စီးပွားရေး

စစ်ခေါင်းဆောင်မက်လုံးပေးတဲ့ ချေးငွေတိုင်း လုပ်ငန်းရှင်တွေတကယ်ရဖို့ခက်နေ

မဲခေါင် 10 Mar - 2023
မဲခေါင်၊ မတ် ၁၀ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တိုင်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေတွေထုတ်ပေးမယ်လို့ မက်လုပ်ပေးနေပေမယ့် တကယ်တန်းမှာ ချေးငွေရရှိဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

မဲခေါင်၊ မတ် ၁၀

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တိုင်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေတွေထုတ်ပေးမယ်လို့ မက်လုပ်ပေးနေပေမယ့် တကယ်တန်းမှာ ချေးငွေရရှိဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်၊ နှစ်လယ်ပိုင်းက ငွေကျပ် ၁၀ ဘီလီယံကို အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ – SMEs လုပ်ငန်းတွေအပါအဝင် လယ်ယာထွက်ကုန်လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ရေးအတွက် ထုတ်ချေးပေးမယ်လို့ စစ်ခေါင်းဆောင် ကပြောဆိုခဲ့ပေမယ် ၆လနီးပါး ကြာမြင့်သည်တိုင်အောင် ချေးငွေထုတ်ချေးဖို့ ဘာအသံမှ မကြားရဘူးလို့ SMEs လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီလက်ထက် အခြားကဏ္ဍတွေအပေါ် ချေးငွေထုတ်ပေးရာမှာလည်း မြေပြင်မှာ အမှန်တကယ် လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေကို သေချာစိစစ်ပြီး ထုတ်ချေးပေးတာမျိုး မဟုတ်ဘဲ စစ်အုပ်စုနဲ့ ပဏာသင့်သူတွေကိုသာ ဦးစားပေး ထုတ်ပေးနေတယ်လို့ သိရပါတယ်။

စားသုံးဆီ ပြည်ပတင်သွင်းမှု လျော့ကျဖို့ ချေးငွေထုတ်ပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ဇန်နဝါရီလကပြောခဲ့ပေမယ့် ၂လကျော်တဲ့အထိ ဘယ်လိုလျှောက်ထားရမှန်းမသိတဲ့ လုပ်ငန်းရှင်တွေအများကြီးရှိတယ်လို့ စားသုံးဆီလုပ်ငန်းရှင်တစ်ဦးကလည်း ပြောပါတယ်။

စီးပွားရေးလုပ်ဖို့ အခြေအနေကောင်းတွေမဖန်တီးပေးဘဲ ချေးငွေထုတ်ပေးယုံနဲ့ အကြွေးပိုလာတာရှိပြီး စီးပွားရေးလည်ပတ်မှုအားမကောင်းလာနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

ချေးငွေချေးရာမှာ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ စာရွက်စာတန်းတွေ၊ လုပ်ငန်းလိုင်စင်နဲ့ အခွန်ပေးဆောင်ရတာတွေ ရှိတဲ့အပြင် ချေးငွေရရှိမှုကလည်း အပေါင်ပစ္စည်းအကြီးအသေးပေါ်မှုတည်ပြီး ကွာခြားမှုရှိတာကြောင့် လုပ်ငန်းတစ်ခုတစ်ကယ်လုပ်ဖို့ မလုံလောက်တာများတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ရှိမှာ SMEs လုပ်ငန်းတွေ ရပ်တည်ဖို့ခက်ခဲနေပြီး ငွေကြေးဖောင်းပွတာ၊ လျှပ်စစ်မီးလုံလောက်စွာ မရတာ၊ စက်သုံးဆီဈေးမြင့်တက်နေတာ၊ အလုပ်သမားရှားပါးတာတွေအပြင် သွင်းကုန်၊ ထုတ်ကုန် တင်းကျပ်မှုတွေကြောင့် ကုန်ကြမ်းအခက်အဲတွေလည်း ရှိနေတယ်လို့ လုပ်ငန်းရှင်တွေထံကနေ သိရပါတယ်။

ဒီလိုချေးငွေတွေလိုက်ပေးနေတာဟာ စစ်ကောင်စီအတွက် မဲဆွယ်သလိုပုံစံသာ ဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေက ဝေဖန်ပါကြပါတယ်။

