စီးပွားရေး

စစ်ခေါင်းဆောင်က မြေပြင်အခြေအနေကို မျက်ကွယ်ပြုပြီး ထင်ရာမြင်ရာပြောနေဟု လုပ်ငန်းရှင်များဝေဖန်

မဲခေါင် 2 Nov - 2022
အာဏာသိမ်း စစ်ခေါင်းဆောင်က သီးနှံစိုက်ပျိုးမှု အထွက်နှုန်းကောင်းကာ ပြည်ပတင်ပို့မှု အားကောင်း လာတယ်လို့ ပြောဆိုမှုဟာ မြေပြင်အခြေနေကို မျက်ကွယ်ပြုပြီး ထင်ရာမြင်ရာ ပြောဆိုမှုသာ ဖြစ်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက ဝေဖန်ပါတယ်။ မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းဝေးမှာ တိုင်းပြည်သာယာဝပြောပြီး ဆန်နဲ့ပဲ အပါအဝင် အခြားသီးနှံများ အထွက်နှုန်းကောင်းကာ ပြည်ပ တင်ပို့မှု အားကောင်းလာတဲ့ အတွက် ဒီထက်ပို လုပ်နိုင်အောင် ကြိုးစားရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ ဒီလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး “ မူဝါဒကို အမျိုးမျိုးပြောင်းလဲတယ်။ အခွန်အခ ဈေးတွေတက်တာတွေနဲ့ လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်နေတာပါ။ အထွက်နှုန်းကောင်းလို့ ပြည်ပ တင်ပို့နိုင်တာ မဟုတ်ပါဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင်က သီးနှံစိုက်ပျိုးမှု အထွက်နှုန်းကောင်းကာ ပြည်ပတင်ပို့မှု အားကောင်း လာတယ်လို့ ပြောဆိုမှုဟာ မြေပြင်အခြေနေကို မျက်ကွယ်ပြုပြီး ထင်ရာမြင်ရာ ပြောဆိုမှုသာ ဖြစ်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက ဝေဖန်ပါတယ်။

မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းဝေးမှာ တိုင်းပြည်သာယာဝပြောပြီး ဆန်နဲ့ပဲ အပါအဝင် အခြားသီးနှံများ အထွက်နှုန်းကောင်းကာ ပြည်ပ တင်ပို့မှု အားကောင်းလာတဲ့ အတွက် ဒီထက်ပို လုပ်နိုင်အောင် ကြိုးစားရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

ဒီလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး “ မူဝါဒကို အမျိုးမျိုးပြောင်းလဲတယ်။ အခွန်အခ ဈေးတွေတက်တာတွေနဲ့ လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်နေတာပါ။ အထွက်နှုန်းကောင်းလို့ ပြည်ပ တင်ပို့နိုင်တာ မဟုတ်ပါဘူး။ ကုန်သည်က ကုန်ကို ဆက်လှောင်ထားလို့ မရတော့လို့ အရင်နှစ်ကဟာတွေ ထုတ်ရောင်းရတာပါ။ သူက မြေပြင် အခြေနေကို မျက်ကွယ်ပြုပြီး ဟန်ပြ ပြောနေတာ။ ဒေါ်လာ ဂယက်ကြောင့် တစ်ဖက်နိုင်ငံနဲ့ ကတိကဝတ် ပျက်မှာစိုးလို့ အရှုံးခံ ပို့နေရတဲ့ အခြေနေပါ”  လို့ ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိ စိုက်ပျိုးသီးနှံ အဓိက ထွက်ရှိတဲ့ တိုင်းနဲ့ ပြည်နယ် ဒေသတွေမှာ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲများ ဖြစ်နေပြီး တောင်သူများ လယ်ယာစွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရကာ နေအိမ်များကိုပါ စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီး နေပါတယ်။

