စီးပွားရေး

ပြည်ပဆေးဝါးတင်သွင်းခွင့်ပါမစ် ရပ်တန့်ထားတာကြောင့် ဆေးဝါးဈေးမြင့်တက်ပြီး ပစ္စည်းပြတ်

မဲခေါင် 23 Nov - 2023
ဆေးကုမ္မဏီတွေ ဈေးကွက်လိုအပ်ချက်အတိုင်း ရောင်းချမပေးနိုင်တာကြောင့် ဆေးဝါးတွေ ဈေးတက်ကာ ပစ္စည်းပြတ်လပ်မှုများ ဖြစ်နေတယ်လို့ ဆေးဝါးဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၂၃

ဆေးကုမ္ပဏီတွေ ဈေးကွက်လိုအပ်ချက်အတိုင်း ရောင်းချမပေးနိုင်တာကြောင့် ဆေးဝါးတွေ ဈေးတက်ကာ ပစ္စည်းပြတ်လပ်မှုများ ဖြစ်နေတယ်လို့ ဆေးဝါးဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

ပြည်ပကနေ ဆေးဝါးတင်သွင်းခွင့်ပါမစ် ချပေးရာတွင် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအဆင့်ဆင့် ခွင့်ပြုချက်တောင်းခံနေရသဖြင့် ကြန့်ကြာနေတာကြောင့် ကုမ္ပဏီတွေဘက်ကလည်း ဈေးကွက်လိုအပ်ချက်အတွက် ပြန်လည်ရောင်းချဖို့ ခက်ခဲနေတာလို့ ဆေးဝါးရောင်းချသူတွေဆီက သိရပါတယ်။

လက်ရှိမှာ ဆေးဝါးဈေးကွက်အတွင်း ဆေးမျိုးစုံမှာ အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ ဈေးနှုန်းမြင့်တက်နေပြီး ဆီးချိုရောဂါသည်များ သောက်သုံးသည့် ဆေးဝါးများ၊ အဆုတ်ရောဂါအတွက် သုံးသည့် ပိုးသတ်ဆေးများ၊ ဈေးကြီးသည့် နိုင်ငံခြားဆေးဝါးတချို့မှာ ပစ္စည်းပြတ်လပ်နေတယ်လို့ သိရပါတယ်။

“ကုမ္ပဏီပစ္စည်းမချပေးဘူး၊ သူတို့ကလည်း လိုင်စင်မချပေးတော့ လက်ကျန်တွေ ထိန်းရောင်းနေတယ်၊ မိုးမြင့်ထွန်းရှိတုန်းက လိုင်စင်ကို ငွေပေးရင်ရတယ်၊ အခု အဆင့်ဆင့်ဖြတ်နေရတယ်၊ ပြီးတော့ ၃ လလောက်ရှိပြီး မရဘူးလို့လည်း ပြောတယ်၊ နိုင်ငံရေးအခြေနေတွေကြောင့်လည်း ဝယ်စုတာပါတော့ ပစ္စည်းပြတ်ပြီး ဈေးတက်နေတယ်” လို့ မင်္ဂလာဈေးရှိ ဆေးဝါးလက်ကားရောင်းဝယ်သူ တစ်ဦးကပြောပါတယ်။

ဆေးနှင့်ဆေးပစ္စည်း တင်သွင်းခွင့် ပါမစ်များအား ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာန စသည်ဖြင့် သွင်းကုန်ပါမစ်များအား အဆင့်ဆင့် တင်ပြနေရတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ဆေးဝါးဈေးနှုန်းများ တပတ်နှင့်တပတ် မတူအောင် မြင့်တက် လျက်ရှိပြီး တချို့ဆေးဝါးများမှာ ဆေးဆိုင်တိုင်း၌ပင် ဝယ်ယူလို့ မရဘူးလို့ ဆေးဝါးတင်သွင်းနေသူတွေဆီက သိရပါတယ်။

ရင်ကြပ်ပန်းနာအတွက် ဂေါက်ရူဆေးများ၊ ကင်ဆာဆေးများ၊ မျက်စင်းဆေးများမှာ အကြမ်းဖျင်အားဖြင့် တစ်ဘူးလျှင် နှစ်သောင်းဝန်းကျင်သာရှိတဲ့ ဆေးဝါးများက အခုမှာတော့ ဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်နေပါတယ်။

