စီးပွားရေး

ပို့ကုန်ရငွေ ဖြေလျော့ပေးရန် လုပ်ငန်းရှင်တွေတောင်းဆိုမှု ထူးခြားမှုမရှိ

မဲခေါင် 3 Nov - 2023
ပို့ကုန်ရငွေ ဖြေလျော့မှုပေးရန် စီးပွားရေးလုပ်ငန်းရှင်များက စစ်ကောင်စီကို တင်ပြတောင်းဆိုထားပေမယ့် လက်ရှိအချိန်ထိ ဖြေလျော့မှုမရှိသေးကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ဆီက သိရပါတယ်။

မဲခေါင်၊ နိုဝင်ဘာ ၃

ပို့ကုန်ရငွေ ဖြေလျော့မှုပေးရန် စီးပွားရေးလုပ်ငန်းရှင်များက စစ်ကောင်စီကို တင်ပြတောင်းဆိုထားပေမယ့် လက်ရှိအချိန်ထိ ဖြေလျော့မှုမရှိသေးကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်ဆီက သိရပါတယ်။

ပြည်ပတင်ပို့နေတဲ့ ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်းကို လွတ်လပ်စွာ လဲလှယ်သုံးစွဲခွင့်ပြုရန်နဲ့ ပို့ကုန်ရငွေ ၁၀၀ ရာခိုင်နှုန်း လွပ်လပ်စွာသုံးစွဲခွင့်ပေးရေးဆိုပြီး လုပ်ငန်းရှင်အဖွဲ့ ၂ ဖွဲ့ခွဲကာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၆ ရက်က စစ်ကောင်စီရဲ့ စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနဲ့ ပို့ကုန်လုပ်ငန်းရှင် ၁၄၀ ခန့် ညှိနှိုင်းအစည်းအဝေးပြုလုပ်စဉ်က တောင်းဆိုထားပေမယ့် အခုချိန်ထိ ထူးခြားမှုမရှိသေးဘူးလို့ လုပ်ငန်းရှင်များထံက သိရပါတယ်။

“လုပ်ပေးမယ်သာပြောတယ် အခုထိတော့ ဘာမှမထုတ်ပြန်သေးဘူး၊ တစ်ခုခုဖြေလျော့မှ အဆင်ပြေနိုင်မယ့်အနေအထား၊ အခုဆို ပို့ကုန်သမားကမပို့နိုင်ဘူး၊ တိုက်ပွဲအခြေနေတွေကြောင့် လမ်းကြောင်းအခက်အခဲလည်း ပါတာပေါ့၊ ပို့တိုင်းရှုံးနေပြီ” လို့ ပို့ကုန်လုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။

ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ၂၁၀၀ ကျပ်နဲ့ ရောင်းပေးရပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို၂၉၂၀ ကျပ်နဲ့ ဘဏ်တွေကို ရောင်းရကာ ရာခိုင်နှုန်းနှစ်ခုကို ပြန်ပေါင်းချုပ်လိုက်ပါက ၂၅၁၀ ကျပ်နီးပါးဖြစ်နေတဲ့အတွက် ထုတ်လုပ်မှုစရိတ်နဲ့ ကိုက်ညီမှုမရှိဘူးလို့ သိရပါတယ်။

“ပို့ကုန်လုပ်ငန်းကို ဖြည့်လျော့မှုမပေးရင် မှောင်ခိုကြီးလာတော့မယ်၊ သွင်းကုန်သာမှောင်ခိုလုပ်တာကြားဖူးပေမယ့်၊ အခုကပို့ကုန်မှောင်ခိုပို့နေရပြီ၊ အမှန်တကယ်လုပ်သူတွေက ရှုံးပြီးရင်းရှုံးဘဲ၊ ပို့ကုန်မရှိရင် တိုင်းပြည်နိုင်ငံခြားဝင်ငွေ ရှားပါးမှုက ဆိုးသထက်ဆိုးလာဖို့ဘဲရှိတယ်” လို့ နယ်စပ်ကုန်သည်တစ်ဦးကပြောပါတယ်။

