စီးပွားရေး

စစ်ကောင်စီ လက်အောက်ခံ ရွှေအသင်းရဲ့ ဈေးထိန်းမှုကြောင့် ရွှေဆိုင်တွေ အလျော့တွက်လက်ခ တင်ရိုက်ဖို့ရှိနေ

မဲခေါင် 31 Oct - 2022
ရန်ကုန်တိုင်း အတွင်းရှိ ရွှေဆိုင်တွေ အားလုံး ရွှေတစ်ကျပ်သား ၂၅ သိန်း ၃ သောင်းနဲ့ ရောင်းချဖို့ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန် ရွှေအသင်းရဲ့ ဈေးထိန်း ထုတ်ပြန်ချက်ဟာ ပေါက်ဈေး ၂၆ သိန်းကျော်နဲ့ ကွာဟနေတာကြောင့် ရွှေဆိုင်တွေ အနေနဲ့ အလျော့တွက် လက်ခံတွေ ပိုတွက်ပြီး ရောင်းလာမယ်လို့ ရွှေကုန်သည်တွေက ပြောပါတယ်။ ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်က ရန်ကုန် ရွှေအသင်းက စစ်ကောင်စီရဲ့ ရွှေနဲ့ ငွေကြေး ထိန်းသိမ်းရေး အဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ဟုဆိုကာ ရန်ကုန်တိုင်း အတွင်းရှိ ရွှေဆိုင်အားလုံး ရွှေတစ်ကျပ်သား ၂၅ သိန်း ၃ သောင်းကျပ်နဲ့ ရောင်းချရမယ်လို့

ရန်ကုန်တိုင်း အတွင်းရှိ ရွှေဆိုင်တွေ အားလုံး ရွှေတစ်ကျပ်သား ၂၅ သိန်း ၃ သောင်းနဲ့ ရောင်းချဖို့ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန် ရွှေအသင်းရဲ့ ဈေးထိန်း ထုတ်ပြန်ချက်ဟာ ပေါက်ဈေး ၂၆ သိန်းကျော်နဲ့ ကွာဟနေတာကြောင့် ရွှေဆိုင်တွေ အနေနဲ့ အလျော့တွက် လက်ခံတွေ ပိုတွက်ပြီး ရောင်းလာမယ်လို့ ရွှေကုန်သည်တွေက ပြောပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်က ရန်ကုန် ရွှေအသင်းက စစ်ကောင်စီရဲ့ ရွှေနဲ့ ငွေကြေး ထိန်းသိမ်းရေး အဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ဟုဆိုကာ ရန်ကုန်တိုင်း အတွင်းရှိ ရွှေဆိုင်အားလုံး ရွှေတစ်ကျပ်သား ၂၅ သိန်း ၃ သောင်းကျပ်နဲ့ ရောင်းချရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

“ပန်ကြားလွှာဆိုပြီး ထွက်လာတာ၊ သူတို့က ဒီလို သတ်မှတ်တယ်ဆို ဆိုင်တွေကတော့ သူတို့ခိုင်းတဲ့ ဈေးနဲ့ပဲ ရောင်းရမှာပေါ့။ ဒါပေမယ့် အလျော့တွက် လက်ခတွေ ပိုတွက်ပြီး ရောင်းကြမှာပေါ့။ ကိုယ်ကိုက်အောင် တွက်ပြီး ရောင်းကျမှာပဲ။ ဝယ်ယူတဲ့ သူတွေက အလျော့တွက် ပိုပေးရ သလို ဖြစ်သွားမှာ။ ဒီလိုထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အပြင်က ရောင်းဝယ်မှု ပုံစံကို စာထုတ်တဲ့ အသင်းက လူတွေက သိပါတယ်။ အပေါ်က ဖိအား ပေးမှုတွေကြောင့် မတတ်သာလို့ ကြေညာ လိုက်ရတဲ့ သဘောပါ။ မှောင်ခိုဈေး ၂၆ သိန်းကျော်နဲ့ အရောင်းအဝယ်တွေ လုပ်နေကြတယ်။ အရေးယူမယ့် အပိုင်းတွေက ရှိလာမှာပဲ။ ဆိုင်တွေမှာ တရားဝင် ကတော့ ၂၅ သိန်း ၃ သောင်းနဲ့ပဲ ရောင်းကြမှာ။ အရေးယူလို့ မရအောင် ရောင်းကြမှာပဲ”  လို့ လမ်းမတော်မြို့နယ်က ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

