စီးပွားရေး

ဆီစျေးတက်၊ စစ်ဆေးရေးကြာလို့ ရှမ်းပြည်သွားကုန်ကားအချို့ ယာယီရပ်

မဲခေါင် 9 Feb - 2023
ရှမ်းပြည်နယ်ကို အတက်အဆင်း ကုန်သယ်နေတဲ့ ကုန်တင်ယာဉ်တွေဟာ ဆီစျေးတွေ တက်လာတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးခံရတာကြောင့် ယာယီရပ်နားထားရတယ်လို့ ကုန်တင်ယာဉ်မောင်းအချို့ထံက သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်ကို အတက်အဆင်း ကုန်သယ်နေတဲ့ ကုန်တင်ယာဉ်တွေဟာ ဆီစျေးတွေ တက်လာတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးခံရတာကြောင့် ယာယီရပ်နားထားရတယ်လို့ ကုန်တင်ယာဉ်မောင်းအချို့ထံက သိရပါတယ်။

နှစ်စပိုင်းဖြစ်တဲ့ ဇန်နဝါရီလ အစပိုင်းတုန်းက စက်သုံးဆီ ဈေးတစ်လီတာကို ၂၀၀၀ အောက်သာ ရှိခဲ့ပေမယ့် ဖေဖော်ဝါရီလအစကနေ ဆီဈေး တစ်လီတာကို ၂၄၀၀ကျော်အထိ ပြန်လည်မြင့်တက်ခဲ့တယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

“ကုန်ကားသမားတွေ ဖြစ်တဲ့အတွက်ဆီဈေးနဲ့ကိုက်မှ ကားထွက်လို့ရမှာ စစ်ဆေးရေးဂိတ်တွေမှာက တဖြည်းဖြည်းချင်း တိုးနေရတော့ ဆီပိုကုန်တယ်၊ တစ်ချိူ့ကုန်ကားသမားတွေဆို ရပ်ထားလိုက်ကြတယ်”လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

ဆီဈေးမြင့်တက်နေတဲ့အပြင် စစ်ဆေးရေးဂိတ်တွေက စစ်ဆေးချိန်ကြာမြင့်ရုံမျှမက ငွေတောင်း ကြမ်းတာတွေကြောင့် ခရီးသည်တင်ယာဉ်လိုင်းတွေတောင် ယာဥ်စီးရေ လျော့ချပြေးဆွဲနေရပြီး တချို့မှာရပ်နားမှုတွေ ရှိခဲ့ပါတယ်။

သြဂုတ်လကစတင်ပြီး ဗဟိုဘဏ်က ဒေါ်လာနှုန်းထား ၂၁၀၀ ကျပ် သတ်မှတ်ခဲ့ပြီး နောက်မှာ စက်သုံးဆီ 92 တစ်လီတာကို ၂၀၀၀ ကျော်အထိရှိခဲ့တာကနေ အခုထပ်ပြီး တစ်လီတာ၂၄၀၀ ကျပ် နီးပါး စျေးမြင့်တက်လာဖြစ်ပါတယ်။

ဆီစျေးက နေ့စဉ် အတက်အကျ အလှုပ်အယမ်းများပြီး ဒီကနေ့မှာတော့ အနည်းငယ် ပြန်လည်ကျဆင်းလာပြန်တယ်လို့ သိရပါတယ်။ 

ဖေဖော်ဝါရီလ ၉ရက် ရည်ညွှန်းဈေးအရ ရန်ကုန်မှာ စက်သုံးဆီဈေး 92 တစ်လီတာ ၂၁၉၅၊95တစ်လီတာ၂၂၅၅၊ ဒီဇယ်တစ်လီတာ၂၂၅၀ ဖြစ်ပြီး မန္တလေးနဲ့နေပြည်တော်မှာတော့ 92 တစ်လီတာ၂၂၄၀ကျော်၊ ရှမ်းပြည်နယ်မှာ 92 တစ်လီတာ ၂၂၈၀ကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။

ဆီစျေးမြင့်တက်တာကြောင့် ကုန်စိမ်းသယ်ယူခတွေက အစမြင့်တက်လာပြီး အရင်က တစ်ပိဿာလျင် ၁၀၀ ကျပ်အောက်သာ သယ်ယူခရှိရာခနေ အခု ၁၅၀ ကျော်အထိ ပေးနေရတယ်လို့ သီရိမင်္ဂလာဈေးရှိ ရှမ်းကုန်စိမ်း လက်ကားဒိုင်က တစ်ဦးက ပြောပါတယ်။

