စီးပွားရေး

ပြတ်ချင်သလိုပြတ်နေတဲ့ လျှပ်စစ်မီးကြောင့် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ အခက်ကြုံနေရ

မဲခေါင် 18 Nov - 2022
စစ်ကောင်စီက ရန်ကုန် အပါအဝင် နိုင်ငံတဝှမ်းမှာ အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီး ပေးနေတယ် ဆိုပေမယ့် မီးလာရမယ့် အချိန်မှာပါ ပြတ်တောက်နေတဲ့ အတွက် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ အခက်ခဲများနဲ့ ကြုံတွေ့နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းက ခရိုင် ၃ ခုကို အုပ်စု ၂ ခုခွဲကာ ၄ နာရီခြား လျှပ်စစ်မီး အလှည့်ကျပေးမယ်လို့ YESC က ပြောဆိုပေမယ် လက်တွေ့မှာတော့ မီးလာရမယ့် အလှည့်မှာပါ ပြတ်ချင်သလို ပြတ်နေတဲ့ အတွက် အသေးစား အလတ်စား လုပ်ငန်းများနဲ့ ပြည်သူတွေ အခက်ခဲ ဖြစ်နေရပါတယ်။

ကျွန်တော်တို့က လျှပ်စစ်မီးကို စောင့်ပြီး အလုပ်လုပ်လို့ မရတော့ဘူး။ သူတို့ဟာက လာရမယ့် အချိန်လည်း ပျက်နေတော့။ အရင်လို မီးစက်မောင်းရအောင်လည်း ဆီဈေးက မတရား တက်နေတာ မကိုက်ဘူး။ စီးပွားရေး လည်ပတ်အောင် လုပ်နေရတဲ့ အချိန်မှာ အခုလိုမျိုး အဆင်မပြေမှုတွေကြောင့် ကြာရင် လုပ်ငန်း ရပ်နားရ မလိုဖြစ်နေပြီ။ ကိုယ်တွေကို မီခိုနေတဲ့ အလုပ်သမားတွေကြောင့် တင်းခံနေပေမယ့် သူတို့ ဒီပုံစံအတိုင်း လုပ်ချင်တိုင်း လုပ်နေရင်တော့ မလွယ်ဘူး။ မီတာမဆောင်ရင်တော့ အိမ်တိုင်ရာရောက် မီးကိုလာဖြတ်တယ်။ မီးကိုမှန်အောင် ပေးသင့်ပါတယ်

လို့ တနိုင်တပိုင် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီ ချမှတ်တဲ့ စီးပွားရေး မူဝါဒတွေဟာ မြေပြင်နဲ့ ကွာခြားနေပြီး ကုန်ကြမ်းအခက်ခဲ၊ အလုပ်သမား ရှားပါးမှု၊ ဈေးကွက်ထိခိုက်မှုနဲ့ လုပ်ငန်းလည်ပတ်နိုင်ဖို့ အရင်းစိုက်ထုတ် လုပ်ကိုင်နေရတဲ့ အခြေနေမှာ လျှပ်စစ်မီး မမှန်တဲ့ အတွက် လုပ်ငန်းရှင် အများစု အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ သူကပြောပါတယ်။

အခု ဒီတစ်ပတ်ထဲမှာ ပိုဆိုးတယ်။ မီးက လာချင်တဲ့ အချိန်လာပြီး ပျက်ချင်သလို ပျက်နေတာ။ မီတာကျတော့ အချိန်မှန် ဆောင်ခိုင်းတယ်။ မဟုတ်လို့ကတော့ စစ်တပ်ပါခေါ်ပြီး မီးလာဖြတ်တာ။ ရန်ကုန်မြို့က နယ်မြို့တွေနဲ့ မတူဘူး၊ တိုက်ခန်းကျဉ်းလေးတွေထဲ ဆိုတော့ လှောင်ပိတ်နေတာ။ အခုဆို မနက် ၁၀ နာရီ ကတည်းက ဖြတ်သွားတာ ၄ နာရီကျော်နေပြီ။ မလာသေးဘူး

လို့ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ YESC က အုပ်စုခွဲကာ ဓာတ်အား အလှည့်ကျပေးဖို့ စီစဉ်တယ် ဆိုပေမယ့် ဓာတ်အား လျော့ကျမှုနဲ့ ဓာတ်အားစနစ် အရေးပေါ် အခြေနေနဲ့ ကြုံတဲ့အခါမှာ ထပ်မံ ဖြတ်တောက်မှာဖြစ်ပြီး အစိုးရ ဆေးရုံတွေနဲ့ ဌာနဆိုင်ရာတွေကိုတော့ ၂၄ နာရီ အချိန်ပြည့် လျှပ်စစ်ဓာတ်အား ပေးမယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