ယခုလ အတွင်း ရွှေအသင်းက ရွှေ ၁၀ ပိဿာကျော် တရားဝင် ရောင်းချခဲ့စဉ်က ခဏတာ ဈေးနှုန်း ကျဆင်းခဲ့ပေမယ့် လက်ရှိ မှောင်ခိုဈေးကွက် ကြီးထွားလာပြီး အခု ထုတ်ပြန်မှုကို အကြောင်းပြုကာ ရွှေဆိုင်များ အလျော့တွက် လက်ခ တိုးမြှင့်မှုကြောင့် ဝယ်ယူသူတွေ ရွှေတစ်ကျပ်သား ကျပ် ၁ သိန်းနီးပါး နစ်နာနိုင်တယ်လို့ ၎င်းကဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ရွှေနဲ့ ငွေကြေးအဖွဲ့က ရွှေဈေး သတ်မှတ်ပေးဖို့ ညွှန်ကြားချက်နဲ့ ပတ်သက်ပြီး “မနေ့က ရွှေရည်နဲ့‌ ငွေကြေးအဖွဲ့က လမ်းညွန်တာ။ အဲ့ဈေးနဲ့ သတ်မှတ်ပေးပါဆိုလို့ သတ်မှတ်ပေးလိုက်တယ်။ ရွှေဆိုင်အားလုံးက အသင်းဝင် မဟုတ်တဲ့ အတွက် အသင်းပေချ့်မှာ တင်ပေးလိုက်တယ်။ အဲ့ဒီအတိုင်း လိုက်နာ ဆောင်ရွက်ကြဖို့ တိုက်တွန်းတဲ့ သဘောနဲ့ ထုတ်ပြန်တာပါ။ ဒါကို ရွှေဆိုင် အားလုံးလိုက်နာ ဆောင်ရွက်ကြရမှာပါ။ လိုအပ်တဲ့ ထိန်းကျောင်းမှုကိုတော့ ရွှေနဲ့ငွေကြေးအဖွဲ့က ဆက်လက် ထိန်းကျောင်း သွားမှာပါ။ ဦးတို့က သူတို့ လမ်းညွှန်တာ အကြောင်းကြားပေးတာပါ” လို့ ရွှေအသင်း တာဝန်ရှိသူက ပြောပါတယ်။

ယခင် စစ်ကောင်စီ လက်ထက်ကလည်း အခုလို ရွှဈေး သတ်မှတ်ခဲ့လို့ ရွှေဆိုင်များ အလျော့တွက် လက်ခများ တိုးမြှင့် တွက်ချက် ရောင်းခဲ့ချခဲ့ရပြီး ထိရောက်မှု မရှိကြောင်း၊ အသင်း အနေနဲ့ လုပ်ငန်း အတွေ့အကြုံ အရ ထ်ရောက်မှု မရှိဘူးဆိုတာ သိပေမယ့် ဖိအားပေး ထုတ်ပြန်ခိုင်းတာ ဖြစ်မယ်လို့ ရွှေကုန်သည်များက သုံးသပ်ပါတယ်။

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရွှေဆိုင်တွေ အနေနဲ့ စစ်ကောင်စီ သတ်မှတ်တဲ့ ရွှေဈေး ၂၅ သိန်း ၃ သောင်းနဲ့ ဟန်ပြ ရောင်းဝယ်မှု ပြုနေပေမယ့် ဈေးကွက်ထဲမှာ ၂၆ သိန်း ၆ သောင်းခွဲ ပေါက်ဈေးနဲ့ အရောင်းအဝယ် လုပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

စီးပွားရေး

လက်ဖက်လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့ စည်းကမ်းချက် TNLA ထုတ်ပြန်

