စီးပွားရေး

မော်ချီးဒေသမှာ စားအုံးဆီ တစ်ပိဿာ ကျပ်တစ်သိန်းအထိ ကုန်ဈေးနှုန်း စံချိန်တင် မြင့်တက်

မဲခေါင် 3 Oct - 2023
ကရင်နီပြည်နယ်၊ မော်ချီးမြို့ကို အဓိက ကုန်စည်ပို့ဆောင်ရာ လမ်းဖြစ်တဲ့ လွိုင်ကော်-ဒေါတမကြီး-ဘော်လခဲ လမ်းပိုင်း အသုံးပြုလို့ မရတော့တဲ့ နောက်ပိုင်းကစပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေရာ လက်ရှိ စားအုံးဆီ တစ်ပိဿာ ကျပ်တစ်သိန်းအထိ ဖြစ်နေလို့ အငတ်ဘေး ဆိုက်မယ့် အန္တရာယ် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၃

ကရင်နီပြည်နယ်၊ မော်ချီးမြို့ကို အဓိက ကုန်စည်ပို့ဆောင်ရာ လမ်းဖြစ်တဲ့ လွိုင်ကော်-ဒေါတမကြီး-ဘော်လခဲ လမ်းပိုင်း အသုံးပြုလို့ မရတော့တဲ့ နောက်ပိုင်းကစပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေရာ လက်ရှိ စားအုံးဆီ တစ်ပိဿာ ကျပ်တစ်သိန်းအထိ ဖြစ်နေလို့ အငတ်ဘေး ဆိုက်မယ့် အန္တရာယ် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလမ်းဟာ ဖေဖော်ဝါရီလ အစပိုင်းကတည်းက တိုက်ပွဲတွေကြောင့် အသုံးပြုလို့ မရတော့ဘဲ ကုန်ဈေးနှုန်း တဖြည်းဖြည်း တက်လာခဲ့ရာ ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းမှာတော့ ကုန်ဈေးနှုန်း အမြင့်ဆုံး စံချိန်တင် တက်သွားတယ်လို့ ဆိုပါတယ်။

“အခုက ပိုက်ဆံရှိရင်တောင်မှ ဝယ်ချင်သလို သွားဝယ်လို့ မရဘူး။ ရောင်းတဲ့လူက မရှိဘူးလေ။ လွိုင်ကော်- ဒေါတမကြီး-ဘော်လခဲလမ်း ကတော့ သွားလို့ မရတာမ ဟုတ်ဘူး။ မသွားနဲ့လို့လည်း မတားဘူး။ တစ်လမ်းလုံး တိုက်ပွဲ ဖြစ်နေလို့ မသွားကြတာ။ မိုင်းတွေလည်း ရှိတယ်။ သွားရင် သေမှာ။ လမ်းသွားမရတော့ စားသောက်ကုန် တွေက ဘာမှ မရောက်ဘူးပေါ့။ ၆ လပိုင်းကတောင် နည်းနည်းတော်သေးတယ်။ ဆန်တစ်အိတ် ၂ သိန်းပဲ။ အခုက ၄ သိန်း ဆိုတော့ ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ ဘာဆက်လုပ်ရမလဲ မသိဘူး” လို့ မော်ချီးဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိ မော်ချီးမြို့မှာ အခြေခံ စားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်ကြမ်း ၂၄ ပြည် တစ်အိတ် ၄၀၀,၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး တစ်အိတ် ၆၀၀,၀၀၀ ကျပ် ဝန်းကျင်၊ စားအုံးဆီ တစ်ပိဿာ တစ်သိန်းကျပ်၊ ကြက်ဥတစ်လုံး ၁,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂ သောင်းကျပ် စတဲ့ ဈေးနှုန်းတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကော်ဖီမစ် အထုပ်သေး တစ်ထုပ် ၁,၅၀၀ ကျပ်၊ ကွမ်းတစ်ပိဿာ တစ်သိန်းခွဲကျပ်၊ ဘီယာ သံဘူး တစ်ဘူး ၂၀,၀၀၀ ကျပ်၊ ဆန်အရက်ကြမ်း တစ်လီတာ ၁၈,၀၀၀ ကျပ် စတဲ့ဈေးတွေအထိ မြင့်တက်နေတယ်လို့ ဆိုပါတယ်။

“အခုက ထိုင်းနယ်စပ်လည်း တိုက်ပွဲတွေနဲ့ ဆိုတော့ ဘာမှ ဝင်လို့ မရတော့ဘူးလေ။ အလှူရှင်တွေ လာချင်တယ် ဆိုရင်တောင် လာလို့မရတဲ့ အနေအထား။ ပိုက်ဆံရှိတဲ့လူက ဈေးတင်ရောင်းတော့ ပိုချမ်းသာတာပေါ့။ ခေတ်ပျက် သူဌေးတွေပေါ့။ အသားငါး စားဖို့မပြောနဲ့ အသီးအရွက်တောင် မစားနိုင်ဘူး။ မသေရုံတမယ်ပဲ” လို့ မော်ချီးဒေသခံ တစ်ဦးက ဆက်ပြောပါတယ်။

