စီးပွားရေး

တောင်ကြီးမြို့မှာ မီးဖိုချောင်သုံးဂတ်စ် စတင်ပြတ်လပ်၊ လက်ကျန်ရှိတဲ့ဆိုင်တွေ ၂ ဆနီးပါး ဈေးတင်ရောင်းချနေ

မဲခေါင် 6 Dec - 2023
ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့မှာ ဒီဇင်ဘာလ ပထမ အပတ်ကစပြီး မီးဖိုချောင်သုံးဂတ်စ် စတင် ပြတ်လပ်နေရာ လက်ရှိ ဆိုင်အရေအတွက် ၂၀ ရာခိုင်နှုန်းခန့်ကသာ လက်ကျန်တွေ ရောင်းချနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့မှာ ဒီဇင်ဘာလ ပထမ အပတ်ကစပြီး မီးဖိုချောင်သုံးဂတ်စ် စတင် ပြတ်လပ်နေရာ လက်ရှိ ဆိုင်အရေအတွက် ၂၀ ရာခိုင်နှုန်းခန့်ကသာ လက်ကျန်တွေ ရောင်းချနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လတ်တလော တောင်ကြီးမြို့မှာ လက်ကျန်ရှိတဲ့ ဂတ်စ်ဆိုင်တွေ အနေနဲ့ ၂ ဆနီးပါး စျေးတင် ရောင်းချနေတာကြောင့် အိမ်ရှင်မတွေ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

“ဂတ်စ်တစ်အိုးရဖို့ တစ်မြို့လုံး ပတ်ရှာလိုက်ရတယ်။ အိုးသေးတွေတော့ သိပ်ပြီး မပြတ်ပေမယ့် တစ်ဝက်ဈေးနီးပါး ရောက်သွားတယ်။ ဈေးတင်ရောင်းတဲ့ ဆိုင်တွေလည်း လက်ကျန်ကုန်ရင် ထပ်ရောက်ဖို့ မသေချာဘူးလို့ ကြားတယ်” လို့ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

တောင်ကြီးမြို့မှာ အရင်က ဂတ်စ် တစ်ပိဿာ ၆,၅၀၀ ကျပ်သာရှိရာက ဒီဇင်ဘာလ အစပိုင်းက ၈,၅၀၀ ကျပ် ဝန်းကျင်အထိ တက်လာပြီး ဒီကနေ့ ကျပ် ၁၀,၀၀၀ ၀န်းကျင်၊ ၁၈ ကျပ်သား ဂတ်စ်ဘူး အသေး အရင်က ၈၀၀ ကျပ်ကနေ လက်ရှိ ၁,၅၀၀ ကျပ်အထိ ဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။

တောင်ကြီးမြို့မှာ တန်ဆောင်တိုင်ပွဲကာလ ပြီးကတည်းက လျှပ်စစ်မီး ပြတ်တောက်လေ့ရှိရာ တနေ့ ပျှမ်းမျှ ၁၀ နာရီ ဝန်းကျင်ခန့်သာ လျှပ်စစ်မီးရတယ်လို့ ဆိုပါတယ်။

အခုလို လျှပ်စစ်မီး မမှန်တဲ့ ကာလမှာ မီးဖိုချောင်သုံးဂတ်စ်ကို အားထားနေရတာကြောင့် ကြာရှည် ပြတ်လပ်ကာ ဈေးတင် ရောင်းချပါက စားဝတ်နေရေး ပိုမိုခက်ခဲလာနိုင်တယ်လို့ အိမ်ရှင်မတွေက ဆိုပါတယ်။

လက်ရှိ နိုင်ငံတ၀ှမ်း မီးဖိုချောင်သုံး ဂတ်စ် ပြတ်လပ်လာတဲ့နည်းတူ စက်သုံးဆီပါ ပြတ်လပ်နေတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

CJ-007

#MeKongNews

#တောင်ကြီးမြို့

#ဂက်စ်

#သိုလှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်နေတဲ့ ဆီဆိုင်မြို့မှာ တိုက်ပွဲရှောင် မိသားစုလိုက် ဒဏ်ရာတွေနဲ့ ပိတ်မိနေ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေကြောင့် ခြံအတွင်းပုန်းခိုနေတဲ့ ၁၀ ဦးပါ မိသားတစ်စုအနက် ၅ ဦးဒဏ်ရာရနေပြီး ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အာဆီယံနိုင်ငံတွေထဲမှာ “စစ်ကောင်စီတပ် အယုတ်မာဆုံး” လို့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ ပြော

စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေဟာ အာဆီယံနိုင်ငံတွေအတွင်း “အယုတ်မာဆုံး ဖက်ဆက်စစ်တပ်” လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၂၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PPDF-KD က တပ်သားသစ်တွေ ခေါ်ယူနေ

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD က တပ်နယ် (၁) သုဝဏ္ဏဘူမိသထုံဒေသနဲ့ တပ်နယ် (၂) ဘားအံဒေသ တို့အတွက် တပ်ဖွဲ့ဝင်အသစ်များကို စတင်လက်ခံခေါ်ယူနေပြီလို့ ထုတ်ပြန် ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အမျိုးသားလွတ်မြောက်ရေးတပ်တော် စစ်အခြေခံသင်တန်းဆင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ရဲ့ စစ်သင်တန်းဆင်းပွဲကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရှူးမြို့ အဝင်အထွက်တွေကို SSPP ပိတ်ဆို့ထား၊ လိုင်းကားတွေ လူတင်ပြီး မြို့ပြင်ထွက်ခွင့် မရ

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မြို့အဝင်အထွက်တွေကို ပိတ်ဆို့ထားပြီး လိုင်းကားမောင်းတဲ့သူတွေဟာလည်း လူတင်ခွင့်မရဘူးလို့ မိုင်းရှူးမြို့ခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မှုခင်းသတင်း

ထိုင်းဘတ်ငွေ ၁ သန်းဆုကြေးထုတ်ထားတဲ့ မူးယစ်ရာဇာကို တာချီလိတ်မှာဖမ်းမိ၊ ထိုင်းဘက် လက်ဗွေနဲ့ DNA လာစစ်ပြီး အတည်ပြုသွား

ကိုကဲဟာ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးလောကမှာ အွန်လိုင်းပေါ်ကနေ ရောင်းချတဲ့အထိ ရဲတင်းပြီး လက်တံ့ကျယ် ပြန့်လွန်းတဲ့ ဂိုဏ်းစတားဖြစ်တာကြောင့် ထိုင်း မူးယစ်ဆေးဝါးဘုတ်အဖွဲ့ရဲ့ ဖမ်း၀ရမ်းမှာ ဆုတော်ငွေ ဘတ် ၁ သန်းအထိ ထုတ်ထားရသူဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မံစီမြို့နယ်က စီခမ်းကြီးစစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီ ဝန်းကျင်ခန့်မှာ KIA နဲ့ ပူးပေါင်း အဖွဲ့တွေ သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေးဒေသက ရွာတွေမှာ PNO ပြည်သူ့စစ်အတွက် တပ်သားသစ် ၂၀၀ ကျော်စုနိုင်ပြီလို့ ဆို

ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသကရွာတွေမှာ PNO က ဦးဆောင်ပြီး တပ်သားသစ်စုဆောင်းတာ နှစ်ရာကျော်ရှိသွားပြီလို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now