မဲခေါင်၊ မတ် ၂၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်း ပြည်နယ်အတွင်း လက်ဖက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ လိုက်နာရမဲ့
စီးပွားရေး

ဈေးကစားလိုသူတွေရဲ့ အွန်လိုင်းကောလဟလ ထုတ်လွှင့်တာကြောင့် ရွှေဈေးတက်နေရတယ်လို့ YGEA ထုတ်ပြန်

မဲခေါင်၊ မတ်လ ၂၂ ကမ္ဘာရွှေဈေးနဲ့ ပြည်တွင်းရွှေဈေး ချိတ်ဆက်မှုမရှိဘဲ ဈေးကစားလိုသူတွေ အွန်လိုင်းမီဒီယာတွေကနေ တစ်ဆင့်ကောလဟလ ထုတ်လွှင့်နေတာကြောင့်သာ ရွှေဈေးတက်နေရတယ်လို့ ရန်ကုန်တိုင်း
စီးပွားရေး

တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေဈေးကြီးနေပြီး ဆင်မောင်းမှာ ညအိပ်ခ အဆမတန်ပေးရ

မဲခေါင်၊ မတ် ၁၉ ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားခတွေ ဈေးကြီးနေတဲ့အပြင် မိုင်းပျဉ်းမြို့နယ် ၂၄ မိုင်ရွာ ဆင်မောင်းမှာ ရပ်နား ညအိပ်ရာ တည်းခိုခန်းခတွေ အဆမတန် ပေးနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။
စီးပွားရေး

ပြည်တွင်းအာလူးပေါ်ချိန် တရုတ်နဲ့ ဘင်္ဂလားဒေရှ့်က အလုံးအရင်းနဲ့ဝင်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

မဲခေါင်၊ မတ်လ ၁၈ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အညာဒေသက အာလူးပေါ်ချိန်မှာ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်က အလုံးအရင်းနဲ့ ဝင်ရောက်နေတာကြောင့် ဈေးကွက်အတွင်း ကုန်ပေါပြီး ဈေးရရှိမှုနည်းကာ အမြတ်အစွန်းနည်းလို့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ရှမ်းတောင် အာလူးစိုက် တောင်သူတွေက
စီးပွားရေး မြန်မာ့နွေဦး

ဂျပန်ထွက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား အရေအတွက်က ဂျပန်အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြား

မဲခေါင်၊ မတ် ၁၁ အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့
စီးပွားရေး

စစ်ခေါင်းဆောင်မက်လုံးပေးတဲ့ ချေးငွေတိုင်း လုပ်ငန်းရှင်တွေတကယ်ရဖို့ခက်နေ

မဲခေါင်၊ မတ် ၁၀ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တိုင်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေတွေထုတ်ပေးမယ်လို့ မက်လုပ်ပေးနေပေမယ့် တကယ်တန်းမှာ ချေးငွေရရှိဖို့ခက်ခဲနေတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
စီးပွားရေး

ဆီစျေးတက်၊ စစ်ဆေးရေးကြာလို့ ရှမ်းပြည်သွားကုန်ကားအချို့ ယာယီရပ်

ရှမ်းပြည်နယ်ကို အတက်အဆင်း ကုန်သယ်နေတဲ့ ကုန်တင်ယာဉ်တွေဟာ ဆီစျေးတွေ တက်လာတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်စွာ စောင့်ဆိုင်း စစ်ဆေးခံရတာကြောင့် ယာယီရပ်နားထားရတယ်လို့ ကုန်တင်ယာဉ်မောင်းအချို့ထံက သိရပါတယ်။
စီးပွားရေး

၂၀၂၂ ခုနှစ်မှာ ကျောက်ဖြူ-ယူနန် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ စစ်ကောင်စီ ဒေါ်လာ ၁.၄၃ ဘီလီယံရရှိ

မဲခေါင်၊ ဇန်နဝါရီ ၁ ၂၀၂၂ ခုနှစ်အတွင်း တရုတ်ကို ရခိုင်ရွှေကမ်းလွန်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ စစ်ကောင်စီက ဒေါ်လာ ၁ . ၄၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။