မော်ချီး ‌ဒေသမှာ အရင်ကတည်း ကုန်စျေးနှုန်း ကြီးမြင့်ပြီး လွိုင်ကော်မြို့က စျေးနှုန်းရဲ့ ၂ ၀န်းကျင် ဖြစ်ပေမယ့် လက်ရှိ ကုန်စျေးနှုန်းကတော့ စံချိန်တင် မြင့်တက်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လမ်းပိတ်ထားပေမယ့် မှောင်ခိုလမ်းက သွားလာလို့ ရခဲ့ပေမယ့် လက်ရှိ မိုးရာသီ ကာလ လမ်းတွေ ပျက်စီးနေတာကြောင့် ကုန်စည်တွေ မဝင်နိုင်တော့တာလို့ ဆိုပါတယ်။

လတ်တလော အနီးဆုံးဖြစ်တဲ့ ဖားဆောင်းမြို့မှာလည်း စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေး အင်အားစုတွေ တိုက်ပွဲ ဖြစ်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်ပြီး မော်ချီးဒေသနဲ့ ကုန်ဈေးနှုန်း မတိမ်းမယိမ်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

CJ-007

#MekongNews

#မော်ချီးဒေသ

#ကုန်စျေးနှုန်း

#အငတ်ဘေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး ဒေသတွင်းသတင်း

အင်းလေးဒေသမှာ စက်သုံးဆီပြတ်လပ်၊ သိုလှောင်ထားတဲ့ ဆိုင်တွေ ဓာတ်ဆီ တစ်လီတာ ၆,၀၀၀ ကျပ်အထိ ဈေးတင်ရောင်းချ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ကျေးရွာ အများစုမှာ စက်သုံးဆီ ပြတ်လပ်နေပြီး သိုလှောင်ထားတဲ့ ဆိုင်တွေက ဓာတ်ဆီ တစ်လီတာ
စီးပွားရေး ဒေသတွင်းသတင်း

တောင်ကြီးမြို့မှာ မီးဖိုချောင်သုံးဂတ်စ် စတင်ပြတ်လပ်၊ လက်ကျန်ရှိတဲ့ဆိုင်တွေ ၂ ဆနီးပါး ဈေးတင်ရောင်းချနေ

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့မှာ ဒီဇင်ဘာလ ပထမ အပတ်ကစပြီး မီးဖိုချောင်သုံးဂတ်စ် စတင် ပြတ်လပ်နေရာ လက်ရှိ ဆိုင်အရေအတွက် ၂၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တိုက်ပွဲတွေကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတလျှောက် တိုက်ပွဲတွေကြောင့် ကုန်ကားများ ရာနဲ့ချီ ပိတ်မိနေပြီး ၊ ကုန်သွယ်ရေးရပ်တန့်ထားလိုက်ရပြီလို့ နယ်စပ်ကုန်သည်များထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး

ရွှေတစ်ကျပ်သား ကျပ်နှစ်သောင်းကျော် ဈေးတက်

အခေါက်ရွှေဈေးနှုန်း တစ်ရက်တည်းနဲ့ တစ်ကျပ်သားကို ကျပ် ၂ သောင်းကျော်မြင့်တက်ကာ အရောင်းအဝယ် မှောင်ခိုသဘောသာပြုလုပ်နေရတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝန်းက စုံစမ်းသိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

စက်သုံးဆီဈေး တစ်ရက်တည်း တစ်လီတာ ကျပ် ၃၀၀ ကျော်အထိဈေးတက်

ရန်ကုန်တွင် စက်သုံးဆီဈေးနှုန်းများတစ်လီတာကို ၃၀၀ ကျော် မြင့်တက်လာပြီး ဆီဆိုင်အချို့ ဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဈေးကွက်အတွင်း သတင်းအရသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကျင်စန်းကျော့ဂိတ် မီးလောင်ပျက်စီးခဲ့တဲ့ ကုန်တင်ကားများ အာမခံကြေးမရ

တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့က မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ကုန်ကားများအတွက် အာမခံကြေးငွေ မရဘူးလို့ ကုန်ကားပိုင်ရှင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ပြည်ပဆေးဝါးတင်သွင်းခွင့်ပါမစ် ရပ်တန့်ထားတာကြောင့် ဆေးဝါးဈေးမြင့်တက်ပြီး ပစ္စည်းပြတ်

ဆေးကုမ္မဏီတွေ ဈေးကွက်လိုအပ်ချက်အတိုင်း ရောင်းချမပေးနိုင်တာကြောင့် ဆေးဝါးတွေ ဈေးတက်ကာ ပစ္စည်းပြတ်လပ်မှုများ ဖြစ်နေတယ်လို့ ဆေးဝါးဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ကော်ဖီစိုက်ပျိုးသူတွေထံ ကုန်ကြမ်းသွားဝယ်ဖို့ ခက်ခဲနေ

လမ်းပန်းဆက်သွယ်ရေးအခက်ခဲတွေကြောင့် ကော်ဖီစိုက်ပျိုးရာဒေသတွေကို ကုန်ကြမ်းသွားရောက်ဝယ်ယူရန်အခက်ခဲဖြစ်နေပြီး ပြည်တွင်းစားသုံးရန်အတွက်ပါ ဝယ်ယူမရဘူးလို့ ကော်ဖီလုပ်ငန်းရှင်များထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now