စီးပွားရေး

ဗီယက်နမ်က ဝယ်ယူနေလို့ ပြည်တွင်းကြက်သွန်နီဈေး ပြန်တက်နိုင်

မဲခေါင် 1 Oct - 2022
တရုတ် ကြက်သွန်နီ ဝင်ရောက်မှုကြောင့် ယခု သီတင်းပတ် အတွင်း ပြည်တွင်း ကြက်သွန်နီဈေး ကျဆင်းခဲ့ ပေမယ့် ဗီယက်နမ် ကုန်သည်တွေ ဝယ်ယူနေတာကြောင့် ဈေးပြန်တက်လာနိုင်တယ်လို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်က တရုတ် ကြက်သွန်နီတွေ စတင် ဝင်ရောက်လာမှုနဲ့ အတူ ပြည်တွင်းက ကုန်သည်တွေ သိုလှောင်ထားတာ ပြန်ထုတ်ရောင်းလာတာကြောင့် ဈေးကျတာ ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ “ တရုတ်ဘက်က ကြက်သွန်ဝင်လာတာရယ် စက်တင်ဘာလဆန်း လောက်က ကုန်အဝင် နည်းတာကြောင့် ဈေးက တော်တော်မြင့်သွားတယ်။ အသစ်က ပေါ်ချိန် ရောက်တော့ လက်ကျန်တွေ ထွက်လာတာ၊ ဗီယက်နမ်ဘက်က အဝယ်လိုက်နေတော့ ဈေးက

တရုတ် ကြက်သွန်နီ ဝင်ရောက်မှုကြောင့် ယခု သီတင်းပတ် အတွင်း ပြည်တွင်း ကြက်သွန်နီဈေး ကျဆင်းခဲ့ ပေမယ့် ဗီယက်နမ် ကုန်သည်တွေ ဝယ်ယူနေတာကြောင့် ဈေးပြန်တက်လာနိုင်တယ်လို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်က တရုတ် ကြက်သွန်နီတွေ စတင် ဝင်ရောက်လာမှုနဲ့ အတူ ပြည်တွင်းက ကုန်သည်တွေ သိုလှောင်ထားတာ ပြန်ထုတ်ရောင်းလာတာကြောင့် ဈေးကျတာ ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။

“ တရုတ်ဘက်က ကြက်သွန်ဝင်လာတာရယ် စက်တင်ဘာလဆန်း လောက်က ကုန်အဝင် နည်းတာကြောင့် ဈေးက တော်တော်မြင့်သွားတယ်။ အသစ်က ပေါ်ချိန် ရောက်တော့ လက်ကျန်တွေ ထွက်လာတာ၊ ဗီယက်နမ်ဘက်က အဝယ်လိုက်နေတော့ ဈေးက ပြန်တက်နိုင်ချေ ရှိတယ်။ စိုက်တဲ့သူတွေ သိပ်မထိခိုက်နိုင်ဘူး၊ ဈေးကို ထိန်းချင်လို့ လှောင်ထားတာတွေလည်း ထုတ်ရောင်းနေတော့ ဈေးကကျလာတာ”  လို့ ၎င်းက ရှင်းပြပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့က တစ်ပိဿာကို ၂၈၀၀ ကျပ်ကနေ ၃၂၀၀ ကျပ်ကြားရှိခဲ့တဲ့ ဆိပ်ဖြူ ကြက်သွန်နီဟာ စက်တင်ဘာလ ၃၀ ရက်နေ့မှာ တစ်ပိဿာကို ၂၄၀၀ ကျပ်ကနေ ၃၀၅၀ ကျပ်အထိ ပြန်လည် ကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက ကုန်စည်ဒိုင်အဖွင့်ဈေး အနေနဲ့ ကြက်သွန်နီ တပိဿာ ကျပ် ၃၀၀၀ ကနေ ၄၅၀၀ ကြားရှိကာ ပြင်ပ ဈေးကွက်မှာတော့ ကျပ် ၅၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

လာမယ့် နိုဝင်ဘာလမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာ စိုက်ပျိုးထားတဲ့ ကြက်သွန်နီ ဧက ၁ သိန်းနီး ပါးဈေးကွက်ထဲ ဝင်ရောက်လာဖို့ ရှိနေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

စီးပွားရေး

လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက် TNLA ထုတ်ပြန်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပြည်နယ်အတွင်း လက်ဖက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့
စီးပွားရေး

ဈေးကစားလိုသူတွေရဲ့ အွန်လိုင်းကောလဟလ ထုတ်လွှင့်တာကြောင့် ရွှေဈေးတက်နေရတယ်လို့ YGEA ထုတ်ပြန်

မဲခေါင်၊ မတ်လ ၂၂ ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ချိတ်ဆက်မှုမရှိဘဲ ဈေးကစားလိုသူတွေ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့်ကောလဟလ ထုတ်လွှင့်နေတာကြောင့်သာ ရွှေဈေးတက်နေရတယ်လို့ ရန်ကုန်တိုင်း
စီးပွားရေး

တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေဈေးကြီးနေပြီး ဆင်မောင်းမှာ ညအိပ်ခ အဆမတန်ပေးရ

မဲခေါင်၊ မတ် ၁၉ ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေ ဈေးကြီးနေတဲ့အပြင် မိုင်းပျဉ်းမြို့နယ် ၂၄ မိုင်ရွာ ဆင်မောင်းမှာ ရပ်နား ညအိပ်ရာ တည်းခိုခန်းခတွေ အဆမတန် ပေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။
စီးပွားရေး

ပြည်တွင်းအာလူးပေါ်ချိန် တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အလုံးအရင်းနဲ့ဝင်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

မဲခေါင်၊ မတ်လ ၁၈ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း ကုန်ပေါပြီး ဈေးရရှိမှုနည်းကာ အမြတ်အစွန်းနည်းလို့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ရှမ်းတောင် အာလူးစိုက် တောင်သူတွေက
စီးပွားရေး မြန်မာ့နွေဦး

ဂျပန်ထွက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား အရေအတွက်က ဂျပန်အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြား

မဲခေါင်၊ မတ် ၁၁ အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့
စီးပွားရေး

စစ်ခေါင်းဆောင်မက်လုံးပေးတဲ့ ချေးငွေတိုင်း လုပ်ငန်းရှင်တွေတကယ်ရဖို့ခက်နေ

မဲခေါင်၊ မတ် ၁၀ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တိုင်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေတွေထုတ်ပေးမယ်လို့ မက်လုပ်ပေးနေပေမယ့် တကယ်တန်းမှာ ချေးငွေရရှိဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စီးပွားရေး

ဆီစျေးတက်၊ စစ်ဆေးရေးကြာလို့ ရှမ်းပြည်သွားကုန်ကားအချို့ ယာယီရပ်

ရှမ်းပြည်နယ်ကို အတက်အဆင်း ကုန်သယ်နေတဲ့ ကုန်တင်ယာဉ်တွေဟာ ဆီစျေးတွေ တက်လာတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးခံရတာကြောင့် ယာယီရပ်နားထားရတယ်လို့ ကုန်တင်ယာဉ်မောင်းအချို့ထံက သိရပါတယ်။
စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။