ဒါ့အပြင် တောင်သူတွေ အနေနဲ့ စိုက်ပျိုးဖို့ မျိုးစေ့လုံလောက်မှု မရှိခြင်း၊ ဓာတ်မြေသြဇာ ဈေးအဆမတန်တက်ခြင်း၊ စိုက်ပျိုးမြေ သိမ်းယူခံရမှုများ ရှိနေခြင်း တို့ကြောင့် လာမယ့်နှစ် သီးနှံ ထွက်ရှိမှု ကျဆင်းကာ ပြည်ပတင်ပို့နိုင်မှု လျော့ကျနိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ အစည်းအဝေးတွေမှာ မြေပြင် အခြေအနေနဲ့ ကင်းကွာတဲ့ လက်တန်း စီမံကိန်းတွေကို ချပြ အကောင်အထည်ဖော်ဖို့ တွန်းအားပေးလေ့ရှိတဲ့ မင်းအောင်လှိုင်ဟာ နိုင်ငံတော်က ထုတ်ချေးပေးထားတဲ့ ငွေတွေ တာဝန်သိစိတ်နဲ့ ပြန်လည်ပေးဆပ်ဖို့ ပြည်သူတွေကို ခြမ်းခြောက် ပြောဆိုခဲ့ပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

စီးပွားရေး

လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက် TNLA ထုတ်ပြန်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပြည်နယ်အတွင်း လက်ဖက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့
စီးပွားရေး

ဈေးကစားလိုသူတွေရဲ့ အွန်လိုင်းကောလဟလ ထုတ်လွှင့်တာကြောင့် ရွှေဈေးတက်နေရတယ်လို့ YGEA ထုတ်ပြန်

မဲခေါင်၊ မတ်လ ၂၂ ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ချိတ်ဆက်မှုမရှိဘဲ ဈေးကစားလိုသူတွေ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့်ကောလဟလ ထုတ်လွှင့်နေတာကြောင့်သာ ရွှေဈေးတက်နေရတယ်လို့ ရန်ကုန်တိုင်း
စီးပွားရေး

တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေဈေးကြီးနေပြီး ဆင်မောင်းမှာ ညအိပ်ခ အဆမတန်ပေးရ

မဲခေါင်၊ မတ် ၁၉ ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေ ဈေးကြီးနေတဲ့အပြင် မိုင်းပျဉ်းမြို့နယ် ၂၄ မိုင်ရွာ ဆင်မောင်းမှာ ရပ်နား ညအိပ်ရာ တည်းခိုခန်းခတွေ အဆမတန် ပေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။
စီးပွားရေး

ပြည်တွင်းအာလူးပေါ်ချိန် တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အလုံးအရင်းနဲ့ဝင်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

မဲခေါင်၊ မတ်လ ၁၈ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း ကုန်ပေါပြီး ဈေးရရှိမှုနည်းကာ အမြတ်အစွန်းနည်းလို့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ရှမ်းတောင် အာလူးစိုက် တောင်သူတွေက
စီးပွားရေး မြန်မာ့နွေဦး

ဂျပန်ထွက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား အရေအတွက်က ဂျပန်အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြား

မဲခေါင်၊ မတ် ၁၁ အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့
စီးပွားရေး

စစ်ခေါင်းဆောင်မက်လုံးပေးတဲ့ ချေးငွေတိုင်း လုပ်ငန်းရှင်တွေတကယ်ရဖို့ခက်နေ

မဲခေါင်၊ မတ် ၁၀ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တိုင်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေတွေထုတ်ပေးမယ်လို့ မက်လုပ်ပေးနေပေမယ့် တကယ်တန်းမှာ ချေးငွေရရှိဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စီးပွားရေး

ဆီစျေးတက်၊ စစ်ဆေးရေးကြာလို့ ရှမ်းပြည်သွားကုန်ကားအချို့ ယာယီရပ်

ရှမ်းပြည်နယ်ကို အတက်အဆင်း ကုန်သယ်နေတဲ့ ကုန်တင်ယာဉ်တွေဟာ ဆီစျေးတွေ တက်လာတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးခံရတာကြောင့် ယာယီရပ်နားထားရတယ်လို့ ကုန်တင်ယာဉ်မောင်းအချို့ထံက သိရပါတယ်။
စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။