ပို့ကုန်အများစုမှာလယ်ယာထွက်ကုန်အပေါ် အခြေခံထားတာကြောင့် ပို့ကုန်တင်ပို့မှုလျော့ကြပါက ဆက်စပ်ကဏ္ဍတွေဖြစ်တဲ့ တောင်သူများပါ ထိခိုက်လာနိုင်တယ်လို့လည်း ကုန်သည်များကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီး/ကူးဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ပို့ကုန်တင်ပို့မှုရဲ့ယခင်ဘဏ္ဍာနှစ် ပထမ ၆ လတာနှင့် ယခု ဘဏ္ဍာနှစ် ပထမ ၆ လတာ ကာလတူ နှိုင်းယှဉ်ပါက ဒေါ်လာ ၁ ဘီလီယံခန့် လျော့ကြနေတာ ဖြစ်ပါတယ်။

MK-006

#MeKongNews

#ပို့ကုန်

#လုပ်ငန်းရှင်

#စစ်ကောင်စီ

#တောင်းဆို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးပြည်သူ့ဆေးရုံမှာ ဆရာဝန်တွေ စစ်ရှောင်ကုန်ပြီး ဒဏ်ရာရပြည်သူတွေ အခက်အခဲဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးပြည်နယ်ဆေးရုံကြီးမှာ သူနာပြုအချို့မှအပ ဆရာဝန်၊ ဆရာမတွေ စစ်ဘေးရှောင်ကုန်ကြလို့ ကျန်နေတဲ့ ဒဏ်ရာရ ပြည်သူတွေ အသက်ဘေးကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ လောင်စာဆီပြတ်လပ်လာ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ဓာတ်ဆီတွေ ပြတ်လပ်လာနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့တွေမှာ စစ်ကောင်စီက ဖောင်ဖြည့်ခိုင်းနေ

ရှမ်းပြည်မြောက်ပိုင်းကနေ ရှမ်းပြည်တောင်ပိုင်းဒေသတွေဆီ တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)က ဖောင်ဖြည့်ခိုင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးတိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂၅ ဦးခန့် သေဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိနေ

ရှမ်းမြောက်၊ လားရှိုးမြို့ကို MNDAA က တိုက်နေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ပြည်သူ ၂၅ ဦးခန့်သေဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီလို့ ဒေသသတင်းတွေနဲ့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချိုက နောက်ဆုံး စစ်ကောင်စီတပ် အမှတ် ၆၀၆ ကို တော်လှန်ရေးတပ်တွေ ရပြီ

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်တိုက်ပွဲမှာ ခုခံနေတဲ့ နောက်ဆုံးတပ် ၆၀၆ တပ်ကို ယမန်နေ့ ညသန်းခေါင်အချိန်မှာ တော်လှန်ရေးတပ်တွေက လက်ရ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီက လားရှိုး ခမရ ၅၀၇ ပြန်ရပြီဆိုပြီး လိမ်လည်နေ

ရှမ်းမြောက်၊ လားရှိုး ရမခစစ်တိုင်းဌာနချုပ်ရဲ့ ရှေ့ကာတပ်ဖြစ်တဲ့ ခမရ-၅၀၇ ကို MNDAA က တိုက်ထုတ်နိုင်ခဲ့တာကို စစ်ကောင်စီတပ်တွေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး အလံတင်ပြတဲ့ ရုပ်သံနဲ့ ၅၀၇ ကို ပြန်သိမ်းလိုက်နိုင်တယ်လို့ ပြောတဲ့ Tiktok ရုပ်သံတွေဟာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO က နားခိုက်ရွာမှာ နေအိမ်မီးရှို့ဖျက်စီးပြီး ပစ္စည်းတွေယူဆောင်သွား

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ PNO က ပြည်သူတွေရဲ့နေအိမ် တွေကို မွှေနှောက်ဖျက်ဆီးပြီး ဘုရားဆင်းတုတော်တွေနဲ့ ငွေတွေ၊ ကားတွေ ဆိုင်ကယ်တွေကို လုယက်ယူဆောင်သွားတယ်လို့သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး မြန်မာ့နွေဦး

ဗဟိုဘဏ်က ငွေသားထုတ်ယူခွင့် ကန့်သတ်ထားလို့ လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်ပေါ်

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်အသီးသီးရှိ အကောင့်တွေကို ငွေသားထုတ်ယူခွင့် ကန့်သတ်ထားတာကြောင့် လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now