စီးပွားရေး

ရန်ကုန်အခြေစိုက် ရွှေစက်ဝန်းကုမ္ပဏီက ကျပ်သိန်းပေါင်းတစ်သိန်းကျော် လိမ်သွား

မဲခေါင် 14 Nov - 2022
ငွေကြေး လည်ပတ်မှု အဆင်မပြေတော့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်မြို့ အခြေစိုက် ဆန်လုပ်ငန်း လုပ်ကိုင်တဲ့ ရွှေစက်ဝန်း ကုမ္ပဏီက ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော် လိမ်လည်ခဲ့ပြီး ကုမ္ပဏီပိုင်ရှင် ထွက်ပြေး တိမ်းရှောင် နေတယ်လို့ ဘုရင်နောင် ဆန်ကုန်စည်ဒိုင်က သိရပါတယ်။

လိမ်သွားတဲ့ သတင်းက ဟုတ်တယ်။ အိပ်စပို့ အင်ပို့ လုပ်နေတာပေါ့။ ကုမ္ပဏီ နာမည်က ရွှေစက်ဝန်း၊ သာဓုကံ စက်မှုဇုန်မှာ သူက ဆန်စက် ဌားထားတာရှိတယ်။ ဘုရင်နောင် ကုန်စည်ဒိုင်မှာလည်း ကုန်ကြမ်းတွေ လာဝယ်တယ်။ ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ရောင်းတဲ့သူတွေကို ဆန်ဖိုးတွေ မပေးနိုင်လို့ ဒီကလူတွေက မရောင်းတော့ဘူး။ အခုက ကုမ္ပဏီ မလည်ပတ်နိုင်တော့လို့ ဒေဝါလီ ခံသွားတာ၊ ပိုင်ရှင်ပြေးတာပေါ့။ မန္တလေးက လူတွေ ရှယ်ယာရှင်တွေ ဆုံးရှုံးကြတာ များတယ်။ သတင်းတွေ စုစည်းချက်အရတော့ သိန်းပေါင်း တစ်သိန်းကျော် နီးပါးလောက် ပါသွားလောက်တယ်

လို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဆန်ကုန်သည် တစ်ဦးက ပြောပါတယ်။

ရွှေစက်ဝန်း ကုမ္ပဏီကို ၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကာလအတန်ကြာကပင် ငွေကြေး အရှုပ်အရှင်း ဖြစ်နေလို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်ကနေ ကုန်ကြမ်း ရောင်းချပေးမှု ရပ်ဆိုင်းခဲ့တာ တစ်နှစ် နီးပါး ရှိပြီဖြစ်ပြီး အခု ဖြစ်စဉ်ကြောင့် မန္တလေးနဲ့ မူဆယ်က လုပ်ငန်းရှင် အများအပြားနဲ့ ရှယ်ယာရှင်တွေ ဆုံးရှုံးခဲ့ရတယ်လို့ သူကပြောပါတယ်။

အခုလို လိမ်လည်ခံရပြီဆို ဘယ်သူမှ အကူညီ မပေးနိုင်ဘူး။ ဆန်စပါး ကုန်သည်များ အသင်းတို့ ဆန်စပါး အသင်းချုပ်တို့ ဆိုတာက NGO တွေ၊ သူတို့က အာဏာလည်း မရှိဘူး။ ဘာမှ လုပ်ပိုင်ခွင့်လည်း မရှိပါဘူး။ လိမ်သွားတဲ့ သူကို အသင်းထဲက ထုတ်ပယ် လိုက်တာ ဘလက်လက်စ် သွင်းတာလောက်ပဲ လုပ်လို့ရတာ။ ဒါထက်ပိုပြီး ဘာမှ လုပ်မပေးနိုင်ဘူး။ လိမ်လည်မှုနဲ့ တရားစွဲလည်း တရားမမှုတို့ ဆိုတာကလည်း ပေးတဲ့ကမ်းတဲ့ သူက နိုင်သွားတာပါပဲ။ အခုက စွန့်စားပြီး လုပ်နေကတာ။ အခုပြည်တွင်းထဲမှာက ဆန်အရောင်းအဝယ်ကို အကြွေးစနစ်နဲ့ လုပ်နေရတာ။ ဘယ်ကုမ္ပဏီမှ လက်ငင်းချေပြီး မဝယ်နိုင်ဘူး။ ငွေလက်ငင်းကတော့ ဈေးမရဘူး ငွေရတယ်။ ငွေကို ရက်ဆိုင်းပေးရပြီဆို ဈေးရတယ် ငွေမရဘူး။ အဲလိုဖြစ်နေတာ