အခုလည်း စစ်ကောင်စီက မသန်စွမ်းစီးပွားရေးလုပ်ငန်းရှင်တွေထံ ချေးငွေသက်တမ်း ၃နှစ်ရှိတဲ့ ကာလတိုချေးငွေ ထုတ်ချေးပေးမှာဖြစ်ပြီး လျှောက်ထားလိုသူတွေ အနေနဲ့ မတ်လ ၂၄ ရက်နေ့ နောက်ဆုံးထားပေးပို့ရမယ်လို့ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ပြန်လည်ထူထောင်ရေး ဦးစီးဌာနကထုတ်ပြန်ကြေညာထားပြန်ပါတယ်။

MK -006
#MeKongNews
#ချေးငွေ
#SMEs
#မသန်စွမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

စီးပွားရေး

တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေဈေးကြီးနေပြီး ဆင်မောင်းမှာ ညအိပ်ခ အဆမတန်ပေးရ

မဲခေါင်၊ မတ် ၁၉ ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေ ဈေးကြီးနေတဲ့အပြင် မိုင်းပျဉ်းမြို့နယ် ၂၄ မိုင်ရွာ ဆင်မောင်းမှာ ရပ်နား
စီးပွားရေး

ပြည်တွင်းအာလူးပေါ်ချိန် တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အလုံးအရင်းနဲ့ဝင်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

မဲခေါင်၊ မတ်လ ၁၈ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း
စီးပွားရေး မြန်မာ့နွေဦး

ဂျပန်ထွက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား အရေအတွက်က ဂျပန်အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြား

မဲခေါင်၊ မတ် ၁၁ အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့
စီးပွားရေး

ဆီစျေးတက်၊ စစ်ဆေးရေးကြာလို့ ရှမ်းပြည်သွားကုန်ကားအချို့ ယာယီရပ်

ရှမ်းပြည်နယ်ကို အတက်အဆင်း ကုန်သယ်နေတဲ့ ကုန်တင်ယာဉ်တွေဟာ ဆီစျေးတွေ တက်လာတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးခံရတာကြောင့် ယာယီရပ်နားထားရတယ်လို့ ကုန်တင်ယာဉ်မောင်းအချို့ထံက သိရပါတယ်။
စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။
စီးပွားရေး

လျှပ်စစ်ကားတင်သွင်းမှုက ပွင့်လင်းမြင်သာမှုမရှိတဲ့ ပရော့ချက်တစ်ခုသာဖြစ်တယ်လို့ ကား လောကသားတွေ ဝေဖန်

မဲခေါင်၊ ဇန်နဝါရီ ၂၆ စစ်ကောင်စီရဲ့ လျှပ်စစ်ကားတင်သွင်းမှုဟာ ရေပေါ်ဆီ လူတန်းစာတစ်ရပ် အတွက်သာ ဖြစ်ပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့ နိုင်ငံတော်ဆိုင်ရာ ပရောဂျက်တစ်ခုသာ ဖြစ်တယ်လို့ ကားဈေးကွက်ကျွမ်းကျင်သူပညာရှင်တွေက သုံးသပ်ပြောကြားပါတယ်။
စီးပွားရေး

ရွှေလီ – မူဆယ် နယ်စပ်ဂိတ်ပြန်ဖွင့်ပေမယ့် တရုတ်ဘက်က ပို့ကုန်တွေပဲ အများဆုံးဝင်

တရုတ်-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ရွှေလီ - မူဆယ် ဂိတ်ကို ဇန်နဝါရီ ၁၄ ရက်နေ့မှာ တရားဝင်ပြန်ဖွင့်ခဲ့ပေမယ့် သူတို့ဘက်ကသာ ပို့ကုန်တွေကို အဓိကပို့နေပြီး မြန်မာဘက်က ကုန်တွေကို ကန့်သတ် ထားတယ်လို့ သိရပါတယ်။ 
စီးပွားရေး

ကော်ဖီစေ့အစို ဈေးနှိမ်လို့ တောင်သူတွေ တွက်ခြေမကိုက်ဖြစ်နေ

ရှမ်းပြည်နယ်ထွက် ကော်ဖီစေ့ အစိုတွေကို ကုန်သည်တွေက ဈေးနှိမ် ဝယ်ယူနေတဲ့ အတွက် တောင်သူတွေ ကုန်ကျစရိတ်နဲ့ တွက်ခြေမကိုက် ဖြစ်နေပြီး ထပ်မံ တိုးချဲ့ စိုက်ပျိုးဖို့ စိတ်မဝင်စားကြတော့ဘူးလို့ ကော်ဖီစိုက် တောင်သူတွေက ပြောပါတယ်။