေဟာ ဆီစျေးတွေ တက်လာတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးခံရတာကြောင့် ယာယီရပ်နားထားရတယ်လို့ ကုန်တင်ယာဉ်မောင်းအချို့ထံက သိရပါတယ်။
စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။