လို့ ပြည်ပသို့ ဆန်တင်ပို့နေတဲ့ ကုန်သည် တစ်ဦးက မှတ်ချက်ပြု ပြောပါတယ်။

၂၀၁၇ ခုနှစ်ကလည်း ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကျပ်သိန်းပေါင်း ၆ သောင်း ၈ ထောင် နီးပါး လိမ်လည်မှု ဖြစ်ပွားခဲ့ရာ တရားစွဲဆိုခဲ့ပေမယ့် လိမ်လည်သူ ထွက်ပြေး တိမ်းရှောင်သွားတဲ့ အတွက် သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို တရားရုံးက သိမ်းဆည်းခဲ့ပြီး လိမ်လည်ခံရသူများ အမှုတန်းလန်းနဲ့ ငွေဆုံးရှုံးခဲ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

စီးပွားရေး

လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက် TNLA ထုတ်ပြန်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပြည်နယ်အတွင်း လက်ဖက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့
စီးပွားရေး

ဈေးကစားလိုသူတွေရဲ့ အွန်လိုင်းကောလဟလ ထုတ်လွှင့်တာကြောင့် ရွှေဈေးတက်နေရတယ်လို့ YGEA ထုတ်ပြန်

မဲခေါင်၊ မတ်လ ၂၂ ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ချိတ်ဆက်မှုမရှိဘဲ ဈေးကစားလိုသူတွေ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့်ကောလဟလ ထုတ်လွှင့်နေတာကြောင့်သာ ရွှေဈေးတက်နေရတယ်လို့ ရန်ကုန်တိုင်း
စီးပွားရေး

တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေဈေးကြီးနေပြီး ဆင်မောင်းမှာ ညအိပ်ခ အဆမတန်ပေးရ

မဲခေါင်၊ မတ် ၁၉ ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေ ဈေးကြီးနေတဲ့အပြင် မိုင်းပျဉ်းမြို့နယ် ၂၄ မိုင်ရွာ ဆင်မောင်းမှာ ရပ်နား ညအိပ်ရာ တည်းခိုခန်းခတွေ အဆမတန် ပေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။
စီးပွားရေး

ပြည်တွင်းအာလူးပေါ်ချိန် တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အလုံးအရင်းနဲ့ဝင်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

မဲခေါင်၊ မတ်လ ၁၈ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း ကုန်ပေါပြီး ဈေးရရှိမှုနည်းကာ အမြတ်အစွန်းနည်းလို့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ရှမ်းတောင် အာလူးစိုက် တောင်သူတွေက
စီးပွားရေး မြန်မာ့နွေဦး

ဂျပန်ထွက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား အရေအတွက်က ဂျပန်အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြား

မဲခေါင်၊ မတ် ၁၁ အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့
စီးပွားရေး

စစ်ခေါင်းဆောင်မက်လုံးပေးတဲ့ ချေးငွေတိုင်း လုပ်ငန်းရှင်တွေတကယ်ရဖို့ခက်နေ

မဲခေါင်၊ မတ် ၁၀ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တိုင်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေတွေထုတ်ပေးမယ်လို့ မက်လုပ်ပေးနေပေမယ့် တကယ်တန်းမှာ ချေးငွေရရှိဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စီးပွားရေး

ဆီစျေးတက်၊ စစ်ဆေးရေးကြာလို့ ရှမ်းပြည်သွားကုန်ကားအချို့ ယာယီရပ်

ရှမ်းပြည်နယ်ကို အတက်အဆင်း ကုန်သယ်နေတဲ့ ကုန်တင်ယာဉ်တွေဟာ ဆီစျေးတွေ တက်လာတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးခံရတာကြောင့် ယာယီရပ်နားထားရတယ်လို့ ကုန်တင်ယာဉ်မောင်းအချို့ထံက သိရပါတယ်။
စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။