ပုံမှန်အားဖြင့် နယ်စပ်လမ်းကြောင်းမှ ဝင်လာတဲ့ဆေးဝါးများမှာလည်း ကုန်သွယ်ရေး ရပ်တန့်မှုတွေကြောင့် ဝင်ရောက်မှုမရှိဘဲ ဆေးဝါးဈေးတွေမြင့်တက်နေတာလို့ သိရပါတယ်။

ဒါအပြင် စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီက သွင်းကုန်တင်ပို့မှုတွင် အုပ်စု ၅ မျိုး ခွဲထားပြီး ယင်းအထဲမှ ဦးစားပေးကုန်စည်များ (စားသုံးဆီ၊ စက်သုံး ဆီ၊ ဆေးဝါး စသည်ဖြင့်) ကိုသာ သွင်းကုန်ပါမစ်များကို ချထားပေးနေတယ်လို့ ပြောဆိုထားပါတယ်။

MK-006
MKF-001

#MeKongNews

#ဆေးဝါး

#ပြတ်လတ်

#တင်သွင်း

#ပါမစ်

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်နေတဲ့ ဆီဆိုင်မြို့မှာ တိုက်ပွဲရှောင် မိသားစုလိုက် ဒဏ်ရာတွေနဲ့ ပိတ်မိနေ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေကြောင့် ခြံအတွင်းပုန်းခိုနေတဲ့ ၁၀ ဦးပါ မိသားတစ်စုအနက် ၅ ဦးဒဏ်ရာရနေပြီး ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အာဆီယံနိုင်ငံတွေထဲမှာ “စစ်ကောင်စီတပ် အယုတ်မာဆုံး” လို့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ ပြော

စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေဟာ အာဆီယံနိုင်ငံတွေအတွင်း “အယုတ်မာဆုံး ဖက်ဆက်စစ်တပ်” လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၂၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PPDF-KD က တပ်သားသစ်တွေ ခေါ်ယူနေ

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD က တပ်နယ် (၁) သုဝဏ္ဏဘူမိသထုံဒေသနဲ့ တပ်နယ် (၂) ဘားအံဒေသ တို့အတွက် တပ်ဖွဲ့ဝင်အသစ်များကို စတင်လက်ခံခေါ်ယူနေပြီလို့ ထုတ်ပြန် ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အမျိုးသားလွတ်မြောက်ရေးတပ်တော် စစ်အခြေခံသင်တန်းဆင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ရဲ့ စစ်သင်တန်းဆင်းပွဲကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရှူးမြို့ အဝင်အထွက်တွေကို SSPP ပိတ်ဆို့ထား၊ လိုင်းကားတွေ လူတင်ပြီး မြို့ပြင်ထွက်ခွင့် မရ

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မြို့အဝင်အထွက်တွေကို ပိတ်ဆို့ထားပြီး လိုင်းကားမောင်းတဲ့သူတွေဟာလည်း လူတင်ခွင့်မရဘူးလို့ မိုင်းရှူးမြို့ခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မှုခင်းသတင်း

ထိုင်းဘတ်ငွေ ၁ သန်းဆုကြေးထုတ်ထားတဲ့ မူးယစ်ရာဇာကို တာချီလိတ်မှာဖမ်းမိ၊ ထိုင်းဘက် လက်ဗွေနဲ့ DNA လာစစ်ပြီး အတည်ပြုသွား

ကိုကဲဟာ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးလောကမှာ အွန်လိုင်းပေါ်ကနေ ရောင်းချတဲ့အထိ ရဲတင်းပြီး လက်တံ့ကျယ် ပြန့်လွန်းတဲ့ ဂိုဏ်းစတားဖြစ်တာကြောင့် ထိုင်း မူးယစ်ဆေးဝါးဘုတ်အဖွဲ့ရဲ့ ဖမ်း၀ရမ်းမှာ ဆုတော်ငွေ ဘတ် ၁ သန်းအထိ ထုတ်ထားရသူဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မံစီမြို့နယ်က စီခမ်းကြီးစစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်ခန့်မှာ KIA နဲ့ ပူးပေါင်း အဖွဲ့တွေ သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးဒေသက ရွာတွေမှာ PNO ပြည်သူ့စစ်အတွက် တပ်သားသစ် ၂၀၀ ကျော်စုနိုင်ပြီလို့ ဆို

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသကရွာတွေမှာ PNO က ဦးဆောင်ပြီး တပ်သားသစ်စုဆောင်းတာ နှစ်ရာကျော်ရှိသွားပြီလို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now