“ ရှမ်းကုန်အပါအဝင်၊ နယ်ဝေးဘက်ကကုန်တွေဆို ရာသီချိန်ကုန်လို့ အဝင်နည်းတာရယ်၊ လမ်းခရီးမှာ ကြန့်ကြာ နေတော့ ပစ္စည်းပြတ်လပ်ပြီး ဈေးတက်တယ်” လို့ သူက ဆိုပါတယ်။

သယ်ယူပို့ဆောင်စရိတ်တွေ မြင့်တက်လာတာကြောင့် အခြေခံစားသောက်ကုန်တွေပါ ဈေးမြင့်တက် လာကာ ပြည်သူတွေ စားဝတ်နေရေး အကြပ်အတည်းတွေနဲ့ ထပ်မံရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာတော့ စက်သုံးဆီစျေးဟာ တစ်လီတာကို အမြင့်ဆုံး ၆၅၀ ကျပ်ထိသာ ရောက်ခဲ့ဖူးသလို အနိမ့်ဆုံး ၂၀၀ ကျော်အထိ ဆင်းခဲ့ဖူးပါတယ်။

#MeKongNews

#စက်သုံးဆီ

#ရှမ်းပြည် 

MK – 006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

စီးပွားရေး

လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက် TNLA ထုတ်ပြန်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပြည်နယ်အတွင်း လက်ဖက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့
စီးပွားရေး

ဈေးကစားလိုသူတွေရဲ့ အွန်လိုင်းကောလဟလ ထုတ်လွှင့်တာကြောင့် ရွှေဈေးတက်နေရတယ်လို့ YGEA ထုတ်ပြန်

မဲခေါင်၊ မတ်လ ၂၂ ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ချိတ်ဆက်မှုမရှိဘဲ ဈေးကစားလိုသူတွေ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့်ကောလဟလ ထုတ်လွှင့်နေတာကြောင့်သာ ရွှေဈေးတက်နေရတယ်လို့ ရန်ကုန်တိုင်း
စီးပွားရေး

တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေဈေးကြီးနေပြီး ဆင်မောင်းမှာ ညအိပ်ခ အဆမတန်ပေးရ

မဲခေါင်၊ မတ် ၁၉ ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေ ဈေးကြီးနေတဲ့အပြင် မိုင်းပျဉ်းမြို့နယ် ၂၄ မိုင်ရွာ ဆင်မောင်းမှာ ရပ်နား ညအိပ်ရာ တည်းခိုခန်းခတွေ အဆမတန် ပေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။
စီးပွားရေး

ပြည်တွင်းအာလူးပေါ်ချိန် တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အလုံးအရင်းနဲ့ဝင်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

မဲခေါင်၊ မတ်လ ၁၈ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း ကုန်ပေါပြီး ဈေးရရှိမှုနည်းကာ အမြတ်အစွန်းနည်းလို့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ရှမ်းတောင် အာလူးစိုက် တောင်သူတွေက
စီးပွားရေး မြန်မာ့နွေဦး

ဂျပန်ထွက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား အရေအတွက်က ဂျပန်အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြား

မဲခေါင်၊ မတ် ၁၁ အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့
စီးပွားရေး

စစ်ခေါင်းဆောင်မက်လုံးပေးတဲ့ ချေးငွေတိုင်း လုပ်ငန်းရှင်တွေတကယ်ရဖို့ခက်နေ

မဲခေါင်၊ မတ် ၁၀ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တိုင်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေတွေထုတ်ပေးမယ်လို့ မက်လုပ်ပေးနေပေမယ့် တကယ်တန်းမှာ ချေးငွေရရှိဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။
စီးပွားရေး

လျှပ်စစ်ကားတင်သွင်းမှုက ပွင့်လင်းမြင်သာမှုမရှိတဲ့ ပရော့ချက်တစ်ခုသာဖြစ်တယ်လို့ ကား လောကသားတွေ ဝေဖန်

မဲခေါင်၊ ဇန်နဝါရီ ၂၆ စစ်ကောင်စီရဲ့ လျှပ်စစ်ကားတင်သွင်းမှုဟာ ရေပေါ်ဆီ လူတန်းစာတစ်ရပ် အတွက်သာ ဖြစ်ပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့ နိုင်ငံတော်ဆိုင်ရာ ပရောဂျက်တစ်ခုသာ ဖြစ်တယ်လို့ ကားဈေးကွက်ကျွမ်းကျင်သူပညာရှင်တွေက သုံးသပ်ပြောကြားပါတယ်။