အခု ဆောင်းဦးကာလ ပွင့်လင်းရာသီကစပြီး စစ်ကောင်စီက နိုင်ငံတဝှမ်း လျှပ်စစ်ဓာတ်အားကို အခြေအနေပေါ် မူတည်ပြီး ခွဲတန်းစနစ်နဲ့ ပေးနိုင်ဖို့ အစီစဉ်တွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

စစ်တပ် အာဏာမသိမ်းခင် အရပ်သား အစိုးရ လက်ထက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ရှိခဲ့ပေမယ့် အခုလို ဆိုးဆိုးရွားရွား အခြေအနေ မဖြစ်ခဲ့ဘူးလို့ ရန်ကုန်မြို့ခံတွေက ဝေဖန်နေပါတယ်။

လက်ရှိ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ YESC ဟာ စစ်ကောင်စီ အလိုကျ မီတာခ လိုက်လံကောက်ခံပြီး မပေးဆောင်တဲ့ နေအိမ်တွေ မီးဖြတ်တာ ခြိမ်းခြောက်တာတွေ လုပ်နေပေမယ့် အလှည့်ကျ လျှပ်စစ်မီးပေးတဲ့ စနစ်ကိုပင် မှန်ကန်စွာ ပေးနိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

စီးပွားရေး

လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက် TNLA ထုတ်ပြန်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပြည်နယ်အတွင်း လက်ဖက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့
စီးပွားရေး

ဈေးကစားလိုသူတွေရဲ့ အွန်လိုင်းကောလဟလ ထုတ်လွှင့်တာကြောင့် ရွှေဈေးတက်နေရတယ်လို့ YGEA ထုတ်ပြန်

မဲခေါင်၊ မတ်လ ၂၂ ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ချိတ်ဆက်မှုမရှိဘဲ ဈေးကစားလိုသူတွေ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့်ကောလဟလ ထုတ်လွှင့်နေတာကြောင့်သာ ရွှေဈေးတက်နေရတယ်လို့ ရန်ကုန်တိုင်း
စီးပွားရေး

တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေဈေးကြီးနေပြီး ဆင်မောင်းမှာ ညအိပ်ခ အဆမတန်ပေးရ

မဲခေါင်၊ မတ် ၁၉ ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေ ဈေးကြီးနေတဲ့အပြင် မိုင်းပျဉ်းမြို့နယ် ၂၄ မိုင်ရွာ ဆင်မောင်းမှာ ရပ်နား ညအိပ်ရာ တည်းခိုခန်းခတွေ အဆမတန် ပေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။
စီးပွားရေး

ပြည်တွင်းအာလူးပေါ်ချိန် တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အလုံးအရင်းနဲ့ဝင်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

မဲခေါင်၊ မတ်လ ၁၈ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း ကုန်ပေါပြီး ဈေးရရှိမှုနည်းကာ အမြတ်အစွန်းနည်းလို့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ရှမ်းတောင် အာလူးစိုက် တောင်သူတွေက
စီးပွားရေး မြန်မာ့နွေဦး

ဂျပန်ထွက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား အရေအတွက်က ဂျပန်အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြား

မဲခေါင်၊ မတ် ၁၁ အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့
စီးပွားရေး

စစ်ခေါင်းဆောင်မက်လုံးပေးတဲ့ ချေးငွေတိုင်း လုပ်ငန်းရှင်တွေတကယ်ရဖို့ခက်နေ

မဲခေါင်၊ မတ် ၁၀ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တိုင်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေတွေထုတ်ပေးမယ်လို့ မက်လုပ်ပေးနေပေမယ့် တကယ်တန်းမှာ ချေးငွေရရှိဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စီးပွားရေး

ဆီစျေးတက်၊ စစ်ဆေးရေးကြာလို့ ရှမ်းပြည်သွားကုန်ကားအချို့ ယာယီရပ်

ရှမ်းပြည်နယ်ကို အတက်အဆင်း ကုန်သယ်နေတဲ့ ကုန်တင်ယာဉ်တွေဟာ ဆီစျေးတွေ တက်လာတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးခံရတာကြောင့် ယာယီရပ်နားထားရတယ်လို့ ကုန်တင်ယာဉ်မောင်းအချို့ထံက သိရပါတယ်။
စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။