စီးပွားရေး

တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေဈေးကြီးနေပြီး ဆင်မောင်းမှာ ညအိပ်ခ အဆမတန်ပေးရ

မဲခေါင် 19 Mar - 2023
မဲခေါင်၊ မတ် ၁၉ ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေ ဈေးကြီးနေတဲ့အပြင် မိုင်းပျဉ်းမြို့နယ် ၂၄ မိုင်ရွာ ဆင်မောင်းမှာ ရပ်နား ညအိပ်ရာ တည်းခိုခန်းခတွေ အဆမတန် ပေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ မတ် ၁၉

ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေ ဈေးကြီးနေတဲ့အပြင် မိုင်းပျဉ်းမြို့နယ် ၂၄ မိုင်ရွာ ဆင်မောင်းမှာ ရပ်နား ညအိပ်ရာ တည်းခိုခန်းခတွေ အဆမတန် ပေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ကျိုင်းတုံ-တောင်ကြီး ကားခ ၃၅၀၀၀ ကျပ်ပေးရသလို တစ်ချို့ကားဂိတ်တွေ ကျပ် ၄၀၀၀၀ အထိတောင်းတယ်လို့ ကျိုင်းတုံ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

“အခုဆို ကားခတွေ အရမ်း ဈေးတက်နေတယ်။ ကျိုင်းတုံ-တောင်ကြီး ကားခက ပုံမှန် ၃၅၀၀၀ လောက် ဖြစ်နေပြီ။ တချို့ ကားဂိတ်တွေဆို ၄၀၀၀၀ တောင် ဖြစ်နေပြီ’’ လို့ သူကပြောပါတယ်။

ကျိုင်းတုံ-မိုင်းလား ကားလမ်း ပြန်လည်ဖွင့်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်-မယ်ဆိုင် တံတားလည်း ပြန်လည်ဖွင့်လှစ်တာကြောင့် လက်ရှိ ခရီးသွားတွေ များလာတယ်လို့ သူကဆက်ပြောပါတယ်။

“ကျိုင်းတုံ-မိုင်းလားလမ်း ပြန်ဖွင့်တယ်။ တာချီလိတ်-မယ်ဆိုင် တံတားလည်း ပြန်ဖွင့်တယ်ဆိုတော့ ခရီးသွားတဲ့သူတွေ များလာတယ်။ အခုက ကားခတင် ဈေးကြီးတာ မဟုတ်ဘူး။ တည်းခိုခန်းခ တွေပါ တက်နေတာ။ ကျိုင်းတုံ-တာချီလိတ်-တောင်ကြီး သွားရင် များသောအားဖြင့် ဆင်မောင်းမှာ ညအိပ်ရတာ များတယ်။ ဟိုဘက်ဒီဘက် လှည့်လို့တောင် မရတဲ့ အရင်က တစ်ယောက်ခန်းကို အခု ၃ ယောက်ခန်းဆိုပြီး ခေါင်းအုံး ၃ လုံးထည့်ပြီး တစ်ယောက်ကို ၄၀၀၀ တောင်းနေကြတယ်’’ လို့ ဆိုပါတယ်။

ဒါ့အပြင် တာချီလိတ်-ကျိုင်းတုံ-တောင်ကြီးသွား ကုန်ကားတွေဟာ ၃ ဆနီးပါး ခုန်တက်သွားတဲ့ ဆီဈေး၊ ဂိတ်ကြေးတွေနဲ့ ကိုက်အောင် ကုန်ပစ္စည်းတွေ အန္တရာယ်ဖြစ်‌လောက်တဲ့အထိ တင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-007

#MeKongNews

#တာချီလိတ်

#ဆင်မောင်း

#မိုင်းပျဉ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

စီးပွားရေး

လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက် TNLA ထုတ်ပြန်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပြည်နယ်အတွင်း လက်ဖက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့
စီးပွားရေး

ဈေးကစားလိုသူတွေရဲ့ အွန်လိုင်းကောလဟလ ထုတ်လွှင့်တာကြောင့် ရွှေဈေးတက်နေရတယ်လို့ YGEA ထုတ်ပြန်

မဲခေါင်၊ မတ်လ ၂၂ ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ချိတ်ဆက်မှုမရှိဘဲ ဈေးကစားလိုသူတွေ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့်ကောလဟလ ထုတ်လွှင့်နေတာကြောင့်သာ ရွှေဈေးတက်နေရတယ်လို့ ရန်ကုန်တိုင်း
စီးပွားရေး

ပြည်တွင်းအာလူးပေါ်ချိန် တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အလုံးအရင်းနဲ့ဝင်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

မဲခေါင်၊ မတ်လ ၁၈ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း ကုန်ပေါပြီး ဈေးရရှိမှုနည်းကာ အမြတ်အစွန်းနည်းလို့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ရှမ်းတောင် အာလူးစိုက် တောင်သူတွေက
စီးပွားရေး မြန်မာ့နွေဦး

ဂျပန်ထွက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား အရေအတွက်က ဂျပန်အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြား

မဲခေါင်၊ မတ် ၁၁ အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့
စီးပွားရေး

စစ်ခေါင်းဆောင်မက်လုံးပေးတဲ့ ချေးငွေတိုင်း လုပ်ငန်းရှင်တွေတကယ်ရဖို့ခက်နေ

မဲခေါင်၊ မတ် ၁၀ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တိုင်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေတွေထုတ်ပေးမယ်လို့ မက်လုပ်ပေးနေပေမယ့် တကယ်တန်းမှာ ချေးငွေရရှိဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စီးပွားရေး

ဆီစျေးတက်၊ စစ်ဆေးရေးကြာလို့ ရှမ်းပြည်သွားကုန်ကားအချို့ ယာယီရပ်

ရှမ်းပြည်နယ်ကို အတက်အဆင်း ကုန်သယ်နေတဲ့ ကုန်တင်ယာဉ်တွေဟာ ဆီစျေးတွေ တက်လာတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးခံရတာကြောင့် ယာယီရပ်နားထားရတယ်လို့ ကုန်တင်ယာဉ်မောင်းအချို့ထံက သိရပါတယ်။
စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။
စီးပွားရေး

လျှပ်စစ်ကားတင်သွင်းမှုက ပွင့်လင်းမြင်သာမှုမရှိတဲ့ ပရော့ချက်တစ်ခုသာဖြစ်တယ်လို့ ကား လောကသားတွေ ဝေဖန်

မဲခေါင်၊ ဇန်နဝါရီ ၂၆ စစ်ကောင်စီရဲ့ လျှပ်စစ်ကားတင်သွင်းမှုဟာ ရေပေါ်ဆီ လူတန်းစာတစ်ရပ် အတွက်သာ ဖြစ်ပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့ နိုင်ငံတော်ဆိုင်ရာ ပရောဂျက်တစ်ခုသာ ဖြစ်တယ်လို့ ကားဈေးကွက်ကျွမ်းကျင်သူပညာရှင်တွေက သုံးသပ်ပြောကြားပါတယ်။